02 August 2020

လိင်စိတ်ကို အားပေးတဲ့ အစားအစာ (၂၃) မျိုး




လူ ဖြစ်လာရင် sex ကိစ္စနဲ့ ဘယ်သူမှ မကင်းပါဘူး။ အိမ်ထောင်ရေး တည်မြဲဖို့ဆိုရင်ငွေတွေ ရှာနိုင်ရုံနဲ့မရ ပါဘူး။ လိင်စွမ်းဆောင်ရည်မြင့်မားဖို့လည်း လိုပါတယ်။ ဒါကြောင့် လိင်စိတ်ကို အားပေးတဲ့ အစားအစာ (၂၃) မျိုး ကို လေ့လာကြည့်ပါ ။


၁။ တရုတ်နံနံပင် ထဲတွင် ပါရှိသော androsterone ဓာတ်က ကျားဟိုမုန်း ထွက်ရှိမှုကို လွန်စွာ အားပေးတဲ့ အတွက် အမျိုးသားများ ညအိပ်ယာမဝင်ခင် တရုပ်နံနံပင်ကိုအစိမ်းလိုက်ဝါးစားပေးသင့်ပါတယ်။




၂။ ဂုံးကောင် / ကမာကောင်ထဲရှိ သဘာဝ ဇင့်ဓာတ်နှင့် dopamine ဟိုမုန်းတို့က လိင်စိတ်ကို သုံးဆမျှ တိုးပွား လာစေကာ၊ အမျိုးသားများ သုက်ရည် ထုတ်ပေးသောဆဲလ်များကိုအထောက်အပံ့ ပေးသဖြင့် သား သမီး ယူရန် အစီအစဉ်ရှိသော ဖခင်လောင်းများ ဂုံးကောင်/ကမာကောင်ကို မဖြစ်မနေ စားပေးသင့် ပါ တယ်။ (အကယ်၍ ကနုကမာကောင် မကြိုက်သူများအနေဖြင့် ၎င်းနှင့် အစွမ်းသတ္တိ တူသောသော ရွှေဖရုံစေ့လှော် ကို စား ပေး နိုင်ပါတယ်။)




၃။ ငှက်ပျောသီးထဲတွင် ပါရှိသော bromelain အင်ဇိုင်း နှင့် ဗီတာမင်များက ကျား ခွန်အားကို ပြည့်ဝစေလို့ နေ့တိုင်း ဌက်ပျောသီး စားပေးပါ။




၎ ။ ရှေးမက္ကဆီကို တိုင်းရင်းသားများက ထောပတ်သီး ကို " testicle tree (ဝါ) သုက်ရည်ထွက် စေတဲ့  အပင် ဟုမှည့်ခေါ်ကာ ဖို-မ ခွန်အားတိုးဆေး အဖြစ် စားသုံးလာခဲ့ကြပါတယ်။




၅ ။ ဗာဒံစေ့ထဲမှာ ပါတဲ့ ဖက်ဆီးအက်ဆစ် များဟာ ကျား ဟိုမုန်း ထုတ်ပေးနိုင်စွမ်းရှိလို့၊ ဗာဒံစေ့ အစိမ်းကို အစိမ်းလိုက် (အချိ/အငံမ ရောဘဲ) ဝါးစားပါ။


၆ ။ သဖန်းသီး၊ သရက်သီး၊ မက်မုံသီး နှင့် စတော်ဘယ်ရီသီးများက ဖို-မ စွမ်းအားတိုးမြှင့်ပေးလို့ ၎င်း သစ်သီး ၄-မျိုးကိုရောစား၍သော်လည်းကောင်း၊ တစ်မျိုးချင်း သီးသန့်စား ၍သော်လည်းကောင်း အဆင်ပြေ သလိုစားပေးနိုင်ပါတယ်။




၇ ။ ကြက်ဥထဲမှာ ပါတဲ့ ဗီတာမင် B5 နှင့် B6 တို့က စိတ်ဖိစီးမှုပြေပျောက်စေပြီး၊ ဟိုမုန်း ပမာဏကို တိုးပွား လာစေပါတယ်။ ကြက်ဥကို အစိမ်းသောက်ခြင်းက ကျား-မ သဘာဝ စွမ်းရည် ကိုပိုမိုတိုးပွားလာစေပါ တယ်။ ငါးဥများ ကလည်း ကြက်ဥလို အစွမ်းသတ္တိ ပါရှိကြပါတယ်။




