မြို့မ လေးလေး၇င်ေ၇းသား ခဲ့သော " မြူမှောင်ဝေကင်း " သင်္ကြန် သီချင်းကောင်းလေး ကို အမှတ်တ၇ ပြန်လည် သီဆို မှတ်တမ်းတင်အပ်ပါတယ်...
12 January 2016
ဟော့ဖြစ်နေတဲ့ ဆန်ဆေးရေ ကိစ္စ

ဆန်ဆေးရေ ကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ် တစ်ခုမှာ ပါတဲ့ သတင်း တပုဒ်ကြောင့် ဖြစ်ပါ တယ်။ တစ်ရက် ကပဲ တနင်္ဂနွေကျန်းမာရေး အမေးအဖြေ အစီအစဉ် တစ်ခုမှာ ဆန်...ဆေးရေနဲ့ ပတ် သက်ပြီး မေးထားတာ ရှိလို့ ရေးဖို့ဖြစ်လာတယ်။
ဆန်ဆေးရေ ဆိုတာ ရှေး ယခင်နှစ်ပေါင်းများစွာ ထဲက အဘိုး အဘွားတွေ သုံးစွဲ ခဲ့တာ ကြားဖူးကြမယ်။ အာယုဗေဒဆေးကျမ်း၊ တရုတ်ဆေးကျမ်းတွေ မှာလည်း ဆန်ဆေးရေ ရဲ့ အာနိသင်တွေရေးထားတာ ရှိပါတယ်။
အသားအရေ လှတာ၊ ဝက်ခြံပျောက်ကင်းတာ၊ ဆံသား ကို နက်မှောင် သန်စွမ်းစေတာ စသည်ဖြင့် အမျိုး မျိုးပေါ့။ တကယ်လည်း ဟုတ်ပါတယ်။
ဆံသား နဲ့ ပတ်သက်ပြောရရင် Huangluo ရွာ တရုတ်မျိုးနွယ်စု တစ်စုဖြစ်တဲ့ Yao လူမျိုးစုတွေ ကို ချန် ထား လို့မရပါ။ အဆိုပါ မျိုးနွယိစု ဝင်တွေ ရဲ့ ပျမ်းမျှ ဆံပင်အရှည်ဟာ ၆ပေ နီးပါးရှိလို့ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ် မှာတောင် ထည့်သွင်းဖော်ပြခံရပါတယ်။
ထူးခြားချက် က အသက် ၈၀ကျော်တဲ့ ထိ ဆံပင်ဖြူတာမျိုး မရှိပါဘူး။ အဲဒီလိုဆံသားတွေ နက်မှောင် သန် စွမ်းခြင်း ရဲ့ နောက်ကွယ် အကြောင်းရာကို လေ့လာကြည့်တော့ ဆန်ဆေးရေကြောင့် ဖြစ်ပါသတဲ့။
ခေါင်းလျှော်တဲ့ အခါ ကစော်ဖောက် ထားတဲ့ ဆန်ဆေးရေ နဲ့လျှော်တဲ့ အတွက် ဆံသားတွေ သန်စွမ်းနေ ရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီလိုအဖြစ်မျိုးတွေ မကြုံရလေအောင် လမ်းသွားရင် အသိ၊ သတိ နဲ့ယှဉ်ပြီး သွားစေလိုပါတယ်..
ဒီနေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုကို ကိုယ့်လိုမျိုး မဖြစ်ရအောင် သူငယ်ချင်းတွေ ကို သတိပေးချင်လို့ ပြောပြချင်ပါတယ်…..
ဒီနေ့ သင်တန်းက စာမေးပွဲစောစောဖြေပြီးလို့ သူငယ်ချင်းတွေနဲ့ မုန့်တီ သွားသောက်ပြီး စောနေလို့ ယောက္ခမ အိမ် သွားမလို့ဆို ရေကျော်ဘက် ကို ထွက်လာခဲ့တာ ဇာတ်လမ်း က အဲ့ဒီမှာ စတာပါပဲ….
