16 October 2015

ကလေးရှိတဲ့ မိဘ များ သတိထားနိုင်ဖို့ (ဖြစ်ရပ်မှန်)




SSC မှာ ၈.၃.၁၅ နေ့ဖြစ်တာလေးပြောပြမယ်နော်။ ညနေ ငါးနာရီလောက်က ကလေးဆေးခန်း သွားပြဖြစ် ခဲ့တယ် ထုံးစံ အတိုင်း ကားရပ်စရာ မရှိ ကားပြန်ပတ် ရမယ်။ 

ဆိုတော့လိုက် မသွားတော့ပဲဆေးခန်း မှာပဲ ကလေးနဲ့ ဆင်းနေခဲ့လိုက်တော့တယ် နံပါတ် ကလည်း ၄ ရထား တာ ဆိုတော့မြန်မြန်ပြီးလောက် တယ်ပေါ့လေ။
စာအုပ် ထပ်တဲ့နေရာရောက်တော့ လူက အတော် များနေပြီ ခါတိုင်းတော့ရောက်တာနဲ့ စာအုပ် ကလေးပြပြီးပေါင် တန်း ချိန် တာပဲ ဒီနေ့ကျ စာအုပ် ယူမယ့်ကောင်မလေးတွေ တယောက် မှလည်း မတွေ့ ပဲစောင့်နေလိုက်ရတယ် ပြသနာက အဲ့ဒီမှာ စတာပဲ ။

ကိုယ့်ဟာ ကိုယ် ကလေး ပုခုံးပေါ်တင် ချီရင်း မတ်တပ်ရပ်စောင့်နေတုန်းဗြုန်းဆို ကောင်တာရှေ့ မျက်နှာ ချင်းဆိုင် မှာ ထိုင်နေတဲ့ ဆေးခန်းစောင့်နေတဲ့ လူအုပ် ထဲက မိန်းမကြီး တယောက်က အနား အတင်း ကပ်ပြီး ကလေး ကို ဖက်နမ်း မလို လာလုပ်တယ် ။

သူ့ကြည့်တော့ လည်း လူမမာ ပုံစံ နဲ့ ဆိုတော့ ကိုယ် လည်း ခပ်ပြုံးပြုံး နဲ့ ပဲ ကလေး ကို ဘက်ပြောင်း ချီပြ လိုက်တာပေါ့ ။ အဲ့ဒါလည်း ရပ်မသွားဘဲ ကလေးပြေင်းတဲ့ ဘက် လိုက်လာပြီးလိုက် ဆွဲပြန်ရော ဆွဲ မရအောင် ကလေး လက်တွေ သိမ်းပြလည်း မရနဲ့ ရှုပ်ရှက်ကို ခတ်နေတာပါပဲ ကလေးလည်း စိတ် ညစ်ပြီး လန့်နေပြီ ။


အဲ့ဒီလိုနေတုန်း မှာပဲ ကလေးပေါင်ချိန် လို့ ရပြီတဲ့ အတော်ပဲပေါ့ ဝမ်းတောင် သာသွားတယ် မကြာပါ ဘူး ပေါင်ချိန်စက်ပေါ် ကလေးတင်ရုံ ရှိသေး ဘေးနား ကတောက်လျှောက် ကပ်ရှုပ်တော့တာပဲ ။ ကလေးက စက်ပေါ်တင်တာ မဆန့်ပဲခြေထောက် နဲ့ စားပွဲ ထိနေတော့ တိုင်းတာ မမှန်မှာစိုး လို့အပေါ်ဆွဲ တင်ရတာက တမျိုး သူစိမ်း တယောက် အတင်း လာကိုင်နေတော့ ကလေး ထငိုတာက တစ်မျိုး ဒီကြားထဲ ကလေးကို မထိထား နဲ့ လွှတ်ပါလို့ပေါင်ချိန်တဲ့ကောင်မလေး ကပြောနေ တာကို အမေလုပ်တဲ့ သူက လွှတ်နေပြီ သူကခြေထောက်က ကိုင်လိုက် ပေါင်က ဖိလိုက်နဲ့ ဘယ်လို ကို လာလုပ်နေ မှန်း မသိဘူး ကလေးငိုပြီးလှုပ်နေလို့ ချော့ ရတာနဲ့ ပေါင်ချိန်လို့ မရတာနဲ့ အဲ့ဒီ မိန်းမလာလုံးပြီးလိုက်ချော့နေ လို့တားရတာနဲ့ တကယ်လေ စိတ်ပျက်ဖို့ကောင်းလိုက်တာ။

နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်အောင်နှောက်ယှက်နေ လို့ မကိုင် ပါနဲ့ နေပါ ကိုယ့်ဟာ ကိုယ် လုပ်ပါ့မယ် ဆိုပြီးအော် မှပဲ မဖယ်ချင် ဖယ်ချင်နဲ့ ဖယ်တော့တယ်။ ဖယ်ပြီး ဘယ်မှာ သွားထိုင်လဲ ဆိုတော့ ပေါင်ချိန်ပေး တဲ့ကောင်မလေးတွေ ထိုင်တဲ့ ခုံတွေ ဘက်မှာ ဝင်ထိုင်တယ်။

အဲ့ဒီမှာ မှ စပြီး စိတ်ထဲ တစ်မျိုးဖြစ်လာတယ် သူ့ဟာ က သူ့ကို စတွေ့တဲ့ လူအုပ် ထဲလည်းပြန် မသွား ဆေး ခန်းပြဖို့ ကလေးလည်း ပါလာပုံမရဘူးကိုး ။

ကိုယ့်ကိစ္စ ကိုယ်လည်း မလုပ် သူ့အာရုံက ကိုယ့်ကလေး ဆီမှာ ပဲ လာဝဲပြနေတော့ မူမမှန်လောက်ဖူး ထင်ပြီး ကလေးနောက်တခေါက် ပေါင်ပြန်ချိန်တော့ စက်ကိုင် တဲ့ကောင်မလေးကိုပြောပြဖြစ်တယ်။
ကောင်မလေး ကလည်း အမတို့ အိမ်သား မှတ်လို့ သူ ကြည့်နေတာတဲ့ ဟုတ်တယ် သူလုပ်နေတဲ့ ပုံက ဘေး ကကြည့်ရင် သူနဲ့ပဲ အတူ လာသလို တခုခုတော်သလိုလို ပုံမျိုးဖြစ်နေတယ် ။

ကလေး ကတော့ သူ့ စနက်နဲ့ တခါမှ မဖြစ်စဖူး ငိုယိုပြီး ဒုတိယ အကြိမ်ပေါင် ချိန် တာလည်း မရပြန်တာနဲ့ပဲ တခြားလူတွေ အလှည့်ပေးရင်းကောင်တာရှေ့ က လှည့်ထွက်လာခဲ့ လိုက်တယ် ဝေးဝေး မသွားပဲ လူရှိနေ တဲ့ ဆေးရောင်းတဲ့ကောင်တာ နားလေးမှာ ပဲစောင့်ပြီး အခြေ အနေ လှမ်းကြည့် လိုက်တော့ အဲ့မိန်း မနောက် လူတယောက်နား သွားထိုင်နေ ပြန်ရော အတူလာပုံတော့ မရပါဘူး။ 

တခွန်းနှစ်ခွန်းပြောပြီးဆက် မပြောကြတော့ဘူးလေ။ ခဏလေးနေတော့ ကားသွား ရပ်တဲ့ယောင်္ကျား ရောက် လာတယ် ။ ကိုယ်လည်း အားရှိ သွားတယ်။ အဲ့ဒီ မိန်းမ ကိစ္စ အကျိုး အကြောင်းလည်းပြောပြလိုက်တယ် လူကိုတော့ မပြဖြစ်လိုက်ဘူး ကြည့်လိုက်တော့ဆေးခန်း ကကောင်မလေး ကို ဘာတွေပြောနေမှန်းမသိဘူး ။

ကိုယ့်ဆီ လည်း လက်ညှိုး တထိုးထ နဲ့ အမှန်ကပေါင် ထပ်ချိန် ခိုင်းဖို့ကောင်မလေးက ကိုယ့်ကို လိုက် ရှာနေ တာ ကို သူက စကား လက်ခံပြောနေတာ။

