12 April 2021

တစ်ဆင့်မြင့် The Next Level

 



      🍄  တစ်ဆင့်မြင့်  The Next Level  ( ၁ )

Sophistication က ဆန်းသစ်တာ Invention ကအသစ်တည်ထွင်တာ သူများထက် သာလွန်တဲ့ လက်ရာ၊ နည်းပညာကို State of the art  ဒါမှမဟုတ် Cutting the edge စသဖြင့် တင်စားပြောလေ့ရှိတယ် ။

The next level က အသုံးရှင်းပြီး အရည်အချင်းတွေ အားလုံးပါသွားတယ်၊ ဆန်းသစ်တာရော တည်ထွင်တာရော၊ သူများထက် သာလွန်တာရော အားလုံးပါမှ တစ်ဆင့်မြင့်မှာဆိုတော့...  သူ့အသုံးက ပိုလွှမ်းခြုံမှုရှိတယ် ။

ပထမအသုံးတွေက တစ်ခုခြင်းစီနဲ့သာဆိုင်ပြီး Next level က ဘက်စုံသဘောတရားကို ကိုယ်စားပြုပါတယ် ။

ဥပမာ.... မဟော်သဓါ ကို Next level နဲ့ တင်စားနိုင်တာမျိုး၊ အနော်ရထာကို တင်စား နိုင်တာမျိုး၊ တစ်ဦးတယောက်ဟာ အခြားသူတွေထက် သိသိသာသာသာ ထူးချွန်နေတာမျိုးဆိုရင် သူ့ကို Next level လို့ဆိုလေ့ရှိကြတယ် ။


🍄  စင်္ကာပူရဲ့ တစ်ဆင့်မြင့်စီးပွားရေး ? ...  The next level economy of Singapore ?

သိတဲ့အတိုင်းပဲ နိနိုင်ငံတစ်ခု တိုးတက်ဖို့ အကြောင်းချင်းရာ အများကြီးလိုအပ်တယ်၊ အဓိကကျတဲ့ ခေါင်းဆောင်တွေတော်ရလိမ့်မယ် ။ ပထဝီ၊ နိုင်ငံအခြေအနေ၊ အကျယ်အဝန်း၊ လူဦးရေ စတဲ့ပံ့ပိုးမှုတွေကလဲ လိုအပ်တယ်၊

အခြေအနေတွေကောင်းပြီး ခေါင်းဆောင်ညံ့ရင် မတိုးတက်နိုင်သလို၊ ခေါင်းဆောင်ကောင်းရင် တိုးတက်နိုင်ပေမဲ့ အခြေအနေက အကန့်အသတ် ပြန်ဖြစ်စေတာကို သဘောပေါက်ထားကြသင့်တယ် ။ ခေါင်းဆောင်ကလဲ ညံ့ အခြေအနေကလဲ မပေးရင်တော့ အဲ့ဒီနိုင်ငံ အတွက်အတော်ရင်လေးစရာပါပဲ၊

စင်္ကာပူဟာ Next level economy အတွက် အများကြီး စဉ်းစားလာရသလို တရုတ် ဟာလဲ next level political economy အတွက် Combination model တွေ (၁၁) မျိုးလောက် ထုတ်ပြီး၊ ခေါင်းပူနေရတယ် ။

စင်္ကာပူက သေးလွန်းပြီး လူဦးရေနည်းလွန်းတော့ လေတိုက် သိပ်မခံဘူးနောက်ထပ် နှစ် (၂၀) လွန်ကာလအတွက်ခေါင်းဆောင်ပိုင်းမှာ အတော်လေး  ခေါင်းစားနေရပြီ ။ တရုတ်ကိုကြည့်ရင်လည်း Normal economy နဲ့ လက်ရှိ Structure ဟာ Matching သိပ်မဖြစ်လှပေမဲ့၊ ထိမ်းသိမ်းလို့ ရနေသေးတယ်၊ ဒါပေမဲ့ နောက်ထပ် နှစ် (၃၀) လွန် ကာလအတွက် Structure နဲ့ Economic system ကိုပြန်ပြီး Tune up ပြန်ညှိဖို့လိုမယ် ။ ဥပမာအဖြစ်လောက်ပေးတာပါ၊

နိုင်ငံတိုင်း ( Great power , Super power,  Hyper power ) States တွေအတွက် Next level ဟာမရှိမဖြစ် စဉ်းစားရမဲ့ အရာဖြစ်လာခဲ့ပြီ ။


🍄   နည်းပညာ၊ စစ်ရေး၊ အခြာ   Technology, Military, others.

