17 March 2016

မြန်မာပြည် ရဲ့ ထီးတစ်လက် { ကဗျာ }

Nãÿ Túñ Ńaiñĝ's photo.

နှုတ်မဆက်ဘူး...
နှုတ်ဆက်ခြင်း ဆိုတဲ့ ခွဲခွာခြင်း အတွက်
ငါ အသင့်မဖြစ်သေးဘူး....


ငါ့ဘဝရဲ့သက်တမ်း
အနှစ်ငါးဆယ် သက်တမ်းမှာ
ငါ တမ်းတတဲ့ခေါင်းဆောင်
မြန်မာပြည် အတွက် အလင်းရောင်ပေး
မေတ္တာတရား နဲ့ သည်းခံ
ရန်လုပ်သူကိုပြုံးပြ
နှလုံးလှတဲ့ အာဂယောင်္ကျား..........



ရှာမှရှားမို့
နှုတ်ဆက်ဖို့ မတန်
ငါတို့ရင်ထဲမှာ အပြန်တစ်ရာလေးစား
မမေ့နိုင်အားပါဘူး။
 

ဖခင်တစ်ယောက် ရဲ့စိတ်ဓာတ်
သားဆိုးတွေအတွက် ခွင့်လွှတ်
အနစ်နာခံ စွန့်လွှတ်ခဲ့
ခေတ်ပျက်မှာ အုပ်ချုပ်
မင်းလုပ်ခဲ့ရပေမယ့်
မင်းကောင်းမင်းမြတ် အဖြစ်
မော်ကွန်းတင်ရစ်ခဲ့ပါပြီ။






သူတော်ကောင်းတို့ နှလုံးသား
မွှေးရနံ့သင်းပျံ့ လို့
သူတော်ကောင်းတွေကြား
ပျံ့နှံ့သွားခဲ့ရသမို့
မြေခွေးလိုကောက်ကျစ်
လူညစ်တွေ မချိနှလုံး
သူတို့မပြုံးနိုင်တဲ့ပွဲ.......



ရင်ထဲမှာ မကောင်း
ရာသီတွေပြောင်းလည်း
ငါတို့ရင်ထဲက သမ္မတကြီး
မြန်မာပြည် ရဲ့ ထီးတစ်လက်
မေတ္တာရိပ်ပေးခဲ့တဲ့ အတွက်......


အဝေးကနေပဲ
လက်အုပ်ချီ ကန်တော့လိုက်ရပါတယ် ..
ကျွန်တော် ချစ်သော သမ္မတကြီး 

No comments:

Post a Comment