( ၅. ၆. ၁၇) နေ့တွင် ကမ္ဘာက စိတ်ဝင်စားသော သတင်းတစ်ခု တက်လာသည်၊ ကာတာ ကို ပစ်မှတ် ထားပြီး ဆော်ဒီအာရေးဗီးယား ဦးဆောင်ကာ ဘာရိန်း၊ အီဂျစ်၊ ယူအေအီး(အာရပ်စော်ဘွားများနိုင်ငံ)၊ ယီမင်၊ လစ်ဗျား၊ မော်လ်ဒိုက် ပါဝင်သော ပင်လယ်ကွေ့ “ဆွန်နီ” နိုင်ငံများက သံတမန် အဆက်အသွယ် ဖြတ်တောက် လိုက်သည်၊ အကြောင်းပြချက်က ကာတာနိုင်ငံသည် Muslim Brotherhood ဟူသော မွတ်စလင်သွေးသောက် အကြမ်းဖက်များကို နောက်ကွယ်က ထောက်ပံ့နေသောကြောင့်ဟု ဆိုသည်။ ဘရားသားဟုဒ်ကြောင့် ဒေသတွင်း မငြိမ်မသက်မှုကို ကြီးမားစွာဖြစ်စေခဲ့သည်ဟု စွပ်စွဲသည်၊
.
တစ်မူး ပိုရှုကြသူများ
********************
မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုစသော မောင်မွဲနိုင်ငံများ ၏ နိုင်ငံရေးကို “အာဏာရှင်” “ဗဟိုချုပ်ကိုင်မှုကြီးသော” စသဖြင့် ပုဒ်ထီး၊ ပုဒ်မ အမျိုးမျိုး တပ်၍ ပုံကြီးချဲ့ကားကြသော် လည်း များစွာ မရှုပ်ထွေးလှ၊ အီလစ်နိုင်ငံရေး၊ ချမ်းသာသောနိုင်ငံများ ၏ နိုင်ငံရေးက မျက်နှာဖုံးစွပ်၏ နောက်ကွယ်တွင် များစွာရှုပ်ထွေး လှသည်၊ အာဏာရှင်နိုင်ငံရေးထက် ပို၍ကြောက်စရာကောင်းပြီး၊ ပို၍ ရက်စက်တတ်လေ့ရှိသည်၊ ပြည်သူ့ရှေ့က မားမား မတ်မတ် အကျိုးပြု သယောင်နှင့် ကိုယ့်ပြည်သူကို ပြန်၍ စတေးလိုက်သည်များပင် ရှိခဲ့ကြသည် (ယနေ့ ၉/၁၁ အရေးအခင်းသည် ဝိဝါဒကြီးမားစွာ ကွဲပြားနေသော ဖြစ်ရပ်တစ်ခု)။
ကာတာကို Muslim Brotherhood အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်နေသည်ဟု ဆွန်နီ အုပ်စုက စွပ်စွဲခဲ့ကြသည်၊ ဦးဆောင်နိုင်ငံဖြစ်သော ဆော်ဒီက "IS" တို့ကို တစ်နည်း တစ်ဖုံမက၊ နည်းမျိုးစုံဖြင့် ထောက်ပံ့နေပါသည်ဟု ပူတင်က ဖွင့်ချခဲ့ပြီး ဖြစ်သည်၊ "IS" အကြမ်းဖက်ကို အမေရိကန် ဦးဆောင်သော နေတိုး အုပ်စုက တိုက်ခိုက်နှိမ်နင်းသည်ဟု ဆိုသည်၊ လေကြောင်းမှ ဗုံးကြဲသလိုနှင့် လက်နက်၊ ရိက္ခာများ ချပေးခဲ့သောပုံကို ပူတင်က ထုတ်ပြခဲ့သည်။ "IS" တို့၏ အရေးပါသော အမိန့်ပေး စခန်းအချို့တွင် အမေရိကန် တပ်မှူးအချို့ တို့ကို တွေ့ခဲ့ရသည်။
အလိုမကျသောနိုင်ငံများတွင် စစ်တပ်မှ အာဏာသိမ်းလျှင် ပြင်းပြင်း ထန်ထန် ဝေဖန်လေ့ ရှိသော် လည်း၊ အီဂျစ် တွင် မော်စီ ကို ဖြတ်ချ၍ ဗိုလ်ချုပ်ကြီး စီစီ က အာဏာ သိမ်းသောအခါ ဟီလာရီကလင်တန် က “ ဒီမိုကရေစီ ကို ထိန်းသိမ်းတာပါ” ဟု ခပ်တည်တည် ပြောခဲ့သည်၊ မည်သို့ မျက်နှာဖုံးစွပ်ကြစေကာမူ ကိုယ်ကျိုးစီးပွား အပေါ်သာ အခြေခံကြပြီး၊ တစ်ခါတစ်ရံ ဟန်ဆောင်နိုင်ကြကာ၊ တစ်ခါတစ်ရံ ခပ်ပြောင်ပြောင် ဆို တတ် ကြ၊ လုပ်တတ်ကြသော နိုင်ငံရေး ၊ သကာရည်အောက်က အဆိပ်ရည် အပြည့် နိုင်ငံရေးသာဖြစ်၏ ။ (မြန်မာပြည်သူတို့ ဤအချက်ကို ကောင်းစွာ နားလည်ထားနိုင်ကြဖို့ ကောင်းပါသည်)။
.