ယောင်္ကျားရောက်လာတာ လည်း သူမသိလိုက်ဘူး။ ထင်ပါတယ် ပြော လည်းပြော ပြလည်းပြ နဲ့ လူကိုပါ လာခေါ် ဖို့ပြင်တာတွေ့လိုက်တယ် ။ ဘာလို့ဆို သူ တန်းတန်း မတ်မတ် ကိုယ့်ဆီလျှောက်လာနေပြီလေ ။ အဲ့လို နဲ့ယောင်္ကျားလည်းရောက်နေပြီ ဆိုတော့သူ့ကို သိပ် အရေးမထားဖြစ်ပဲ ကလေးပေါင်ချိန်ပြီးမှ ပဲပြန်ရှာဖြစ်တော့တယ်။

ဒါပေမယ့် သူက မရှိတော့ဘူး။ အဲ့ကျ မှ ဟိုမိန်းမ မရှိတော့ဘူး ။ယောင်္ကျားရေပြတောင် မပြမိ လိုက်ဘူး လို့ပြော ရုံရှိသေး ငါသိလိုက်တယ် တဲ့ ။ ဟုတ်လား ဘယ်လိုလုပ် သိလဲ မိန်းမ အနားကပ် လာတာတော့ သိတယ်

 နောက်တော့ သတိမထား မိလိုက်ဘူး ပျောက်သွားတယ် ဆိုတော့ ။ ဟုတ်တယ် အဲ့ဒီမှာ သိလိုက် တာတဲ့ မိန်းမရှေ့လှည့်နေ တုန်းနောက ကနေ ကလေး ကို လိုက်နှိုက်နေတာ တဲ့ ငါစောင့်ကြည့်နေတာ သူ မသိဘူးတဲ့ ။ ကလေး ကို မိန်းမဆီကပြောင်းချီ လိုက်ပြီး ခဏလေးမျက်ခြေပြတ် သွားတုန်းပျောက် သွားတာတဲ့ ဟုတ်ပါတယ် တကယ်ပဲ လုံးဝမတွေ့တော့ဘူး မြန်ချက်များ။
 
ကလေးက အဖေပေါ်ရောက် သွားတော့ မိဘ နှစ်ယောက် စုံသွားတာ ပဲ သိသွားလို့များလား တခုခုပါ ပဲ။ နောက် ဆုံး အားလုံးပြန် စဉ်းစားကြည့်တော့ ဒီမိန်းမဟာ သာမန် မသိတတ် တာမျိုး ဆိုရင် သိပ်ကိစ္စ မရှိပေမယ့် တကယ့် အကြံအစည် နဲ့သာ ဆို ကြောက်စရာပါ။

ကလေးအမေ နဲ့ပြောရင်း ဆိုရင်း ဝင်ရောရင်း နဲ့ တို့ဆေးသုံး ပိုက်ဆံတောင်းနိုင် သလို ကလေးလည်း သူခေါ်သွားနိုင် ပါတယ် လူကို ဘာမှ မ လုပ်ပဲကလေးတွေ ရဲ့ဖြုတ်ရ လွယ်တဲ့ရွှေတိုရွှေစလေးတွေ အတွက် လည်းကြံစည်နိုင်ပါတယ်။

ဆေးခန်း ဆိုတာ ကလည်း လူများများ နည်းနည်း သူ့လူ ကိုယ့်လူ ခွဲဖို့ခက် ပါတယ် ကလေးတွေ လာပြတာ ဆိုတော့ပိုခက် ပါတယ် မိဘတွေ အပြင်မှာ မှ အဖွားတွေ အမတွေ အဒေါ်တွေ အကူတွေ ပါလာတတ်တာ သဘာဝ မို့ပါ။

နောက် ကလေးကို ချစ်သလိုလိုမြူသလိုလိုနဲ့ မေးကြမြန်းကြ ခင်မင်ကြ ဆိုတော့ လူဆိုး လူကောင်း ခွဲခြားရ စွပ်စွဲရ သိပ်ကို ခက်ပါတယ် ။ ဒါကြောင့် ဒီနေ့ အဖြစ်အပျက်လေးက ဘာမှ မဟုတ်တဲ့ အကြောင်းအရာလေးဖြစ်နိုင် သလို ကိုယ့်ကလေး တစ်ယောက်လုံးလည်း လုံးဝ ဆုံးရှုံးသွားနိုင်ပါတယ်။