၈။ ကြက်သွန်ဖြူ ထဲရှိ allicin ဓာတ်က ကျား-မ လိင်အင်္ဂါထဲရှိ သွေးများကို လျှင်မြန်စွာ စီးဆင်း လည်ပတ် စေလို့ ရာဂစိတ်ကြွစေပါတယ်။




၉။ အနက်ရောင် ချောကလက်ထဲမှာ ပါတဲ့ phenylethylamine ဓာတ်ပေါင်းစုက ချစ်စိတ်ကို တိုးပွားစေလို့၊ ချစ်တင်းနှော အားဖြည့်ဆေး အဖြစ်မှီဝဲစားသုံးသင့်ပါတယ်။




၁၀။ မြန်မာ့တိုင်းရင်း ဆေးကျမ်းများမှာ မြင်းခွာရွက် ကို ၆လ တိတိ စားပေးပါက၊ ခွန်အားဗလကြီး၍ လူပျို လိုဖြစ်စေကြောင်း ညွှန်းဆိုထားပါတယ်။ အိန္ဒိယနိုင်ငံ Aruna ဘုရင်မင်းမြတ် ဟာ နေ့စဉ်မြင်းခွာရွက် စား လို့ သက်လုံကောင်းပြီး မိဘုရား မောင်းမမိသံအယောက်၅၀အတွက် လိင်ကိစ္စကို စွမ်းဆောင်နိုင်ကြောင်း အိန္ဒိယရာဇဝင် သမိုင်းတွင် ဖော်ပြထားပါတယ်။


မြင်းခွာရွက်ဟာ လိင်စိတ်ကြွစေသော အစွမ်းရှိလို့၊ ၁၉၆၆ ခုနှစ် ထိုင်းနိုင်ငံ ဆေးအဘိဓာန်မှာ လိင်စိတ်ကို အားပေးတဲ့ သဘာဝ ဆေး (ဝါ) Youth Vitamin X ဟု မှတ်တမ်း တင်ထားပါတယ်။




၁၁။ ကီဝီသီး ကလည်း ချစ်တင်းနှောစေတဲ့ အားဖြည့်ဆေးပါဘဲ။




၁၂။ ဖောလစ်အက်ဆစ် ကြွယ်ဝသော ဟင်းနုနယ်ကို စားပေးခြင်းဖြင့် လိင်စိတ်ဆန္ဒကို တိုးမြင့်ပေးကာ မျိုးအောင်စေပါတယ်။




၁၃။ ဟင်နရီ-၇ ဘုရင်နှင့် ရှေးအာရှ ဘုရင်မင်းမြတ်များ လက်ထက် ကတည်းကပင် မောင်းမမိဿံစွမ်း ဆောင်းရည် အားကောင်း ဆေးအဖြစ် ဂျင်းပြုတ်ရည်ကို မှီဝဲလာခဲ့ကြပါတယ်။ ထို့ပြင် ၂၁ ရာစု ဆေး သုတေသီ များကလည်း ဂျင်း ဟာ ကာမစိတ်ဆန္ဒကို လှုံ့ဆော်ပေးတဲ့ အိမ်တွင်းသမားတော်လို့ ဆိုကြပါ တယ်။




၁၄။ ဖာလာစေ့ထဲတွင်အမြောက်အများပါရှိသော Cineole ဓာတ်က ရာဂစိတ်ကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ အိန္ဒိယနိုင်ငံမှာ ကာမရာဂဆေး အဖြစ် ဖာလာစေ့ ရေနွေးကြမ်းလ္ဘက်ရည်ကို သောက်သုံး လေ့ရှိကြပါတယ်။


၁၅။ အီတလီနိုင်ငံမှာ ရှေးပဝေသဏီကတည်းက စ၍ ပင်စိမ်းပင်များကို ဟိုမုန်း အားတိုးဆေးအဖြစ် အသုံး ပြု လာခဲ့ကြပါတယ်။



