23 March 2016

အဖေ များ နေ့




ဒီနေ့ဟာ မြန်မာနိုင်ငံသား အပေါင်း တို့ သိကြတဲ့ အတိုင်း တပေါင်း လပြည့်နေ့ပါ။ ဒါပေမယ့် လူသိနည်း တဲ့ အချက် ကတော့ ဒီနေ့ဟာ မြန်မာနိုင်ငံ ရဲ့ အဖေနေ့ ဆိုတာပါပဲ။ 

အဖေ ဆိုတာ သားသမီးတွေ ကို ကာကွယ်သူပါ။ သားသမီးတွေ ကို ကျွေးမွေးစောင့်ရှောက် သူလဲ ဖြစ်ပြန်ပါ တယ်။ သားသမီးတွေ ကို ဝမ်းဝ ခါးလှအောင် ဆင်ရုံမက လမ်းမမှားအောင် ပဲ့ကိုင်ပေးသူဆို လဲ မမှားပါဘူး။ 

ဒီလို တပေါင်း လပြည့်နေ့ထူး နဲ့ တစ်ထပ်တည်း ကျနေတဲ့ အဖေနေ့ ကို မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ IME Marketing and Communication မှ အဖေနေ့ ကို အောက်ပါ ကဗျာလေးနဲ့ ဂုဏ်ပြုလိုက် ပါတယ်။
 


 တော်ဝင်ပခုံး
*********
ညအိပ်ရာဝင် ၊ ပခုံးတင်လို့
ကျောပြင် သပ်မှ ၊ အိပ်နေကျမို့
အိပ်ဝပါစေ ၊ မှိန်းစက်စေတော့
ဖေဖေ့ ပခုံး ၊ ရင်ဖြင့် အုံးစေ
သုံးပျော်စေတွေး ၊ ပခုံးပေးခဲ့..။ 


ဝလည်း မသိ ၊ ဘယ်လို ၀ိ လည်း
နည်းသိ မကြွယ် ၊ လူမမယ်မို့
ဥာဏ်ကျယ်စေတွေး ၊ ပညာရေးတွက်
ဟေးဆိုလို့ မြှောက် ၊ ဟိတ်ဆိုခြောက်ကာ
ကျောင်းရောက် တစ်လီ ၊ အိမ်ဆီ တစ်သွယ်
သယ်ပို့ကြိုကြို ၊ မငြိုရွှင်ပြုံး
ဝလေး လုံးရေး ၊ ပခုံးပေးခဲ့...။ 




ပိုးချီသည် က ၊ အရင်း စလို့
ဘ၀ ပံ့ပိုး ၊ မျိုးမျိုး လိုအင်
လိုလျင် လည်းပိုး ၊ ပိုတွက် ပိုးခဲ့
ရွံ့ရိုး မထင် ၊ တော်ဝင် စံနှုန်း
ဒီ ပခုံးမို့ ၊ အသုံး များစွာ
ပင်ပန်းကြာလည်း ၊ မေတ္တာ စွမ်းထက်
ဆက်ပိုး လိုဆဲ ၊ ပေးချင်ဆဲလေ...။ 


တရား ဓမ္မတာ ၊ ဇရာ ဒဏ်ရင်း
အိုမင်းခြင်း သာ ၊ ရှင်းစွာခွာဖျောက်
ရလောက် ခဲ့မူ ၊ ကြည်ဖြူရွှင်ပြုံး
ဒီ ပခုံးကို ဖေဖေ ဇွတ်သုံးဦးမယ်လို့...
ရင်ဝယ် ရဲရဲ ၊ ယုံကြည်မြဲလျက်
ပြစ်လည်း ရှိက ၊ ခွင့်လွှတ်ပါ့နော်
ဝန်ချ ရှိခိုး ၊ ရိုကျိုး ကန်တော့လိုက်ပါတယ်..ဖေဖေ..။
 

ခွင့် (အရာတော်)

 IME Marketing & Communication

No comments:

Post a Comment