Muslim Brotherhood ဆိုသည်မှာ
*************************************
မွတ်စလင်သွေးချင်းညီအကို အဖွဲ့ဟု မြန်မာလို ပြန်ဆိုနိုင်မည့် Muslim Brotherhood အဖွဲ့ကို အီဂျစ်တွင် (၁၉၂၈) ခန့်က စတင် သန္ဓေတည်ခဲ့သည်၊ ဆွန်နီ အဓိက အုပ်စုဖြစ်ပြီး တရားဝင် အဖွဲ့အစည်း ဖြစ်လာကာ ထိုမှတစ်ဆင့် နိုင်ငံတစ်ကာတွင် ရုံးခွဲများ ဖွင့်လှစ်နိုင်ခဲ့ကာ အခြားသော လူမှုရေး၊ ကယ်ဆယ်ရေး စသော ပုံသဏ္ဍာန်များဖြင့်လည်း ဖြန့်ကျက်နိုင်ခဲ့သည်။
ဘရားသားဟုဒ် အဖွဲ့ဝင် တို့သည် ပြင်းထန်သော အယူဝါဒ ရှိကြသူများဟု ဝေဖန်ခံရ၏။ Sharia Law ဟူသော အစ္စလာမ်ဥပဒေ ကို ကျင့်သုံးရန် ကြိုးစားကြသူများ ဖြစ်ကြသည်၊ ဘရားသားဟုဒ် ၏ အယူအဆ သဘော တရားကို အကောင်အထည်ဖော်ခဲ့သော အယ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းကို စတင် တည်ထောင်သူတစ်ဦးဖြစ်သည့် အဗ္ဗဒူလာ ယူဆွတ် အက်ဇမ် (Abdullah Yusuf Azzam) မှာ Jordan Muslim Brotherhood မှ ဖြစ်သည်။ မူရင်း Muslim Brotherhood သည် ရောက်ရှိသောနိုင်ငံပေါ် မူတည်၍ အီဂျစ်ဘရားသားဟုဒ်၊ေ၈ျာ်ဒန်ဘရားသားဟုဒ်၊ အီရတ်ဘရားသားဟုဒ် စသဖြင့် အမည် အမျိုးမျိုးဖြင့် တည်ရှိရှင် သန်ခဲ့ကြသည်။
ဘရားသားဟုဒ် တို့သည် အစွန်းရောက် အယူအဆရှိကြသူများ ဖြစ်သဖြင့် တစ်ခါတစ်ရံတွင် အစိုးရများ၏ တရားဝင် ရပ်တည်မှု့ အဖွဲ့အစည်းမှ ဖျက်သိမ်း ခံခဲ့ရသည် မျိုးလည်း ရှိကြသည်။ အီဂျစ်တွင် မူဘာရတ်ပြုတ်ကျပြီး လွတ်လပ်စွာ ရွေးချယ်မဲပေးကြရာမှ အီဂျစ်ဘရားသားဟုဒ် ဖြစ်သော မော်စီ သမ္မတဖြစ်လာသည်၊ အမေရိကန်သည် "IS" တို့ကို နောက်ကွယ်မှ ထောက်ပံ့နေသော် လည်း ဘရားသားဟုဒ်နှင့် အစေးကပ် ဟန်-မတူ၊ ထို့ကြောင့် အီဂျစ်သမ္မတဖြစ်လာသူ မော်စီ သည် သမ္မတ သက်တမ်း (၁) နှစ်ခန့်သာ ကြာလိုက်သည်၊ ဗိုလ်ချုပ်ကြီးစီစီ ၏ အာဏာသိမ်းခြင်းကို ခံလိုက်ရတော့၏။ ဗိုလ်ချုပ်ကြီးစီစီ မှာ အရာရှိငယ် ဘဝတွင် အမေရိကန် စစ်သင်တန်း တက်ခဲ့သူဖြစ်ပြီး၊ အီဂျစ်ဘရားသားဟုဒ် အဖွဲ့အစည်းကို မတရားအသင်း ကြေညာခဲ့လိုက်သည်။
.
