မြို့ လယ်ကောင်ရှိ ရန်ကုန် ဗဟိုတရားရုံး ကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်စာ ရသောကြောင့် တိုင်း ရဲတပ်ဖွဲ့ များက မေလ ၄ ရက် ညပိုင်း၌ အရေး ပေါ်လုံခြုံရေး ရယူထားကြောင်း သတင်းရရှိသည်။
မည်သည့်အချိန်၊ မည်သည့်ရက် က စာရောက်လာသည်ကို မသိရ သေးသော်လည်း မေလ ၄ ရက်တွင် ရဲတပ်ဖွဲ့ က အရပ်ဝတ် အသွင်ဖြင့် ချက်ခြင်း အရေးပေါ်လုံခြုံရေး ရယူခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တစ်ခုလုံးကြားတွင် အလုပ်ရှုပ်နေကြောင်းလည်း ကြားသိရသည်။
ရဲတပ်ဖွဲ့ အနေဖြင့် အဆိုပါ ဗုံးခွဲမည်ဟူသော စာ မည်သည့် ဇစ်မြစ် မှ လာသည်ဆိုသည်ကို စုံစမ်းမှုများ စ တင်နေပြီဖြစ်ကာ ဗဟိုတရား ရုံးတစ်ဝိုက်တွင် မသင်္ကာဖွယ်ရာများကို စောင့်ကြည့်နေကြောင်း ကြားသိရ သည်။
ဧပြီနောက်ဆုံးပတ် ကလည်း ရန်ကုန်မြို့ ရှိ ဈေးဝယ် စင်တာကြီးနှစ်ခု ကို ဗုံးခွဲမည်ဟု သတင်းပေးစာ တစ်စောင် လုံခြုံရေး တပ်ဖွဲ့ အချို့ ကြားတွင် ပျံ့ နှံ့ ခဲ့ပြီး ရဲတပ်ဖွဲ့ က အတည်ပြု၍ မရခဲ့ပေ။
သို့ သော်လည်း ၂၀၀၅ ခုနှစ်က ဒဂုံစင်တာ ဗုံးပေါက်ကွဲမှုဖြစ်စဉ် အတွင်းကလည်း ယင်းကဲ့သို့ မဖြစ်မီ ၂၀၀၃ ခုနှစ် ကတ ည်းက ကြိုတင် သတင်းများ ထွက်လာခဲ့ကာ သတင်းအေးဆေးသွားချိန် ၂၀၀၅ ခုနှစ် ၌ ဒဂုံ စင်တာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ သည့်အတွက် ရဲတပ်ဖွဲ့ လုံခြုံရေး သတိဖြင့် လှုပ်ရှားနေကြခြင်း ဖြစ်ကြောင်း သိရသည်။
Credit to AKonThi
No comments:
Post a Comment