AI ဆိုတဲ့ လူလုပ်အသိဉာဏ်တု ထွက်လာတယ်  ။ Next level တစ်ခုကို ရောက်သွားတယ်လို့ပြောလို့ရတယ်၊ ဒါဖြင့် What would be another Next level ? သူများကို မကျရှုံးချင်တဲ့ နိုင်ငံတွေကတော့ ဆက်ကြိုးစားကြရဦးမှာပဲ ။ 

ဒီနေရာမှာ ဘာသွားသတိထားမိလိုက်သလဲဆိုရင် AI- Artificial intelligence ကို အမေရိကန် က စခဲ့ပေမဲ့ အရေးပါပုံကို တရုတ်ခေါင်းဆောင်တွေက ပိုသတိထားမိ၊ R&D ပိုသုံးခဲ့လိုက်တဲ့အတွက် တရုတ်ဖက်က သာသွားတာတွေ့ရတယ် ။

AI ဟာ နည်းပညာတော်လှန်ရေးတစ်ရပ်ဖြစ်လာတယ် ။ ကျွန်တော်တို့ကို Fb က AI နဲ့ထိမ်းချုပ်ထားတယ်၊ စစ်ရေးဖက်မှာရော ? Missile , Cruise missile, Ballistic missile ခေတ် အပြိုင်အဆိုင်ဆိုပေမဲ့၊  EMP- Electromagnetic pulses technology က အဆုံးအဖြတ်ပေးမှာလား ?  လေဆာနည်းပညာက အကဲသာမှာလား ?

What is next level technology ?


🍄   ခရစ်ပ်တို ကာရင်စီ  Cryptocurrency.

Cryptocurrency တွေပေါ်လာတယ် ။ အစပိုင်းမှာဝေဖန်မှုတွေရှိခဲ့ပေမဲ့ နောက်ပိုင်း တက်သွားတဲ့တန်ဘိုးက ကြောက်ခမန်းလိလိပဲ ။ 

ခရစ်ပ်တိုငွေကြေးဟာ အဆီးအတားမရှိ စီးဆင်းတယ်၊ အထိမ်းအကွပ်ရှိတယ် ဆိုပေမဲ့ သုံးနေကျငွေကြေးပုံစံမျိုးလိုတော့မဟုတ်ပြန်ဘူး ။

မြေပေါ် မြေအောက်ငွေကြေးတွေ အတွက် အလွယ်တစ်ကူ စီးဆင်းရာ လမ်းကြောင်းကြီးတစ်ခုဆိုရင် မမှားဘူး၊ Bitcoin တန်ဘိုးတွေ တရားလွန်တက်တော့ မာဖီးယားတွေငွေကြေးခဝါချရာနေရာဖြစ်နေပြီဆိုတဲ့မှတ်ချက်ထွက်လာတယ် ။

Bitcoin တန်ဘိုး ရုတ်ကနဲ ဆင်းသွားတယ် ။  ဒါပေမဲ့ Elon Musk အပါအဝင် ကမ္ဘာ့ အထင်ကရ သူကြွယ်ကြီးတွေ ရင်းနှီးမြှုပ်နှံလိုက်တော့ အခုဆိုရင် တန်ဘိုးက မိုးအထိ ပြန်မြင့်သွားပြန်ပြီ ။ 

အားနည်းချက်၊ အားသာချက်ကိုချရေးရင်တော်တော်များလိမ့်မယ်၊ ဒေါ်စုရဲ့ နိုင်ငံခြားအရံငွေ $ 1 billion ဟာ အမေရိကန်ရဲ့ ထိမ်းချုပ်မှုအောက်ရောက်သွားတယ်၊ Crypto မှာဆို ပြန်ထုတ်လို့ရတယ် ။ ထားပါတော့... ဥပမာလေးတစ်ခုသာပါ ။

လက်ရှိသုံးစွဲနေတဲ့ ငွေကြေးစနစ်၊ ဘဏ်စနစ်ဟာရှေးပဝေသဏီကထဲက ဆိုတော့ ကြာလှပြီ ။ ကြားမှာ Hedge fund တွေပေါ်လာတယ် ။  သူ့ခေတ် သူ့အခါဆိုရင် next level လို့ပြောရင်ရတယ် ။ ဒီနေ့ခေတ်ဆိုရင်.... next level ဟာ ဘာဖြစ်လာမလဲ ?


🍄  ခေါင်းဆောင်တွေ ကဏ္ဏ .....    The role of leaders.

လူအဓိက ကမ္ဘာကြီးမှာခေါင်းဆောင်အရာက ပို အဓိကကျတယ် ဆိုတာ  ငြင်းလို့ရတဲ့ အရာမဟုတ်ဘူး ။

The most research in every year but least known. နှစ်တိုင်းမှာ ခေါင်းဆောင်တွေနဲ့ပါတ်သက်တဲ့ သုတေသန စာတန်းအများဆုံးရေးကြ၊ ထွက်ကြပေမဲ့ အခုအထိ အသိအနည်းဆုံးဖြစ်နေသေးဆဲ ။

နိုင်ငံတိုးတက်ဖို့ခေါင်းဆောင်တွေ ကဏ္ဏက အရေးအကြီးဆုံး၊ leadership model တွေအများကြီးရေးရင် မကုန်ဘူး ။ မျက်နှာစာစုံမှာ ဦးဆောင်နိုင်မဲ့  စွယ်စုံရ next level leader ရတဲ့နိုင်ငံကတော့ရွှေလောက်မဟုတ်ပဲ ' ပတ္တမြားထွက်' နိုင်ငံလို့ တင်စားရလိမ့်မယ် ။ ( ဒီအပိုင်းမှာ ရေးစရာတော်တော်များတယ် အနည်းဆုံးစင်္ကာပူရဲ့ ခေါင်းဆောင်မွေးမြူ လေ့ကျင့်ခြင်းလောက်တော့ လေ့လာသင့်ကြတယ် )

ကုပ္ပဏီတွေမှာ ရေရှည် ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းမသွားဖို့ ဘာတွေစဉ်းစားကြသလဲ ?

