10 September 2017

ခမောင်းဆိပ်တွင် လူပေါင်း ၁၀၀ နီးပါးခန့် အသတ်ခံခဲ့ရသည်



ခမောင်းဆိပ်တွင် လူပေါင်း ၁၀၀ နီးပါးခန့် အသတ်ခံခဲ့ရသည်ဟု ဟိန္ဒူ အမျိုးသမီး ဆာရာချတီ မှ 
အတည်ပြုပြောဆို ။

မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ် အုပ်စုတွင် ဟိန္ဒူ လူမျိုးများနေထိုင်သည့် ရဲဘော်ကျပ်နှင့် တောင်ရွာ ၂ ရွာ ရှိရာ ထိုရွာများတွင် နေထိုင်သူ ဟိန္ဒူ လူမျိုး တစ်ရွာလုံး အသတ် ခံခဲ့ရသည်ဟု ဟိန္ဒူ အမျိုးသမီး ဆာရာချတီ မှ နိရဉ္စရာ က သွားရောက် တွေ့ဆုံ မေးမြန်းစဉ် ပြောကြားသည်။

သေဆုံးသွားသူများ အထဲတွင် သူ၏ ယောင်္ကျားဘက် ဆွေမျိုးများလည်း ပါဝင်ပြီး လူပေါင်း ၁၀၀ ခန့် 
အသတ် ခံခဲ့ရသည်ဟု ပြောကြားသည်။

“ ကျွန်မ တို့ မိသားစုက ခမောင်းဆိပ် ဈေးတန်း က အမေ့အိမ်ကို လာရောက် လည်ပတ်နေတဲ့ အတွက် 
အသက်ရှင် ကျန်တာပါ။ ကျန်တဲ့ လူတွေ အကုန်လုံး အသတ် ခံရပါတယ်။ ကျွန်မ ယောင်္ကျားရဲ့ အဖေ၊ 
အမေတွေ အကုန်လုံး အသတ် ခံရပါတယ်။ တစ်ရွာလုံးက ဆိုရင် လူပေါင်း ၉၈ ယောက် အသတ်ခံရပါ
တယ်” ဟု စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ ဟိန္ဒူ ဘုရားကျောင်းတွင် ဒုက္ခသည် အဖြစ် ခိုလုံနေသူ ဟိန္ဒူ အမျိုးသမီး ချာရာချတီ မှ ပြောကြားသည်။

သူတို့အား သတ်ဖြတ်သူများကိုလည်း သူမက ယခုလို ပြောကြားသည်။

“ ခမောင်းဆိပ် အုပ်စုမှာ ရဲဘော်ကျပ်နှင့် တောင်ရွာ ၂ ရွာ ရှိပါတယ်။ သူတို့ကို အနီးအနားက ဘင်္ဂလီရွာသားတွေနဲ့ အကြမ်းဖက် သမားတွေက သတ်ဖြတ်လိုက်တာပါ။ အခု ကျွန်မ ညီမလေး တစ်ယောက်ဆိုရင် ဘင်္ဂလာဒေ့ရှ် ကို ရောက်သွားပါတယ်။ သူတို့နဲ့ အဆက်အသွယ် ရပြီး ပြန်ပြောပြတာပါ။ 

ဘင်္ဂလားကို မိန်းခလေး ၆ ယောက်ဘဲ အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲ ခေါ်သွားတဲ့ အတွက် အသက်ရှင်ပြီး ရောက်သွားပါတယ်” ဟု ပြောသည်။

ဟိန္ဒူ အမျိုးသမီး ချာရာချတီ ၏ ယောင်္ကျားဖြစ်သူမှလည်း သူ၏ မိဘများ အသတ်ခံရကြောင်းကို နိရဉ္စရာ မှ သွားရောက် မေးမြန်းစဉ် ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။



ယခု အသတ် ခံရမှုနှင့် ပတ်သက်ပြီး ဟိန္ဒူ လူမျိုးများမှ လူသိရှင်ကြား ထုတ်ဖော်ပြောကြားနေသော်လည်း သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများမှ အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး တစ်စုံ တစ်ရာ သတင်းထုတ်ပြန်မှု မရှိသေး သဖြင့် နိရဉ္စရာ အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ ဟိန္ဒူ ဘုရားကျောင်းတွင် ဒုက္ခသည် အဖြစ် ခိုလုံနေသူ 
စက်တင်ဘာလ ၇ ရက်နေ့ထိ မောင်တောနှင့် ဘူးသီးတောင်မှ ဟိန္ဒူ လူမျိုး ၅၉၁ ဦးရှိပါသည်။

Narinjara
နိရဉ္စရာ၊ စက်တင်ဘာ ၉
https://www.facebook.com/Narinjara

No comments:

Post a Comment