အစ္စရေးနိုင်ငံဟာ စထူထောင်တော့မယ်ဆိုတော့...ကမ္ဘာအရပ်ရပ်မှာ ရောက်နေတဲ့...ဂျူးလူမျိုးတွေကို တဲအဗစ်ကိုရောက်လာအောင်...ကြိုးစား စုဆောင်းကြရတယ် ။
အင်္ဂလိပ်တွေက ဂျူးတွေကို နယ်မြေ ခွဲသတ်မှတ်ကာ လွတ်လပ်ရေးပေးတော့မယ် ဆိုတော့ အာရပ်တွေရဲ့ အကြမ်းဖက်မှု့ကို တော်တော်ခံနေရပြီ...လွတ်လပ်ရေးကို ဒီနေ့ကြေငြာတယ်...နောက်နေ့မှာ အာရပ် ငါးနိုင်ငံ က လာတိုက်တယ်...တဲအဗစ် ကို လေယာဉ်တွေနဲ့ ဗုံးလာကြဲတယ် ။
အဲ့ဒီလို အာရပ်တွေလာတိုက်ခံရတဲ့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရကာစ အချိန်.. အစ္စရေးမှာ အမြဲတမ်း တပ်မတော်မရှိ ၊ လေယာဉ် မရှိ...တင့်ကား မရှိ... အမြောက်ကြီးတွေမရှိ... ဟားဂါးနားပြည်သူ့စစ် အဖွဲ့ရယ်၊
.ဗြိတိသျှ ကိုလိုနီတပ်တွေ မသုံးချင်တော့လို့ ထားခဲ့တဲ့ ဟောင်းနွမ်းနေတဲ့ လက်နက် အနည်းငယ်နဲ့ မီးကျိုးမောင်းပျက်ရိုင်ဖယ်တွေသာရှိခဲ့ပြီး ရသလို ကြုံသလို အာရပ်အမြဲတမ်းတပ်တွေကို ခုခံတိုက်ခိုက်ခဲ့ရတယ် ။

အာရပ် တပ်တွေက နောက်ဆုံး ခံစစ်စည်းရောက်လာပြီး ပင်လယ်ထဲ မောင်းချခံပြီး အသေခံမလား...တိုက်ပွဲဝင်ရင်း အသေခံမလားနှစ်ခု အနက် တိုက်ပွဲဝင်ရင်း အသေခံဖို့ကိုရွေးချယ်ခဲ့တယ် ။
အဲ့ဒီအချိန် အရေးအကြီးဆုံးက တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်မှူးတွေရဲ့နောက်မှာ နိုင်ငံရေးအရ ပြတ်သားတဲ့
ခေါင်းဆောင် ရှိခဲ့တယ်... ဒေးဗစ်ဘင်ဂူရီယန် ဆိုတဲ့ အစ္စရေးနိုင်ငံ စထူထောင်ချိန်က ဝန်ကြီးချုပ်ပါ ။
မိုရှေဒါယန် ရဲ့ ကွန်မန်ဒို အသေခံတပ်ဖွဲ့ဟာ... အာရပ်တွေရဲ့ နောက်ပိုင်းတွေကို ဝင်တိုက် မြို့တွေ ဝင်
သိမ်း...ရန်သူ့ အုပ်ချုပ်ထောက်ပံ့မှု့တွေဖြတ်တောက်...ရန်သူ့ လက်နက်ကို ကိုယ့်လက်နက် လုပ်ကာ...
တစ်ကမ္ဘာ လုံးက ဂျူးတွေ ပင်လယ်ထဲ မောင်းချခံရတော့မယ်လို့ ထင်နေကြချိန်မှာ...အားလုံး အံ့သြသွား
ရလောက်အောင် သတ္တိ ရှိရှိ တိုက်ပွဲဝင်ခဲ့တယ် ။
အင်အား အနည်း အများသည်လက်နက်ကွာခြားမှုသည် အဓိက မကျ...တိုက်ရည် ခိုက်ရည်... တိုက်ပွဲဝင်
စိတ်ဓာတ်...မဟာဗျူဟာနှင့် ရည်မှန်းချက် စိတ်ဓာတ် ခိုင်မာမှုကသာ အဓိကကျကြောင်းကို... နောင်ရိုး တိုက်ပွဲ အလွန်မှာ ထပ်မံပြသခဲ့တဲ့နိုင်ငံဖြစ်ပါတယ် ။