၄၇ လမ်းထိပ် က Excellent မှာ အိမ်က သမီး အတွက်ရော၊ ယောက္ခမ အိမ်က ကလေးတွေ အတွက်ရော အသားချောင်း ဝယ်မလို့ဆို ကားလမ်းကူး အပြီး ပလက်ဖောင်းပေါ် အတက် အရှေ့ တည့်တည့်ကနေ ကောင်မလေး ၂ ယောက် လာနေတာတွေ့လိုက်ပေမယ့် ကိုယ့် အာရုံနဲ့ ကိုယ်မို့ အမှတ်တမဲ့ဖြစ်နေတဲ့ အချိန် ..................
“ဟာ သူငယ်ချင်း မတွေ့တာကြာပီ နေကောင်းလား”ဆို ခုနက ရှေ့တည့်တည့် က ကောင်မလေး ၂ ယောက်က မျက်နှာချင်းဆိုင် ကနေ ကျွန်မ လက် တစ်ဖက်တစ်ချက်ကို လှမ်းချိတ်ပြီး နှုတ်ဆက်လိုက်တော့ မြတ်ဆုမွန် ဆိုတဲ့ ကျွန်မ ကလေ သိတဲ့ အတိုင်း ရုတ်တရက်ဆို ကြောင်တောင်တောင်နဲ့ “အေး မကောင်းဘူး အံဆုံးပေါက်နေတာ ခုထိ နှုတ်မရသေးလို့ဟယ်”ဆို ပြန်ပြော လိုက်သေးတယ်….(ဘယ်လောက်တောင် ကြောင်တောင်တောင် ဂေါက်တောက်တောက် နိုင်လိုက်လဲ ဆိုတာလေ၊ ဒီလောက် ကိုယ့်လက်ကြီး ကို ဖမ်းချိတ် ထားတာကို)
ပြီးတော့မှ “အေးဟယ် စိတ်မရှိနဲ့နော် ငါ မမှတ်မိလို့ လသာ ၂ ကလား” တဲ့ မေးမိ လိုက်သေးတယ်(အခု ပြန်စဉ်းစားမှ ကိုယ့်ဟာ ကို ပါးတောင်ရိုက်ပလိုက်ချင်တယ်)….အဲဒီမှာ ဆံပင်အတို အကောက်နဲ့ ကောင်မလေး က “သူငယ်ချင်း ငါတို့နေ့လည် ထဲက ဘာမှ မစားရသေးလို့ ပိုက်ဆံပေးစမ်းဘာ”တဲ့….
08 January 2016
သိ စေ ချင် လွန်း လို့ ပါ

စင်္ကာပူရောက် မြန်မာ နိုင်ငံသား အားလုံး နီးပါး ဟာ တစ်လ မှာ ကိုယ့် အတွက် ကိုယ်ပိုင်အချိန် ဆိုတာ ...
တစ်ချို့ သော သူတွေ အတွက် တစ်လ ၄ ရက် ..!
တစ်ချို့ သော သူ တွေ အတွက် တစ်လ ၂ ရက် ...!
တစ်ချို့သော သူတွေ အတွက် . တစ်လ ၁ရက် ထဲသာ ..!
ဒီကြားထဲ သူဌေးး တွေ ရဲ့ အလုပ် အရေး ကြီး ရင် ကြီးသလို ဝန်ထမ်း လောက်ဌမှု မရှိရင် မရှိ သလို တစ်လ လုံး နေလို့ နားရက် မရ ပဲ Over Time ဆင်းပေးရ တဲ့ လ တွေ ... ရှိ နေ ပြန် ပါ သေးး တယ် ....!!!
ဒါ ပေ မယ့် ... ငါတို့ တစ် တွေ တော်တော်များများး အချိန်ပြည့် Online ပေါ် ရှိ နေ နိုင် ကြတာ .. Why ..?
စင်္ကာပူ နိုင်ငံ ရဲ့ အိမ် တိုင်း လိုလို မှာ Wifi free သုံးစွဲ ခွင့်ရှိသလို ... ဆိုင် တော် တော် များများ မှာ လည်း .. Wifi .. free .. တွေရ ကြ လို့ ပါ ...! Data အလွယ်တကူ ဝယ် ယူ သုံးစွဲ နိုင်တဲ့ internet ' လိုင်းတွေ ကြောင့် ပါ ..!
ငါတို့ တစ်တွေ Online ပေါ် ရောက်နေတိုင်း ... အမြဲ Q ' နေ Chat ' နေတယ် ထင်ရင် မှားသွားမယ် fri '
Chat Box ထဲ က မီးစိမ်း လို့ လာ Hi' နေ တိုင်းလည်း အချိန်ပြည့် ပြန် Hi' ပြောဖို့ အလုပ်မအားဘူး fri ....!!

