03 April 2021

မြန်မာ့အမှောင်ခရီးကာလ { The Dark Age of Myanmar }

 



မြန်မာတွေ ဒီနေ့ အမှောင်ခေတ်တစ်ခုကို ဖြတ်သန်းနေရတယ်လို့ပြောရင် မမှားလောက်ဘူး။ တစ်ချိန်က ဥရောပကြီးတစ်ခုလုံး အမှောင်ခေတ် ကာလရှည်တစ်ခုကို ဖြတ်သန်းခဲ့ရဘူးတယ် ။ အမှောင်ခေတ်ဆိုတာ လူတွေရဲ့အသိဉာဏ် အသုံးချမှုဆိုင်ရာ အကြီးအကြယ် လွဲမှားမှုကိုတင်စားတာပါ ။ အထူးသဖြင့် ယုံကြည်မှုဆိုင်ရာလွဲမှားမှုက အင်အားအကြီးဆုံးဖြစ်တတ်တယ်။


အမှားကို အမှန်ထင် အမှန်ကိုအမှားလို့ခံယူ ၊ ဝိဇ္ဇာက အဝိဇ္ဇာ အဝိဇ္ဇာက ဝိဇ္ဇာဖြစ် ၊ လူကောင်းကို လူဆိုးလို့မြင်လူဆိုးကို သူတော်စင်လို့ကိုးကွယ် အားလုံး အလွဲလွဲ အမှားမှားက အများစုမှာဖြစ်ခဲ့ဘူးတယ် ။ ဥရောပကြီးတစ်ခုလုံး အမှောင်ခေတ်လွန်တော့  Renaissance ရီနေးစင့်ခေတ်ရောက်ပြီးမှ အနောက်ကမ္ဘာ တိုးတက်လာခဲ့တာ။


နှစ် "ရာ" ချီနောက်ကျပြီး ဒီနေ့လို အသိတွေ လွယ်လွယ်ကူကူ ဖလှယ်နိုင်တဲ့ခေတ်မျိုးကျမှ မြန်မာမှာ အမှောင်ခေတ်ကို ဖြတ်သန်းရတာ တွေးကြည့်ရင်.... အတော်ရင်နာဖို့ကောင်းလှတယ် ။

ပြောရရင် ပညာဟာအခြေခံပဲ၊ အတန်းပညာထက် အသိပညာ ပိုအရေးကြီးတယ်၊ ။ အသိ နဲကြတော့ ပုတီးစိပ်ပြရင် သူတော်ကောင်းလိုထင်ပြီး ဒီမိုကရေစီလို့ များများပြောနိုင်ရင် ကယ်တင်ရှင်လို့ ထင်လာကြတယ် ။ လူလိမ်တွေဘယ်တော့မှ အမှန်မပြောတတ်ဘူး ။ လိမ်မှန်း မသိအောင် မျက်နှာဖုံးတစ်ခုခု စွပ်လေ့ရှိကြတယ် ဆိုတဲ့ အသိမရှိသေးသရွေ့ မြန်မာတွေ ဆက်အလိမ်ခံနေရဦးမှာပဲ ။ အမှောင်ခေတ်ကို ဆက်ဖြတ်နေရဦးမှာပဲ။


မြန်မာတွေကို အမှောင်ခေတ်ထဲ မာယာနဲ့ ပို့ခဲ့သူဟာ " ဒီမိုကရေစီ " " လူ့အခွင့်အရေး " "ဖေဖေ" ဆိုတဲ့ စကား (၃) ခွန်းကို ပါးစပ်က မချတန်းပြောခဲ့တဲ့ ဒေါ်စုပါ ။

အစိုးရဖြစ်တော့... အဲ့ဒီ စကားသုံးခွန်း ဘယ်ရောက်သွားခဲ့ပါသလဲ ?


