25 March 2016

ဖုန်းမှာ စာရိုက်ရင်း လမ်းလျှောက်သူတွေကို အရေးယူမည်

Unofficial: ကြေးမုံသတင်းစာ's photo.

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ လမ်းလျှောက်ရင်း ဖုန်းမှာ စာရိုက်ကာခေါင်းတစ် ငုံ့ငုံ့ ဖြစ်ပြီးဘေးဘီ ကို သတိ မထားမိနိုင်အောင် ဖြစ်နေသူများအား အရေးယူဖွယ် ရှိနေသည်။ ထိုသို့ အရေးယူမည့် ဥပဒေကြမ်း တစ်ရပ် တင်သွင်း ထားပြီဖြစ်ပြီး ပြည်နယ် လွှတ်တော်က အတည်ပြုပါက ဥပဒေ အသက်ဝင်လာမည်ဖြစ် သည်။

ဥပဒေ အတည်ပြုဖြစ်ပါက ဖုန်းမှာ စာရိုက်ရင်း လမ်းလျှောက်သူများ အား တစ်ကြိမ် ဖမ်းမိတိုင်းဒေါ်လာ ၅၀ သို့မဟုတ် ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် နှစ်ခုလုံး ပူးတွဲချမှတ်နိုင်သည်။
 

"အများပြည်သူ ဆိုင်ရာ လမ်းပေါ်မှာ လမ်းလျှောက်သူ ပဲဖြစ်ဖြစ်၊ ကားမောင်းသူ ပဲဖြစ်ဖြစ် ဖုန်း သုံးနေမယ် ဆို ရင်အာရုံ က တစ်ခြားရောက်နေပြီး သူ့ ဝန်းကျင်က အများပြည်သူ ဟာ သူ့ကြောင့် အန္တရာယ် တစ်ခုခု ကျရောက်နိုင် ပါတယ်။

ဒါကြောင့် အများပြည်သူ အတွက် အန္တရာယ်ဖြစ်စေမယ့် အပြု အမူမျိုးကို တားဆီးဖို့ ဒီဥပဒေကြမ်း တင်သွင်း တာပါ” ဟု ဥပဒေဖြစ်မြောက်ရေး ဦးဆောင် လှုပ်ရှားလျက်ရှိသော ပဲလ်မာလမ်ပစ် ဆိုသော အမျိုးသမီး က
ပြောသည်။
 


လမ်းကူးရင်း ဖုန်း သုံးသောကြောင့် လာနေသည့် ဘတ်စ်ကား ကို သတိမထားမိဘဲ ကားတိုက် ခံရကာသေ ဆုံး ခဲ့သောကျောင်းသူ တစ်ဦး ကို ကိုယ်တွေ့ မျက်မြင် မြင်ခဲ့ရသောကြောင့် လမ်းပေါ် တွင် ဖုန်း သုံးခြင်း အန္တရာယ် ကိုလျှော့ချရန် ကြိုးပမ်းဖြစ်ခဲ့ခြင်းဖြစ်သည် ဟု မစ္စလမ်ပစ် ကပြောသည်။

နယူးဂျာစီပြည်နယ် သည် ကားမောင်းရင်း ဖုန်း သုံးသူများကိုလည်း တစ်ကြိမ် ဖမ်းမိတိုင်းဒေါ်လာ ၄၀၀ ဒဏ် ရိုက်လျက် ရှိသည်။ ယခုအခါ လမ်းလျှောက်ရင်း ဖုန်း သုံးသူများ ကိုပါ အရေးယူမည့် ဥပဒေ မျိုး ဖြစ်မြောက်ရေး ကြိုးပမ်းနေသည့် အတွက် လမ်းလုံခြုံရေး ဥပဒေ အတင်းကျပ်ဆုံးပြည်နယ် ဖြစ်လာမည်။
 

၂၀၁၀ နောက်ပိုင်း အမေရိကန်တွင် ဖုန်းသုံးရင်း လမ်းလျှောက်ခြင်း၊ ကားမောင်းခြင်း တို့ကြောင့် ဘက် စုံဘေး အန္တရာယ်ဖြစ်ပွားနှုန်း ၃၅ ရာခိုင်နှုန်း တိုးလာကြောင်းသိရသည်။ 

ဖုန်းမှာ စာရိုက်ရင်း လမ်းဖြတ်ကူးသူ သည် ဖုန်းပြောရင်း လမ်းဖြတ်ကူးသူ ထက်ယာဉ်တိုက် ခံရနိုင်ခြေ နှစ်ဆ ပိုများ ကြောင်းလည်း အယ်ဘားမား တက္ကသိုလ် စစ်တမ်း ကဖော်ပြသည်။



 နယူးယောက်
Source: Huffington Post
Messenger News Journal

Unofficial: ကြေးမုံသတင်းစာ

 

No comments:

Post a Comment