25 March 2016

ရှောင်ဖို့ မစဉ်းစားနဲ့ 

ဦးမြင့်ခိုင်'s photo.

ကျီး တစ်ကောင် ပျံသန်းနေတဲ့ အချိန်မှာ လယ်တဲ တစ်ခု က ကရွတ်ခွေတခုဟာ မီးလောင်ပြီး
လေပေါ် ကိုမြောက်တက် သွားတယ် ။ ပြီးတော့ ကျီး လည်ပင်းမှာ စွပ်မိပြီး ကျီး ဟာ မီးလောင်ပြီးသေခဲ့ ရတယ် ။

လေထဲ ပျံနေတဲ့ ကျီး ဟာ မီးလောင်ပြီးသေတယ် ဆိုတော့ အံ့သြ စရာကြီးဖြစ်နေတယ် ။ ဘုရားရှင် က ချစ်သားတို့  မအံ့သြ နဲ့ တဲ့ အဲဒီ ကျီး ဟာ လယ်သမားဖြစ်ခဲ့ချိန် က ပေကပ်ကပ် လုပ်နေတဲ့ နွား ကို လည်ပင်း မှာ ကောက်ရိုး မီးကွင်း စွပ်ပြီး နှိပ်စက် ခဲ့လို့  ဘဝပေါင်း ၄၉၉ ဘဝ မီးလောင်သေခဲ့ ရပြီး နောက်ဆုံး လေ ထဲ ပျံနေတဲ့ ငှက်ဖြစ်တာတောင်၅၀၀ မြောက် ဘဝ ကို မီးလောင်ခံပြီး သေခဲ့ရတယ် ။


ကံ ဆိုတာ ရှောင်လို့ မလွတ်ဘူး ချစ်သား တို့  တဲ့..... သြော် နာဂစ်ဖြစ်တုန်းက ပင်လယ်ထဲ ကရေတွေ တက်လာလို့  ရေနစ်သေ တဲ့ သူတွေ ရှိတာ မထူးဆန်းပေမဲ့ ပင်လယ်ရေပြင် အထက် ပေပေါင်း မြောက်မြား စွာ မြင့်နေတဲ့ ရှမ်းကုန်းမြေမြင့်ဒေသ က လူတွေ ရေကြီး တာတွေ ရေနစ်သေ တာတွေ ဟာ ကျီး ကို မီးလောင်သေ သလို အတိတ် ကံတွေ ရဲ့ လက်ချက်များ  လေလား လို့  တွေးမိပါတယ် ။





ဗုဒ္ဓ က....  ချစ်သားတို့  သတ္တဝါ တစ်ဦး သံသရာမှာ မလုပ်ဘူးတဲ့ အကုသိုလ် မရှိဘူး လို့  ဟောထား တာဖြစ် တဲ့ အတွက် ခုလို ခေတ် မကောင်းတဲ့ အခြေအနေ မျိုးတွေ မှာ အတိတ်က အကုသိုလ် ကံတွေ က အကျိုးပေး ဖို့  ချောင်းနေတာ ဆိုတော့.....................

ချစ်သော ဓမ္မ မိတ်ဆွေများ အတိတ်က အကုသိုလ် ကံတွေ အကျိုးပေးခွင့် မရအောင် ကောင်းမှု့ ကုသိုလ် များများ လုပ်ဖို့ နဲ့  အစစ အရာရာ ဂရုစိုက်ကြပါလို့ .............


 ဦးမြင့်ခိုင်

No comments:

Post a Comment