28 May 2020

သန်ရာ သန်ရာ



 
က လေး တွေ ယဉ် ကျေး လိမ် မာ လာ အောင် ရိုး ရာ ယဉ် ကျေး မှု ဓ လေ့ ထုံး စံ တွေ သင် ပေး သင့် လား Sex ကိ စ္စ တွေ သင် ပေး သင့် လား ။ ဒါ ခံ ယူ သူ ရဲ့ သ ဘော နဲ့ ပဲ ဆိုင် ပါ တယ် ။

ရိုး ရာ ယဉ် ကျေး မှု တွေ ကို မ ပျောက် ပျက် စေ ပဲ လိမ် မာ ယဉ် ကျေး တဲ့ သူ တွေ ဖြစ် လာ စေ ချင် လို့ ရှိ ရင် ရိုး ရာ ယဉ် ကျေး မှု တွေ ဘာ သာ တ ရား ကိုင်း ရှိုင်း ဖို့ တွေ သင် ပေး ဖို့ စိတ် အား ထက် သန် မှာ ဖြစ် ပြီး Sex ကိ စ္စ ပို အ ရေး ကြီး တယ် လို့ ခံ ယူ ထား တဲ့ သူ က တော့ Sex ကိ စ္စ အ ရင် စ သင် မှာ ပဲ ။
ဒါ ကိုယ် ပိုင် လွတ် လပ် စွာ ခံ ယူ ခွင့် ဖြစ် လို့ ဘယ် သူ မှ မ မှား ဘူး ။ အ ပြစ် ပြော လို့ လည်း မ ရ ဘူး ။ ကိုယ် သန် ရာ သန် ရာ ပါ ။


ကိုယ် မွေး ထား တဲ့ က လေး တွေ မ ဟုတ် ပဲ သူ များ မွေး ထား တဲ့ က လေး တွေ ကို သင် ပေး မယ် ဆို ရင် တော့ သင့် သ ဘော တစ် ခု ထည်း မ ဟုတ် တော့ ဘူး ။ သက် ဆိုင် ရာ ကာ ယ ကံ ရှင် မိ ဘ အ သိုင်း အ ဝိုင်း တွေ နဲ့ လည်း သက် ဆိုင် သွား ပြီ ။

မ ကြာ သေး တဲ့ အ ချိန် က ဝန် ကြီး ချုပ် တက် ရောက် ကျင်း ပ တဲ့ ပွဲ တစ် ခု မှာ နံ မည် ရှိ အ ဆို တော် အ နု ပ ညာ ရှင် အ မျိုး သ မီး တစ် ယောက် ( စ ကား လုံး ရိုင်း သွား ရင် ခွင့် လွှတ် ပါ ) သူ့ ရဲ့ ဖင် နဲ့ ရင် ကို ပဲ ဖုံး ထား တဲ့ အ ဝတ် ဝတ် ပြီး စင် ပေါ် ကို အ မြင် မ တော် တက် ပြီး သ ရုပ် ဆောင် ဖျော် ဖြေ သွား တယ် ။

ပွဲ လာ တဲ့ ပ ရိတ် သတ် တွေ တောင် ဝန် ကြီး ချုပ် ရှေ့ မှာ အ ခု လို ဝတ် တာ မ သင့် ဘူး ရှက် ဖို့ကောင်း တယ် ဆို ပြီး ပြော ဆို ကြ တယ် ။ သည်း ခံ တတ် တဲ့ ဝန် ကြီး ချုပ် က ပြုံး ပြုံး ပြုံး ပြုံး နဲ့ ဘာ မှ မ ပြော ပဲ ထိုင် ကြည့် နေ ခဲ့ တယ် ။ ဒါ ပေ မဲ့ အဲ့ ဒီ ဝန် ကြီး ချုပ် က ခင် ဗျား တို့ ရဲ့ သ မီး တစ် ယောက် ယောက် အဲ့ ဒီ လို သ င်္ကြန် မ ဏ္ဍပ် ပေါ် မှာ ရှိ နေ မှာ မ ဖြစ် ရ အောင် ( စ ကား လုံး အ တိ အ ကျ မ မှတ် မိ ) လို့ ဆို ပြီး မြန် မာ အ မျိုး ကောင်း သ မီး တွေ ပျက် စီး မှာ လူ အ ထင် သေး မှာ စိုး ရိမ် ပြီး သ င်္ကြန် မ ဏ္ဍပ် တွေ ပိတ် ခဲ့ တဲ့ သူ ဖြစ် ပါ တယ် ။

