08 March 2016
ရှင်မဟာ ကဿ ပ ရဲ့ ရုပ်ကလပ်တော်
မန္တလေးမြို့ အနောက်တောင် အသောကာရုံ ကျောင်းတိုက် မှ-ဦးသီိရိန္ဒ ရဲ့အမေး က
.................       အရှင်မဟာကဿ         ပ   ရဲ့အလောင်းတော်  ကို အရိမေတ္တေယျ ဘုရားရှင်က သဂြုင်္ိဟ်မည် ဆိုတာ ဟုတ်ပါသလား မဟုတ်ဘူးလား .....
 ထီးချိုင့်မြို့ တည်တော ဆရာတော် ဘုရားကြီး မှ ပြန် လည်ဖြေ ကြားချက်............
 ဦးသီရိန္ဒရဲ့အမေး က မပြည့်စုံသေးဘူး ဒါကြောင့် အလောင်းတော် ကဿ           ပရဲ့သမိုင်း ကြောင်းကို အရင်ပြောပြ ရအုံးမယ်....
ရှေးရှေးတုန်းက အရိမေတ္တေယျ အလောင်းက ဆင်ထိန်းဖြစ်ပြီး အရှင်မဟာကဿ           ပရဲ့ အလောင်း က ဆင်ဖြစ်သတဲ့ ဆင်ထိန်းဟာ ဆင်ကို ပန်းဘဲဖို အနီးမှာလွှတ်ထားတယ် ဖိုသူကြီးက ဆင်ကို ဖိုတဲ အနီး မလွှတ် ပါနှင့် လို့ပြောတယ် ။ 
ဆင်ထိန်း က ငါ့ဆင်ဟာ လူစကားကို နားလည်တဲ့ ဆင်ယဉ်ဖြစ်ပါတယ် ။ ဖိုတဲ အနီးမှာနေပေမယ့် ဘာ အန္တရာယ် ကိုမျှပြု လုပ်မှာ မဟုတ်ပါဘူးလို့ပြောတယ်။
ဖိုသူကြီးက ဆင်ဆိုတာ တိရစ္ဆာန်မို့ ယဉ်သည်ဖြစ် စေရိုင်းသည်ဖြစ်စေ စိတ်မချရဘူး ဒါကြောင့်ဝေးဝေးမှာ လွှတ်ထားပါလို့ပြောတယ် ။ ဆင်ထိန်း က ကိစ မရှိပါဘူး ကျုပ်ဆင်ကို ကျုပ်တာဝန်ယူပါတယ် ။ မပူပါနှင့် လို့ ပြောတယ် ။ 
ဒီတော့ ပန်းပဲ သူကြီးက ခင်ဗျားဆင် အမှန်တကယ် လူစကား နားလည်လျှင် သံတွေခဲတွေကို အကိုင်းခိုင်း  လို့ ဖြစ်ပါ့မလားလို့ပြောတယ် ။
ဆင်းထိန်းက  ...ဖြစ်တယ်  လို့ပြောတာကြောင့် သံ တွေ  ခဲတွေ ကို မီးဖုတ်ပြီး ဆင်ကို အကိုင်ခိုင်းသတဲ့ ဆင်ဟာ အလွန်ပူတဲ့ သံတွေ ခဲတွေ ကိုနှာမောင်း ဖြင့် ကိုင်တဲ့ အပူဒဏ်ကြောင့်သေလွန်ရှာတယ်။
အဲ့သည် မကောင်းမှု အကုသိုလ် ကံကြောင့် အရိ မေတ္တေယျ ဘုရားရှင်ဟာ ရှင်မဟာ ကဿ          ပရဲ့ရုပ် ကလပ်တော်ကို လက်ဝါးပြင်ပေါ်မှာ တင်ပြီး  မီး သင်္ဂြိဟ်မှ  လက်ဝါးတော်ကို မီးစွဲပြီး ပရိနိဗ္ဗာန် ဝင်စံရ လိမ့် မယ် လို့ သမိုင်းမှာ ဆိုတယ်။
သမိုင်းဟောင်း တစ်ခုမှာ ဆိုတာ က ဆင်ထိန်းက ဆင်ကို သံတွေ ခဲ အကိုင်းခိုင်းရုံမျှ မက အမျို ခိုင်းတဲ့ အတွက် အဖန်ငါးရာ ဝိပါက် လိုက်ပြီး အကျိုးကြွင်း အားဖြင့် အရိမေတ္တေယျ ဘုရားဖြစ်တဲ့ အခါ ရှင်မဟာကဿ   ပအလောင်းတော်ကို လက် ဝါးပြင်ပေါ် တင်ပြီး မီးသင်္ဂြိုဟ်မှ လက်တော်ကိုတေဇောဓာတ်လောင်ပြီး ပရိနိဗ္ဗာန် ဝင်စံ ရလိမ့်မယ် လို့ဆိုထားပါတယ်။
သည် အဆိုများဟာ ခိုင်မာတဲ့ အဆိုများ မဟုတ်ကြပါဘူး ။  ပုံပြင်မျှသာဖြစ်ပါတယ် ။ အမှန် မဟုတ်တဲ့ အကြောင်း ကိုလဲပြောပြပါအုံး မယ် ...
