23 March 2016

ဆင်ခြင် တွေးခေါ်နိုင်စွမ်း ကို ခတ်ထားသော ဘောင်များ နှင့် ၄င်းတို့ ၏ လွမ်းမိုးမူများ






  ~ Frames of Thinking and its Influences ~


တွေးကြလား။ တွေးကြ တာပေါ့။ နည်းလမ်းမှန်တာ မမှန်တာထား၊ အမှန်ကိုရောက်တာ မရောက်တာ ထား၊ တွေးကြ တာပဲ။ ဘာကြောင့် မတွေး ရရင် မနေနိုင်လည်း ဆိုတာကော တွေးဖူးလား၊ ကိုယ့် ကိုတွေးခေါ်ခြင်း ဖြစ်စဉ် ထဲကို ရောက်နေစေတဲ့ အကြောင်း တရားတွေက ဘာတွေလည်း တွေးဖူးလား။ ဘာကြောင့်တွေးနေတာလည်း။ ဘာလို့ ဒီလိုတွေးနေတာလည်း ဆိုတာတွေးဖူးလား။

တွေးခေါ်နိုင်စွမ်း ဟာ ကားတစ်စီး ဆိုရင်၊ တွေးခေါ်မူတွေ ကို ရွေ့ လျားစေတဲ့ လောင်စာ နဲ့ ဘယ်ကိုရွေ့ ပါလို့ လမ်းပြနေတဲ့ မြေပုံတွေ ရှိတယ်။ လူတစ်ယောက် ရဲ့ တွေးခေါ် ဆင်ခြင်ပုံ ကို ဘောင်ခတ် ပုံသွင်းနေ တဲ့ အရာတွေ ရှိတယ်။ Thinking Frames တွေပေါ့။

- Culture - ယဉ်ကျေးမူ
လူတစ်ယောက် ရဲ့ အတွေးအခေါ် ဟာ သူမွေးဖွား ကြီးပြင်းလာရတဲ့ ယဉ်ကျေးမူ ရဲ့ ဘောင်ခတ်ခြင်း ကို ခံ ရတယ်။ အနောက်တိုင်း ယဉ်ကျေးမူမှာ ကြီးပြင်း လာသူတွေဟာ Analytical Thinking လွမ်းမိုးပြီး၊ အရှေ့ တိုင်းက လူတွေ အတွေးအခေါ် ကို Holstic Thinking လွမ်းမိုး တဲ့ ပုံစံတွေ ကွာရတာ ယဉ်ကျေးမူတွေ ကွာခြား လို့ပဲဖြစ်တယ်။

- Time and Space
မွေးဖွားကြီးပြင်း ရတဲ့ ခေတ် ကာလ၊ ဒေသ ကိုလိုက်ပြီးလည်း အတွေးခေါ်တွေ ကွာကြတယ်။

- Family Background
မိသားစု ရဲ့ ယုံကြည် ကိုးကွယ်မူတွေ၊ လူမူ ဆက်ဆံရေး ပုံစံတွေ၊ အိမ်ထောင်ရေး အခြေနေ၊ ကလေး ဘ၀ပြဋ္ဌာန်းချက်၊ ဘာသာရေး၊ နိုင်ငံရေး၊ ကျောင်းပညာရေး ဆိုင်ရာ လက်ခံမူတွေ၊ လိုက်နာ လက်ခံကျင့်သုံး မူတွေ ဟာ လူတစ်ယောက် ရဲ့ အတွေးအခေါ် ကို အများဆုံးပြဋ္ဌာန်းတယ်။



- Socio-Surrounding
လူမူ ပတ်ဝန်းကျင် နဲ့ ပေါင်းသင်း ဆက်ဆံနေသူတွေ ရဲ့ လွမ်းမိုးမူတွေ၊ အမြင်တွေ၊ စံ တန်ဖိုးတွေ ကလည်း အတွေးအခေါ် ကိုပြဋ္ဌာန်းတယ်။





ကိုယ် လက်ခံထားတဲ့ အတွေးအခေါ် အယူအဆ တစ်ခုကို၊ Thinking Frames ပြောင်းတွေးကြည့်ရင် Brain Stroming လုပ်ကြည့်ရင်၊ ကိုယ့်အတွေး အခေါ် ဟာ ဘယ်လောက် အထိပြဋ္ဌာန်း ခံ နေရလည်း ဆိုတာတွေ့ရ မှာပဲ။

ဥပမာ၊ အသားအရောင် ခွဲခြား တတ်တဲ့ လူဖြူ  တစ်ယောက်ကို လူမည်း တစ်ယောက် အဖြစ် စိတ်ကူး ယဉ်ပြီး စဉ်းစားစေကြည့်ရင် အသားအရောင် ခွဲခြားလိုတဲ့ အတွေးအခေါ် ဟာ သူမွေးဖွားကြီးပြင်း လာရတဲ့ Culture, Time & Space, Family Background နဲ့ Socio-Surrounding ကြောင့် ပေါ်ပေါက်လာတယ် ဆိုတာ အလွယ် တစ်ကူမြင်ရမယ်။
 

