လှေက ကမ်းမှာ ကပ်ထားရင် အန္တရာယ် အကင်းဆုံးပဲ၊ ဒါပေမယ့် အဲဒါက လှေ တည်ဆောက်ခဲ့တဲ့ ရည်ရွယ် ချ
တစ်နေ့ကို မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေး တစ်ကောင
ကုန်သည် လာတယ်၊ပြောတယ်၊ ` မင်း ငါနဲ့ လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊
စစ်သား လာတယ်၊ ပြောတယ်၊ ` မင်း ငါနဲ့ လိုက်နိုင်မလား´
မြင်းက ခေါင်းခါပြီးပြောတယ်၊
မုဆိုး လာတယ်၊ ပြောတယ်၊ ` မင်း ငါနဲ့ လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊
ဒီလို နဲ့ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွ
အာဇာနည်မြင်းက စစ်သူကြီးဆီ သွားတွေ့ပြီး ပြောတယ်၊
` ကျနော်က ခင်ဗျားတို့ ရှာနေတဲ့ အာဇာနည်မြင်းပါ´
စစ်သူကြီးကမေးတယ်၊
` ဒါဆို မင်း ငါတို့ တိုင်းပြည်ရဲ့ တောတောင်ရေမြေ နဲ့ လမ်းတွေကို နှံ့စပ်လား ´ မြင်းက ခေါင်းခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
` ဒါဆို မင်း စစ်ပွဲ ဝင်ဖူးသလား.. စစ်ပွဲ အတွေ့အကြုံ ရှိသလား ´ မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
` ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့ အခါ သခင့် အတွက် ရင်ဆိုင် တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား ´ မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးကပြောတယ် ` ဒါဆို မင်း ဘာအသုံးကျသေးသလဲ´
မြင်းကပြောတယ် ` ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင် သွားနိင်ပြီး ညဘက်ဆို မိုင် ၈ ရာ သွားနိုင်တယ်၊ လေ အဆန်မှာ အစုန် ထက်တောင်မှ အပြေးမြန်သေးတယ်´
စစ်သူကြီးက မြင်းပေါ် ခွတက်စီးလိုက်တယ်၊
မြင်းက အားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊ ဒါပေမယ့် ၁၀ လှမ်းလောက်ပဲပြေးရသေးတယ် ၊
`မင်း အိုသွားပြီ... မပြေးနိုင်တော့ဘူး´ ဟု ဆိုကာ စစ်သူကြီးပြန်လှည့်ထွက်သွား
ဒီနေ့ သင်လုပ်တဲ့ ကိစ္စတစ်ခုစီတိုင်းဟာ သာမာန်ကြိုးစားနေတယ် ထင်ရပေမ
လှေက ကမ်းမှာ ကပ်ထားရင် အန္တရာယ်အကင်းဆုံးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချ
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။
ပညာက အရည်အချင်းကို ကိုယ်စား မပြုဘူး၊ စာပေ က ယဉ်ကျေးမှုကို ကိုယ်စား မပြုဘူး၊ မနေ့ကကျော်ဇောခဲ့တဲ့ အရာဟာ ဒီနေ့မှာ အတိတ် နဲ့ မှတ်ဥာဏ် အချို့ဖြစ်သွားပြီ၊
ဒါ့ကြောင့် အရေးကြီးတာ မနေ့က သင်ဘယ်သူလဲ မဟုတ်ပါဘူး၊
ပိုပြီး အရေးကြီးတာ ဒီနေ့ သင်ဘာလုပ်သလဲ.. မနက်ဖြန် သင်ဘာဖြစ်မလဲ ဆိုတာပါ၊
Have a good day all Peace
Credit to original uploader
ဗဟုသုတများကို ပြန်လည်မျှဝေမည်
No comments:
Post a Comment