ဘာတွေပြင်ဆင်ထားကြသလဲ ?

ဘယ်လိုလူမျိုးကိုမွေးမြူကြသလဲ ? ( လူတိုင်းမွေးမရပြန်တာလဲ သတိချပ်သင့် )

Next level leader ရရင်နိုင်ငံတစ်ခုဟာ ရုတ်ချည်း တိုးတက်သွားနိုင်ခွင့် ရှိသလို၊ ခေါင်းဆောင်ညံ့ရင်လဲ ခဏတွင်း ကျွန်ဖြစ်သွားနိုင်တယ် ။


🍄  မြန်မာတွေအတွက်ရော ?

အလားအလာရှိပြီး မတိုးတက်တာ အတော်ရင်နာဖို့ကောင်းတယ် ။ မြန်မာကလဲ ကံခေတယ်လေ၊စနစ်ကြောင့် မတိုးတက်တာ (၂၆) နှစ် စနစ်ဖွင့်လိုက်တော့လဲ ဖိအားတွေကြောင့် သိသိသာသာမတိုးတက်တာ (၂၃) နှစ် ဦးသိန်းစိန် လက်ထက် လုပ်ခဲ့တဲ့ တိုးတက်မှုလေးတွေနောက် (၅) နှစ်မှာ တိုင်းပြည်ပျက်မလောက်ပြန်ဖြစ်သွားတယ်၊

တစ်ခုလေးပဲထောက်ပြချင်တယ် ။ ဦးသိန်းစိန်လက်ထက် သမ္မတရံပုံငွေက ပညာသင်စရိတ်ကို ဦးဝင်းမြင့်လက်ထက်မှာ ရပ်ပစ်လိုက်တာ..... တိုင်းပြည်တိုးတက်မှာစိုးလို့လားလို  မေးစရာဖြစ်လာတယ် ။ အဲဒါမျိုးတွေကြောင့် (2016-2021) ငါးနှစ်ဟာ နိုင်ငံ back gear ပြန်ထိုးတဲ့ အပြင်လေ့လာထားသူတွေ စိုးရိမ်စိတ်နဲ့ အိပ်မပျော်တဲ့ ကာလလို့ ပြောရင်မမှားဘူး ။ 

ပြီးတာတွေပြီးပါစေတော့ လာအိုလို ကုန်းတွင်းပိတ်က မြန်မာကို per capita မှာကျော်သွားပြီ အာဆီယံထဲမှာ ပြီးခဲ့တဲ့ (၅) နှစ်အတွင်း မြန်မာ ဘိတ်ချေး ဖြစ်သွားတယ် ။

ဆိုတော့.... လက်တွေ့မကျတဲ့ အရေမရအဖတ်မရတာတွေနဲ့ အမေရိကန်ကိုမကျော်နဲ့ စင်္ကာပူကိုမကျော်နဲ့ ဗီယက်နမ်ကို အထင်မသေးနဲ့ အာဆီယံမှာ အလယ်ဆင့်ကို (၁၀) စုနှစ်အတွင်း အရင်ရောက်အောင် လုပ်ဖို့လိုမယ် ?

နောက်ထပ် ဆယ်စုနှစ် တတိယ ဆယ်စုနှစ်လောက် ဆက်တိုက် ကြိုးစားနိုင်ရင်... မြန်မာတွေ လက်မလေး မရဲတရဲထောင်နိုင်မဲ့ အဆင့်ဖြစ်လာမယ် ။

အဲ့ဒီအတွက်ကြောင့် next level leader လိုလာပြီ။ Deep state လိုက အာဏာကို ကိုင်ထား Next level (တွေ) ကို လုပ်ပိုင်ခွင့်ပေးပြီး ခိုင်းစား အစိုးရအဖွဲ့တစ်ခုမှာ next level (4-5) ယောက်လောက် ပါရင် သေခြာပေါက်တိုးတက်နိုင်တယ်လို့  ခန့်မှန်းနိုင်တယ် ။

နိုင်ငံအဆင့်မှာ ဒီလောက်အရေအတွက် ရှာဖို့မခက်လှဘူး ထင်ပါတယ်။ ဒါဆိုရင် Myanmar Vision 2050 နဲ့ အမွေကောင်း ချန်ထားပေးခဲ့ရာ ရောက်လိမ့်မယ်။


Crd ,,,  နေဇင်လတ် ( 6.4.21 ) 🍄

 

     🍄  တစ်ဆင့်မြင့်  The Next Level    ( ၂ )

                        

လုပ်နည်းကိုင်နည်း    တွေးပုံတွေးနည်း   စဉ်းစားပုံ စဉ်းစားနည်းတွေနဲ့ ပါတ်သက်ပြီး အဆင့်တွေ ခွဲထားတတ်တယ် ။ ဘယ်လို လူမျိုးများများရှိတယ် ဆိုတဲ့အပေါ် မူတည်ပြီး၊ အဲ့ဒီအဖွဲ့အစည်းရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုတွေဖြစ်လာတယ်လို့လေ့လာမှုတွေက အဖြေပေးထားတယ် ။ ယုတ္တိဗေဒနည်းနဲ့လည်း လွယ်လွယ်ကူကူ လက်ခံနိုင်ပါတယ်၊


🍄  ဒီလို အဆင့်တွေ .....  

