24 March 2016

သင် မယုံကြည်သင့်တော့သော ခေါင်းဆောင် တို့ စကား




 
 
စွန့်ဦး တီထွင်မှု ( Entrepreneu ) လောက မှာ စာဖတ်သူ ကိုယ်တိုင် သို့မဟုတ် အခြား တစ်ဦး တစ်ယောက်က ဦးစီး ဦးဆောင်ပြီး လုပ်ကောင်း လုပ်ရပါလိမ့်မယ်။ ဒီလိုဆိုရင် သူက ခေါင်းဆောင်ပါ။ စာရေး ဆရာ Mark Sanborn ဟာ မိမိ တို့ ဆက် အယုံ အကြည်မထားသင့်တော့ တဲ့ ခေါင်းဆောင် များရဲ့  ပြောတတ်တဲ့ စကားများ ကို ရေးသားဖြော်ပထားပါတယ်။ ဒါကြောင့် မြန်မာပြည် မှ Entrepreneur များအတွက်လည်း လေ့လာ၊ မှတ် သား စရာလေးတွေ ပါတာမို့ ဆီလျော် သလို ဘာသာပြန်ပေး လိုက်ရ ပါတယ်။


မန်နေဂျာ တိုင်း ဟာ ခေါင်းဆောင် ဖြစ်တယ် ။

ခေါင်းဆောင် တစ်ယောက် က အဲ့ဒီလို စကားသံ ထွက်လာပြီ ဆိုရင် ဆက် မယုံသင့်တော့ပါဘူး။ ဒါဟာ သူက ဆက်လက်ပြီး ခေါင်းဆောင်နေ ရာ မှာ တာဝန် မယူနိုင်တော့ဘူး ဆို တာကို ပြောလိုက် တာနဲ့ အတူတူ ပါပဲ။ မန်နေဂျာ ရဲ့  တာဝန် က Monitoring, Maintaining, Process တွေ အတွက် ပဲ ယေဘုယျ အားဖြင့် မှတ်သားနိုင် ပါတယ်။ 
 
 ခေါင်းဆောင်တစ်ယောက်မှာ ကျ အဲဒါတွေ အပြင် ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှု နဲ့ ချဲ့ ထွင်မှု တို့အတွက် လည်း တာဝန် ရှိလာရမယ့်သူ ဖြစ်ပါတယ်။ ဒါကြောင့် မန်နေဂျာ အဆင့်တွေ ကို ခေါင်းဆောင်တွေ ပါ လို့ ပြော လိုက်ခြင်းက သူဟာ ခေါင်းဆောင် တာဝန် မလုပ်နိုင်ပါဘူးလို့ပြောလိုက်တာနဲ့ အတူတူပါပဲ။


လူ အချို့  ပဲခေါင်းဆောင်ဖြစ်နိုင်တယ် .....

အဲဒါ မှားပါတယ်။ အဲ့ဒီလို စကားထွက်တဲ့ သူကလည်း ခေါင်းဆောင် ထားသင့်သူ မဟုတ်ပါဘူး။ လူတိုင်း ထမင်းစား တာချင်း အတူတူ ခေါင်းဆောင်ဖြစ်ဖို့ လူ အချို့ ပဲဖြစ်နိုင်တယ် ဆိုတာ တစ်ယူသန်၊ အတ္တဆန် တဲ့ ခံယူချက် ဖြစ် ပါတယ်။ မဖြစ်နိုင်ဘူး ဆိုတာမရှိ၊ မဖြစ်သေးတာပဲ ရှိတယ် ဆိုတာ ဘယ်နယ် ပယ်မှာ မဆို
အမြဲ မှန်တဲ့ စကား ဖြစ်ပါတယ်။ ယနေ့ ရိုးရိုး ဝန်ထမ်းဖြစ်နေသူ တစ်ဦး ကလည်း အရည်အချင်းပြည့်ဝလာတဲ့ အခါ ခေါင်းဆောင် ဖြစ်ကိုဖြစ် လာနိုင်ပါတယ်။


ခေါင်းဆောင်မှာ အဖြေမှန် ရှိတယ်

အဲ့ဒါ လည်း တစ်ယူသန်တဲ့ ခေါင်းဆောင် တို့ရဲ့  မှားယွင်းတဲ့ ခံယူ ချက် ဖြစ် ပါတယ်။ လူတိုင်း မမှန်နိုင်ပါ ဘူး။ နောက်လိုက်တွေ မှာ Complaint ပေါင်းစုံ ရှိနိုင်ပြီး ကိုယ့်ဆီမှာ မှ ဖြေရှင်းစရာ အဖြေက စုံစုံ လင်လင် မရှိရင် ခေါင်းဆောင်ကောင်း မမည်ပါဘူး။ တစ်ယောက်က ဒီမေးခွန်း လာမေး တယ်။ 
 
ကိုယ်က ဒီ အဖြေဖြေတယ်။ တူညီတဲ့ မေးခွန်း ကို ပဲ နောက် တစ်ယောက် က လာမေးတယ်။ ဒီ အဖြေပဲ ထပ်ဖြေတယ်။ ဒီလိုပဲ တူညီ တဲ့ မေးခွန်းကို လူတိုင်းက ဆက်တိုက်မေးလာရင် ကိုယ့် အဖြေကို မကျေနပ် ဘူး ဆိုတာကို သိရပါမယ်။ ဒီတော့ နောက်လိုက်တွေ စိတ်ကျေနပ်လောက်အောင် ဖြေရှင်းချက် စုံစုံလင်လင် ထုတ်မပေးနိုင်ရင် ကိုယ့် ဆီမှာ Innovative skill လိုအပ်နေသေးတယ်ဆိုတာကို သိမြင်ရမှာ ဖြစ် ပါတယ်။


ခေါင်းဆောင် မှာ ကဏ္ဍခွဲ ရှိတယ်...