၁၆။ ရွှေဖရုံစေ့ထဲမှာ ဇင့်ဓာတ်မြင့်မားစွာ ပါရှိသည့်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်တို့ အလုံအလောက်ပါရှိ လို့ ကပ္ပါယ်အိတ်တွင် ဖြစ်ပေါ်သည့် အဖိုလိင်ဟော်မုန်း ထုတ်လုပ်မှုကို အားပေးခြင်းကြောင့် အမျိုးသားများ ညအိပ်ယာ ဝင်ခါနီး တိုင်း ရွှေဖရုံစေ့လှော် စားပေးသင့်ပါတယ်။




၁၇။ နောက်ဆုံးပေါ် လေ့လာစမ်းသပ်မှုများအရ၊ စပျစ်ဝိုင် တစ်ခွက်ပုံမှန် မှီဝဲလေ့ရှိ သော အမျိုးသမီးများ ဟာ လိင်စိတ်ဆန္ဒ တက်ကြွလေ့ရှိပြီး၊ အလုံးစုံပြီးမြောက်အောင်မြင်ပါတယ်တဲ့။




၁၈။ ဖရဲသီးမှာ ပါတဲ့ citrulline (ခေါ်) အမိုင်နိုအက်ဆစ် ဟာ သွေးလွှတ်ကြောများကို ပြေလျော့ကာ၊သွေးလည်ပတ် စီးဆင်းမှုကို တိုးပွားစေလို့ အမျိုးသားများ ကျား ခွန်အားကောင်းစေပါတယ်။




၁၉။ ပန်းဂေါ်ဖီစိမ်းမှာ ပါတဲ့ဗီတာမင် ဓာတ်ပေါင်းစုများဟာ မ-သဘာဝ ခွန်အား ဖြစ်စေ၍ အမျိုးသမီးများ ညစာ ဟင်းလျာအဖြစ် စားသုံးပေးသင့်ပါတယ်။




၂၀။ The University of Hawaii မှ လေ့လာစမ်းသပ်မှုများ အရ၊ ဂျင်စင်း မှီဝဲသူ အမျိုးသမီးများဟာ တစ်လအတွင်းမှာပင်လိင်စွမ်းဆောင်ရည် ၆၈ရာခိုင်နှုန်းမျှ တိုးတက်လာကြောင်း၊ သို့သော် ဓာတုပစ္စည်း/သကြား တို့ဖြင့် ဖန်တီးထားသော ဂျင်စင်း အတုကတော့ ကျမ္မာရေးကို အကျိုးယုတ်စေကြောင်း အကြံပြု ထားပါတယ်။




၂၁။ အဝါရောင် ကုံက္ကမံ(ဝတ်ဆံ) ဟာ အစာအိမ်ရောဂါများ အတွက် ဆေးဘက်ဝင်ရုံသာ မက လိင် စွမ်းဆောင်မှုကို အား ပေးလို့ ရေနွေးပူပူမှာ ၁၅-မိနစ်ခန့် စိမ်သောက်ပေးနိုင်ပါတယ်။




၂၂။ ဆလပ်ရွက် မှာ လိင်စိတ် ဟိုမုန်းကို နှိုးဆော်ပေးနိုင်သော အစွမ်းပါရှိလို့ ညစာစား တဲ့အခါ ဆလပ်ရွက် ၁-ဇလုံစာ ထဲ့စားပေးပါ။




၂၃။ ကညွတ်ပင်ရဲ့ ပုံသဏ္ဍာန်က အထီး လိင်အင်္ဂါနှင့် ခပ်ဆင်ဆင် တူ၍၊ ပြင်သစ် ဘာသာစကား အရ ကညွတ် ကို asperge (ဝါ) ကျား လိင်အင်္ဂါ ဟု ခေါ်ပါတယ်။ သဘာဝ ကျားခွန်အား ပြည့်စေလို့ အမျိုးသားများ အားတိုးဆေးအဖြစ်မှီဝဲသင့်ပါတယ်။ ဒါအ့ပြင်မီးဖွားပြီးစ အမျိုးသမီးများ ကညွတ်ပင် အမြစ်ပြုတ် စားခြင်း (သို့) ကညွတ်နှင့် နွားနို့တို့ရော၍ နို့ထမင်း ချက်စား ခြင့်ဖြင့် သွေးသန့်ကာ မခွန်အား အမြန် ပြည့်စေပါတယ်။



Leonard Min Maung
Credit . . .  Original Writer



No comments:

Post a Comment