တစ် ကယ် အ စစ် မြန် မာ့ ရိုး ရာ ယဉ် ကျေး မှု နဲ့ မ သင့် လျှော် ဆန် ကျင် တဲ့ ကိ စ္စ တွေ ကို မ ဖြစ် စေ ချင် ဘူး ဆို ရင် အ နည်း ငယ် လောက် တော့ မ သင့် တာ ကို မ သင့် ကြောင်း အ လွတ် သ ဘော ပြော ရ မှာ ပဲ ။ အ နည်း ဆုံး မျက် နှာ မှာ မ နှစ် မြို့ တဲ့ ပုံ ၊ မ ကြိုက် တဲ့ ပုံ လောက် တော့ ဖော် ပြ သင့် တယ် ။
နိုင် ငံ တစ် ကာ မှာ လည်း သ မ္မ တ တက် ရောက် မယ့် ပွဲ ဆို ဘယ် လို အ ဝတ် အ စား ၊ ဘု ရင် ဘု ရင် မ တက် ရောက် မယ့် ပွဲ ဆို ဘယ် လို အ ဝတ် အ စား အ ပြု အ မူ လို့ သတ် သတ် မှတ် မှတ် ရှိ တယ် ။
ဒါ ကိန်း ဂ ဏ္ဏန်း ကြီး တာ မ ဟုတ် ဘူး ။ ယဉ် ကျေး မှု အ ဆင့် အ တန်း အ ရ ကန့် သတ် ထား တာ ။ သင် ဒီ လောက် အ ဆင့် မ ရှိ ရင် ဒီ အ ဆင့် ကို လာ လို့ မ ရ ဘူး လို့ သတ် မှတ် ထား တာ ။ ပေါက် လွတ် ပဲ စား အ ဆင့် နဲ့ ဂုဏ် သ ရေ ရှိ အ ဆင့် ကို ခွဲ ထား တာ ။


တစ် ခေတ် တစ် ခါ က သ ရုပ် ပျက် အ ဝတ် အ စား ဝတ် လို့ ဆို ပြီး အ နု ပ ညာ အ လုပ် ၅ နှစ် လုပ် ခွင့် မ ပြု လို့ အ ရေး ယူ ခဲ့ ဖူး တဲ့ အ ချိန် ကို ဖြတ် သန်း ခဲ့ ဖူး တဲ့ လူ တစ် ယောက် အ နေ နဲ့ တော့ ပ ညာ နဲ့ ထိန်း ကြောင်း ရ မယ့် အ ရာ တွေ မှာ အား နည်း နေ ကြတာ ကို မြင် မိ ပါ တယ် ။


အ ခု ခေတ် မှာ လူ ငယ် တွေ အ ရှက် တ ရား ကို နား လည် မှု လွဲ လာ ကြ တယ် ။ ဘယ် အ ရာ က ရှက် စ ရာ ကောင်း တယ် ၊ ဘယ် အ ရာ က မ သင့် ဘူး လို့ မ တွေး တတ် ကြ သ လို မြင် ရ တယ် ။ ကိုယ် တိုင် ရိုက် ထား တဲ့ လိင် ဆက် ဆံ တဲ့ Video တွေ လည်း Online မှာ အ များ အ ပြား တွေ့ လာ ရ သ လို လိင် ကိ စ္စ ကို မိန်း ခ လေး တွေ ကိုယ် တိုင် အ ရေး မ ထား ကြ တော့ တာ တွေ့ လာ ရ တယ် ။
 