01 January 2016
သူဌေးတွေရဲ့ ချမ်းသာကြောင်း အကျင့် ၉ မျိုး

(၁) တရားထိုင်တယ် ။
ကျွန်တော် အောင်မြင်ရတဲ့ အဓကိအကြောင်းရင်း ကတော့ တရားထိုင် လို့ပါပဲ လို့. Bridgewater Associates ...ကို ထူထောင်သူ ရေးဒါလီယို က ပြောပါတယ်။ သူ တစ်ယောက်တည်း မထင်ပါနဲ့။ အိုပရာ ၀င်းဖရေး၊ ရူးပတ်မားဒေါ့ စတဲ့ အောင်မြင်ကျော်ကြားသူတွေဟာ တရားထိုင်တတ်ကြပါတယ်။
ခန္ဓာကိုယ် နဲ့ စိတ် ကို ဖြေလျှော့တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ကျန်းမာရေး နဲ့ ညီညွတ်တာတွေ စားတာ၊ အိပ်ရေး၀၀ အိပ်တာ အားလုံးဟာ အောင်မြင်မှု ရစေတဲ့ အကြောင်းတရားတွေ ထဲမှာ ပါပါတယ်။
(၂) အိပ်၇ာစောစော ထတယ် ။
သမ္မတ အိုဘားမား၊ တင်ကွတ် စတဲ့သူတွေဟာ စောစော ထတဲ့သူတွေ ဖြစ်ပါတယ်။ စောစော ထတာနဲ့ အောင်မြင်တာ ဘာဆိုင် လို့လဲ ။ အကြောင်း ကတော့ စောစောထတဲ့ သူတွေဟာ သူများတွေထက် တုံ့ပြန် တဲ့နေရာမှာ စောတယ်၊ လေ့ကျင့်ခန်း လုပ်ဖို့၊ ကိုယ့်တစ်ကိုယ်ရည်အတွက် အချိန်ပေးဖို့ အချိန်ရတယ်။ သည်တော့ သူများထက် ခေါင်းတစ်လုံး သာတာပေါ့။

ကိုယ်ဝန်ဆောင် မိန်းကလေးတွေအပေါ် မလုပ်သင့်သော ၁၄ ချက်

ကိုယ် ချစ်ရတဲ့ ဇနီးဖြစ်သူ က ကိုယ့်ရဲ့ ရင်သွေးလေး ကို မွေးပေးမယ် ဆိုရင် ဘယ်လောက်ပျော...်စရာကောင်း မလဲ။ ကိုယ်ဝန်ဆောင်တယ်ဆိုတာဟာ မိန်းကလေးတွေသာ သိပြီး ယောင်္ကျားဖြစ်သူက မသိတဲ့ အချက်တွေ အများကြီး ရှိပါတယ်။
ကိုယ်ဝန်ဆောင်စဉ် မှာလည်း မိခင်လောင်း မိန်းကလေး အနေနဲ့လည်း စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ပြောင်းလဲမူတွေ အများကြီး ရှိတယ်ဆိုတာ သိထားဖို့ လိုပါလိမ့်မယ်။
မသိထားရင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မူတွေ လွဲပြီး ပြသာနာတွေနဲ့ ကြုံရမှာ အမှန်ပါ။
ဒါကြောင့် မဖြစ်သင့်တဲ့ ပြသာနာတွေကို ကြိုတင်ပြီး သိအောင် မလုပ်သင့်သော အချက်လေးတွေကို တင်ပြလိုက်ပါတယ်။
၀၁. တစ်လိပ်သောက် သောက်လိုက်ဦးမယ်။
ဆေးလိပ် ကို ကိုယ်ဝန်ဆောင် မိန်းကလေး ရဲ့ဘေးမှာ မသောက်သင့်ပါ။ ကလေး မှာ အဆုပ်နဲ့ပတ်သက် တဲ့ ရောဂါဖြစ်နိုင်ပါတယ်။
မိန်းကလေး ကိုယ်တိုင် လည်း ဆေးလိပ် မသောက်သင့်ပါ။ သောက်ခဲ့သည်ရှိသော် ကလေးက ကျန်းမာရေး ချို့တဲ့သူဖြစ်တတ် ပါတယ်။
၀၂. အရက် ကို နည်းနည်းသောက်ချင်တယ်။
