25 March 2016

ငှက်တွေ ငှက်တွေ ...

တစ်ကယ့် တစ်ကယ်တန်း ရှင်းရင်တော့ ... ရှင်းပြစရာတွေ အများကြီးရယ် ... သို့ သော်လည်း ...
မရှင်းဖြစ် မပြောဖြစ်တာက ပိုများတယ် ... 


ဘာလို့ မပြောဖြစ်လဲ ဆိုတော့ ...စိတ်ပျက်တာက တစ်ကြောင်း ... စိတ်ကုန်တာလဲ တစ်ကြောင်း ... ကိုယ် ဘာရေးရေး ...ကန့် လန့် တိုက် မန့် နေကြတဲ့  ငတိငတတွေ ကို ...ပြန် အရွဲ့တိုက် ကလိနေရလို့  ... မအားမလပ် တာကလဲ တစ်ကြောင်း ... အဲဒီ အကြောင်းကြောင်းတွေကြောင့်  ...ပြောမနေဖြစ်တော့တာ ...

သို့ သော် ...ဒီနေ့ တော့  အချိန်လေး နည်းနည်းရလို့  ... စိတ်လို လက်ရ ပြောလိုက်ဦးမယ် ...
ငှက်တွေ ငှက်တွေ ...   ခင်ဗျား တို့  အဖွားကြီး ကို စွတ်မြှောက် မနေနဲ့ ... ကြာရင် အဖွားကြီး ဂိမ်းသွား လိမ့်မယ် ... 

ခင်ဗျားတို့  လုပ်ပေါက်က ...ဘုန်းကြီးကျောင်းသား အချင်းချင်း ... ငါ့ဘုန်းကြီးမြန်တယ် ... သူ့  ဘုန်းကြီး မြန် တယ် ... ငြင်းကြ မြှောက်ကြချိန် ...နောက်ဆုံး သပိတ်ချ ထပြေးရတဲ့ ... ဆွမ်းခံကိုယ်တော်နှစ်ပါး လို ဖြစ်နေတယ် ...

 ဒေါ်စု အသက်ကြီးပြီ ...အရာအားလုံး ...သူ တစ်ယောက်ထဲ လိုက်လုပ်လို့  မရ ... လိုက်လုပ်ရင် ...
ခဏလေး နဲ့ လစ်သွားမှာ ...ဝန်ကြီးဌာနလေးခု ကိုင်တာ ...အမေ က သိပ်တော် တာပဲ ... အမေ့ အကွက် သိပ်လှ တာပဲ ... အို ... မေမေ .... အိုး ... မေမေ ..... အူကြောင်ကြား ထထတွန် ...


အမှန်က အဲဒါ ဘာအကွက် မှ မဟုတ် ... လုပ်နိုင်တဲ့သူ မရှိလို့  ... သူတို့  ကမ်းလှမ်းတဲ့ ပညာရှင် တစ်ချို့  ကလဲ ...မလုပ်ချင်ဘူး ငြင်းလို့  ...သူ့ ခေါင်းပေါ်ပုံကျ ...   နောက်ဆုံး သူ ပဲ တာဝန်ယူလိုက်ရတာ ...
ဒါကို ငှက်နာ ကျနေတဲ့ ... ငှက်ဦးနှောက် နဲ့ မစဉ်းစား သူတိုင်း ...ကောင်းကောင်း သဘောပေါက်တယ် ...




ဝန်ကြီး ဌာနလေးခု သာ ပြောရတယ် ... တစ်ကယ့် တစ်ကယ် က လေးခု မဟုတ် ...သမ္မတရုံး ဝန်ကြီး ဌာန တစ်ခု ထဲတင် ...အရင်က ဝန်ကြီး ခြောက်ပါး ရှိတယ် ...

ဘာလို့  ခြောက်ပါးထားလဲ ဆိုတော့ ...သောက်လုပ် များလို့  ခြောက်ပါးထားတာ... အကြမ်းလေး ရှင်းပြမယ် ..
နားထောင် ...


