29 March 2016

သင်္ကြန် မှာ ရေပက်ချိန် ကန့်သတ်သင့်တယ် လို့ဆို




၂၁၀၆ ခုနှစ် အတွင်း မြန်မာနိုင်ငံ မှာ နေ့ အပူချိန်တွေ ပိုများ လာတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိ သူတွေ အနေ နဲ့ လာမယ့် သင်္ကြန်မှာ ရေပက်ချိန် ကန့်သတ် ဖို့ ပညာရှင်တွေ က အကြံပြုထားပါတယ်။

ပူပြင်းခြောက်သွေ့ တဲ့ အယ်လ်နီညို  ရာသီဥတုကြောင့် အပူချိန်မြင့်တက်မှု နဲ့ ခရမ်းလွန်ရောင်ခြည် လွန်ကဲ မှုတွေ ကို သင်္ကြန် လည်မယ့်သူတွေ ကြုံတွေ့နိုင်တာကြောင့် ပညာရှင်တွေက အခုလို အကြံပြုခဲ့တာပါ။

ရေစိုတာကြောင့် အရေပြား ပျက်စီးတာတွေ နဲ့ ခရမ်းလွန်ရောင်ခြည် ခန္ဓာကိုယ် ထဲ ပိုမို ဝင်ရောက် တာဖြစ်နိုင်တယ် လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါတယ်။







“အာဏာပိုင် အဖွဲ့အစည်းတွေကနေပြီးတော့ စည်းကမ်းလေးတွေ ထုတ်ပြန်သင့်ပါတယ်။ ဆိုပါစို့ ရေပက် ချိန်တွေ လျှော့ပေါ့။ တစ်ကယ့် အပူပြင်းဆုံး အချိန်တွေ မှာ ရေပက်ခြင်း မပြုလုပ်ဖို့ ထုတ်ပြန်သင့်တယ်” လို့ အရေပြားရောဂါ အထူးကု ဆရာဝန် ဒေါက်တာလင်းထက် က ပြောပါတယ်။

အရက်သောက်စားပြီး ကိုယ်လက် အလွန်အကျွံ လှုပ်ရှား တာတွေ လုပ်ရင်လည်း အပူဒဏ် နဲ့ ရေစို တာတွေကြောင့် ကိုယ်ခံအား နည်းပြီးတော့ ရုတ်တရက် မူးမေ့ လဲတာတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင် က သတိပေးထားပါတယ်။



Source : DVB
Photo   : Myanmarfestival
 http://www.duwun.com.mm/news/-id4853622.html

No comments:

Post a Comment