✅  အဂ္ဂဗျူဟာ           Grand Strategist 

⬆️  မဟာဗျူဟာ.        Strategist

⬆️  နည်းဗျူဟာ.         Tactician 

⬆️  သမရိုးကျ (အစဉ်အလာ ).  Traditionalist.

အောက်ခြေ (၂) ခုဖြစ်တဲ့ သမရိုးကျနဲ့  နည်းဗျူးဟာ သမားတွေမှာ next level ကို သီးသီးခြားခြား အရေးတစ်ယူ ပြောလေ့မရှိကြပါ ။

ဥပမာ... Bachelor ပြီးရင် Master ၊ နောက်တစ်ဆင့် PhD တက်ရမဲ့ သူတွေလို့ပဲ သဘောထားတယ် ။ မဟာဗျူဟာ အဆင့်မှာ Next level ကိုစခွဲတယ်၊ အဂ္ဂဗျူဟာ အဆင့်က ရှားပါး ပစ္စည်းဖြစ်သွားလို့ပါ ။ 

ပြောရရင်.... next level ဆိုရင်... မဟာဗျူဟာအဆင့် ကျွမ်းကျင်ပြီးသူတွေလို့ သတ်မှတ်လို့ရပြန်တယ်၊ အဂ္ဂဗျူဟာ အဆင့်ကို မျက်စောင်းထိုးသူလို့လဲ ပြောရင်ရလိမ့်မယ်။

နည်းဗျူဟာ ပိုင်းမှာ

#Stage (1)(2)(3) စသဖြင့် အဆင့်တွေကိုခွဲတတ်ပြီး မဟာဗျူဟာကိုတော့ #Level (1)(2)(3) စသဖြင့် ခွဲလေ့ရှိတယ် ။ Next level လို့သတ်မှတ်ခံရသူတွေဟာ level (2-3) ကြား၊ သို့မဟုတ် level (3) ကို ပြည့်ပြည့်ဝဝ ရောက်ရှိအသုံးချနှိုင်သူတွေဖြစ်လေ့ရှိတယ်၊ Level (1) ကတော့ သူလိုကိုယ်လို မဟာဗျူဟာ ကျွမ်းကျင်သူအဆင့်မျိုးဖြစ်ပြီး Strategist လို့ပဲသတ်မှတ်တယ် ။

level (1-2) ကြားကတော့ ဗျူဟာ သာလွန်သူ အဖြစ်လို့သတ်မှတ်တယ် ။ 

အဓိက အရည်အချင်း #တစ်ချို့ ကတော့ ..... 

  *  အဝေး အနာဂါတ်အမြင်   

  *  ခြုံငုံတွက်ဆနိုင်မှု

  *  ချိတ်ဆက်စဉ်းစားနိုင်မှု

  *  ဘေးထွက်ဆိုးကျိုးနဲ့ ရလဒ်ကို ချိန်ဆတွက်နိုင်မှု


ဒါကြောင့် Next level သမားတွေဟာ တစ်ခုခုလောက်မှာသာ ကျွမ်းကျင်သူများ မဟုတ်ကြပဲ၊ အရေးကြီးတဲ့ မျက်နှာစာတွေမှာပါ ကျွမ်းကျင်ကြတာကိုတွေ့ရလိမ့်မယ်၊

အနည်းဆုံး....

  * စီးပွားရေး၊

  * နိုင်ငံရေး၊

  * နိုင်ငံတကာရေး၊ 

  * ဒေသတွင်း

  * နိုင်ငံတကာဗျူဟာ

  *  စီမံခန့်ခွဲရေး

  *  အခြားသူများရဲ့ မဟာဗျူဟာ ထုတ်ဖေါ်မှုအပိုင်း  တွေမှာ ကျွမ်းကျင်ဖို့လိုပါ့မယ် ။


🍄   ဘယ်သူက Next level လဲ ?

အနီးစပ်ဆုံး စင်္ကာပူ လီကွမ်ယူနဲ့ မလေးရှား မဟာသီယာ နှိုင်းယှဉ်မှုဟာ စိတ်ဝင်စားစရာပါ၊ (၂) ယောက်လုံး

ကာလရှည် နိုင်ငံကို အုပ်ချုပ်သွားခဲ့ကြပြီး   ဒေသခေါင်းဆောင်တွေအဖြစ် ကြိုးစားခဲ့ကြတဲ့ခေါင်းဆောင်တွေဖြစ်ကြတယ် ။ 

လီကွမ်ယူ ကိုတော့ အမှတ်ပိုပေးကြပြီး Next level အဖြစ်သတ်မှတ်တယ် ။  မဟာသီယာ ကိုတော့ နိုင်ငံရေး ဂုရုအဖြစ် သတ်မှတ်တယ်၊ ( Next level အရည်အချင်းက တစ်ခုကောင်းမဟုတ်ပါ )

ထင်ရှားတဲ့ (၂) ချက်ကိုထောက်ပြရရင်....