ပထမ အကြိမ် အာရပ်-အစ္စရေး စစ်ပွဲပြီးတည်းက အာရပ်တွေက ကုလကနေ ရှုံးသွားတဲ့ နယ်မြေတွေကို
ပြန်တောင်းနေတာပါ ။ အစ္စရေးကတော့ ရှင်းတယ် ငါတို့ စသွားတိုက်လို့ဖြစ်တာမဟုတ် အဲ့ဒီတော့ ပြန်
မပေးနိုင်.။
၁၉၆၇ အာရပ်-အစ္စရေး တတိယ အကြိမ် စစ်ပွဲတုန်းက ရခဲ့တဲ့ နယ်မြေမြောက်များစွာ ကိုလည်း ခုထိပြန်
မပေးဘူး...ကုလ ဘာတတ်နိုင်လဲ.။ နောက် တစ်နိုင်ငံက ဗီယက်နမ်... အမေရိကန်ကို တစ်သက်တာလုံး အရှက်ရစေခဲ့တဲ့ နိုင်ငံ ၊

ဒုတိယကမ္ဘာစစ် အပြီး ပြင်သစ် က အင်ဒိုချိုင်းနားဒေသ ကို ထိန်းချုပ်ဖို့ နာဗား စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ဒိန်ဗင်ဖူး ခံတပ်ကြီးကို ဗီယက်နက်မြောက်ပိုင်း နဲ့ လာအို နယ်စပ်မှာ တည်ဆောက်ခဲ့တယ် ။
ဒိန်ဗင်ဖူး ခံတပ်ဟာ ဗိုလ်ချုပ်အဆင့် ဦးစီးတဲ့ ခံတပ်ဖြစ်ကာ လေယာဉ်ကွင်း ၂ ကွင်း ပါ ပါတယ် ။ အမြောက်
ကြီးတွေ တင့်တွေ သံချပ်ကာတွေ လက်ရုံး တပ်ဖွဲ့တွေနဲ့ စစ်သည်အင်အား သုံးသောင်း နီးပါးရှိပြီး ခံကတုတ်တွေ ဆက်သွယ်ရေး မြောင်းတွေ ပုံသေ ပစ်ကြောင်း ဆင်ထားတဲ့ သတ်ကွင်းတွေ ၊ လက်ယှက်ထိုး ပစ်ခတ်မှုတွေအတွက် လက်နက်ကြီး မှတ်ပုံတင်ထားတဲ့ ပစ်မှတ်တွေ ၊ လေယာဉ်ပစ် စက် အမြောက်တွေနဲ့. ကမ္ဘာမှာ ဘယ်တော့မှ မကျရှုံးဘူးလို့ ကြွေးကြော်ထားတဲ့ အခိုင်အမာ ခံစစ်စခန်းကြီးပါ ။

လက်နက် အင်အား နည်းပညာ အပြတ်အသတ် ကွာတဲ့ ပြင်သစ် တို့ရဲ့ ဒိန်ဗင်ဖူး ခံစစ်ကြီးကို ဗိုလ်ချုပ်ကြီး ဗိုငုယင်ဇပ် (Vo Nguyen Giap) ရဲ့ ဗီယက်ကောင်း တပ်ဖွဲ့ဟာ ၁၉၅၄ ခုနှစ်မှာ ၅၅ ရက် အတွင်း အပြီး ရအောင် တိုက်ခဲ့တယ် ။
ပြင်သစ်ဗိုလ်ချုပ် နဲ့ တပ်သားပေါင်းနှစ်သောင်းကျော် ဟာ ဗီယက်ကောင်းတွေ ဆီမှာ လက်နက် ချခဲ့ရတယ်.။
ခေတ်မှီ စစ်လက်နက်ပစ္စည်း အပြည့်အစုံ တပ်ထားတဲ့ အနောက်နိုင်ငံ အမြဲတမ်း တပ်ဖွဲ့ကြီး တစ်ခုကို အမေရိကန်တွေက ဗုံးတွေ မီးလောင်ဗုံးတွေ ကူကြဲပေးနေလျှက်နဲ့... ပြောက်ကျား တပ်ဖွဲ့သာသာ ရှိတဲ့ တောသားတွေထံ ဒီလိုမျိုး လက်နက်ချ လိုက်ရတော့ ကမ္ဘာ အဝှမ်းက အံ့အားသင့်ခဲ့ကြပါတယ် ။ဒီလို ရဲဝံ့စွာ တိုက်ခိုက်ခဲ့တဲ့ သူတွေရဲ့ နောက်မှာ နိုင်ငံရေး အရ ပြတ်သားတဲ့ ဟိုချီမင်း ခေါင်းဆောင်ပြီး တာဝန်ယူခဲ့တယ် ။