ဆေးလိပ် တစ်ခုတည်း မဟုတ်ပါ။ အရက်ကိုလည်း မသောက်စေချင်ပါ။ ကိုယ်လည်း မသောက်နဲ့။ သူ့ကိုလည်း မသောက်စေပါနဲ့။

29 December 2015
အစောင့်တွေတောင် အထဲ မ၀င်ရဲတဲ့ ကြောက်စရာ အကောင်းဆုံး ကမ္ဘာ့ အကျဉ်းထောင်
ပီနက်စ်ဆီရူဒက်ဘာရီရို့စ်လို့ ခေါ်တဲ့ အကျဉ်းထောင် ဟာ အယ်ဆာဗေဒိုးနိုင်ငံက မာရာဆယ်ဗာထရူချာ လူဆိုး ဂိုဏ်းသားတွေချည်း ပဲ နေထိုင်တဲ့ ကမ္ဘာပေါ် က အန္တရာယ် အရှိဆုံး အကျဉ်းထောင် တစ်ခု ဖြစ်ပါ တယ်။
ဒီထောင် ကို ထောင်သား ၈၀၀ လောက် နေထိုင်ဖို့ ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ပေမယ့် ခုချိန် မှာတော့ အကျဉ်းသား ပေါင်း ၂၅၀၀ လောက်နေထိုင်နေကြပြီး သူတို့ ဘာသာ ဆေးရုံတွေ၊ ပေါင်မုန့်ဖုတ် လုပ်ငန်းတွေနဲ့ သီးသန့်နေထိုင် နေတာမို့ ဘယ်အစောင့်မှ အထဲ ကို မ၀င် ရဲဘူးလို့ သိရပါတယ်။
အယ်ဆာဗေဒိုးနိုင်ငံ မှာ ၁၂ နှစ်ကြာ ဖြစ်ပွား ခဲ့တဲ့ ပြည်တွင်းစစ် ၁၉၉၂ မှာ ရပ်တန့် သွားပြီးတဲ့နောက် နိုင်ငံတွင်း က လူသတ်မှုဖြစ်ပွားမှု ရာခိုင်နူန်း က မြင့်တက်လာ ခဲ့ပါတယ်။
ပီနက်စ်ထောင်ထဲ မှာ နေထိုင်နေကြတဲ့ မာရာ ဂိုဏ်းသားတွေ ဟာ မျက်နှာ နဲ့ ခန္ဓာကိုယ် မှာ တက်တူးတွေ အပြည့် ထိုးထားပြီး ဒီ တက်တူးတွေ ကို ကြည့်ရင် သူတို့ ဘာ အလုပ် လုပ်သလဲ ဆိုတာ နဲ့ ဘယ်လို ပြစ်မှုတွေ ကျူးလွန်ခဲ့လဲ ဆိုတာ သိနိုင်တယ်လို့ ဆိုပါတယ်။
ဒီထောင်ထဲက မာရာ ဂိုဏ်းသားတွေ ဟာ သူတို့ဘာ သူတို့ သီးသန့်ဒေသလေးတစ်ခုအဖြစ် ဖန်တီးထားပြီး ပေါင်မုန့်ဖို၊ ဆေးရုံ၊ ၀ပ်ရှော့တွေ နဲ့ ပြန်လည်ထူထောင်ရေး စခန်းတွေ ကိုလည်း ကိုယ်ပိုင် အဖြစ် ဖန်တီး ထားကြတာ ဖြစ်ပါတယ်။
သင် မွေးခဲ့သော လ ကို ကြည့်၍ မည်သည့်ရောဂါဖြစ်မည်ကို ပြောနိုင်ဟုဆို
ကျွမ်းကျင်သူတွေ ရဲ့လေ့လာတွေ့ရှိချက် တစ်ခုအရ လူတစ်ယောက် ရဲ့ မွေးတဲ့လ ကို ကြည့်ပြီး သူဖြစ် မယ့် ရောဂါ ကို သိနိုင်တယ် လို့ သိရပါတယ်။
သိပ္ပံပညာရှင်တွေ က နယူးယော့ခ်မှာ ရှိတဲ့ လူပေါင်း ၁.၇ သန်း ဟာ ရောဂါ အမျိုး အစားပေါင်း ၁၆၈၈ မျိုး ဖြစ်ပွားနေပြီး ရောဂါပေါင်း ၅၅ မျိုး ဟာ လူတွေ မွေးဖွား ခဲ့တဲ့ လတွေနဲ့ ဆက်စပ်နေတာ ကို တွေ့ရှိခဲ့ပါ တယ်။
ဧပြီလ မှာ မွေးဖွားတဲ့ ကလေးတွေ ဟာ နှလုံးခုန် မမှန်တဲ့ ရင်ဘတ်အောင့် ရောဂါဖြစ်ပွားဖို့ ရာခိုင်နူန်း များပြီး