 - လီကွမ်ယူ အလွန် အာဏာလွှဲပြောင်းခြင်းနဲ့ Graceful exit.

 - ဘာသာခြား အင်အား ထိမ်းချုပ်နိုင်မှု


နိုင်ငံတိုင်း ကိုယ့်အမျိုးသား အကျိုးစီးပွားအပေါ်အခြေခံကြတာကို သတိထားကြရပါမယ် ။ လီကွမ်ယူ က တရုတ်ဖြစ်ပြီး စင်္ကာပူမှာ အစ္စလာမ် အင်အားမကောင်းရေး ( လူဦးရေ + စီးပွားအင်အား ) ကို သူ့တခေတ်လုံးကောင်းကောင်း ထိမ်းချုပ်နိုင်ခဲ့တယ်၊

မဟာသီယာ က အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး တရုတ် မလွမ်းမိုး ထိမ်းချုပ်မှုမှာ-

 - တရုတ် လူဦးရေကို ထိမ်းနိုင်ခဲ့ပေမဲ့

 - တရုတ် စီးပွားရေး လွှမ်းမိုးမှုကို မထိန်းချုပ်နိုင်ခဲ့  ( မလေးရှားရဲ့ စီးပွားရေးကို တရုတ်တွေ ထိမ်းချုပ်ထားပါတယ် )

လီကွမ်ယူ နဲ့ မဟာသီယာ အလွန်ကာလတွေကို   လေ့လာရင်.... အကွာအခြားကိုတွေ့ရလိမ့်ဦးမယ် ။ 

    (  နိုငံရေးမှာ ဘာကြောင့် နံပါတ် (၁)  ဖြစ်ချင်ကြသလဲ မသိပါ၊ နံပါတ် (၁) ဆိုတာ  အလွန်တာဝန်ကြီးပြီး အတော် အန္တရာယ်များတဲ့ လူဖြစ်ပါတယ်၊ အခန့်မသင့်ရင် မိသားစုပါ  ဒုက္ခ အကြီးအကျယ်ရောက်နိုင်တယ် )

လီကွမ်ယူ က သူ့ဆက်ခံသူကို လွဲပြောင်းပေးပြီးသေတဲ့အထိ အေးအေးချမ်းချမ်း၊ စိုးရိမ်စိတ် ကင်းမဲ့စွာ နေထိုင်သွားနိုင်ခဲ့ပေမဲ့၊ မဟာသီယာကျတော့.... သူ့ဆက်ခံသူရဲ့ ဒုက္ခပေးတာကိုပြန်ခံလိုက်ရတယ် ။ 

နိုင်ငံရေးထဲ တကြော့ပြန်ဝင်ပြီး အသက် (၉၃) နှစ်မှာ ဝန်ကြီးချုပ်ပြန်ဖြစ်တယ် ။ အခုအချိန်မှာ အခြားသူက ဝန်ကြီးချုပ်ဖြစ်နေပြီး၊ အတိုက်အခံဖြစ်တဲ့ အန္နဝါ အီဗရာဟင် တို့အုပ်စု အနိုင်ရရင်... သူ့ဘဝ နိဂုံးကောင်းနိုင်ဖွယ်မမြင်ပါ။

အဲ့ဒီတော့  ခြုံပြောရရင် လီကွမ်ယူက Next level ဖြစ်တယ် ။ ဆိုတာတွေ့ရလိမ့်မယ်၊ မြန်မာ့သမိုင်းမှာ ဦးနု၊ ဦးနေဝင်း၊ ဦးစောမောင်၊ ဦးသန်းရွှေ ၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးမင်းအောင်လှိုင် တို့အကြားမှာ political holistic view ကကြည့်ပြီး၊ Graceful exit လုပ်သွားနိုင်တာ ဦးသန်းရွှေ ကိုတွေ့ရတယ် ။ ဦးမင်းအောင်လှိုင်ကတော့ အကူးအပြောင်း ကာလ ဘာမှ မရှိသေးတော့ ခန့်မှန်းလို့ စောသေးတယ် ။

ဒါပေမဲ့.... အပြောင်းအလဲ တစ်ရပ်ကို ဦးဆောင်နိုင်ခဲ့တာကိုမေ့ထားလို့မရဘူး၊ နစက နဲ့ ဝန်ကြီးအဖွဲ့မှာ လူတော်တွေရွေးသွားတာ သူ့အရည်အချင်းပဲ။

အညံ့ဆုံးအရည်အချင်းကတော့.... Charismatic ဖြစ်သလောက် စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှု အရည်အချင်းပိုင်းအောက်ဆုံး အထိရောက်သွားတဲ့ ဒေါ်စုလို့သတ်မှတ်နိုင်တယ် ။ 


🍄   တစ်ဆင့်မြင့် ဘဏ္ဏာ ငွေကြေး       Next level Finance

        ပစ္စည်းဖလှယ် ဘဏ္ဏာစနစ်ဖြင့် စခဲ့ကြသည် ။  ထို့နောက် ဒင်္ဂါးစနစ်၊ ထို့နောက် ငွေစက္ကူစနစ် စာချုပ် ( Bond, securities , stocks ) စနစ်များအထိ တစ်ဆင့်ချင်း တိုးတက်လာသည် ။ 

