17 March 2016

ဘ၀ မှာ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်စေနိုင်မည့် အမူ အကျင့်များ

 
 
 

အောင်မြင်မှုဆိုတဲ့ အရာက စိတ်ရော ကိုယ်ပါနှစ်မြုပ်ပြီး မလုပ်ဆောင်ပဲ အလွယ်တကူရောက်ရှိ လာမယ့် အရာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သင့် အနေနဲ့ အမူအကျင့်ကောင်းတွေ ကို ပိုင်ဆိုင်ထားမယ် ဆိုရင်တော့ သင်ရရှိလာမယ့် အကျိုး ရလဒ်တွေ နဲ့ အောင်မြင်မှုတွေ ကို တားဆီး ပိတ်ပင်နိုင်မယ့်သူ ဒီကမ္ဘာမှာ ရှိမှာ မဟုတ်ပါဘူး။ 

ဒ့ါကြောင့် သင့်ရဲ့ဘ၀မှာ စောစော စီးစီးအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ အတွက် နေ့စဉ် လှုပ်ရှားမှုတိုင်းမှာ သတိပြု ဆင်ခြင်ရ မယ့် အမူ အကျင့်(၂၀) ကို ဖော်ပြလိုက်ပါတယ်။

၁။ အချိန် စီမံခန့်ခွဲမှုကောင်းပါစေ

အချိန် စီမံခန့်ခွဲမှု ကို အရင်ဆုံးလေ့လာရမယ့် အရည်အချင်း တစ်ခု အဖြစ် သတ်မှတ်လေ့လာပါ။့ သင့်ရဲ့ အလုပ်တွေ ကို ဦးစားပေး သတ်မှတ်ပြီး၊ မှန်ကန်တဲ့ အချိန်နဲ့ နေရာမှာ အင်အားကို စိုက်ထုတ် တတ်ခြင်း အားဖြင့် အလုပ် မှန်သမျှကို နောက်ဆုံးအချိန် မတိုင်ခင် အပြီးသတ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

၂။ အရေးပါတဲ့ လူတစ်ယောက်ဖြစ်နေပါစေ

သင့် ပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေ တစ်ခုခု လိုအပ်ချိန်မှာ သင်က အမြဲတမ်း အသင့်ရှိနေတတ်ပြီး အားလုံးက သင် မရှိရင် မဖြစ်ဘူး ဆိုတာမျိုး တွေးမိနေပါစေ။ အထူး သဖြင့် သင့်ရဲ့အလုပ်ရှင် က တွေးမိနေဖို့လိုပါတယ်။




၃။ အရမ်း မကြွားပါနဲ့

သင့်ရဲ့အောင်မြင်မှု၊ စွမ်းဆောင်နိုင်မှုတွေ ကို အားလုံး သိအောင် ထုတ်ဖော်ကြေညာနေဖို့တော့ အရမ်း စိတ်အား ထက်သန်နေလို့ မဖြစ်ပါဘူး။ အခြားလူတွေ မလုပ်နိုင်အောင် ခက်ခဲတဲ့ အရေးကိစ္စ တစ်ခုခုကို စွမ်းဆောင်နိုင်မှ သာ အောင်ပွဲခံသင့်ပါတယ်။ 


လုပ်စရာရှိတာ ကို အရင် လုပ်ပြလိုက်ပါ။ ပြီးမှ အားလုံးသိအောင် ပြောပြပါ။ တစ်ကယ်တော့ သင့်ရဲ့ကြိုးစား အားထုတ်မှု နဲ့ ပတ်သက်ပြီး တိတ်တိတ်နေလေလေ  ရလဒ် ထွက်ပေါ် လာချိန်မှာ အခြားလူတွေ အတွက် ပိုပြီး အံ့အား သင့်ရလေဖြစ်ပါတယ်။

၎။ အပြောလျှော့ပြီး ပိုနားထောင်ပါ

အစည်းအဝေး တိုင်းမှာ စိတ်ဝင်တစ်စား ရှိပါ။ အခြားသူတွေ ရဲ့စိတ်ကူး က သင့်အတွက် အသုံးမ၀င်ဘူး ဆိုရင် တောင်မှ သေချာ နားထောင်ပါ။ သူတို ရဲ့စိတ်ကူးတွေ က သင့် အတွက် အကြံသစ်တွေဖြစ် လာစေနိုင် ပါတယ်။ 


ဒါ့အပြင် စကားနည်းနည်း ပဲပြောတဲ့ အတွက်ကြောင့် အမှားတွေပြောမိနိုင်ချေ နည်းသွားမှာဖြစ်ပါတယ်။ ဒီ့ အတွက် သင့် ရဲ့စကား ကိုကြားရဖို့ အတွက်ကိုလည်း လူတွေ က စိတ်ဝင် တစ်စားစောင့်နေ ကြမှာဖြစ် ပါ တယ်။

