29 March 2016

အွန်လိုင်း မှာ ပျံ့နေတဲ့ ဒေါ်နယ်ထရန့် ဇနီး ရဲ့ အဝတ်မဲ့ ဓာတ်ပုံ

အမေရိကန်သမ္မတ တံဆိပ်တုံး ကို ဖော်ပြရင်း ဘီကီနီ နဲ့ ပို့စ်ပေးခဲ့တဲ့ မယ်လန်နီယာ


အမေရိကန် ရဲ့ သမ္မတ ဖြစ်လာနိုင်ခြေရှိနေတဲ့ ဒေါ်နယ်ထရန့် အတွက် သူ့ရဲ့ဇနီး မယ်လာနီယာ က အတား အဆီး တစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ အကြောင်း ကတော့ ဆလိုဗေးနီးယား မော်ဒယ်ဟောင်း မယ်လန်နီယာ ရဲ့ ကိုယ်လုံးတီး ဓာတ်ပုံ တစ်ပုံ ဟာ အွန်လိုင်း မှာ ပျံ့နှံ့လာလို့ပါပဲ။

အဲဒီ ပုံထဲမှာ မစ္စစ်ထရန့် က  သားမွေးကောဇောပေါ်မှာ အဝတ်ဗလာ နဲ့ ဆက်စီ ကျကျ ပို့စ်ပေးနေခဲ့ပါတယ်။
ဒီ ဓာတ်ပုံဟာ ၂၀၀၀ ပြည့်နှစ်တုန်း က GQ မဂ္ဂဇင်း အတွက် ရိုက်ပေးခဲ့တဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။

"မယ်လန်နီယာထရန့်..ရှင် တို့ရဲ့ သမ္မတ ကတော်ဖြစ်လာမယ့် သူပေါ့။ မဖြစ်စေချင်ရင်တော့ အင်္ဂါနေ့ မှာ တက်ဒ်ခရုဇ် ကို ထောက်ခံပေးနိုင်ပါတယ်" လို့ ပုံအောက်မှာ ရေးထားပါတယ်။














ဒေါ်နယ်ထရန့် နဲ့ တက်ဒ်ခရုဇ် ဟာ ရီပက်ဘလစ်ကန် ပါတီအတွင်း မှာ သမ္မတနေရာ အတွက် ယှဉ်ပြိုင် ရတော့မှာ ဖြစ်ပါတယ်။

စကားရည်လုပွဲ တစ်ခုမှာ သူ့ရဲ့လိင် အင်္ဂါအရွယ်အစား ကိုတောင် ပြောထွက် ခဲ့ဖူးတဲ့ ဒေါ်နယ်ထရန့် ဟာ "ခင်ဗျားမှာ ငယ်ရွယ်ပြီး လှပ တဲ့ စော်လေး တစ်ဗွေ ပိုင်ဆိုင်နေသရွေ့ မီဒီယာတွေ ဘာပြောပြော ဂရုစိုက် စရာမလိုဘူး" လို့ ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ် တိုက်ခိုက်မှု ကတော့ သူ့ရဲ့ သမ္မတဖြစ်နိုင်ခြေ အခွင့်အလမ်း ကို ထိခိုက် လိမ့်မယ်လို့ ယူဆရပါတယ်။



Source & Photos : the Sun
 http://www.duwun.com.mm/news/-id4853031.html

No comments:

Post a Comment