သမ္မတရုံး ဝန်ကြီး တစ် - ဦးသိန်းညွန့်  ...နေပြည်တော်ကောင်စီ ဥက္ကဌ ...နေပြည်တော် နဲ ပတ်သက်သမျှ
တပ်မတော်နေ့  စစ်ရေးပြ လုပ်တာက စလို့  ...ဟိုးနေပြည်တော် ဈေးထဲ က ဈေးသည် ...လမ်းပေါ် တက် ဈေးရောင်းတဲ့ကိစ္စ အထိ ...သူ နဲ့ ဆိုင်တယ် ...


သမ္မတရုံး ဝန်ကြီး နှစ် - ဦးစိုးမောင် ... သမ္မတထံ တိုင်ကြားတဲ့ တိုင်စာ ပစ်စာ... သူ စိစစ်ရတယ် ...
အရေးယူ ဖြေရှင်းပေးရတယ် ...လွှတ်တော်နဲ့ ပတ်သက်ရင် သူနဲ့ ဆိုင်တယ် ..လွှတ်တော် က အစိုးရ အဖွဲ့ကို တင်ရင် ...သူပဲ တာဝန်ယူသွားရှင်းပြ ...သူပဲ ပြသနာ ကို လိုက်ဖြေရှင်းရတာ ...


သမ္မတရုံး ဝန်ကြီး သုံး - ဦးစိုးသိန်း ...
MIC ၊ စီးပွားရေး ကိစ္စ ....ပြည်ပ ရင်းနီးမြုပ်နှံမှု ကိစ္စ ...သူ တာဝန်ယူရတယ် ...အခု ခင်ဗျားတို့  ဝိုင်းဝိုင်း ဆိတ်နေကြ တဲ့..ပရောဂျက် တစ်ချို့ ဟာ ...တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ နဲ့ ဘာမှ မဆိုင် တစ်ကယ် တန်း က သူ့ ဆီက ...MIC က ခွင့်ပြုလိုက်တာ ...


သမ္မတရုံး ဝန်ကြီး လေး - ဦးအောင်မင်း ...
အားလုံးသိကြတဲ့ အတိုင်း ... ငြိမ်းချမ်းရေး ကိစ္စ လုပ်တာ ...ကေအန်ယူ နဲ့ ငြိမ်းချမ်းရေး စဆွေးနွေးတော့
ချင်းမိုင်ကို ကျော် ...တောထဲ က ကေအန်ယူ စခန်းတွေအထိ ...သွားဆွေးနွေးခဲ့ ရတာ ....အခုလဲ အဖွဲ့ပေါင်းသောင်းခြောက်ထောင် နဲ့ ...တိုင်ပတ်နေဆဲပဲ ...


သမ္မတရုံး ဝန်ကြီး ငါး - ဦးတင်နိုင်သိန်း...
ပုဂ္ဂလိက ကဏ္ဏ ဖွံဖြိုးတိုးတက်ရေး ...စက်မူ ကဏ္ဏ ထွန်းကားရေး ...ပြည်ပ အကူအညီများရရှိရေး ...
ဒါကို အကောင်အထည်ဖော်ရတယ် ...


သမ္မတရုံး ဝန်ကြီး ခြောက် - ဦးလှထွန်း ...
တိုင်းရင်းသား အရေး ကိစ္စ လုပ်တာ ...( သူကတော့ ဝန်ကြီးဌာန အသစ်တစ်ခု ...ဖွင့်ပြီး ဆောင်ရွက်မှာ မို့  ရှိစေတော့ ...)



ဆိုလိုတာက ...
ကျန်တဲ့ ဝန်ကြီးဌာန သုံးခု နဲ့ ...သမ္မတမှူးချုပ်ကြီး ရာထူး ကို အသာထား ...သမ္မတရုံး ဝန်ကြီးဌာန တစ်ခုတင် .
လူ ခြောက်ယောက်စာ သူလုပ်ရမှာ ...