သမ္မတ မော်စီ လက်ထက်တွင် အရွေးချယ်ခံဖြစ်သည်ဟု ယုံကြည်မှု ပြင်းထန်ခဲ့ဟန် ရှိသည်၊ ဘရားသား ဟုဒ် ၏ တင်းမာသည့် အယူအဆ သဘောတရားဖြစ်သော ရှရီယာ ဥပဒေကို တည်ဆဲ ဥပဒေများ နှင့် ဖြည်းဖြည်း ချင်း အစားထိုးရန် ကြိုးစားရာတွင် မော်စီ ကို ထောက်ခံသော အုပ်စု/ကန့်ကွက်သောအုပ်စု များကြား ကြီး မားသောပဋိပက္ခများ ဖြစ်လာခဲ့သည် ။
မော်စီ ကန့်ကွက်သူများကို စီအိုင်အေ က ထောက်ခံ ထားသည်၊ ပဋိပက္ခ တစ်ဖြည်းဖြည်း ကြီးထွားလာရာ မီးရှို့ ဖျက်ဆီးမှုများ၊ အုပ်စုလိုက် တိုက်ခိုက်မှုများ အထိ ကျယ်ပြန့်လာသဖြင့် နောက်ဆုံး အီဂျစ်စစ်တပ် မှ အာဏာ သိမ်းလိုက်တော့သည်။ အီဂျစ် အဓိကရုဏ်းတွင် သေဆုံးသူစုစုပေါင်း (၈၁၇) ဦးမျှ အထိ ရှိခဲ့သည်ဟုဆိုသည်။
အယ်ကိုင်ဒါ ၏ ခေါင်းဆောင်ဟု လူသိများသော “အိုစမာဘင်လာဒင်” ၏ ဂျီဟဒ် သဘောတရား များဆိုင်ရာ ခေါင်းကိုင် ဆရာကြီးမှာ ယူဆွတ်အက်ဇမ် ဖြစ်သည် ။ အိုစမာဘင်လာဒင် သေဆုံးခဲ့ပြီး ဆက်ခံ ခဲ့သော အယ် ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းကြီး၏ ခေါင်းဆောင်ဖြစ်သော Ayman Mohammed Rabie al-Zawahiri မှာမူ အီဂျစ် ၈ျီဟဒ် အရေးတော်ပုံအဖွဲ့ကို စတင်ထူထောင်ခဲ့သူ ဖြစ်သည်။
အယ်ကိုင်ဒါကို စီအိုင်အေ ၏ သား ဟုတင်စားလျှင် အိုင်အက်(စ) သည် စီအိုင်အေ ၏မြေးဖြစ်လာပါလိမ့်မည် ။ ဘရားသားဟုဒ် သည် အစွန်းရောက်ဖြစ်ပြီး အိုင်အက်(စ)သည် အစွန်းရောက်အကြမ်းဘက်ဖြစ်သည်၊ ကွာခြားသည်က ဘရားသားဟုဒ် အနေဖြင့် အမေရိကန်ဩဇာ မခံခြင်းသာဖြစ်သည်။