ဘဏ်စနစ်ဖွင့်ဖြိုးလာပြီး၊ စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသည် ။ နောက်ပိုင်း ခရစ်ပ်တို ကာရင်စီအပေါ် စိတ်ဝင်စားမှု များလာသည်၊ Finance ဟူသော အသုံးအနှုံးနေရာကို Binance ဟူသော အသုံးကအစားထိုးဝင်ရောက်ရန်ခြိမ်းခြောက်လာခဲ့သည် ။

Cryptocurrency စနစ်ကို မဖေါ်ပြတောပါ ။ စိတ်ဝင်စားမှုများပြီး ဘီလီယံနာများကိုယ်တိုင် ရင်းနှီးမြှုပ်နှမှုများ ရှိလာသဖြင့် သာမန်လူတို့ ပို၍စိတ်ဝင်းစားရတော့သည် ။ Bank card များပေါ်လာရာငွေကိုနေရာတစ်ကာ ယူသွားရန်မလိုတော့ချေ ။ 

ယခု Wallet ဟူ၍ စနစ်ပေါ်လာပြန်ရာ Card ပင်ယူသွားရန် မလိုတော့၊ အချင်းချင်းငွေကို wallet to wallet လွှဲပေးရန် မိနစ်ပိုင်းသာ လိုတော့သည့် အခြေအနေဖြစ်လာသည် ။ 

သာမန် ဘဏ်စနစ်တွင် အထိမ်းအကျောင်းအပြင်၊ ထိမ်းချုပ်မှုစနစ် ထားရှိထားပြီး Binance တွင် ထိမ်းချုပ်မှုစနစ် များစွာ အားမကောင်းခြင်းက Transaction များကို အလွန်လျင်မြန်စွာ ဆောင်ရွက်နိုင်သည် ။ 

Bitcoin ကို $ 31,000 ဈေးတွင် ဝယ်သည့်အပိုင်းကမြတ်နေပြီး၊ $ 57,000 နှင့် ဝယ်သည့်အပိုင်းက အရှုံးပြသည် ( ယနေ့ဈေး - $ 54,244 )ပြည်ပရောက် မြေးမကို လက်တွေ့သင်ပေးရင်း အတွေ့အကြုံ ယူခိုင်းခြင်းသာဖြစ်သည်။ ( မြန်မာတွင် စတော့ဈေးကွက် မဖွင့်ဖြိုးသေးသည့်အတွက် များစွာ နောက်ကျနေသည်ကို သတိပြုရန် )


🍄   Next level တွေရဲ့ပါရမီ        Talent of Next level.

      

Talent ကို ပါရမီမြောက် အရည်အသွေးလို့ သတ်မှတ်ပါတယ်၊ သင်တာခြင်းတူပေမဲ့ ရတာခြင်းမတူကြဘူး ။ အနုပညာကျောင်းဆင်းတွေ အများကြီးရှိကြပေမဲ့ မိုက်ကယ်အိန်ဂျယ် လိုမျိုးက တယောက်စ နှစ်ယောက်စပဲရှိသလို၊ ဘတ်စကက်ဘော သင်တန်းဆင်းကြပေမဲ့ မိုက်ကယ်ဂျော်ဒန် ကို ဘယ်သူမှမမှီသလိုမျိုး၊ ခေါင်းဆောင်မှုဟာအရေးအကြီးဆုံး ဆိုတာ အားလုံးလက်ခံထားကြတယ် ။ ခေါင်းဆောင်ကောင်းရင် တိုးတက်ပြီး၊ ခေါင်းဆောင်ညံ့ရင် ဆုတ်ယုတ်တယ် ။ 

ခေါင်ဆောင်မှုနဲ့ပတ်သက်ပြီး သဘောတရား ရှိပေမဲ့ Recipe မရှိပါဘူး၊ ဟင်းတစ်ပွဲမှာ ဆီ၊ ငြုပ်သီး ကြက်သွန် ထဲ့တာချင်း အတူတူ အရသာတွေကွာခြားသလိုပါပဲ ။ တွက်ချက်မှု အနီးစပ်ဆုံးဖြစ်အောင် ခေါင်းဆောင်တွေအနေနဲ့ ကဏ္ဏ တစ်ခုထဲမှာပဲ ကျွမ်းကျင်လို့မရဘူးလို့ ဒါကြောင့်ပြောတာပါ ။ 

ကဏ္ဏစုံကို ခြုံငုံနိုင်လေ... ဗျူဟာဖေါ်ရတာ လွယ်ကူလေပါ၊ တစ်ခုရယူရင် တစ်ခုပြန်ပေးရတဲ့သဘော Trade off တွေ ရှိတယ် ။  ဘေးထွက် ဆိုးကျိုးတွေရှိနေတတ်ပါတယ် ။  အဲ့ဒီအရာတွေ အားလုံးကို ချိန်ဆပြီးတော့မှ Formulation  လုပ်ရတဲ့သဘောရှိတယ် ။