အဲဒီတော့ ပြောချင်တာက ...မေမေ့ အကွက်လေး လှတယ်တို့  ... မေမေ့ အဆင်လေး ဆန်းတယ်တို့  ...
၅၉ စလုံး ကို မေမေ က ဟိုလို ကျော်လိုက်တာ ...ဒီလိုကျော်လိုက်တာတို့  လုပ်မနေနဲ့ တော့...

အဖွားကြီး ရူးသွား ဒါမှမဟုတ် သေသွားရင် ... အဓိက နံပါတ်တစ် တရားခံဟာ ...သူ့ ကို နောက်ဆုတ်ခွင့် မရှိအောင် ...အလွန်အကျွံ မြှောက်ပင့် ချီးမွမ်းခဲ့ကြတဲ့ ...ခင်ဗျား တို့  ငှက်တွေကြောင့်ပဲ ....


ဒီတိုင်းပြည် မှာ ပြသနာတွေ အများကြီး ...တစ်ချို့ ကိစ္စတွေ သူ လုပ်ဖို့  လိုသော်ငြား ...တစ်ချို့ ကို သူလုပ်လို့  မရ ...အတွေ့အကြုံ ရှိပြီးသား ...အရင်လူဟောင်းတွေ လုပ်မှ ရမယ် ...ဝိုင်းကူမှ ရမယ် ....

အခုက ဝိုင်းကူဖို့ ဝေးစွ...မြင်မြင်ရာ လိုက်ဆိတ်နေတဲ့ ...ဝန်းရံသူ ငှက်တွေကြောင့် ...အားလုံးက ဘာမှမပြော
ဘာမှလဲ မပါ ...အေးဆေး အသာ လက်ပိုက်ကြည့်နေကြ ...
 

အဖွားကြီး ကလဲ လောကြီးတော့ ...အခင်းအကျင်း က စကတည်းက ...ယဉ်ပေသကို ဖြစ်နေတယ် ...

ကျုပ်တို့  တိုင်းပြည်မှာ ...အဖွားကြီး ဟာ နိုင်ငံရေး အရွေ့ အတွက် ...ချောဆီ တစ်ခု တွန်းအား တစ်ခု ဖြစ်တယ် ...သူဂိမ်းသွားရင် NLD ဟာ ....
တစ် - ဒေါင်းဘဝ ကနေ ...သောင်ပြင်မှာ ပတ်ပြေးနေရတဲ့ ...ဟို အကောင် ဖြစ်သွားမယ် ...

နှစ် - အရှိန်ရစပြုလာတဲ့ ...တိုင်းပြည်ရဲ့ အရွေ့ တစ်ခု ရပ်သွားမယ် ...

ဒါကြောင့် အခုအချိန် အဖွားကြီး ဂိမ်းလို့ မရ ... စွတ်စက် လုပ်လို့ မရ ...ကိုယ့်ကိုယ် ကို ချွေတာရမယ် ...
အသက် ကို ဥာဏ်စောင့်တယ် ...လူ ၁၁ယောက် လုပ်တဲ့ အလုပ်ကို ...တစ်ယောက်ထဲ ထလုပ်ခြင်းဟာ ...
ဥာဏ်ကောင်းခြင်း မဟုတ် ...ဥာဏ်တုံးခြင်း ဖြစ်တယ် ....
 

ဒါမှ မဟုတ်လဲ ...No Choice ဖြစ်နေလို့  ဖြစ်မယ် ...ဝန်ကြီး ဆယ်ပါးလျော့တယ် ...သိန်း တစ်ထောင် သက်သာတယ် ...သိန်း တစ်သောင်း သက်သာတယ် ...သက်သာတာပဲ ပြောမနေနဲ့ ...
 