နံ မည် ကြီး အ နု ပ ညာ ရှင် အ မျိုး သ မီး တွေ ကိုယ် တိုင် ရည်း စား ထည် လဲ တွဲ ပြ ကြ ၊ ပြတ် သွား ရင် ကာ မ လိမ် လည် မှု နဲ့ တ ရား စွဲ ကြ နဲ့ သ ဘာ ဝ လွန် နေ ကြ တယ် ။ သူ တို့ အ တွက် ဘာ Sex education မှ သင် ပေး စ ရာ မ လို ပါ ဘူး ။ ကာ မေ သု မိ စ္ဆာ စာ ရ ဆို တဲ့ မှား ယွင်း စွာ ကာ မ ဂုဏ် ခံ စား တာ ကို သီ လ တစ် ခု အ နေ နဲ့ ထိန်း သိမ်း နေ ကြ တဲ့ ဗု ဒ္ဓ ဘာ သာ အ များ စု နေ ထိုင် တဲ့ မြန် မာ နိုင် ငံ မှာ လိင် ကိ စ္စ တွေ နဲ့ ပတ် သက် ပြီး မောင် နဲ့ နှ မ ၊ သား နဲ့ အ မိ အ မြင် မ တင့် ဖြစ် လာ ကြ တဲ့ ကိ စ္စ တွေ များ လာ တဲ့ လက် ရှိ အ ချိန် မှာ ငယ် ရွယ် သေး တဲ့ က လေး တွေ ကို ယဉ် ကျေး မှု ဖြစ် စေ မယ့် အ ရာ တွေ သင် ကြား သင့် လား ၊ Sex ကိ စ္စ တွေ သင် ကြား သင့် လား ဆို တာ ပ ညာ ရှင် တွေ ဆုံး ဖြတ် ကြ ပေါ့ ။


လိင် ကိ စ္စ ကို တစ် နိုင် ငံ လုံး အ တိုင်း အ တာ နဲ့ ကျောင်း သင် ခန်း စာ ထဲ မှာ ထည့် သွင်း သင် ကြား မယ် ဆို ရင် မ ကြာ ခင် ကာ လ မှာ လိင် ကိ စ္စ က မြန် မာ လူ မှု အ သိုင်း အ ဝိုင်း ကြား မှာ မ ထူး ဆန်း တော့ မယ့် ၊ တန် ဖိုး ထား စ ရာ မ လို တော့ မယ့် အ ချိန် ရောက် လာ လိမ့် မယ် ။ ဒီ အ ခါ အ ပျို စင် ဘ ဝ ဆို တာ လည်း အ ရေး မ ကြီး တော့ သ လို သူ့ အိမ် ယာ ကိုယ့် အိမ် ယာ ပြစ် မှား ကြ တာ လည်း သာ မန် လို ဖြစ် လာ လိမ့် မယ် ။

ဒီ အ ခြေ အ နေ ကို မြန် မာ လူ နေ မှု အ သိုင်း အ ဝိုင်း က လက် ခံ ကြ ပြီ လား ။ လက် ခံ ရ မယ် လို့ ပုံ ဖော် ချင် တာ လား ။

က လေး တွေ ကို လိင် ကိ စ္စ ပ ညာ ပေး ဆို ပြီး ( ဖတ် မိ ရ သ လောက် ) လိင် တူ ဆက် ဆံ တာ ကော ၊ ပိုက် ဆံ ယူ ပြီး လိင် ဆက် ဆံ တာ ကော ကို လုပ် လို့ ရ တယ် အ ရေး မ ကြီး ဘူး လို့ သင် ပေး တာ အဲ့ ဒီ က လေး တွေ ကို နောင် တစ် ချိန် ဘာ ဖြစ် စေ ချင် တဲ့ ရည် ရွယ် ချက် လဲ ဆို တာ ရှင်း ပြ ဖို့ ကောင်း တယ် လို့ ထင် တယ် ။

Sex education မှာ အဲ့ ဒီ အ ကြောင်း အ ရာ တွေ မ ပါ ပဲ သင် ပေး လို့ မ ရ ဘူး လား ။ ဘာ ဖြစ် လို့ လဲ ဆို တော့ သင် ရ မယ့် က လေး တွေ ကို သင် တို့ မွေး ထား ကြ တာ မ ဟုတ် ကြ သ လို အဲ့ ဒီ က လေး တွေ က နောင် အ နာ ဂါတ် မှာ မြန် မာ နိုင် ငံ ကို ပုံ ဖော် ကြ မယ့် သူ တွေ ဖြစ် တယ် ။ မြန် မာ နိုင် ငံ မှာ အ စိုး ရ လုပ် ရင် အ မှန် ချည်း ပဲ ဆို တဲ့ ခေတ် အ ဆက် ဆက် အ စဉ် အ လာ က အ ခု ထိ မ တိမ် ကော သေး ဘူး ။