မိန့်တော်မူပါဘုရား။
သည်ကမ္ဘာမြေကြီး ဟာ ဘုရားတစ်ဆူ နဲ့ တစ်ဆူ အကြား တစ်ယူဇနာ မြေသား တက်ကြောင်း (ဧတ္တာဝတာ ကိရ ဒွိန္နံ ဗုဒ္ဓါနံ အန္တရေ ယောဇနံ ပထဝီ  ဥဿန္နံ)   လို့ နိဒါနဝဂ္ဂဌ ကထာ ၁၄၉ မှာ ဖွင့်ပြထားတယ် ။ သည် အ ဖွင့် အရ ဆိုလျှင် အရိမေတ္တေယျ ဘုရားပွင့်တော်မူတဲ့ အချိန်မှာ ရှင်မဟာကဿ         ပရဲ့ အလောင်းတော် ဟာမြေ အတွင်း တစ်ယူဇနာအောက်မှာ နစ်မြုပ်နေပြီး မြေ အတွင်းကဖော်ထုတ် ယူဖို့ မဖြစ်နိုင်တော့ ဘူး ပေါ့ ။
ဖော်ထုတ်လို့ ဖြစ်နိုင်သည့် တိုင်အောင် အဲ့ သည့် အချိန်မှာ အလောင်းတော်ဟာဆွေးမြည့်နေပါပြီ ။ မြေကြီး သြဇာဓါတ်ဖြစ်သွားလောက်ပြီ မို့ဖေါ်ထုတ်လို့ အလောင်းလဲ ရှိမည် မဟုတ်ပါဘူး ။ ပြောစရာ ရှိသေးတာက ရှင်မဟာကဿ         ပ    ကသူ့ရဲ့ အလောင်းဟာ  အရိမေတ္တေယျ  ဘုရားရှင်လက် ထက်တိုင်အောင် မပျောက် မပျက် တည်ပါစေလို့ အဓိဋ္ဌာန်ပြု ခဲ့လျှင် အဓိဋ္ဌာန် အလျှောက်တည်မည် ဆိုတည်နေနိုင် တာပေါ့ကွယ် ။
သို့သော်လည်း အလောင်းတော် မပျက် မစီး တည်နေပါစေလို့ အဓိဋ္ဌာန်တာက ဘယ်အကျိုးကိုမျှော်ကိုးလို့လဲ လို့ အဓိဋ္ဌာန်ခြင်း ရဲ့အကြောင်းကိုထောက်မျှော်ကြည့်သင့်သေးတယ်ကွယ့် ။
သည်နေရာမှာ ဘုရားရှင် ခန္ဓ ပရိနိဗ္ဗာန် စံတော်မူ စဉ်  အဓိဋ္ဌာန်ပြုတော်မူပုံကိုပြောပြရအုံးမယ် ။
မိန့်တော်မူပါဘုရား
ဂေါတမ ဘုရားရှင်ဟာ သက်တော် အလွန်တို တော်မူတယ် ။ ဘုရားဖြစ်သည်က စပြီး ၄၅ နှစ်ကြာ အောင် မနေမနား တရားဟောပြတော် မူခဲ့သော် လည်း သာသနာတော်က မပျံ့နှံ့သေးဘူး ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ် အတော် များများကျန်နေ သေးတယ်။
ဒါကြောင့် ငါပရိနိဗ္ဗာန် စံဝင်ပြီးသည့်နောက် ငါ့ရဲ့ ခန္ဓာတော်ဟာ ဓာတ်တော် အစိတ်စိတ်ဖြစ်ပြီး ငါ့ရဲ့ သာသနာတော် မကွယ်သမျှ လူနတ်ဗြဟ္မာ သတ္တဝါ တို့ရဲ့ကိုးကွယ်ရာဖြစ်ပါစေ... လို့  အဓိဋ္ဌာန်တော်မူတယ် ။
အဲ့သည် အဓိဋ္ဌာန်ချက်ကြောင့်.....
