28 March 2016

၂၀၁၆ ဒီဇင်ဘာလ က စပြီး ဥရောပသား မွေးကင်းစ ကလေး အားလုံး microchip ထည့်သွင်းခံရမယ်လို့သိရ

 



၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ကပြီး ဥရောပမှာ မွေးကင်းစ ကလေးငယ် အားလုံး microchip ထည့်သွင်း ခံရမှာ ဖြစ်ပါတယ်။ မွေးဖွားတဲ့ အချိန် ကနေ မသေ မချင်း သူတို့ လှုပ်ရှားမှုတိုင်း ခြေရာခံစောင့်ကြည့်ခံရမယ့် အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ 

၂၀၁၆ ခုနှစ်က စပြီး ဥရောပ တစ်ခုလုံး မွေးကင်းစ ကလေးတိုင်း အရေပြားအောက် RFID chip ကို မဖြစ် မနေ ထည့်သွင်း ခံရမှာဖြစ်ကြောင်း မရေတွက်နိုင်တဲ့ သတင်းအရင်း အမြစ်များ က ဖော်ပြထားပါတယ်။

အဆိုပါ chip ဟာ တစ်ခါသုံး ဘက်ထရီ အသေးစား တစ်ခု တပ်ဆင် ထားတဲ့ GPS ဆင်ဆာ တစ်ခုကဲ့သို့ အလုပ် လုပ်မှာ ဖြစ်ပြီး လူတိုင်း သက်ဆိုင်ရာပြည်နယ်ဆေးခန်း တစ်ခုခုမှာ ၂ နှစ် တစ်ခါ အစားထိုး လှဲလှယ် ရမှာ ဖြစ်ပါတယ်။ 
 
၎င်းမှ ထုတ်လွင့်တဲ့ ဒေတာ ကို သိမ်းဆည်းပြီး အထူးပြုလုပ်ထားတဲ့ app ရှိတဲ့ tablet နဲ့ smartphone သို့ ပေး ပို့မှာ ဖြစ်ပြီး မိဘ များနဲ့ ဆရာဝန် များအား သူတို့ ကလေး များရဲ့ ကျန်းမာရေး နဲ့ အခြေအနေ အရပ်ရပ် အားလုံး အချိန် နဲ့ တပြေးညီ စောင့်ကြည့်နိုင်စေမှာ ဖြစ်ပါတယ်။


လူ အများစု မြင်တွေ့ခွင့် မရတဲ့ အရာက ဒီ နည်းပညာ က သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်း မဟုတ်ပါ။ တကယ့် အဖြစ်မှန် နဲ့ လူတွေ အသုံးပြုဖို့ Food and Drug Administration မှ အတည်ပြုထားပြီး ဖြစ်ပါတယ်။ 
 
ပိုကြောက်စရာကောင်းတာက ဒီ ပစ္စည်းဟာ ကိုယ်ရေး ကိုယ်တာ အချက် အလက်များ စုဆောင်း သိမ်း ဆည်းပေးထား မှာ ဖြစ်တဲ့ အပြင် ဒီ chip သေးသေးလေး က တခြား functions တွေ လိုတာ ထက်ပို ဆောင် ရွက်နိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့ အပြည့် အဝ သိုလောင်နိုင်စွမ်း ကို ဘယ်သူမှ မသိပါ။
 
 
Ref:dailylives.org
ပေါ်ထွန်း - Trend Myanmar
 http://www.lwinpyin.com/2016/03/microchip.html
 
 

No comments:

Post a Comment