တစ်ခါက မုန့်ဟင်းခါး သည် တစ်ယောက် ရှိသည်။ ဆိုင်းထမ်း ကလေးနှင့် လာရောင်း တတ်၍ မုန့်ဟင်းခါး အချက် ကောင်း သောကြောင့် လက် မလည်အောင်
ရောင်းရလေ့ ရှိပြီး တစ် မနက်ခင်း ကလေးမျှ နှင့်ပင် ကုန်သွားမြဲဖြစ် သဖြင့်
ခပ်စောစော အိမ်သို့ ပြန်ရလေ့ရှိသော ဆိုင်းထမ်း မုန့်ဟင်းခါး သည် ကလေးဟု
ဆိုပါသည်။
အသက် ခပ်ရွယ်ရွယ်
လုလင်ငယ်လေး တစ်ယောက်ဖြစ်သော ထို မုန့်ဟင်းခါးသည် ကလေး က ခေတ် လူငယ် တို့
ဘာသာ ဘာဝ ဂီတ ကို စိတ်ဝင်စားသူဖြစ်ရာ ပလွေ ကလေး တစ်ချောင်း ကို အမြဲဆောင်
လာလေ့ ရှိသူ လည်းဖြစ်သည်။
တစ်ရက် တွင် မုန့်ဟင်းခါး က ပုံမှန်စောစော
ကုန်သည်ထက် ကိုပဲ ပို၍စောစွာ ကုန်သွားသည်။ အချိန်တော်တော် များများ ပိုနေသူ
မုန့်ဟင်းခါး သည် ကလေးက မုန့်ရောင်းကောင်း၍ ပျော်နေသည် ဖြစ်ရာ ခါးတွင်
ထိုးထားသည့် ပလွေကလေးကို အသာဖြတ်ယူပြီး ပလွေမှုတ် ပါလေ တော့သည်။
ပညာရှင် အဆင့် ပလွေ ဆရာ မဟုတ်စေကာ မူ သင့်တင့် လျှောက် ပတ်စွာ မှုတ်တတ်
သူဖြစ်သဖြင့် နားထောင် ၍ သင့်မြတ် လှပေရာ တစ်ခဏနှင့် ပင် ဟိုနား သည်နားက
လူ အချို့ ဝိုင်းအုံ လာကြ ပါတော့ သည်။
ထို့နောက် ဟို သီချင်းလေး မှုတ်ပါအုံး
သည် သီချင်း လေးမှုတ်ပါအုံး နှင့်တောင်းဆို လာကြပါတော့သည်။
ဤတွင်မှ စ၍
မုန့်ဟင်းခါး သည် ကလေးသည် မုန့်ဟင်းခါး အပေါ် အာရုံ သိပ် မရှိပါလေတော့။
တော်စွလျှော်စွ ကလေး သင့်တင့်ရုံ အားစိုက် ချက်ကာ ပလွေဖြင့် သီချင်း အသစ် များ
ကိုလေ့ကျင့် ပါလေတော့ သည်။ တစ်ပုဒ်ပြီး တစ်ပုဒ်။ နောက် တစ်နေ့ မနက်
မှုတ်ပြဖို့။ သို့ဖြင့် လာလတံ္တသော ရက်များ တွင်လည်း သီချင်း အသစ် ကလေးတွေ
လေ့ကျင့်လိုက်၊ လာရောက်အားပေးသူမျာကို မှုတ်ပြ လိုက်၊ လက်ခုပ် ဩဘာသံ
များကြားမှာ ပီတိ ဖြစ်လိုက်၊ မုန်ဟင်းခါး အိုးကြီးတော်စွ လျော်စွ
ပစ်ထားလိုက်။
နောက်တော့ သူ့ မုန့်ဟင်းခါး နာမည်ပျက် သွားခဲ့ပါသည်။
ပလွေ ကမူ ဆရာ တစ်ဆူ ပါရဂူ လောက် အထိ ကလည်း မထွန်းပေါက်၊ သာမန် ထက် လည်း မကဖြင့်
ခွကျကျ လူတစ်ယောက် အဖြစ် ချာလပတ်လည် သွား ခဲ့ပါလေတော့သည်။