မုန်ညင်းစေ့မျှ ရှိ၍ မြတ်လေးငုံ အဆင်း ရှိတဲ့ အငယ်စား ဓာတ်တော် ခြောက်ပြည်သား ၊
ဆန်ကျိုးခန့် ပမာဏ ရှိ၍ ပုလဲ အဆင်း ရှိသော အလတ်စား ဓာတ်တော် ငါးပြည်သား ၊ 
ပဲနောက်စေ့ခန့် ပမာဏ ရှိ၍ရွှေအ ဆင်း ရှိသော အကြီးစား ဓာတ်တော် ငါးပြည်သား ၊
စုစု ပေါင်း ဓာတ်တော် ၁၆ပြည်သား ကျန်ရစ်တော် မူတယ် ( သုတ်မဟာဝါ အဋ္ဌကထာ) ဘုရားရှင် ရဲ့ ဓာတ်တော်များ ဟာ အဓိဋ္ဌာန်တော်အတိုင်း ကိုးကွယ်မည့်သူ ရှိရာ ဌာန လှည့်လည်ပြီး သာသနာတော် မကွယ် သမျှ ကာလ ပတ်လုံး တည်နေတော်မူကြမယ် ။
သာသနာတော်ကွယ်လို့ ကိုးကွယ်မည့်သူ မရှိ တဲ့ အခါမှ ဓာတ်တော် အားလုံး ဓာတု ပရိနိဗ္ဗာန် ဝင်စံတော် မူကြမယ် ။ ဘုရားရှင်ရဲ့ အဓိဋ္ဌာန်တော်မူချက်ဟာ အခုပြောပြီးတဲ့ အတိုင်း အကြောင်းရှိတယ် ဓာတ်တော် ကျန်ရစ် ခဲ့တဲ့ အတွက်ကြောင့်လည်း လူနတ်ဗြဟ္မာတွေ မှာ အကျိုး ရှိတယ် ။
ရှင်မဟာကဿ  ပ ပ ဟာ မိမိခန္ဓာတော်ကို မပျက်မစီး တည်ရစ်ပါစေလို့ အဓိဋ္ဌာန်ခဲ့လျှင် အဓိဋ္ဌာန်ခဲ့တဲ့ အ ကြောင်း က ဘာလဲ ဘုရားရှင်လို ခန္ဓာတော်ကို ဖူး ကြရတဲ့ လူနတ်ဗြဟ္မာတွေ ကုသိုလ် တရားပွားကြပါစေ ဆိုတဲ့ အကြောင်းလား ။
သည်အကြောင်း မှန်ခဲ့လျှင် ခန္ဓာတော်ကို လူသား များ ဝင်ရောက် မဖူးမြော်နိုင်တဲ့တောင်ခေါင်း အ တွင်း ဘာကြောင့် ထားခဲ့ရသလဲ လူမရောက်သော တောင်ခေါင်း အတွင်း ခန္ဓာတော်ကို ချထား တဲ့ အတွက် ခန္ဓာတော် ချထားခဲ့ခြင်းဟာ လူသားများအတွက် မဟုတ်ဘူးလို့ အဓိပ္ပာယ် သက်ရောက်ပါ တယ် ။
လူသားများ အတွက် မဟုတ်လျှင် ဆင် ဘဝ က သူ့ကိုနှိပ်စက်သော ဆင်ထိန်း အရိမေတ္တေယျ ဘုရားဖြစ်သော အခါ ကလဲ့စားချေ ဖို့ဆိုရအောင် ကလည်း ရဟန္တာမှာ သည်သဘော လုံးဝ မဖြစ်သင့်လို့ သည် စကားကိုလည်း အတည်ယူလို့မဖြစ်ပါဘူး။
ဒါကြောင့် အတိတ်ဘဝက ရန်ငြိုးကြောင့် ခန္ဓာ တော်က မီး အရိမေတ္တေယျဘုရား ကို ကူးစက်လောင်ပြီး အရိမေတ္တေယျ ဘုရား ပရိနိဗ္ပာန် စံရမယ်လို့ ဆိုတာလည်း  အာဂမယုတ္တိ-သဘာဝယုတ္တိ မရှိပါဘူး ။
ဒါကြောင့် .......
ရှင်မဟာကဿ           ပ    အလောင်းတော်တောင်ခေါင်း အတွင်း တည်ရှိ ခြင်း ၊
အလောင်းတော် ဟာ အရိမေတ္တေယျ လက် ထက်တော် အထိ တည်နေနိုင်ခြင်း ၊
အလောင်းတော် ကို အရိမေတ္တေယျ ဘုရားရှင် က လက်တော်ပေါ် တင်ပြီး မီးသင်္ဂြိဟ်ခြင်း ၊ 
ထို မီးက ကူးစက်၍ အရိမေတ္တေယျ ဘုရားရှင်လက်တော် ကို လောင် ကျွမ်းခြင်း ၊
ထို  မီးဒဏ်ကြောင့်  အရိမေတ္တေယျ ဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူခြင်း ၊ ....    ဆိုတာတွေဟာ နား ကြားသူများ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပုံပြင်မျှ သာဖြစ်တယ်။
 အာဂမယုတ္တိ-သဘာဝယုတ္တိနှင့် ညှိ လိုက်တော့  ဘယ်ယုတ္တိနှင့်မျှ မကိုက်ဘူး ဆိုတဲ့ အကြောင်း
ဦသီရိန္ဒ ထံပြန်ကြားလိုက်ပါတယ် ။
From... Than Win
No comments:
Post a Comment