23 March 2016

ပျင်းရိခြင်း ကို ၀ိရိယ နဲ့ ပယ်သတ်ပါ




It is better is sit down than to stand;it is better to lie down than to sit, but death is the best of all.
                                                                   

                                     Indian Proverd

 
မတ်တပ်ရပ်နေသည်ထက် ထိုင်နေရသည် က ပိုကောင်းသေးသည်။
ထိုင်နေရသည် ထက် လဲလျောင်းနေရသည် က ပိုကောင်း၏ ။
သေရသည် ကား အကောင်းဆုံးပေတည်း။
                                                                  
                                   အိန္ဒိယ စကားပုံ

ထက်မြက် ထုးချွန်သော ပုဂ္ဂိုလ်ကျော် တို့သည် ၀ီရီယ စွမ်းအားဖြင့် ပျင်းရိခြင်း ကိုတော်လှန်ခဲ့ကြသည်။

မဟာဂန္ဒာရုံ ဆရာတော်ကြီး အရှင် ဇနကာဘိဝံသ ဆိုလျှင် ကျမ်းစာများပြုစုရာတွင် စာရေးစားပွဲ ခပ်မြင့်မြင့် လုပ်ထားပြီး စာရေးတော် မူသည် ဟု မှတ်သားဖူးသည်။

စစ်သူကြီး နပိုလီယန် သည် ကုလားထိုင် ကို နောက်ပြန် လှည့်ထိုင် တတ်သည်။ နောက်မှီ ကို မှိထိုင် မိလျှင်
ပျင်းရိ မှာ စိုးသောကြောင့်ဖြစ်သည်။


 


မစ္စတာ အက်ဒီဆင် သည် အသံဖမ်းစက် ကို တီထွင်ခဲ့စဉ် အချိန်အခါ က သုံးရက် သုံးည လုံးလုံး အခန်း ထဲက မထွက် ၊ ပဲနို့ နှင့် ဘီစကွတ် မုန့် ကိုသာ စားပြီး စမ်းသပ် ခဲ့လေသည် ကို ..ကျွန်တော် လေးစား စိတ်ဖြစ်မိသည် ။

 
မိမိ ကိုယ် ကို လည်း ညံလေခြင်း ဟု စိတ်အားငယ် မိလေကာ...အား တစ်ခုလည်းဖြစ်စေသည်။

ပျင်းရိသူတို့သည် နောင် အခါတွင် ၀ီရီယ ကြီးသူ တို့၏ ခိုင်းဖက်ဖြစ်လာတတ်သည် မှာ လက်တွေ့ဖြစ်ပေ သည်။





http://zaylinthawtar1994.blogspot.my/

 

No comments:

Post a Comment