ဝန်ထမ်း တစ်ယောက်ပေါ့နော်။ သူ့ အလုပ်က ဖုန်း လာသမျှ ဖြေဖို့ပဲ။ သူ့ အနေ နဲ့ သတင်း အချက်အလက် စုံလင်စွာ မပေးနိုင်တဲ့ အခါ အဲဒါ အထပ်က ပြော တဲ့ အတိုင်းပါပဲ။ သိချင်ရင် အထပ်ကို ဆက်သွယ်နိုင်ပါ တယ်။ ဘယ် လိပ်စာကို အီးမေးလ်ပို့နိုင်ပါတယ် ။  ဘာညာနဲ့ လွဲချတတ်တဲ့ သူဟာ လည်း ခေါင်းဆောင်ဖြစ် မလာ နိုင်ပါဘူး။ 
 
တာဝန်ကျေရုံ လုပ် တတ်သူ ဟာ ခေါင်းဆောင်ဖြစ်မလာနိုင် သလို ဒါကိုလည်း မှန်တယ်လို့ ထောက်ခံ သူ ဟာလည်း ခေါင်းဆောင်ကောင်း မမည်ပါဘူး။ နောက်လိုက်တွေ ကို ဘယ်အရာဖြစ်ဖြစ် ဦးဆောင်ချင်စိတ် သွင်းပေးရမှာဟာ လည်း ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့  အရည်အချင်း ပဲ ဖြစ်ပါတယ်။


ခေါင်းဆောင် အလုပ် မအားဘူး....

အလုပ် ကိစ္စ တစ်ခု အတွက် ခေါင်းရှုပ်ပြီး ဖြေရှင်းနေရ ခက်ချိန် အခြား focus ဆိုက်စရာ ပေါ်လာတဲ့ အခါ မအားလို့ ခဏနေအုံး၊ အဆင်ပြေသလို ကြည့်ရှင်းလိုက်၊ ဆုံးဖြတ်လိုက်ဆိုပြီးတော့ လွဲချရင် ခေါင်းဆောင် မဟုတ်တော့ပါဘူး။ 
 
 ခေါင်းဆောင် တစ်ယောက်ဟာ သူ့အနေနဲ့ focus လုပ်ရမယ့် Task က တစ်ခုတည်း မှာ ရှိ မနေရပါဘူး။ ခွဲခြမ်းမျှဝေ (Shared) လုပ်ထား ရပါမယ်။ အဲ့ဒီလို မဟုတ်ပဲ တစ်ခုတည်း ကိုပဲ အာရုံစူးစိုက်၊ အချိန် စူးစိုက် လုပ်နေရင် သူဟာ ယုံကြည်သင့်တဲ့ ခေါင်းဆောင် တစ်ယောက် မဟုတ်တော့ပါဘူး ။


ခေါင်းဆောင် ဆိုတာ ပန်းတိုင် တစ်ခု


ခေါင်းဆောင် ဆိုတာ ပန်းတိုင် တစ်ခုလို့ ပြောတတ်သူ၊ သိစေတတ် သူ ဟာလည်း ဆက်မယုံကြည် သင့်တော့ ပါ ဘူး။ ခေါင်းဆောင် ဆိုတဲ့ အဆင့်အတန်း တစ်ခုဟာ ပိုမိုကောင်းမွန်တဲ့ ကုန်ပစ္စည်း တစ်ခုလို့ပဲ ဥပမာ ပေးထားပါတယ်။ တာဝန်ယူရမှု ပိုများတဲ့ အလုပ် တစ်ခု သက်သက် သာ ဖြစ်ပြီး ခေါင်းဆောင်ဆိုတာ ပန်းတိုင် တစ်ခု၊ ရည်မှန်းချက်တစ်ခု ပမာ ပြောဆိုတတ်၊ သိစေသူဟာလည်း ဆက်ယုံကြည် သ့င်တဲ့ ခေါင်းဆောင် မဟုတ်ပါဘူး။


လူတိုင်း ခေါင်းဆောင်နိုင်တယ်

ဒါလည်း မှားပါတယ်။ လူ အချို့ သာ ခေါင်းဆောင်ဖြစ်နိုင်တယ် လို့ ပြောတာ ကိုလည်း မှားတယ်။ ခုကျတော့ လူတိုင်း ခေါင်းဆောင်နိုင်တယ် ဆိုတာကလည်း မခေါင်းဆောင်နိုင်တဲ့ သူတို့ရဲ့  စကားသံ ဖြစ်ကြောင်း ဆို ပါတယ်။ 
 
ဦးစီး ဦးဆောင် လုပ်ဖို့အတွက် စိတ်ဆန္ဒ မရှိသူ တစ်ဦးကို ဘယ်ဟာ ကိုမှ သွားဦးဆောင်ခိုင်းလို့ မရပါ ဘူး။ နောက်ထပ်ပြောစရာ အနေနဲ့ အရည်အချင်း ကလည်း ပါဝင် ပါအုံးမယ်။ ဒါကို လည်း သိရက်နဲ့ သို့မဟုတ် မသိ  ပဲနဲ့ လူတိုင်း ခေါင်းဆောင်နိုင်တယ်လို့ ပြောနေရင် သူကိုယ်တိုင် က ပြောထွက်နေပြီဆိုရင် ဆက် မယုံသင့်တော့ ပါဘူး။

 
 
 အောင်ခမ်း (TSJ team)
 
 

No comments:

Post a Comment