ယင်းသည် ပင်လျှင် ဆရာ ဦးခင်အေး သာဓက ဆောင်သည့် ပုံဝတ္ထု။
မူလ ပထမ ကျွမ်းကျင် ရာ မုန့်ဟင်းခါး ချက်ခြင်း အလုပ် ကို လွှတ်ချ လိုက်ပြီး
အရောရော အထွေးထွေး လက်ခုပ် တီးပေး ကြသည့် ပလွေ မှုတ်ခြင်း ၌သာယာ ကျေနပ် ကာ
အဓိကနှင့် သာမည မခွဲခွာနိုင် သဖြင့် ကျရှုံး သွားသူ မုန်းဟင်းခါးသည်
ကို လူ့ဘဝနှင့် ချိန်ထိုး ကာ မည်သူ တွေ က မုန်းဟင်းခါး ချက်လို့ မည်သူတွေ က
ပလွေမှုတ် နေကြသလဲ ဆိုသည် ကို တွက်ဆ ကြည့်မိလာ တတ်ပါသည်။
ကျွန်တော်တို့ အားလုံးနေစဉ်နှင့် အမျှ ရုန်းကန် လှုပ်ရှား ဆောင်ရွက် လုပ်ကိုင်
နေကြသော အရာတို့သည် မုန့်ဟင်းခါး ချက်နေကြတာ လား ပလွေ မှုတ်နေကြတာလား။
အမှတ် တမဲ့ လက်ခုပ်သံ များ၊ ခရီးသွား ဟန်လွှဲ ဩဘာပေးသံ များ လောက ဝတ် ချီးမြှင့်
မြှောက်စားမှုများ ကြားမှာ ပုလွေ မှုတ်မိ သူတွေများဖြစ်နေလေရော သလား။
ဘီစီ ၅၅၁ ၌မွေး ကာ ဘီစီ ၄၇၉ တွင် အနိစ္စရောက်သည် ဟု ဆိုသော လု (Lu) ပြည်နယ်သား
တရုတ် ပညာရှိ ကွန်ဖြူးရှပ် (Confucius) က ဘုရင် က ဘုရင် အလုပ်လုပ်၊ မိဘ က
မိဘ အလုပ်လုပ်၊ သားသမီး က သားသမီး အလုပ်လုပ် ဟု ဆိုခဲ့ခြင်းမှာ ကိုယ့် အလုပ် ကိုယ်
လုပ်ဖို့ နှင့် ကိုယ် နှင့်မဆိုင်သော အလုပ် များကို မလုပ် ကြရန်
သတိပေးထားခြင်း ပင်ဖြစ်ပါသည်။
ဒေးဗစ် ဘင်ဂူရီယန် (David Ben Gurion) က
အိုင်းစတိုင်း (Einstein) အား “ခင်ဗျားသည် ဥာဏ်ကြီး ရှင်ဖြစ်၍ အစ္စရေး
သမ္မတ လုပ်ရန်” အကြံပြုရာ ငြင်းဆန် ခဲ့သည် ကို အများသိ ဖြစ်ပါသည်။ ဤနေရာ တွင်
အိုင်းစတိုင်း က “ဩော်…. ကိုယ် လုပ်ရင် ဖြစ်တယ် ဟုတ်လား….. ဟုတ်ပါ့ မလား
ကိုယ့်လူ ရဲ့…. နင်တို့ လုပ် ဆိုလို့ သာ လုပ်ရတာနော်” စသည်ဖြင့် ပလွေ
ဝင် မမှုတ်ခဲ့ပါ။ ရူပဗေဒ နယ်ပယ် ၌သာ သူ့ မုန့်ဟင်းခါး သူ
ကောင်းအောင် ချက်ခဲ့ပါသည်။
ကိုလံဘီယာ က စာရေးဆရာကြီး ဂါစီယာမားကွက်စ်
(Garcia Marquez) က တဲ့ကော။ စာေ ပနိုဗယ်ဆုရ ပုဂ္ဂိုလ်ကြီးဖြစ်သဖြင့်
ကိုလံဘီယာ နိုင်ငံသားတို့ က သမ္မတ လုပ်ဖို့ရာ ကမ်းလှမ်း ဖူးပါသည်။