နိုဝင်ဘာလ ဖွားတွေ ကတော့ အဆုတ်ပွရောဂါ ဖြစ်ပွားဖို့ ရာခိုင်နူန်း များတယ် လို့ သိရပါတယ်။
ဒီလို မွေးတဲ့ လ နဲ့ ဖြစ်ပွားတဲ့ရောဂါ တို့ ဆက်စပ်နေမှုကို ကိုလံဘီယာ တက္ကသိုလ်က စစ်တမ်း ပြုလုပ်ပြီး လေ့လာ ခဲ့တာ ဖြစ်ပါတယ်။
26 December 2015
အာဏာပိုင်တွေရဲ့ သိက္ခာ အတွက် အလုပ်သမားလေး ၂ ဦး ကို သေဒဏ်ပေးတာ - (စီအက်စ်အိုင်အယ်လ်အေ)

လိပ်ကျွန်း လူသတ်မှု မှာ သက်သေ အထောက်အထား ခိုင်လုံမှု မရှိဘဲ... မြန်မာ အလုပ်သမား လူငယ် ၂ ဦး ကို သေဒဏ်ပေးလိုက်တဲ့ စီရင်ချက်ဟာ ဒေသခံ အာဏာပိုင် နဲ့ ဒေသတွင်း သြဇာညောင်းသူတွေ ရဲ့ သိက္ခာ အတွက် ဆုံးဖြတ်လိုက်တာ လို့ လူမှုကွန်ရက် က စီအက်စ်အိုင်အယ်လ်အေ အကောင့် ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါ က ဒီဗွီဘီကို ပြောပါတယ်။
စီအက်စ်အိုင်အယ်လ်အေ ဟာ လိပ်ကျွန်း လူသတ်မှု နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ဆွဲထုတ်ရင်း လူသိ များ လာတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ တစ်ခုဖြစ်ပြီး လက်ရှိ ကြည်ရှုသူ ပရိသတ်ပေါင်း ၆ သိန်းကျော် ရှိနေ ပါတယ်။
စီအက်စ်အိုင်အယ်လ်အေ အကောင့် ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါ ကို ဒီဗွီဘီ က ဆက်သွယ်မေး မြန်း ထားပါတယ်။
ကော့စမွီခရိုင် တရားရုံး ရဲ့ ဆုံးဖြတ်ချက်ပေါ် ဘယ်လိုမြင်ပါသလဲ။
“ကျနော့်အနေနဲ့ ကတော့ ဘာမှ မအံ့သြမိပါဘူး၊ အောက်ခြေ တရားရုံးတွေ က ဒီလိုပဲ လုပ်နေကျ၊ ဒေသ တွင်း အာဏာပိုင်တွေ၊ သြဇာ ကြီးမားသူတွေ က အောက်ခြေ တရားရုံးရဲ့ ဆုံးဖြတ်ချက် ကို ၀င်ရောက် စွက်ဖက်နိုင်တော့ သေချာတယ် မှားဖမ်းထားတဲ့ လူငယ် ၂ ယောက် ကို လွှတ်ပေးမှာမဟုတ်ဘူး၊
လွှတ်ပေးလိုက်ရင် ရဲတပ်ဖွဲ့ရော၊ ခရိုင် တည်ငြိမ်အေး ချမ်းရေးကောင်စီ (လက်ရှိ အစိုးရ) ကိုရော၊ အာဏာ ပိုင် အဖွဲ့တွေရော မျက်နှာပျက် စရာတွေ ဖြစ်နေတယ်။ တစ်ဘက် မှာ ခရိုင်တည်ငြိမ်အေးချမ်းရေးကောင် စီမှာ လည်း တခြားပြဿ နာတွေ ဖြေရှင်းရမှာတွေ အများကြီးရှိသေးတယ်၊

25 December 2015
အချိန်မီသေးတယ် Thailand {It's time to recover THAILAND} { คู่ทันเวลาประเทศไทย }

မတရား အကွက်ဆင်ပြီး သေဒဏ်ပေးနိုင်ခဲ့လို့ 
မင်းတို့ နိုင်သွားပြီ လို့  ထင်သလား ?
