16 March 2016

ကား အမည်ပေါက် ဒီ အချိန်ပြောင်းသင့်သလား

 Pyae Sone Win's photo.



ကား ပိုင်ရှင်များ‬ သေသေချာချာ ဖတ်ကြည့်ကြပါ ....

ကားပိုင်ရှင်တော်တော် များများ အနေ ဖြင့် လက်ရှိ အချိန်မှာ ကား အမည်ပေါက်ပြောင်းသင့် မသင့် ချင့် ချိန်နေ ကြ ပါတယ်။ ဒီ ကား တစ်စီးထဲကိုပဲ အကြာကြီးစီးတော့မယ်လို့ ရည်ရွယ် ထားရင်တော့ အမည်ပေါက်ပြောင်းလိုက် ပါ။ 


ဒါမှ မဟုတ် ခဏခဏ ကား လဲပြီးစီးနေမယ် ကားမော်ဒယ် အမြင့်တွေနဲ့ပြောင်းစီးနေချင် တယ် လို့ရည်ရွယ် ထား ရင်တော့ အမည်ပေါက် မပြောင်းလဲရနိုင်ပါတယ်။ 

2016 ဖေဖော်ဝါရီလ 19 ရက် သောကြာနေ့ ထုတ်ကြေးမုံ သတင်းစာ မှာ  ပြည်တွင်း အခွန်များ ဦးစီးဌာန မှ ဝင်ငွေခွန် ကျသင့်ခြင်းနှင့် ပက်သက်၍ ရှင်းလင်း အသိပေးခြင်း ဆိုပြီးကြေညာ လိုက်ပါတယ်။  

အိမ်ခြံမြေ အစ ရှိသည့် ပစ္စည်းများ ၊မော်တော်ယာဉ် အစ ရှိသည့်ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ဝယ်ယူခြင်း တို့ အတွက် အသုံးပြုသည့်ငွေကြေး အပေါ် ဝင်ငွေ ရလမ်း စိစစ်ခြင်း၊ အခွန် ကျသင့်ခြင်း တို့နှင့် ပက်သက်၍ ရှင်းလင်းအသိပေးခြင်းဆိုပြီး ကြေညာထားပါတယ်။
 

မော်တော်ယာဉ် တစ်စီး ဝယ်ယူပြီး အမည်ပေါက်ပြောင်းလဲခြင်း အပေါ် ကိုပဲ အဓိကဆွေးနွေး သွားပါ့ မယ်။ 2016 အခွန် အကောက် ဥပဒေ အရ လစာ တစ်နှစ်စာ 48 သိန်းအောက် သာ ရသူများ အခွန် လုံးဝမဆောင် ရတော့ပါ။ လစာ 48 သိန်း အထက် ရသူများလဲ သားသမီး၊ မိန်းမ၊ မိဘနှစ်ပါးတို့ နဲ့အတူတူနေ ပါက အောက် ပါ သက်သာခွင့်တွေ ရရှိဦးမှာဖြစ်ပါတယ်။

၁။ အခြေခံ သက်သာခွင့် (စုစုပေါင်းဝင်ငွေ 20%, ကျပ်သိန်း 100 ထက်မပို။)
၂။ အတူနေ မိဘ (အတူနေ မိဘ တစ်ဦးလျှင် ကျပ်10 သိန်း)
၃။ အိမ်ထောင်ဖက် အတွက် သက်သာခွင့် (ကျပ် 10 သိန်း)
၎။သားသမီးများ အတွက် သက်သာခွင့် (သားသမီး တစ်ဦးလျှင် ကျပ် 5 သိန်း)
၅။ ဝန်ထမ်းနှင့် အိမ်ထောင်ဖက် အသက် အာမခံအတွက်ပေးရသောပရီမီယံ
၆။ ဝန်ထမ်းအနေနှင့် လူမှု ဖူလုံရေး ရန်ပုံငွေသို့ ထည့်ဝင်စုဆောင်းငွေ
စုစုပေါင်း ဝင်ငွေမှ အထက်ပါ သက်သာ ခွင့်များနုတ်ပယ်ပြီး ကျန် ဝင်ငွေ အပေါ်တွင်သာ အခွန်တွက် ချက် မည်ဖြစ်ပါသည်။
 




တစ်လ ဝင်ငွေ လစာ 4 သိန်း ရှိသူ အတွက် တစ်နှစ်စာ ဝင်ငွေ 48 သိန်း ပဲရရှိတဲ့ အတွက် အခွန်ဆောင်စရာ မလိုပါဘူး။ လစာ 4 သိန်း ပဲရရှိတဲ့ သူ အနေနဲ့ သိန်း 100 တန် ကားတစ်စီး ဝယ်မယ် ဆိုကြပါစို့။ သူ့ အနေနဲ့ လုပ်သက် လစာ 2 နှစ် ရှိခဲ့ရင် သူ့ရဲ့ 2 နှစ်စာ ဝင်ငွေဟာ 96 သိန်းဖြစ်ပါတယ်။ 

သိန်း 100 တန် ကား ဝယ်ဖို့အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရှိသည့် ဝင်ငွေ အမျိုးအစားဖြစ်တဲ့ အတွက် 96 သိန်း အပေါ်မှာ အခွန် ကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ကျန်တဲ့ 4 သိန်း အပေါ်မှာသာ ဝင်ငွေခွန်ဆောင် ရ မှာဖြစ်လို့ 4 သိန်း အပေါ်မှာသာ ဝင်ငွေခွန် 15% ဆောင်ရမှာပါ။ ကျပ်ငွေ 60000 ပဲ အခွန်ဆောင်ရမှာပါ။
 

လစဉ် လစာ ဝင်ငွေ 4 သိန်း နဲ့ လုပ်သက် 2 နှစ် ရှိကြောင်း အထောက် အထားပြနိုင်ပြီး သိန်း 100 တန်ကား တစ်စီး အမည် ပေါက် ဝယ်စီးမည် ဆိုပါက ကျပ်ငွေ 60000 ပဲ 15%  အခွန် အနေနဲ့ပေးရမယ် ဆိုတာ
သိစေ ချင် တာပါ။ 


 Pyae Sone Win's photo.