ဘာသာရေး ခွဲခြားလိုသူတွေ၊ လူမျိုးရေး ခွဲခြားလိုသူတွေ ရဲ့ အတွေးအခေါ် ခံယူချက်တွေ ဟာ Thinkin Frames တွေ လွမ်းမိုးထားလို့ ဖြစ်တယ်။

ကိုယ့် ရဲ့ အတွေးခေါ်တွေ ကို Thinking Frames တွေ ဘယ်အတိုင်း အတာထိ လွမ်းမိုးထားလည်း ဆန်း စစ်နိုင် လာရင် မျှတတဲ့ အမြင်၊ ဘက်မလိုက်တဲ ခံယူချက်၊ အစွန်း မရောက်တဲ့၊ တစ်ဖက်ပိတ် မဆန်တဲ့ သုံးသပ်ချက် အမြင်တွေ ရှိလာမှာဖြစ်တယ်။ အသိပညာ ဥာဏ်ရဲ့ ရန်သူဖြစ်တဲ့ ကျဉ်းမြောင်းတဲ့ စိတ်ဓာတ် ခံယူချက်၊ လောကအမြင် နဲ့ ယူဆချက်တွေ ကနေ ကင်းကွာလာမှာဖြစ်တယ်။

Thinking Frames ရဲ့လွမ်းမိုး မူဟာ လူတစ်ယောက် ရဲ့ အတွေးအခေါ် ကို အပြုသဘောဆောင် သလို၊ အပျက် သဘောဆောင်တာတွေ လည်းရှိတယ်။ အပြု  သဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင် သည်ဖြစ်စေ၊ ဒီ လွမ်းမိုးမူတွေ ကို ဆန်းစစ်မြင်နိုင်ဖို့ ဟာ အသိပညာဥာဏ် ခရီးလျောက်နေသူတို့ အတွက် အရေးကြီးတယ်။

အတွေးအခေါ်လည်း ထိုက်သင့်သလောက် စွမ်းပါရဲ့ ၊ စာပေ ပညာ လည်းမြတ်နိုးလိုက်စား ပါလျက်၊ မျှတ ချင်တဲ့ စိတ်တွေ ရှိကြပါလျက်၊ မှန်ကန်တာကိုဖြစ်စေချင်တဲ့ စေတနာတွေရှိမှန်း လည်း မြင်သာ ပါလျက်နဲ့ အချို့ တွေ အယူအဆ လွဲနေတာ၊ ခံယူချက် လွဲနေတာ၊ မဟုတ်တာ အဟုတ် ထင်နေတာ၊ အမှန်ပြလည်း၊ အမှန်ကို မမြင်နိုင်၊ အမှန်ကို မမြတ်နိုးနိုင် စကားလုံးတွေ နဲ့ ဝေ့လည်ကြောင်ပတ်တွေ လုပ်ပြီး  မောဟ မွန်နေ တာတွေ ရဲ့ အခြေခံ အကြောင်း တရား ကတော့ ကိုယ့် အတွေးအခေါ် ကို လွမ်းမိုး ထားတာတွေ ကို ပြန် သုံးသပ်နိုင်စွမ်းနဲနေလို့ပဲဖြစ်တယ်။

မှန်မှန် ကန်ကန်တွေးခေါ်နိုင်ဖို့ထက် အရေးကြီးတာက အမှားတွေလျောက် မတွေးနေဖို့ပါ။ အတွေး အခေါ် မမှားဖို့၊ စည်းဘောင်ကျော်တွေးနိုင်ဖို့ ကတော့ ကိုယ့် အတွေးအခေါ် ကို လွမ်းမိုး ထားတဲ့ အကြောင်း တရားတွေ ကို သိထားပြီး၊ အမြဲ ဆန်းစစ်နေဖို့လိုပါတယ်။

လူတစ်ယောက်ခြင်းစီ ရဲ့ တွေးခေါ်မူကို လွမ်းမိုးထားတဲ့ Thinkings Frames ကို ထပ်ပြီး ခွဲကြည့်ရင်