...
မင်းတို့ နိုင်သွားပြီ လို့  ထင်သလား ?
...
မြန်မာနိုင်ငံကို သိက္ခာချလိုက်တယ် ဆိုပြီး
မင်းတို့ ပျော်နေလား ?
မှားသွားပြီ....
ဗုဒ္ဓက သိက္ခာ ဆိုတာ ချတဲ့သူသာ ကျတာ တဲ. ။့
တစ်ကယ်တော့......
မင်းတို့ နိုင်ငံသာ သိက္ခာ ကျသွားတာပါ ။
မင်းတို့ လည်း ဗုဒ္ဓ ဘာသာဝင် နိုင်ငံပါ ။
ုမြန်မာ ဆိုတာလည်း ဗုဒ္ဓဘာသာဝင်နိုင်ငံ ပါ ။
ဗုဒ္ဓ အယူ ကို ယူလို့  ဗုဒ္ဓဘာသာ လို့  ခေါ်ကြတာလေ ။
မေးကြည့်မယ်
ဗုဒ္ဓ က ဆိတ်ကွယ်ရာ မရှိလို့ ဟောထားတာ မဟုတ်ဘူးလား ။
မမှန်တဲ့ အမှု့တခု ကို လူတွေကို သာ ဖုံးကွယ်လို့ ရမယ် မင်းတို့ ဖုံးကွယ် လို့ မရတာတွေ အများကြီး ရှိပါတယ် ။
ပြီးတော့ အမှန်တရား ဆိုတာ ရေ ရှည်ဖုံးကွယ်လို့ ရမယ်ထင်ရင် မင်တို့  မှားသွား လိမ့်မယ် ။
တစ်ကမ္ဘာလုံး က အာရုံစိုက်နေ တဲ့ ဒီ အမှု့ကို သက်သေမခိုင်လုံပဲ မတရား စီရင်ချက် ချခဲ့ရင်
Thailand ဆိုတဲ့ မင်းတို့ နိုင်ငံ ရဲ့ ဂုဏ်သိက္ဓာ ကမ္ဘာ ကို ဘယ်လို မျက်နှာပြမလဲ ဂုဏ်သိက္ခာ နဲ့  ရုပ်ဝတ္တု
ဘာက အရေးကြီးတာလည်း ?

သတိပြု၇မည့် အိမ်နီးချင်းများ
၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ (၂၄) ရက်နေ့  ညနေ ၃နာရီ လောက်မှာ နမ့်စန် လေတပ်စခန်း ရဲ့ ပြေးလမ်း ထိပ် မှာ အသင့်ဖြစ်နေတဲ့ တပ်မတော်(လေ) ရဲ့ ..Super Galeb G4 အမျိုးအစား တိုက်လေ...ယာဉ် အုပ်စုဟာ လက်နက်အပြည့်အစုံ နဲ့ လေထဲ ကို တဟုန်ထိုး ပျံတက်သွားပါတယ်။
ဒီ တိုက်လေယာဉ်အုပ်စု ဟာ လွန်ခဲ့တဲ့ မိနစ်ပိုင်း ကပဲ …ကက (ကြည်း) ရဲ့  တိုက်ပွဲဝင် အသင့် အမိန့် ကို လက်ခံရရှိ ခဲ့ပြီး ထပ်ဆင့် ဆိုသလိုကက (လေ) ရဲ့ စစ်ဆင်ရေး အမိန့် ကိုပါ ရရှိခဲ့ပါတယ်။ လေသူရဲ အားလုံး ဟာ ….မြေပုံခန်း က အထွက် မှာတော့ သူတို့ တိုက်ခိုက် ရမယ့် ပစ်မှတ် ကို ရှင်းရှင်းလင်းလင်း သိခဲ့ပြီးပါပြီ။
သူတို့ဟာ ယိုးဒယား- မြန်မာ နယ်စပ် အို 7 တောင်ကုန်း တစ်ဝိုက်မှာ …..ရှေ့ တန်း အမှတ် ၃၅၉ ခြေလျင် တပ်ရင်း နဲ့ …..တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေတဲ့ ယိုးဒယား တင့်ကားတွေ ကို.လေကြောင်း ပစ်ကူ နဲ့ ၀င်ရောက် တိုက်ခိုက်ရတော့ မှာပါ။ ဒါဟာ ၂၀၀၁ ဖေဖော်ဝါရီ(၇) ရက်နေ့မှာ စခဲ့တဲ့ ယိုးဒယား-မြန်မာ နယ်စပ် တင်းမာမှု အရေးပေါက် ကွဲသွားတာ လည်းဖြစ်ပါတယ်။