ပလွေမှုတ် ဖို့ ဂါစီယာမားကွက်စ် က ငြင်းပါ၏။ သူ့စာ ကိုသာ သူ ကောင်းအောင်
ဆက်ရေး ခဲ့ပါသည်။ မုန့်ဟင်းခါး ကို ကောင်းသည် ထက်ကောင်းအောင် ချက်ခဲ့သည် ။
ဦးနှောက် ယိုစီးမှု ဟူသော (Brain Drain) အကြောင်း ကို ပြောကြရာ ၌
မိမိနိုင်ငံ အတွင်း ရှိ လူသား အရင်း အမြစ် များ တိုင်းတစ်ပါး သို့
စီးဝင်ရောက်သွားခြင်း ကိုမှ ဆိုလိုသည် မဟုတ်ဘဲ ကိုယ်နိုင်ငံ အတွင်း၌
အသုံး မချဘဲနေလျှင် လည်း (Brain Drain) ပင်ဖြစ်သည် ကို ကျွန်တော် တို့အားလုံး
သိရှိထားကြပြီး ဖြစ်ပါသည်။
တကယ်တော့ မုန့်ဟင်းခါးသည် လည်း (Brain
Drain) ပင်ဖြစ် ပါသည်။ လူသည် မိမိနှင့် လိုက်လျှော အပ်စပ် ရာ ပထမလောက ၌ မနေဘဲ
မလုပ် ဘဲ ဒုတိယလောက ၌ ဝင်ရောက် ကျင်လည်ပျော် ပါးနေ ခဲ့သော် နှစ်လောက
စလုံး ပျက်ဖို့သာ ပင် ဖြစ်ပါသည်။
ကျွန်တော် ကကော မုန့်ဟင်းခါး ချက်နေမိ တာလား ပလွေမှုတ်နေ မိတာလား။
လက်လှမ်း မီက လူတွေ ကော နဖူးပေါ် လက်တင် ကာ စဉ်းစားကြပေရော့။
credit: ကိုရင်သြ
တစ်ခါက မုန့်ဟင်းခါး သည် တစ်ယောက် ရှိသည်။ ဆိုင်းထမ်း ကလေးနှင့် လာရောင်း တတ်၍ မုန့်ဟင်းခါး အချက် ကောင်း သောကြောင့် လက် မလည်အောင် ရောင်းရလေ့ ရှိပြီး တစ် မနက်ခင်း ကလေးမျှ နှင့်ပင် ကုန်သွားမြဲဖြစ် သဖြင့် ခပ်စောစော အိမ်သို့ ပြန်ရလေ့ရှိသော ဆိုင်းထမ်း မုန့်ဟင်းခါး သည် ကလေးဟု ဆိုပါသည်။
အသက် ခပ်ရွယ်ရွယ် လုလင်ငယ်လေး တစ်ယောက်ဖြစ်သော ထို မုန့်ဟင်းခါးသည် ကလေး က ခေတ် လူငယ် တို့ ဘာသာ ဘာဝ ဂီတ ကို စိတ်ဝင်စားသူဖြစ်ရာ ပလွေ ကလေး တစ်ချောင်း ကို အမြဲဆောင် လာလေ့ ရှိသူ လည်းဖြစ်သည်။
တစ်ရက် တွင် မုန့်ဟင်းခါး က ပုံမှန်စောစော ကုန်သည်ထက် ကိုပဲ ပို၍စောစွာ ကုန်သွားသည်။ အချိန်တော်တော် များများ ပိုနေသူ မုန့်ဟင်းခါး သည် ကလေးက မုန့်ရောင်းကောင်း၍ ပျော်နေသည် ဖြစ်ရာ ခါးတွင် ထိုးထားသည့် ပလွေကလေးကို အသာဖြတ်ယူပြီး ပလွေမှုတ် ပါလေ တော့သည်။
ပညာရှင် အဆင့် ပလွေ ဆရာ မဟုတ်စေကာ မူ သင့်တင့် လျှောက် ပတ်စွာ မှုတ်တတ် သူဖြစ်သဖြင့် နားထောင် ၍ သင့်မြတ် လှပေရာ တစ်ခဏနှင့် ပင် ဟိုနား သည်နားက လူ အချို့ ဝိုင်းအုံ လာကြ ပါတော့ သည်။