- Vocational Influence (လုပ်ငန်းဆိုင်ရာ လွမ်းမိုးမူ)
- Sociological Influence (လူမူဘ၀ဆိုင်ရာ လွမ်းမိုးမူ)
- Philosophical Influence (ပုဂ္ဂိုလ်ရေး ဒဿ       နလွမ်းမိုးမူ)
- Ethical Influence (ကိုယ်ကျင့်တရား ဆိုင်ရာ လွမ်းမိုးမူ)
- Intellectual Influence (သီဝရီ ဆိုင်ရာ အသိပညာနှင့် သီဝရီ  ဆိုင်ရာ စနစ်များ အရ ဆင်ခြင်မူမှ ရရှိ လာသော ယူဆချက် များ၏ လွမ်းမိုးမူ)
- Anthropological Influence (လူ့ အဖွဲ့အစည်း တစ်ခုရဲ့ ယဉ်ကျေးမူဆိုင်ရာ ဓလေ့ ထုံးတမ်းနှင့် ဆောင် ရန်ရှောင်ရန်၊ တဗူး (Taboo) များ ၏ လွမ်းမိုးမူ)
- Ideological and Political Influence (အုပ်ချုပ်ရေးဆိုင်ရာစနစ်နှင့် အာဏာကျင့်သုံးမူ ပုံစံလွမ်းမိုးမူ)
- Economic Influence (စီးပွားရေးအခြေအနေလွမ်းမိုးမူ)
- Historical Influence (သမိုင်းအသိတရားဆိုင်ရာ လွမ်းမိုးမူ)
- Biological Influence (ဇီဝရုပ်ဆိုင်ရာလွမ်းမိုးမူ)
- Theological Influence (ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များနှင့် ခံယူချက် လွမ်းမိုးမူ)
- Psychological Influence (ကိုယ်ရည်သွေးဆိုင်ရာ အရည်ချင်းနှင့် ပုဂ္ဂိုလ်ရေး စိတ်ခံစားချက် လွမ်းမိုးမူ)
- Physiological Influence (ဇီဝကမ္မ၊ ရုပ်ခန္ဓာကိုယ်အခြေအနေ၊ ရုပ်ရည်သွင်ပြင်အခြေအနေ၊ အရပ်အမောင်း၊ ကိုယ်အလေးချိန်ဆိုင်ရာ လွမ်းမိုးမူ)

ဆိုပြီး လွမ်းမိုးမူ ပုံစံတွေကိုတွေ့ရတယ်။

Thinking Frames တွေ ရဲ့ လွမ်းမိုးမူတွေ ကို ဆင်ခြင် သုံးသပ်ကြည့်နိုင်ရင်၊ ကိုယ့်ရဲ့ စိတ်သဘာဝ ၊ တွေးခေါ် ဆင်ခြင်ပုံတွေ ကို ကိုယ်ကိုယ်တိုင်  ရေရေရာရာ မသိတဲ့ မောဟ ကိုတွေ့ရမယ်။ 


လူ့စိတ် သဘာဝ ဆိုတာ လူတွေကိုယ်တိုင် မသိတဲ့ လူ့ဘ၀ကို ဖန်တီး စီရင်နေတဲ့ အတွင်း သဏ္ဍန် အကြောင်း တရားဖြစ်တယ်။ ဒီ ကိုယ်တွင်း အကြောင်းတရားဖြစ်တဲ့ စိတ်ဟာ လူတစ်ယောက်ရဲ့ အဖြစ် တရားပဲဖြစ်တယ်။ ဒီ အဖြစ်တရားကို မူတည်ပြီး ပြင်ပ ရုပ်လောက မှာ နေထိုင်နေတာဖြစ်တယ်။

လူ တစ်ယောက်ရဲ့ ပျော်ရွင်မူ၊ မပျော်ရွင်မူ၊ စိတ်အေးချမ်းမူ၊ စိတ်ဆိုးဒေါသဖြစ်မူ၊ တွေကို စိတ် သဏ္ဍန်ကပဲ ဆုံးဖြတ်ပေးနေတာဖြစ်တယ်။ သိမြင်နိုင်စွမ်း နဲ့ ဥာဏ် ကွန့်မြူးနိုင်စွမ်း တို့ကို ထိမ်းချုပ်ထားတဲ့ အကြောင်း တရား လည်းဖြစ်တယ်။ အေးချမ်းမူနဲ့ ၊ တည်ငြိမ်မူ ကို ပြဋ္ဌာန်းပေးတဲ့ အကြောင်း တရားဖြစ်သလို၊ လူတွေ ကို ရူးမိုက်စေတဲ့ အကြောင်း တရားလည်းဖြစ်တယ်။

Thinking Frames ရဲ့ လွမ်းမိုးမူတွေ ကို ဆန်းစစ်ဝေဖန်နိုင်စွမ်းတွေ ရှိလာရင်၊ ရွံ့ တုံးလေး လို လောကကြီး မှာ လိုရာ ပုံသွင်းခံနေရတဲ့ ဘ၀ကနေ၊ ကိုယ့် ဘ၀ကိုယ် သခင် အဖြစ် စွမ်းအားပြည့် လွတ်လပ်စွာ ဖူးပွင့်နေ ထိုင် ရှင်သန် သွားနိုင်လာမှာဖြစ်တယ်။

 


~ AMM ~
Greenhill
Aung Myo Myat


 

No comments:

Post a Comment