အကျင့်စခန်းမှာ အဓိဋ္ဌာန်သမား အတော်များများ ၄၉ ရက် အဓိဋ္ဌာန်ဝင်လေ့ ရှိကြပါတယ်။
အဲ့ဒါဘာ့ကြောင့်ပါလဲဘုရား . . ?
"ဘုရား အရိယာတို့ မည်သည် . . .
ကျင့်ကတည်းက ကိုယ့် အတွက် မဟုတ်ဘူးဗျ။
သတ္တဝါ ဝေနေယျများအတွက်
ခုနှစ်ရက်သားသမီးများ အတွက်ဗျ။
ခုနှစ်ရက် သားသမီးများ အတွက်ဆိုတော့
ခွန် ခွန် နှစ်လီ
၄၉ မို့လားဗျ . . .
အဲဒါကြောင့် ၄၉ရက် အဓိဋ္ဌာန် ဝင်ပြီ ဆိုကတည်းက ခုနှစ်ရက် သားသမီးအတွက် အလုပ်လုပ်ရတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက စပြီး ၄၉ ဂဏန်းကို သုံးသွားတာပဲ . . .
ဘုရားအဖြစ် ရောက်တော်မူမည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့မနက်စောစော သုဇာတာ သူဌေးသမီးကပ်တဲ့ ဃနာနို့ဆွမ်းကို ဘုဉ်းပေးတာ ဘယ်နှစ်လုတ် လဲဗျ . . .
"၄၉ လုတ်ပါဘုရား . . ."
အဲ့ဒါ ခုနှစ်ရက် သားသမီးအကျိုး လောကအကျိုး ရည်ညွှန်း တာပဲဗျ . ဘုရားဖြစ်တော့ကောဗျာ . . .။
ဗောဓိပင်နဲ့ ရွှေပလ္လင်ကစပြီး သတ္တဌာန ခုနှစ်ဌာန သီတင်းသုံး သွားတယ် မဟုတ်လား တစ်ဌာန တစ်ဌာနစီမှာလည်း ဘယ်နှစ် ရက် သီတင်းသုံးသွားတာလဲဗျ . . .
"ခုနှစ်ရက်ပါ ဘုရား"
'ခုနှစ်ဌာန ခုနှစ်ရက်စီ ဆိုတော့ ခုနှစ်ရက်သားသမီး ကယ်ချွတ် ဖို့ ရည်ရွယ်တော်မူတာပဲ ဒါလည်း ခုနှစ်ဌာန ခုနှစ်ရက်စီဆိုတော့ ၄၉ ပဲမဟုတ်လား။
ဒါကြောင့် နှောင်းခေတ် အဓိဋ္ဌာန်သမား တွေဟာလည်း ဘုရား သာသနာမှာ ဘုရားလမ်းစဉ်လိုက်ပြီး ၄၉ ရက် အဓိဋ္ဌာန် ဝင်ကြ လေ့ ရှိတယ်။
ဘုရား အရိယာတို့မည်သည် . . .
ကျင့်ကတည်းက ကိုယ့်အတွက် မဟုတ်ဖူးဗျ ။
ကျေးဇူးတော်ရှင်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏
ပြန်လည်မျှဝေပါသည် ။
Crd ... အရှင် ရာဇာနန္ဒ
No comments:
Post a Comment