2016 အခွန် အကောက် ဥပဒေ အရ April. 1. ရက်နေ့က စပြီး အမည်ပေါက် မပြောင်း ထားရင် ဘယ်လိုဖြစ် လာမလဲ ဆိုပြီး စိုးရိမ်နေသူများ ချင့်ချိန်ပြီး တွက်ချက်စေချင် လို့ပါ။
 

လစာ ဝင်ငွေ 4 သိန်းအောက် ရှိသူများ လုပ်သက်ပြပြီး 2016 April. 1 ရက်ကျော် မှ ကား အမည်ပေါက်ပြောင်း အခွန်ဆောင်ရင် ယခု ထက်တောင် ပို၍ သက်သာနိုင်ပါတယ်။ တစ်နှစ် လစာ ဝင်ငွေ 48 သိန်း ရှိသူ ဝန်ထမ်း တစ်ဦး ရဲ့လုပ်သက် 10 နှစ် ရှိကြောင်းပြနိုင်ရင် သိန်း 480 အထိ အခွန် 10 နှစ်စာ ကင်းလွတ်ခွင့် ရမှာပါ။ 

သတိပြုရမှာက သိန်း 480 အတွက် တစ်ကြိမ်ပဲ ရမှာပါ။ 2016 အခွန်အကောက် ဥပဒေ အရ တစ်လ လစာ ဝင်ငွေ 4 သိန်း တစ်နှစ်စာ ဝင်ငွေ 48 သိန်းအောက် ရှိသူတွေ ဝင်ငွေခွန် လုံးဝ မဆောင်ရတော့ပါဘူး။ 

လစာနည်း ဝန်ထမ်း တွေ၊ တစ်နေ့စာ တစ်နေ့ ရှာဖွေနေရတဲ့ အလုပ်သမား ဝန်ထမ်းတွေ အားလုံးအတွက်
ကတော့ ဝင်ငွေခွန် လုံးဝမဆောင်ရ တော့တဲ့ အတွက် ပြည်သူ အများစု အတွက် ဝန်ထုပ် ဝန်ပိုး မဖြစ်နိုင်တော့ ပါ။ 


စီးပွားရေး လုပ်ငန်း ရှိသူတွေ ကတော့ သတ်မှတ်ထားတဲ့ အတိုင်း အခွန်ဆောင်ရမှာပါ။ အခွန် အကောက် ဥပဒေ ကို 2016.4.1 ရက်နေ့မှ အကျုံး ဝင်မှာဖြစ်လို့ ချက်ချင်း လက်ငင်းကြီး အကောင်အထည်ဖော်ဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး။

အခွန်ထမ်း သူတွေ အတွက် အချိန်ပေးရဦးမှာပါ။ အစိုးရ အနေနဲ့ကလဲ အခွန်တွေကို အမှန် တကယ်ကောက် ပြီ ဆိုရင်ပြည်သူတွေကိုပြန်ပြီး လုပ်ပေးရမဲ့ တာဝန်တွေ များလာမှာပါ။ အစိုးရရဲ့တာဝန်တွေ ပိုကြီးလာမှာပါ။ အခွန်တွေပေးရတော့မယ် ဆိုပြီး သိပ်လဲကြောက်နေစရာမလိုပါဘူး။ 

Pyae Sone Win's photo.


တစ်လ ဝင်ငွေ 4 သိန်း ရှိသူတွေကလဲ ကားဝယ်နိုင်ဖို့ ဆိုတာတော်တော် စုဆောင်း ရမှာပါ။ ဥပဒေ ပါ အချက်တွေ ကို သိနေရင်ကြောက်နေစရာ မလိုပါဘူး။ အခွန်ဆောင်နေရတဲ့ လခစား ဝန်ထမ်းတွေ အနေနဲ့ မိမိတို့ရဲ့ အခွန်ဆောင်ခြင်း အခွင့် အရေးတွေကို သိရှိပြီး ခံစားရယူဖို့ လိုအပ်ပါတယ် ။

ဒါမှ မဟုတ်ရင် အစိုးရကို အလကားပေးနေရသလိုဖြစ်နေမှာပါ။ 19.2.2016 ရက်နေ့ ထုတ်ကြေးမုံ သတင်း စာ မှာ ကြေညာ ထားတဲ့ ဝင်ငွေခွန် အသိပေးရှင်းလင်းခြင်း ကြော်ငြာ ကိုသေချာ ဖတ်ရှုပြီးချင့်ချိန်နိုင် ကြစေ လိုပါသည်။

 Pyae Sone Win
( Credit ; Dr Aung Win )

No comments:

Post a Comment