Strategic options တွေ ထွက်လာလိမ့်ဦးမယ် ။ ဘယ်ဟာ အသင့်တော်ဆုံး ဆိုတာရွေးရတယ်။ ( ဒီနေရာမှာ ဖတ်လိုက်တာက တိုတိုလေးဖြစ်ပေမဲ့  Option တစ်ခုရဖို့၊ အဲ့ဒီထဲက တစ်ခုရွေးဖို့မှာ  ခေါင်းမူးအောင် စဉ်းစားရတယ် )

#အပါးဆုံး လောက်ပဲရေးပြခဲ့တာပါ ။ အဲ့ဒီမှာတင်... အရသာရှိတဲ့ ဟင်းတပွဲဖြစ်လာဖို့ဘေးမှာချပေးထားတဲ့ ငြုပ်သီး၊ ကြက်သွန်၊ ဆီ စတာတွေကို ဘယ်လောက်ထဲ့၊ ဘယ်လို ချက်ရမယ် ဆိုတာ.... ပါရမီပါသူနဲ့ စာအုပ်ကြီးသမားတွေ ကွာချင်တိုင်းကွာသွားတဲ့ ကိစ္စဖြစ်လာရတော့တယ် ။

ဒါကြောင့် next level ဟာ ပါရမီပါပြီး လူတိုင်းမဖြစ်နိုင်တဲ့ အရာဖြစ်လာရတော့တာပါပဲ။ ( Talent ထက်ကျော်ပြီး Intuition ဆိုတာ  ရှိသေးတယ်၊ ဗီဇ ပါ သိခြင်းလို့ပြောနိုင်မယ်နဲ့တူတယ် ။(အဲ့ဒီအဆင့်က သိပ်မြင့်သွားပြီ )


🍄   ရိုးရှင်းတဲ့ ဥပမာ ...    Simple example.

သူလဲ MBA သင်တယ် ။ ကိုယ်လဲ MBA သင်တယ်၊ ဖြစ်ပုံခြင်းမတူဘူး ။ သူလဲစီးပွားလုပ်တယ်၊ ကိုယ်လဲစီးပွားလုပ်တယ် ဖြစ်တာ ပုံခြင်းမတူကြဘူး၊ သူလဲဘဝတစ်ခုကိုဖြတ်သန်းတယ်၊ ကိုယ်လဲဘဝတစ်ခုကိုဖြတ်သန်းတာပဲ ၊ ရလဒ်တွေမတူကြပြန်ဘူး ။ 

နိုင်ငံတစ်ခု တိုးတက်ဖို့ FDI ပြောတယ် ၊ စက်မှုဇုံတွေထောင်ပြတယ်၊ သူများက တိုးတက်ပြီး ကိုယ်က မတိုးတက်ရင် တခုခုတော့မှားနေပြီ ။

ခပ်ကြမ်းကြမ်းပြောရရင် .... #The whole package ကို ဘယ်သူက ဘယ်လောက် စဉ်းစားနိုင်သလဲနဲ့

 #Action ပိုင်း ဘယ်လောက်မှန်သလဲ ?

 #Support ပိုင်း ဘယ်လောက်လုပ်နိုင်သလဲက စကားပြောလာတယ် ။

လွန်ခဲ့တဲ့ နှစ် (၃၀) ဈေးကွက်စီးပွားရေး စလုပ်တော့ သဘောအလွန်ကျတဲ့ စာ (၂) ကြောင်းရှိတယ် ။ ဘဝရဲ့လမ်းပြ အဖြစ်လဲ ဒီနေ့အထိ ခံယူထားပါတယ်။ Harvard Cason ရေးခဲ့တာပါ ။

  " Wisdom is .... what to do

     Skill is.... how to do “

စင်္ကာပူကို တံငါရွာလေးကနေ ဒီနေ့စင်္ကာပူအဖြစ်....

တရုတ်လို ဆံပြုတ်တစ် ခွက် (၃) ယောက်  မျှသောက်ရာက ဒီနေ့ တရုတ်နိုင်ငံဖြစ်အောင် လုပ်သွားနိုင်ကြတာ တိုက်ဆိုင်မှုမဟုတ်ဘူး ။ The next level တွေကြောင့်ဆိုတာ ဒီလောက်ဆို......ထင်ရှားပြီ ထင်ပါရဲ့  ။


🍄  တစ်ဆင့်မြင့်တွေရဲ့မဟာဗျူဟာ  ......  Strategy of the next level.

US- China trade war ကို အားလုံး တားနေတဲ့ကြားက Trump က အတင်းစခဲ့တယ်၊ တရုတ်က ခံစစ် ဗျူဟာ Defensive strategy နဲ့ပဲ လှိုင်းစီး တုန့်ပြန်သွားတာတွေ့ရလိမ့်မယ် ။နောက်ဆုံး ရလဒ်မှာ.... Trade war မတိုင်ခင် တရုတ် GDP က US (၂) ဆကနေ Post trade war မှာ (၃) ဆဖြစ်သွားစေခဲ့တယ် ။

လောလောဆယ်   မြန်မာနိုင်ငံမှာ အပြောင်းအလဲတစ်ရပ်ဖြစ်နေတယ် ။ QUAD လေ့ကျင့်မှုက နှစ် (၂၀) ကျော်ပါပြီ ။ (၂၀၂၁) မှာ ပြင်သစ် ဦးဆောင်လာတာတော့ ထူးခြားတယ် ။ မြန်မာရေပိုင်နက် နဲ့ မနီးမဝေးမှာ စစ်ရေးလေ့ကျင့်ကြပါတယ်၊ မြန်မာဖက်ကလဲ စစ်ရေးလေ့ကျင့်ပြီးပြန်တုန့်ပြန်တာတွေ့ကြပါလိမ့်မယ် ။ 

