23 March 2016

သမ္မတ တာဝန် လွဲပြောင်းပွဲ မတ် ၃၀ မှာ လုပ်မယ်




နိုင်ငံတော် သမ္မတ တာဝန် လွဲပြောင်းရေး အခမ်းအနား ကို လာမယ့် မတ်လ ၃၀ ရက်နေ့မနက်ပိုင်း မှာ နေပြည်တော် သမ္မတ အိမ်တော် မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သမ္မတသစ် ဦးထင်ကျော် ကို သမ္မတ ဦးသိန်းစိန် က သမ္မတ အိမ်တော်မှာ ကြိုဆိုပြီး တာဝန်တွေ လွှဲပြောင်းပေး သွားမှာပါ။


‘‘သမ္မတ အိမ်တော်မှာ မတ်လ ၃၀ ရက် မနက် သမ္မတ တာဝန်လွှဲပြောင်းရေး အခမ်းအနား ပြုလုပ်မယ်။ သမ္မတ ဦးသိန်းစိန် က တာဝန် လွှဲမယ်။ အဲဒီနေ့ မနက် မှာပဲ သမ္မတသစ် က လွှတ်တော် မှာ ကျမ်းကျိန်မယ်။ ကျမ်းကျိန်ပြီးရင် အိမ်တော်ကို လာမယ်ပေါ့။ နောက်ဆုံး ပါပဲ’’ လို့ သမ္မတပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် က ပြောပါတယ်။
 
 
 



သမ္မတ တာဝန် လွှဲပြောင်းရေး အခမ်းအနား ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ က ၀န်ကြီး အချို့နဲ့ အစိုးရ အဖွဲ့သစ် က ၀န်ကြီးတွေ တက်ရောက်မယ်လို့ သိရပါတယ်။

သမ္မတသစ် ဦးထင်ကျော် က မတ်လ ၃၀ ရက်ကနေ စပြီး နိုင်ငံတော် သမ္မတ အိမ်တော်တွင် စတင်နေ ထိုင် မှာဖြစ်သလို ဧပြီ ၁ ရက်နေ့ မှာ အစိုးရ အဖွဲ့ကို စတင် တာဝန်ယူမှာဖြစ်ပါတယ်။


Source : 7DayDaily
Photo   : jptime,AFP
 http://www.duwun.com.mm/news/-id4837530.html

No comments:

Post a Comment