အ စိုး ရ လို့ ဖြစ် သွား တာ နဲ့ သူ တို့ လုပ် ချင် တာ ကို အ ကြောင်း အ မျိုး မျိုး ပြ ပြီး လုပ် ကြ တာ မ ကြိုက် လည်း တား ခွင့် မ ရှိ ဘူး မ လိုက် နာ လို့ လည်း မ ရ ဘူး ။ သူ များ နိုင် ငံ တွေ တော့ မ သိ ဘူး မြန် မာ နိုင် ငံ မှာ တော့ ဒီ ကြွေ မ ဖောက် သေး ဘူး ။ အ ခု ကိုယ့် က လေး ကို ငယ် ငယ် ရွယ် ရွယ် နဲ့ လိင် ကိ စ္စ သင် မှာ မ ကြိုက် ဘူး ပြော တော့ Conservative တွေ တဲ့ ။ မိ ဘ တွေ က ကျေး ဇူး တောင် တင် ရ အုံး မယ် တဲ့ ။ လွှတ် တော် မှာ ကန့် ကွက် လွှာ တင် တော့ ပယ် ချ တယ် ။


ဒီ လို သက် ရောက် မှု ပြင်း ထန် တဲ့ ကိ စ္စ တွေ အ တွက် ပြည် သူ ရဲ့ သ ဘော ထား ဆ န္ဒ ကို မ မေး သင့် ဘူး လား ။ ပြည် သူ့ လွှတ် တော် မှာ ဆွေး နွေး စ ရာ မ လို ဆွေး နွေး ခွင့် မ ရှိ ဘူး လား ။ တစ် လင် တစ် မ ယား စ နစ် ကို အ လေး ထား တဲ့ ပု ဆိုး နဲ့ လုံ ခြည် ကို အ ခု ထိ ဝတ် ဆင် ပြီး ရိုး ရာ ယဉ် ကျေး မှု ထိန်း သိမ်း ထား ကြ တဲ့ မြန် မာ လူ နေ မှု အ သိုင်း အ ဝိုင်း ရဲ့ ဓ လေ့ ထုံး စံ တွေ နဲ့ တော့ တော် တော် အ ဆင် မ ပြေ တဲ့ ကိ စ္စ ပါ ပဲ ။


Conservative တွေ လို့ ပြော တဲ့ သူ တွေ ပု ဆိုး တွေ လုံ ခြည် တွေ ဝတ် ထား သေး လား လို့ အောက် ကို ငုံ့ ကြည့် သင့် တယ် ။ သင် ချင် လည်း သင် ပေါ့ ။ လိင် တူ ဆက် ဆံ တာ တွေ ၊ ပြည့် တန် ဆာ လို အ ခ ကြေး ငွေ ယူ ပြီး လိင် ဆက် ဆံ တာ တွေ ကို တော့ မ ကြိုက် ပါ ဘူး ။ ကိုယ် ကြိုက် ရင် ကိုယ် လုပ် ပေါ့ က လေး တွေ ကို တော့ သင် မ ပေး စေ ချင် ဘူး ။


ဒါ က မိ ဘ အ စစ် ဖြစ် တဲ့ ကိုယ် တွေ စိတ် ထဲ ဖြစ် တာ ကို ရေး ပြ တာ ။ မြန် မာ တစ် နိုင် ငံ လုံး ရဲ့ ထုံး တမ်း အ စဉ် အ လာ တွေ ၊ အ တွေး အ ခေါ် အ ယူ အ ဆ တွေ ကို ပြောင်း လဲ ပစ် လိုက် မယ့် ကိ စ္စ ကို လူ ဘယ် နှစ် ယောက် ဆုံး ဖြတ် ပြီး အ တည် ပြု လိုက် တာ လဲ ။

အား လုံး က တော့ ကံ ပါ ပဲ ။
သန် ရာ သန် ရာ ပေါ့ ။



မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၁ ၊ ၅ ၊ ၂၀၂၀

မိုး တင့် ဆွေ
၂၃ ၊ ၅ ၊ ၂၀၂၀
စ နေ ။



No comments:

Post a Comment