16 March 2016

မြန်မာနိုင်ငံ ရဲ့ သမ္မတ (၉) ဦး


ဓာတ်ပုံ - မေစစ်ပိုင်/ဧရာဝတီ



၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့ ဟာ မြန်မာနိုင်ငံ အတွက် သမိုင်းဝင် နေ့ တစ်နေ့ဖြစ်လာပါတယ်။ ဆယ်စုနှစ် နှစ်စု အတွင်း ပထမဆုံး အရပ်သား သမ္မတ အဖြစ် ခန့်အပ်နိုင်ခဲ့  ပါတယ်။


 မြန်မာနိုင်ငံ ရဲ့ ပထမ ဆုံး သမ္မတ က စဝ်ရွှေသိုက်ဖြစ်ပြီး နဝမမြောက် သမ္မတ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှ ဦးထင်ကျော် က တာဝန် ထမ်းဆောင်မှာပါ။ မြန်မာနိုင်ငံ သမိုင်း တစ်လျှောက်မှာ သမ္မတ ကိုးဦး ရှိခဲ့ပါတယ်။


၁။ စဝ်ရွှေသိုက်
ရှမ်း တိုင်းရင်းသား စဝ်ရွှေသိုက် ဟာ မြန်မာနိုင်ငံ ရဲ့ ပထမဆုံး သမ္မတဖြစ်ပြီး ၄.၁.၁၉၄၈ မှ ၁၆.၃.၁၉၅၂ အထိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။


၂။ ဒေါက်တာ ဘဦး
၁၆.၃.၁၉၅၂ မှ ၁၃.၃.၁၉၅၇ အထိ သမ္မတ တာဝန် ထမ်းဆောင် ခဲ့တဲ့ ဒေါက်တာ ဘဦး ရဲ့ ဘိုးဘေးတွေဟာ မင်းမျိုး မင်းနွယ် က ဆင်းသက် လာခဲ့တယ်လို့ သိရပါတယ်။


၃။ ဦးဝင်းမောင် (ခ) မန်းဝင်းမောင်
ပုသိမ် မှာ မွေးဖွား ခဲ့တဲ့ ကရင် တိုင်းရင်းသား တစ်ဦးပါ။ သမ္မတ တာဝန် ကိုတော့ ၁၃.၃.၁၉၅၇ မှ ၂.၃.၁၉၆၂ အထိ ထမ်းရွက်ခဲ့ပါတယ်။


၎။ ဦးနေဝင်း
ငယ်အမည် မောင်ရှုမောင်ဖြစ်တဲ့ ဦးနေဝင်း ဟာ ရဲဘော် သုံးကျိပ် မှာ ဗိုလ်ရှုမောင် အမည်နဲ့ ပါဝင်ခဲ့ဖူး ပါ တယ်။ ၂.၃.၁၉၇၄ မှ ၉.၁၁.၁၉၈၁ အထိ သမ္မတ တာဝန် ကို ယူခဲ့သူပါ။




ဓာတ်ပုံ- မေစစ်ပိုင်/ဧရာဝတီ



၅။ ဦးစန်းယု
၉.၁၁.၁၉၈၁ မှ ၂၅.၇.၁၉၈၈ အထိ သမ္မတ အဖြစ် တာဝန် ထမ်းဆောင် ခဲ့တဲ့ မြန်မာနိုင်ငံ ရဲ့ ပဉ္စမမြောက် သမ္မတ ဖြစ်ပါတယ်။


၆။ ဦးစိန်လွင်
မြန်မာနိုင်ငံ သမိုင်း တစ်လျှောက်မှာ ထူးထူးခြားခြား အနေနဲ့ သက်တမ်း ခုနစ်ရက်တည်း ရှိခဲ့တဲ့ သမ္မတ လည်း ဖြစ်ပါတယ်။ ဦးစိန်လွင် ရဲ့သမ္မတ သက်တမ်း က ၂၅.၇.၁၉၈၈ မှ ၁၂.၈.၁၉၈၈ အထိပဲ ရှိခဲ့တာပါ။


၇။ ဒေါက်တာမောင်မောင်
သမ္မတ ဒေါက်တာမောင်မောင်ရဲ့ သက်တမ်းကလည်း တစ်လသာ ရှိခဲ့ပါတယ်။ ၁၉.၈.၁၉၈၈ မှ ၁၈.၉.၁၉၈၈ အထိသာ တာဝန်ထမ်းဆောင်ခဲ့တာပါ။


၈။ ဦးသိန်းစိန်
ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ကနေ တက်လာတဲ့ သမ္မတ ဦးသိန်းစိန် ဟာ တစ်ချိန်ကတော့ စစ်တပ် အရာရှိတစ်ဦးပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြီးနောက် ပထမဆုံး သမ္မတ လည်း ဖြစ်လာပါတယ်။ ဦးသိန်းစိန် ဟာ ၄.၂.၂၀၁၁ ခုနှစ်မှာ သမ္မတ တာဝန် ကို စတင် ထမ်းဆောင်ခဲ့ပြီး ၃၁.၁.၂၀၁၆ မှာတော့ သမ္မတ တာဝန် ကို လွှဲပြောင်းပေးအပ်ရမှာပါ။


၉။ ဦးထင်ကျော်



 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ရွေးကောက် တင်မြှောက်လိုက်တဲ့ ဦးထင်ကျော် ဟာ ၁၅.၃.၂၀၁၆ မှာ လွှတ်တော် သုံးရပ် ရဲ့ မဲခွဲ ဆုံးဖြတ်မှု အရ သမ္မတ ဖြစ်လာပါတယ်။ 

စာဆိုကျော် မင်းသုဝဏ် ရဲ့သားဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် စတင် ကျခံရစဉ် ကတည်းက အနီးကပ် ကူညီပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ 

ဦးထင်ကျော် ဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ရဲ့ သမ္မတ တာဝန် ကို ဧပြီ လဆန်း မှာ စတင် တာဝန် ထမ်းဆောင်တော့မှာပါ။

 

 http://www.searchmyanmar.com/link/frame/cid/57347

No comments:

Post a Comment