၅။ ရည်မှန်းချက် ကြီးကြီး ထားပြီး ကိစ္စသေးသေးတွေ ကို လုပ်ဆောင်ပါ

ဟုတ်ပါတယ်။ သင့်ရဲ့ရည်မှန်းချက် အိပ်မက် ကို ဖြစ်နိုင်သမျှ အဆုံးစွန် အထိ တွေးထားဖို့လိုပါတယ်။ ဒါပေမယ့် ရည်မှန်းချက် ကိုရောက်ရှိဖို့ အတွက် လိုအပ်တဲ့ ရေတို ပန်းတိုင်းတွေ ကို အစီအစဉ် ချလျှောက် လှမ်း သွားရမှာ ဖြစ်ပါတယ်။ ဒါမှ သင့်ရဲ့ရည်မှန်းချက် ကနေ လမ်းကြောင်းလွဲ မသွားစေပဲ အမြဲတမ်း ဦးတည်လျှောက် လှမ်း နေနိုင်မှာ ဖြစ်ပါတယ်။

၆။ ပါးနပ်မှု ရှိပါ

တစ်ခါတစ်ရံ မှာ တစ်ကယ် ဆိုးဝါးတဲ့ လူတွေနဲ့ အလုပ်အတူ လုပ်ရလေ့ ရှိပါတယ်။ ဒီလို အချိန်မျိုးမှာ သူတို့ကို မှန်မှန်ကန်ကန် နဲ့ အကောင်းဆုံး ဆက်ဆံနိုင်ဖို့ လိုပါတယ်။ သူတို့ နဲ့ ပဋိပက္ခတွေ ကို ရန်ဖြစ်ရတာမျိုး မဟုတ် ပဲ ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ သဘောထား ကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေ ရှိနေပေမယ့် ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်တာဟာ ရေရှည် မှာ သင့်အတွက် အကျိုးရှိစေမှာပါ။

၇။ အရမ်း အလျှော့ မပေး မိပါစေနဲ့

တစ်ခါ တစ်ရံမှာ သင့်အတွက် အရမ်း စိတ်ပျက်စရာဖြစ်လာပြီ ဆိုရင်တော့ ရင်ဆိုင်ဖြေရှင်း တတ်ဖို့ လိုပါ တယ်။ သင့် အတွက် သင် ရပ်တည်နိုင် တဲ့နေ့ကနေ စပြီး လူတွေက သင့်ကို ခေါင်းဆောင် တစ်ယောက် အဖြစ် မြင်လာ ကြမှာဖြစ်ပါတယ်။

၈။ စနစ်တကျ အလုပ်လုပ်ပါ

အလုပ် ကို ကြိုးကြိုး စားစား လုပ်တိုင်း အောင်မြင်မယ် ဆိုရင် လူတိုင်း အလုပ်ချည်းပဲ လုပ်နေကြမှာဖြစ် ပါ တယ်။ တစ်ကယ်တော့ အလုပ် ကို ပင်ပန်း တကြီး ကြိုးစား လုပ်ဆောင်နေတာထက် စနစ်တကျ မှန်မှန် ကန်ကန် လုပ်တတ်ဖို့ လိုပါတယ်။


 ပြဿ         နာတိုင်း အတွက် အလွယ်တစ်ကူ အထိရောက်ဆုံး နည်းလမ်းကို ရှာဖွေဖြေရှင်းပါ။ ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲ ဆိုတာကို အံ့သြစရာကောင်းလောက်အောင် သိရှိလာပါလိမ့်မယ်။

၉။ စကားလုံး အသုံးအနှုန်း ဂရုစိုက်ပါ

ဘာပြောမယ်၊ ဘယ်အချိန်မှာပြောမယ် ဆိုတာကို သိဖို့လိုပါတယ်။ စကားလုံး အသုံးအနှုန်း မှန်တာက အခြေ အနေ အရပ်ရပ် ကို သင့်အတွက် အသာ ရရှိစေပြီး သင့် ရဲ့သိက္ခာ ကိုလည်း မြင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ 


စကားပြောကျွမ်းကျင်သူတွေဟာ ကုမ္ပဏီ လုပ်ငန်း တစ်ခုအတွက် အရေးပါတဲ့ ပိုင်ဆိုင်မှု တစ်ခုဖြစ်ပါတယ်။ ဒီလို လူမျိုး ကိုပဲ ကုမ္ပဏီ ရဲ့မျက်နှာစာ အဖြစ် ထုတ်သုံးတတ်ပါတယ်။