အို 7 တောင်ကုန်း ဟာ တာချီလိတ်မြို့ ပုန်းထွန်ရပ်ရဲ့ အရှေ့တောင်ဘက်.ယိုးဒယားနိုင်ငံမယ်ဆိုင်မြို့နဲ့ ကိုက် ၂၅၀၀ အကွာလောက်မှာ တည်ရှိ တဲ့ တောင်ကုန်းဖြစ်ပြီး၊ ၁၉၉၅ မှာ MTA အဖွဲ့ တွေ ကတောင် ကုန်းပေါ် ကနေ လက်နက်ကြီး နဲ့ တာချီလိတ်မြို့ ကို လှမ်းပစ်ပြီး ကတည်းက တပ်မတော်က တပ်စုတစ်စု ဟာ တောင်ကုန်းပေါ်မှာ အမြဲတန်း တပ်စွဲနေခဲ့ပါတယ်.။
အဲဒီ တပ်စုရြဲ့ ငိမ်းချမ်းမှု ဟာတော့ ဖေဖော်ဝါရီလ (၇) ရက်နေ့မှာပျောက်ဆုံး သွားခဲ့ရပါပြီ။ ခလရ ၃၅၉ က တပ်စုမှူး ဒုအရာခံဗိုလ်ကျော်ဌေး ဟာ ကွပ်ကဲမှု စစ်ကြောင်းထံဆက်သွယ်ရေး စက်နဲ့  အခြေအနေ အား လုံး သတင်းပို့ နေပါတယ်။
အိပ်ထ မတင်ဟာ မလုပ်သင့်သော အားကစားဖြစ်

အမေရိကန် စစ်တပ်မှနေပြီးတော့ ၎င်းတို့ ရဲ့ စစ်သား များကို အိပ်ထမတင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းအား စတင် တားမြစ်လိုက်ပါပြီ။ သူ့ကို Si...t-up လို့ အင်္ဂလိပ် လို ခေါ်ပါတယ်။ ယင်း အားကစားနည်း ဟာ ကြောရိုး နဲ့ ကြောရိုး တစ်လျှောက် အာရုံကျော အပေါ် ဆိုးကျိုး သက်ရောက်စေတာကို လေလာ တွေ့ရှိပြီးတဲ့နောက်မှာ တားမြစ်လိုက်ခြင်း ဖြစ်ပါတယ်။
ယင်း အားကစားနည်း ဟာ ဗိုက်ကြွက်သား၊ ပေါင်ကြွက်သားများ အတွက် အဓိက ဖြစ်ပြီး ကစားလာကြရာ တကယ်တန်းကျတော့ သူဟာ ထင်မှတ်မထားနဲ့ ဘေးထွက် ဆိုးကျိုးရှိစေကြောင်း ဆိုပါတယ်။
အမေရိကန် စစ်သားပေါင်း အယောက် တစ်သောင်း ကို စောင့်ကြည့် လေ့ကျင့်စေခဲ့ပြီး ၎င်းတို့ရဲ့ ကျော ရိုးအောင့်ခြင်း၊ ခါးနာခြင်း တို့ရဲ့ အဓိက တရားခံဟာ ယင်း အားကစားနည်း ဖြစ်နေတာကို လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ ကျောရိုး ကို ပရက်ရှာဖြင့် ဖိတဲ့ သဘောသက်ရောက်ပြီး အာရုံကြောကိုပါ ထိခိုက်ပါတယ်။

18 December 2015
ဖုတ် (သရဲ) ဝင်ပူး ခံရသူ (ဖြစ်ရပ်မှန်)
တစ်နေ့သ၌ ရွာ ၏ နေညိုချိန် ထန်းတဲ တစ်ခုတွင် လူ တစ်စု ထန်းရည် သောက်နေကြလေသည်။ ထိုသူတို့ အနက် ကိုလူကြီး ဆိုသူမှာ အပါအဝင် ဖြစ်လေသည်။
ကိုလူကြီး မှာ လွန်စွာ လူကောင် ကြီးမားသူ တစ်ဦး ဖြစ် သည့် အပြင် မည်သည်ကို မျှ မကြောက်တတ်၊ မည် သူ့ကိုမျှ မကြောက်တတ် သူ တစ်ဦး လည်း ဖြစ်ပေသည်။ ၎င်းတို့ ၏ ထန်းရည်ဝိုင်း အရှိန် ရလာချိန်တွင် လူပုလေး ဆိုသူ က ကိုလူကြီး အား ဤသို့ စကားစလေသည်။
“ဘိုလူ ရေ … မင်းကိုတော့ တစ်ခုလောက် သတိပေးရဦးမယ်ကွ”