ဆယ်ပါးစာ တစ်ပါးတည်း လုပ်လို့  ...အလုပ်တွေဖိစီး ...အမှားအယွင်းတွေ ဖြစ်ကုန်ရင် ...ဘီလီယံ ထရီလီယံ နဲ့ ချီပြီး နစ်နာ ကုန်မယ် ... အဖွားကြီး က ခေါင်းမာတယ် ...
 

အဲဒီတော့ ...အဖွားကြီးဘေး က အဖိုးကြီးတွေ ကလဲ ...ခေါင်းမာဖို့  လိုတယ် ...ပြောစမ်းပါ ... ရှင်းပြစမ်းပါ ...
ဝန်ကြီး ၁ဝပါး နဲ့ သမ္မတမှူးချုပ်ကြီး တာဝန်...သူ တစ်ယောက်တည်း ကိုင်လို့  မဖြစ်ကြောင်း အလုပ်လုပ် ဖို့  နေနေသာသာ ... ဝင်စာတောင် ...ကုန်အောင် ဖတ်နိုင်မှာ မဟုတ်ကြောင်း .... လက်တွေ့ မကျ ... မဖြစ်နိုင်ကြောင်း ...



ကိုယ့် အသက်ဟာ ...အကျယ်ချုပ် ကာလ ကလို ...၄၀ ... ၅၀ မဟုတ် ...၇၀ ဖြစ်ကြောင်း ...လုပ်ရမယ့် အလုပ်ဟာလဲ ...အကျယ်ချုပ် ကာလ လို ...စာလေး ဖတ်လိုက် ...မီးလုံးလေး လဲလိုက် အလုပ် မဟုတ်ကြောင်း

လက်အောက်က ...ဝန်ထမ်း အဖွဲ့အစည်း ဟာလဲ ..စရိုက်ဆိုးတွေ အရှိန် ရနေတဲ့ အဖွဲ့ ...
အတွေ့ အကြုံရင့်နေတဲ့ ....အပါးဝနေတဲ့ ...ခေတ်အဆက်ဆက် ကို ဖြတ်လာတဲ့ ...ညွှန်ချုပ်ပေါင်း များစွာ နဲ့ ....
အလုပ် တွဲလုပ်ရမှာ ဖြစ်ကြောင်း ...


မလောဖို့  တစ်ဆင့်ချင်းသွားဖို့  ... စမ်းလုပ်ကြည့်ရင်းမှ ... ဝန်ကြီးဌာနတွေ ကို ပေါင်းတန် တာပေါင်း ...
ပြောင်းတန်တာပြောင်း လုပ်ဖို့  လိုကြောင်း ...ရှင်းစမ်းပါ လင်းစမ်းပါ ...
 

အမ ... ဒါတော့ မလုပ်သင့်ကြောင်း ငြင်းစမ်းပါ ဘယ်နှယ့် ... အဘ တို့  PSOတွေ ... ရုံးအဖွဲ့မှူးတွေ ...
သူတို့  ဆရာ ကို ကြောက်ရတယ် ဆိုတာ ... ခင်ဗျား တို့  ခြေဖျားတောင် မမီ ... ဟိုက မျက်စောင်း တစ်ချက် ခဲတာနဲ့ ... အမြီး မမြှောက်ရဲ ... အီး မပေါက်ရဲ ...
 

ငါ့နှယ့် နော် .... ဘွ ဘွ ....
ဒါ ဒီနေ့  ...
နည်းနည်း စိတ်လို လက်ရ ရှိလို့ ရေးတာ ...နောက်ရက် ဒီတိုင်း ဆက်ကြည့်နေမှာ ...

ကိုယ်တွေ မျက်စိနောက်တဲ့ ...ဝန်းရံသူ ငှက် တစ်အုပ်ကို ...ခါတိုင်းလိုပဲ ...ခဲနဲ့ လှမ်းလှမ်းထု အုန်းမှာ ...

( ရဲမိုး )
 Ye Moe

No comments:

Post a Comment