ပြောရရင်တော့ အင်အားချင်း အများကြီး ကွာခြားပါတယ်၊ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးနဲ့ နိုင်ငံ (၄-၅) နိုင်ငံ ပူးပေါင်းထားတာလေ ။ တစ်ချို့တွေက မြန်မာကို ဝင်တိုက်တော့မယ်ဆိုပြီး Fb ပေါ် ပလူပျံရေးနေကြတာတွေ့ရတယ် ။ ရုတ်တစ်ရက် အမေရိကန် လေယာဉ်တင်သင်္ဘောတောင်တရုတ်ပင်လယ်ဖက် လှည့်ထွက်သွားတော့ အားလုံး အံ့အားသင့်သွားခဲ့ကြတယ် ။  #ဘာကြောင့်လဲပေါ့ ...  

တရုတ်ရဲ့လေယာဉ်သင်္ဘောက ထိုင်ဝမ်ဖက် ဦးတည်ခုတ်မောင်းနေတယ် ဆိုတဲ့ သတင်း တက်လာတယ်၊ Counter strategy ကို မြင်ကြလိမ့်မယ်နဲ့ တူပါတယ် ။ သေဘာက....

မြန်မာကို ရုတ်ရုတ် လုပ်ရင်ထိုငိဝမ်ကို တရုတ်က တွယ်မယ် ဆိုတဲ့ လက္ခဏာကို ပြပေးလိုက်တာပါ ။ ဒါကြောင့် အမေရိကန် လေယာဉ်တင်သင်္ဘော ဦးလှည့်ပြန်ပေးရတာပါ ။ ဒီနေရာမှာ တရုတ်ရော အမေရိကန်ပါ Strategic priority တွေ စကားပြောလာပါတယ် ။ ( ကျန်တာတွေတော့ Brain storming အနေနဲ့ ဆက် စဉ်းစားကြပါ၊ ဟင်းကောင်းတခွက်ထက် အများကြီး ပိုပြီး အရသာရှိပါတယ် )


🍄   လူမွေးကြပါ

ခေါင်းဆောင်တိုင်းဟာ အနည်းဆုံး မျိုးဆက် (၃) ဆက်စာ အတွက် လူမွေးသင့်ကြပါတယ် ။ မွေးထားသူတိုင်း Next level အဆင့်မရောက်နိုင်ကြပါ ။ မျိုးဆက် တစ်ဆက်မှာ next level (4-5) ယောက်လောက် ရရင် နိုင်ငံကို ကောင်းကောင်းကြီး ဆွဲမနိုင်ပါတယ်၊ မျိုးဆက်တစ်ခု (၁၀-၁၅) နှစ်နဲ့ ဆိုရင်နှစ် (၂၀) ပိုပိုလောက်မှာ မြန်မာတွေတော်တော်မတ်သွားကြပါလိမ့်မယ် ။မြန်မာမှာ State building ကိုလောက်ပဲ အာရုံထားကြတာတွေ့ရတယ် ။ ( တစ်ကယ်မှာ ပီပြင်အောင် မလုပ်နိုင်ကြ )

ရေရှည် အတွက် Nation building ကိုလဲပြိုင်လုပ်သင့်ပါတယ် ။ State building နဲ့ nation building ဟာ သာမန် လူတွေအတွက် မကွဲပြားကြပေမဲ့ အများကြီးကွာခြားပါတယ်။ State building ရဲ့သဘောက မြင်သာပြီး Fragility ဖြစ်တယ်၊ Nation build က မမြင်သာပေမဲ့ Solidity ဖြစ်တယ် ။

Nation building အားကောင်းရင် ကျွန်အဆင့် မဖြစ်ဘူး၊ အားမကောင်းရင် ကျွန်အဆင့် အလွယ်တစ်ကူဖြစ်တယ်၊ ပြီးခဲ့တဲ့ (၅) နှစ်နဲ့ ဒီနေ့ဖြစ်ရပ်တွေကို သတိထားလေ့လာရင်မြန်မာတွေ Nation building ကို ပြန်စောင်းငဲ့ကြည့်ရပါတော့မယ် ။ အဲ့ဒီ အလုပ်မျိုးဟာ Next level တွေအနေနဲ့ မခိုင်းရင်တောင် လုပ်သွားကြမဲ့ အခြေခံအသိဖြစ်တာကြောင့် လူလတ်ပိုင်းအရွယ် Next level များများ ပေါ်ထွက်လာနိုင်ကြပါစေလို့ပဲ ဆန္ဒပြုရပါတယ် ။ ( လူငယ်တွေ အရမ်းကြိုးစားကြပါ ဒါမှ လူလတ်ပိုင်းလောက်မှာ နိုင်ငံအတွက်  အဆင်သင့်ဖြစ်ပါမယ် )


Crd ...  နေဇင်လတ် ( 7.4.21 ) 🍄




No comments:

Post a Comment