ထို့နောက် ဟို သီချင်းလေး မှုတ်ပါအုံး သည် သီချင်း လေးမှုတ်ပါအုံး နှင့်တောင်းဆို လာကြပါတော့သည်။
ဤတွင်မှ စ၍ မုန့်ဟင်းခါး သည် ကလေးသည် မုန့်ဟင်းခါး အပေါ် အာရုံ သိပ် မရှိပါလေတော့။
တော်စွလျှော်စွ ကလေး သင့်တင့်ရုံ အားစိုက် ချက်ကာ ပလွေဖြင့် သီချင်း အသစ် များ ကိုလေ့ကျင့် ပါလေတော့ သည်။ တစ်ပုဒ်ပြီး တစ်ပုဒ်။ နောက် တစ်နေ့ မနက် မှုတ်ပြဖို့။ သို့ဖြင့် လာလတံ္တသော ရက်များ တွင်လည်း သီချင်း အသစ် ကလေးတွေ လေ့ကျင့်လိုက်၊ လာရောက်အားပေးသူမျာကို မှုတ်ပြ လိုက်၊ လက်ခုပ် ဩဘာသံ များကြားမှာ ပီတိ ဖြစ်လိုက်၊ မုန်ဟင်းခါး အိုးကြီးတော်စွ လျော်စွ ပစ်ထားလိုက်။
နောက်တော့ သူ့ မုန့်ဟင်းခါး နာမည်ပျက် သွားခဲ့ပါသည်။ ပလွေ ကမူ ဆရာ တစ်ဆူ ပါရဂူ လောက် အထိ ကလည်း မထွန်းပေါက်၊ သာမန် ထက် လည်း မကဖြင့် ခွကျကျ လူတစ်ယောက် အဖြစ် ချာလပတ်လည် သွား ခဲ့ပါလေတော့သည်။
ယင်းသည် ပင်လျှင် ဆရာ ဦးခင်အေး သာဓက ဆောင်သည့် ပုံဝတ္ထု။
မူလ ပထမ ကျွမ်းကျင် ရာ မုန့်ဟင်းခါး ချက်ခြင်း အလုပ် ကို လွှတ်ချ လိုက်ပြီး အရောရော အထွေးထွေး လက်ခုပ် တီးပေး ကြသည့် ပလွေ မှုတ်ခြင်း ၌သာယာ ကျေနပ် ကာ အဓိကနှင့် သာမည မခွဲခွာနိုင် သဖြင့် ကျရှုံး သွားသူ မုန်းဟင်းခါးသည် ကို လူ့ဘဝနှင့် ချိန်ထိုး ကာ မည်သူ တွေ က မုန်းဟင်းခါး ချက်လို့ မည်သူတွေ က ပလွေမှုတ် နေကြသလဲ ဆိုသည် ကို တွက်ဆ ကြည့်မိလာ တတ်ပါသည်။
ကျွန်တော်တို့ အားလုံးနေစဉ်နှင့် အမျှ ရုန်းကန် လှုပ်ရှား ဆောင်ရွက် လုပ်ကိုင် နေကြသော အရာတို့သည် မုန့်ဟင်းခါး ချက်နေကြတာ လား ပလွေ မှုတ်နေကြတာလား။
အမှတ် တမဲ့ လက်ခုပ်သံ များ၊ ခရီးသွား ဟန်လွှဲ ဩဘာပေးသံ များ လောက ဝတ် ချီးမြှင့် မြှောက်စားမှုများ ကြားမှာ ပုလွေ မှုတ်မိ သူတွေများဖြစ်နေလေရော သလား။