ကျွန်တော်တို့ ဆီမှာလည်း ဟိုချီမင်း နဲ့ ဘင်ဂူရီယန် တို့လို နိုင်ငံရေး အရ ပြတ်သားတဲ့ခေါင်းဆောင်တွေ တာဝန်ခံမယ့် ခေါင်းဆောင်တွေ လိုအပ်တယ် ။ တရုတ်ကြောက်...ကုလားကြောက်...အနောက်ကြောက်...ခုတစ်မျိုး တော်ကြာ တစ်မျိုးပြောတတ်တဲ့ ခေါင်းဆောင်မျိုးတွေ... မပြတ်သားတဲ့ ခေါင်းဆောင်မျိုးတွေကို ကျွန်တော်တို့ မလိုချင်တော့ပါဘူး ။
နိုင်ငံတော် ကာကွယ်ရေးနဲ့ အမျိုးသားရေး မှာ လစ်ဘရယ် အရမ်းဆန်လွန်းလို့ မရ ၊ နေရာတိုင်းမှာ လူ့ အ
ခွင့် အရေး စံနှုန်း နဲ့ တိုင်းလို့မရ.၊ ကိုယ့်နိုင်ငံ ကိုယ့့် အချုပ်အခြာ အာဏာကို ကျွန်တော်တို့ ကိုယ်တိုင်
ဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။
.

သီရိလင်္ကာမှာ တမီလ် ကျားသူပုန် အဖွဲ့ကို ဘယ်လိုရှင်းပစ်လဲ. UN ပြောတာ ဂရုစိုက်လား ။
ဖိလစ်ပိုင် မှာ ခွဲထွက်ရေး အကြမ်းဖက်အဖွဲ့ကို ဒူတာတေး ဘယ်လို လုပ်ပစ်လဲ ၊ UN လာပြောရင် ပါးချပစ်မယ်... ထိုးခွဲပစ်မယ် ပြောခဲ့တယ် မဟုတ်လား ။
ခုတော့ ကျွန်တော်တို့နိုင်ငံမှာ ဖေ့စ်ဘုတ်ပေ့စ်က အစ နာမည်ပြောင်းရတာနဲ့... အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက် အဖွဲ့ကနေ... ARSA အကြမ်းဖက် အဖွဲ့လို့ ပြောင်းသုံးနှုန်း ရတာနဲ့.၊ အရာရာ ပြတ်သားမှု မရှိသေးဘူး ။
နိုင်ငံခေါင်းဆောင်ပိုင်းက ပြတ်သားတဲ့ တာဝန်ခံမှု တာဝန်ယူမှုတွေနဲ့ တပ်မတော်ကို ရှာဖွေချေမှုန်းဖို့ တာ
ဝန်ပေးရင် တပ်မတော်က ဒီတာဝန်ကို မကျေပွန်ရင်ပြောကြပေါ့ ။ UN အစည်းအဝေး ခေါ်လည်း ဂရုစိုက်စရာမလိုဘူး ၊ ကိုယ့်နိုင်ငံ အချုပ်အခြာ အာဏာကို ပြတ်ပြတ် သားသားပြောဖို့လိုပါတယ် ။

မဟာဗျူဟာ အရ အချက်အချာ ကျတဲ့ မြန်မာလိုနိုင်ငံကို အမေရိကန် နဲ့ အပေါင်းအပါတပ်တွေ ဝင်လာမှာကို ရုရှား ၊ တရုတ် တို့က ဒီအတိုင်းကြည့်နေမှာ မဟုတ် ၊ ဗီတိုနဲ့ ပယ်ချမှာဘဲ ။ မြန်မာပြည်မှာ အမေရိကန် ခြေကုတ်စခန်း ရသွားမှာကို တရုတ်ကြီး နဲ့ ရုရှား က အကြောက်ဆုံးပါ ။
အဲ့ဒီတော့ ကျွန်တော်တို့ ဆီမှာ နိုင်ငံခေါင်းဆောင်လုပ်တဲ့ သူတွေ ပြတ်သားဖို့လိုတယ် ။မြန်မာပြည်သူတွေ သွေးစည်း ညီညွတ်ဖို့လိုတယ် ။
အရင် အကျင့်တွေ အတိုင်း ၂ ယောက် ရှိရင် ၃ ဖွဲ့ ကွဲနေလို့ မရတော့ ။ အရေးကြီးရင် သွေးနီးဖို့ လိုတယ် ။ ၂၀၀၁ ထိုင်းနယ်စပ် တိုက်ပွဲတုန်းက ညီညွတ်မှုမျိုး ၊ ၂၀၁၂ ဘင်္ဂလားဒေ့ နဲ့ ရေပိုင်နက် အရေးအခင်းတုန်းက လိုမျိုး ၊ စုစည်း ညီညွတ်မှုမျိုးလိုတယ် ။

ပြတ်သားတဲ့ နိုင်ငံခေါင်းဆောင်ရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူအားလုံး သွေးစည်း ညီညွတ်ဖို့ အဓိက လိုအပ်ပြီး... ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့ လိုနေကြပါပြီဗျာ ၊
No comments:
Post a Comment