အဖေအမေ ဆိုတာ ကလည်း ကိုယ့်ကလေးကို ချစ်ကြောင်း ခင်ကြောင်းပြ ရင်ေ ကျနပ် တတ်ကြတာမို့ ဝင်ရော ဖို့သိပ်လွယ်တဲ့ အစားပါ ကိုယ်ကိုယ်တိုင် ကတော့ စူပါမားကတ်တွေ သွားရင်တောင် ကလေး ကို သူ့အဖေ တလှည့် ချီရင် စိုးရိမ်ပြီး မှာတတ် လို့ပါ ။

 ဈေးဝယ် စင်တာတွေမှာလည်း တူတူ လာကြပေမယ့် သူလို တာကိုယ် လိုတာ ရှာဝယ်ရင်း ခဏ တဖြုတ်တော့ လူကွဲ တတ်ကြလို့ ကိုယ်တိုင်လည်း ကလေးနဲ့ ကိုယ်နဲ့ နှစ်ယောက် တည်းဖြစ်သွားရင် သတိထား ရပါတယ်။
ဘာပစ္စည်း လိမ်ယူ လုယူ သွားသွား အကြောင်း မဟုတ်ပေမယ့် ကလေး ပျောက် လူပျောက် ဆိုတာ ဘာနဲ့ မှအစားထိုး မရ ဖြေသိမ့် မရပါဘူး။ ပြန်တွေ့အောင် ရှာပေးနိုင်တဲ့နိုင်ငံလည်း မဟုတ်ပါဘူး ယောင်္ကျားတွေ
မိန်းမတွေ ဝတ်ကောင်း စားလှ နဲ့ဈေးဝယ်ထွ
က်ပြ လမ်းလျှောက်ပြနေ လည်း မယုံပါနဲ့ ခုခေတ် မသမာသူတွေ မစုတ်ပြတ်တော့ပါဘူး ။

ဒါ့ကြောင့် ကလေး မိဘတွေ အဖိုး အဖွားတွေ ဆွေမျိုး သားချင်းတွေ ကိုယ်နဲ့ ပါလာတဲ့ကလေး ကိုယ့်ဟာကိုယ် ဂရုစိုက်ကြပါ ကလေးတွေ ဟာ အင်အားနည်း တဲ့ အရွယ်လေးတွေနု နယ်တဲ့ အရွယ်လေးတွေ မို့ ကိုယ် မှီခိုနေကျ ရင်ခွင်နဲ့ ကွဲကွာပြီး မသမာသူတွေ လက်ထဲများရောက်သွားရင် ဘယ်လောက်ခံစားကြရမယ် ဘယ်လောက်စိတ်ဆင်းရဲ ဒုက္ခရောက်ကြရမယ် ဆိုတာ စကားနဲ့ မပြောနဲ့ အတွေးနဲ့တောင် အင်မတန် နာကျင် စွာ နဲ့တွေးကြည့်ရတာပါ ။

လူမဆန်တဲ့ လူတွေပေါများ လာတဲ့ လူ့လောကကြီး မှာ မိမိ ရင်သွေး မိမိ မိသားစု မိမိ ပတ်ဝန်းကျင် ကို အကောင်းဆုံးစောင့်ရှောက်ရင်း လုံခြုံမှု နွေးထွေးမှု နဲ့ မေတ္တာ တရားတွေ လက်ဆင့်ကမ်းနိုင်ကြပါစေလို့
ဆုတောင်းရင်း ဒီကနေ့ အဖို့ ကံကောင်းထောက် မစ
ွာနဲ့ပဲ ဆင်ခြင်စရာ အသိတစ်ချက်ဝေငှနိုင်ခဲ့ ပါပြီ …..။
Credit to May Khine San
 http://www.searchmyanmar.com/link/frame/cid/54732
 








No comments:

Post a Comment