ဘီစီ ၅၅၁ ၌မွေး ကာ ဘီစီ ၄၇၉ တွင် အနိစ္စရောက်သည် ဟု ဆိုသော လု (Lu) ပြည်နယ်သား တရုတ် ပညာရှိ ကွန်ဖြူးရှပ် (Confucius) က ဘုရင် က ဘုရင် အလုပ်လုပ်၊ မိဘ က မိဘ အလုပ်လုပ်၊ သားသမီး က သားသမီး အလုပ်လုပ် ဟု ဆိုခဲ့ခြင်းမှာ ကိုယ့် အလုပ် ကိုယ် လုပ်ဖို့ နှင့် ကိုယ် နှင့်မဆိုင်သော အလုပ် များကို မလုပ် ကြရန် သတိပေးထားခြင်း ပင်ဖြစ်ပါသည်။
ဒေးဗစ် ဘင်ဂူရီယန် (David Ben Gurion) က အိုင်းစတိုင်း (Einstein) အား “ခင်ဗျားသည် ဥာဏ်ကြီး ရှင်ဖြစ်၍ အစ္စရေး သမ္မတ လုပ်ရန်” အကြံပြုရာ ငြင်းဆန် ခဲ့သည် ကို အများသိ ဖြစ်ပါသည်။ ဤနေရာ တွင် အိုင်းစတိုင်း က “ဩော်…. ကိုယ် လုပ်ရင် ဖြစ်တယ် ဟုတ်လား….. ဟုတ်ပါ့ မလား ကိုယ့်လူ ရဲ့…. နင်တို့ လုပ် ဆိုလို့ သာ လုပ်ရတာနော်” စသည်ဖြင့် ပလွေ ဝင် မမှုတ်ခဲ့ပါ။ ရူပဗေဒ နယ်ပယ် ၌သာ သူ့ မုန့်ဟင်းခါး သူ ကောင်းအောင် ချက်ခဲ့ပါသည်။
ကိုလံဘီယာ က စာရေးဆရာကြီး ဂါစီယာမားကွက်စ် (Garcia Marquez) က တဲ့ကော။ စာေ ပနိုဗယ်ဆုရ ပုဂ္ဂိုလ်ကြီးဖြစ်သဖြင့် ကိုလံဘီယာ နိုင်ငံသားတို့ က သမ္မတ လုပ်ဖို့ရာ ကမ်းလှမ်း ဖူးပါသည်။
ပလွေမှုတ် ဖို့ ဂါစီယာမားကွက်စ် က ငြင်းပါ၏။ သူ့စာ ကိုသာ သူ ကောင်းအောင် ဆက်ရေး ခဲ့ပါသည်။ မုန့်ဟင်းခါး ကို ကောင်းသည် ထက်ကောင်းအောင် ချက်ခဲ့သည် ။
ဦးနှောက် ယိုစီးမှု ဟူသော (Brain Drain) အကြောင်း ကို ပြောကြရာ ၌ မိမိနိုင်ငံ အတွင်း ရှိ လူသား အရင်း အမြစ် များ တိုင်းတစ်ပါး သို့ စီးဝင်ရောက်သွားခြင်း ကိုမှ ဆိုလိုသည် မဟုတ်ဘဲ ကိုယ်နိုင်ငံ အတွင်း၌ အသုံး မချဘဲနေလျှင် လည်း (Brain Drain) ပင်ဖြစ်သည် ကို ကျွန်တော် တို့အားလုံး သိရှိထားကြပြီး ဖြစ်ပါသည်။
တကယ်တော့ မုန့်ဟင်းခါးသည် လည်း (Brain Drain) ပင်ဖြစ် ပါသည်။ လူသည် မိမိနှင့် လိုက်လျှော အပ်စပ် ရာ ပထမလောက ၌ မနေဘဲ မလုပ် ဘဲ ဒုတိယလောက ၌ ဝင်ရောက် ကျင်လည်ပျော် ပါးနေ ခဲ့သော် နှစ်လောက စလုံး ပျက်ဖို့သာ ပင် ဖြစ်ပါသည်။
ကျွန်တော် ကကော မုန့်ဟင်းခါး ချက်နေမိ တာလား ပလွေမှုတ်နေ မိတာလား။
လက်လှမ်း မီက လူတွေ ကော နဖူးပေါ် လက်တင် ကာ စဉ်းစားကြပေရော့။
credit: ကိုရင်သြ
No comments:
Post a Comment