၁၀။ တစ်ရွာ တစ်ကျီဆောက်ပါ

သင့် ဘ၀မှာ ဘယ်သူက လိုတယ်၊ ဘယ်သူ ကတော့ မလိုအပ်ဘူး ဆိုတာကို ကြိုမသိနိုင်ပါဘူး။ ဒါ့ကြောင့် အားလုံး က မှတ်မိ ခင်မင်နေသူ တစ်ယောက်ဖြစ်ပြီး အလုပ် တွဲလုပ်ချင်စိတ် ရှိသူ တစ်ယောက် ဖြစ်အောင် ကြိုးစားပါ။ 


လူတွေ နဲ့ ခင်မင် ရင်းနှီးမှု တည်ဆောက်တာ က အခု လတ်တလော အချိန်မှာ အသုံး တည့်မှာ မဟုတ်ပေ မယ့် ရေရည် မှာ သင့် ရဲ့အောင်မြင်မှု အတွက် အထောက် အကူဖြစ်မလာနိုင်ဘူး လို့ ပြောလို့ မရပါဘူး။

၁၁။ စိတ်ဝင်တစား တက်ကြွမှု ရှိပါ

လူ့သမိုင်းကြောင်း တစ်လျှောက် အောင်မြင်ခဲ့သူတွေ အများစုအတွက် အခြေခံ တူညီမှု တစ်ခုက စိတ်ဝင်စား တက်ကြွမှု ရှိခြင်းပဲဖြစ်ပါတယ်။ သင်က စိတ်ဝင်စားမှု အပြည့် ရှိတဲ့ အရာကို လုပ်ဆောင်နေမယ် ဆိုရင် အောင်မြင်မှု က သိပ်ဝေးမှာ မဟုတ်ပါဘူး။

၁၂။ အောင်မြင်သူတွေ ဆီက ပညာယူပါ

တစ်ကယ်ကြိုးစား အားထုတ်မှု နဲ့ အောင်မြင်နေသူတွေ ကို လေ့လာပါ။ သူတို့ ရဲ့ကောင်းကွက်တွေ ဆိုးကွက်တွေ ကို ရှာဖွေပါ။ သူတို့ အတွက် အလုပ်ဖြစ်တဲ့နည်းလမ်း တိုင်းက သင့် အတွက် အလုပ်ဖြစ်ချင် မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အောင်မြင်သူတွေ ကို လေ့လာခြင်းအားဖြင့် အောင်မြင်မှု ကို ရယူဖို့ လိုအပ် ချက်တွေ ကို သင်နားလည် လာပါလိမ့်မယ်။

၁၃။ သင့် ရဲ့တိုးတက်မှု ကို ဆင်ခြင်ပါ

သင့်ရဲ့နေ့စဉ် ဘ၀မှာ ဘာတွေ တိုးတက်မှု ရှိပါသလဲ၊ ဘာတွေ ဆုတ်ယုတ်နေပါ သလဲ အမြဲတမ်း ဆင်ခြင်နေ ဖို့ လိုအပ်ပါတယ်။ အခု လုပ်နေတဲ့ အရေးကိစ္စတွေ  သင် ရောက်ချင်တဲ့နေရာရောက်ဖို့ အတွက် အထောက် အကူ ဖြစ်ပါသလား။ သင်လုပ်သမျှ အရာအားလုံး အတွက် သတိရှိပါ။ ဒါမှသာ သင့် ရဲ့ရည်မှန်းချက် ဆီကို မျက်ခြေ မပြတ် သွားနိုင်မှာဖြစ်ပါတယ်။

၁၄။ ယုံကြည်မှု ရှိပါ

ယုံကြည်မှုဟာ အရာ အားလုံးကို စွမ်းဆောင်နိုင်စေပါတယ်။ သင် လုပ်နိုင်တယ်လို့ ယုံကြည်တဲ့ အရာအား လုံး ကို သင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်သင် ယုံကြည်ပါ။ တစ်လောကလုံး ကလည်း သင့် ကို ယုံကြည် လာပါလိမ့်မယ်။

၁၅။ ထိပ်ဆုံးမှာ အမြဲရှိနေပါစေ

ဘယ်လို ကိစ္စမျိုး ကိုပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်ဆောင်ပြီး အကောင်းဆုံး ရလဒ်တွေကိုပဲ ရယူပါ။ သင် ပိုပြီး အောင်မြင် လာတာနဲ့ အမျှ သင် နဲ့ သင့် ရဲ့ပြိုင်ဘက်တွေ အကြား ကွာဟာချက်ကို ထိန်းသိမ်းထားနိုင် မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်ပြီး အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ လို ပါတယ်။