ဒေါ်စု တစ်ကိုယ်လုံးမှာ အဃာတ၊ အလိုရမက်ကြီးမှု၊ အတ္တတွေနဲ့ ပြည့်နှက် ဖုံးလွှမ်းနေတယ်လို့ပြောရင် လွန်မယ်မထင်ဘူး ။  အစိုးရ ထီးထီးမဖွဲ့နိုင်တော့မှန်းသိတော့ပြောခဲ့တဲ့ ဒီမိုကရေစီကိုတောင် အားမနာနိုင်တော့ပဲ မဲခိုးတယ်၊ ပြည်သူတွေ စီးပွား ကျဆင်းနေတာကို သိရက်နဲ့ Covid နဲ့ ရက်ရက်စက်စက် ကစားခဲ့တယ်၊

နည်းလမ်း (၃) ခု စဉ်းစားပြင်ဆင်ထားပုံရတယ် ။


   🧤 မဲခိုးတဲ့အပေါ် တပ်က ဝင်မပါရဲရင် အစိုးရဆက်လုပ်မယ် ။

   🧤  တပ်က အာဏာသိမ်း (ထိမ်းသွားတယ်) ရင် CDM, CRPH နဲ့ တုန့်ပြန်ပြီး စစ်အစိုးရကို

         နိုင်ငံတစ်ကာ ဖိအားနဲ့အတူ ပြုတ်ကျစေမယ် ။

   🧤  အပေါ် (၂) ခု မအောင်မြင်ရင် " မစားရတဲ့ အမဲ သဲပက် " ခဲ့သလို၊ ပြည်တွင်းစစ်ဖြစ်ကျန်ရစ် စေခဲ့မယ် ။

ဒါက သူမရဲ့ ဖြစ်နိုင်တဲ့ Plan A,B,C. ဘာမှမသိပဲ တတ်ယောင်ကား လုပ်နေတဲ့ဒေါ်စုဟာ.... Real politics ဆိုတဲ့နိုင်ငံတစ်ကာအခြေအနေနဲ့  သူမအပေါ်အမြင်သဘောထားတွေကို ထည့်တွက်ခဲ့ဟန် မတူဘူး ။ 

ဒါကြောင့် Plan (3) ခုလုံးမအောင်မြင်တော့ဘူး ။ ဘယ်လောက်အတွေးတိမ်သလဲ.... ရက်စက်ခဲ့သလဲ ဆိုရင်.... အစိုးရပြုတ်တာနဲ့  တစ်နိုင်ငံလုံးမှာရှိတဲ့ NLD တွေ ပြည်သူတွေ အတိဒုက္ခရောက်မယ် ဆိုတာကို

မသိ စရာမရှိဘူး၊ တစ်နိုင်ငံလုံး ဒုက္ခနဲ့ကို သူမအတ္တနဲ့ ရက်ရက်စက်စက် အလဲအလှယ်လုပ်ခဲ့တာပါ ။ မြန်မာတစ်နိုင်ငံလုံးကို မာယာတစ်ခုနဲ့ အမှောင်ထဲ ဒေါ်စုတွန်းပို့ခဲ့တာပါ ။ မြန်မာတွေ အမှောင်ခေတ်ထဲ ကျကျနနကို ရောက်သွားခဲ့ပါပြီ ။

ဘာသာ၊ သာသနာ ပြန်စော်ကားပြီး ဘုရားမသိ၊ တရားမသိ ဘဝကိ ရောက်ခဲ့ရတဲ့အပြင်၊ မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်တွေ အထုတ်ခံလိုက်ရပြီး၊ ကျွန်စိတ်ကို လိုလိုချင်ချင် လက်ခံနေတဲ့ အဖြစ်အထိရောက်သွားခဲ့တာတွေ့ရတယ်။

မြန်မာ့အနာဂါတ် အတွက် နစက အနေနဲ့ ပြတ်ပြတ်သားသား လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီး အမှောင်ခေတ်က ဆွဲထုတ်ပေးပါ၊ အမှန်တရားအတွက် အချိန်လိုပါတယ် ။ သတ္တိလိုပါတယ်၊ ပြတ်သားမှုလိုပါတယ် ။

အားလုံး အမူးပြေတဲ့အခါ ဘယ်သူ မင်းသား၊ ဘယ်သူ စုံးမဆိုတာ ပြည်သူတွေ အမှန်မြင်လာကြပါလိမ့်မယ်။

( အမှောင်ခေတ် ကာလမရှည်ကြာပါစေနဲ့လို့ ဆုတောင်းမိရပါတယ် )


Crd ...  နေဇင်လတ် ( 2.4.21 ) 🍄


No comments:

Post a Comment