၁၆။ ဆန်းသစ်တီထွင်မှု ရှိပါစေ

ထူးခြား ဆန်းသစ်မှုတွေ ကို ယူမလာနိုင်ပဲ မလုပ် မရှုပ် မပြုတ်နေရင်တော့ သင် တည်ရှိနေတဲ့ အကြောင်းကို အထူး တစ်လည် ဂရုစိုက်ဖို့ အကြောင်းရှိမှာ မဟုတ်ပါဘူး။ သင့် ရဲ့ထူးချွန်မှုတွေကို ရှာဖွေပြီး အခြားလူတွေ မလုပ်နိုင်တာ၊ မလုပ်ဖူးသေးတာတွေ ကို လုပ်ပြပါ။

၁၇။ အချိန်နဲ့ အမျှ ပြောင်းလဲနိုင်ပါစေ

အခြေ အနေနဲ့ အချိန်အခါတွေ က သင် စိတ်ကူးထားတာထက် ပိုပြီး မြန်မြန် ဆန်ဆန်ပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် အမြဲတမ်း သတင်း အချက်အလက်တွေ ရယူပြီး ဈေးကွက်ပြောင်းလဲမှုတွေ ကို လေ့လာနေဖို့ လို အပ်ပါတယ်။ ဘာတွေ လိုအပ်နေလဲ၊ ပြိုင်ဖက်တွေ က ဘာတွေ လုပ်နေသလဲ ဆိုတာတွေကို မျက်ခြေ မပြတ် စောင့်ကြည့်ပြီး အလိုက် သင့်ပြောင်းလဲသင့်ပါတယ်။

၁၈။ ဘယ်တော့ မှ အရှုံးမပေးပါနဲ့

အောင်မြင်မှုဆီ ကို ချီတက် ရာမှာ ဘယ်လောက်မြန်မြန် သွားလဲ ဆိုတာထက် ဘယ်လောက် အထိ လျှောက် လှမ် နိုင်သလဲ ဆိုတာက အရေးကြီးပါတယ်။ သင် တစ်ကြိမ်လောက် လက်လျှော့ လိုက်တာနဲ့ သင့်ရဲ့ပြိုင် ဖက်တွေ က ရှေ့ကို ကျော်တက်သွားမယ် ဆိုတာ အမြဲမှတ်ထားပါ။

၁၉။ အခွင့်အလမ်း ကို ရှာဖွေပါ

ထူးခြားတဲ့ အခွင့်အလမ်းတွေ ဆိုတာ သင့်ဆီကို အလိုလိုရောက်လာမှာ မဟုတ်ပါဘူး။ အမြဲတမ်း သတိ ထားစောင့် ကြည့်ပြီး တွေ့တာနဲ့ ရယူထားနိုင်ဖို့ လိုပါတယ်။ အခွင့်အလမ်း မှန်သမျှကို ဦးဆုံးရယူနိုင် သူဖြစ် ပါစေ။ အမြဲတမ်း စိတ်အား တက်ကြွနေပြီး သင့်ရဲ့အလုပ်ရှင် က ကိစ္စတစ်ခုခု တာဝန်ပေးဖို့ ရှိတိုင်းမှာ သင့်ကို အရင်ဆုံးတွေးမိ နေပါစေ။

၂၀။ အလုပ်မှာ ကျွမ်းကျင်မှု ရှိပါစေ

သင် အမှန်တကယ်အောင်မြင်ချင်တဲ့ သူ ဆိုရင် သင်လုပ်တဲ့ အလုပ်မှာ ကျွမ်းကျင် ရမှာဖြစ်ပါတယ်။ အခြား လူတွေထက် စောစီးစွာအောင်မြင်ချင်ရင် သူတို့ထက် ပိုပြီး ကျွမ်းကျင်နေဖို့လိုပါတယ်။ လူတိုင်း ရဲ့ အလုပ် ကို လေ့လာပါ။ အစကနေ အဆုံး အထိ ဘာတွေ လုပ်သွားလဲ ဆိုတာ မှတ်သားပါ။ 


ဘယ်ကိစ္စ မဆို တစ်ခြားသူတွေ အပေါ် မှီခိုနေစရာ မလိုပဲ ကိုယ်တိုင် လုပ်ဆောင်နိုင်အောင် ကြိုးစားပါ။ တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့ ဆိုတာလိုမျိုး တစ်ယောက်တည်း ဆိုပေမယ့် အင်အား အပြည့်ဖြစ်နေ ပါစေ။

 


Ref : Gentelman Magazine
Photo Credit : bankrate
Posted By : Wai Phyoe

http://www.searchmyanmar.com/link/frame/cid/57371

No comments:

Post a Comment