“ဘာများလဲ … ဘယ်ကောင် က ငါ့ကို မကျေနပ်လို့လည်း ပြောစမ်းပါဦး”
“ဘယ်ကောင်က မှ မင်းကို မကျေနပ်လို့ မဟုတ်ဘူး၊ မင်းကို သတိပေးချင်တယ် ဆိုတာက မင်း အမေ ဒေါ်စိန်ထွား ကို ပြောတာ”
“မင်းကလည်း အမေ က အိပ်ယာထဲ လဲနေတာဖြင့် ကြာလှပြီ။ ဒီနေ့မဟုတ် နက်ဖြန် သေချင်သေမှာ ပါပဲကွာ …”
“ငါ ပြောချင်တာ အဲဒါ ပြောတာ မဟုတ်ဘူးကွ၊ မင်း အမေ ပုံစံက မရိုးဘူး လို့ ကြားရလို့ မင်းကို သတိပေး ချင် တာ”
“ဘာမရိုး တာလဲ၊ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ ငပုရာ …”
“အေး … မင်း အမေ ဖုတ်ဝင်နေတာ လို့ ကြားတယ်”
“ငါ့ အမေ ဖုတ်ဝင်နေတယ် … ဟုတ်စ”
“အေး… ရွာထဲ က လူတွေ ကတော့ အဲဒီ အတိုင်း ပြောနေကြတာပဲ၊ မင်း ကလည်း အိမ်ကပ်တဲ့ အကောင် မဟုတ်တော့ ဘာမှ သိတာ မဟုတ်ဘူး မဟုတ်လား၊ မင်း အိမ်က ကလေးတွေတောင် မှ မင်းအိမ် မှာ မရှိရင် မင်း အမေနား မကပ်ဘူး တဲ့ကွ”
အလုပ် ထွက်ပြီး ကိုယ်ပိုင်စီးပွား လုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်
စွန့်ဦး စီးပွား တီထွင်သူများ အနေနဲ့ ကိုယ်ပိုင် စီးပွားရေး စတင် ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါ တယ်။
အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ် မှာပေးထား တဲ့ အချိန်ကို လျော့လိုက် ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့ အတွက် အကောင်းဆုံး နည်းလမ်းက အလုပ် ထွက်လိုက်ခြင်း ပါ။
ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်တော့မယ် ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့် ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။
၁။ ပိုမို ပျော်ရွှင်စေမှာလား
ကိုယ်က ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင် မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့ စလိုက်မယ်သာ ဆို တယ်။ တကယ်ကော လုပ်ပျော် မှာလား ဆိုတာကို သေချာ မေးဖို့ လိုအပ်ပါတယ်။ အချို့ က ငွေ အရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ် ဆိုပြီး လုပ်ငန်း စပါတယ်။ သို့ပေမယ့် သူပျော် တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ် ထွက်ပြီး မှ ပျော်စရာ မကောင်းတဲ့ လုပ်ငန်း တစ်ခု စမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေ ပါတယ်။
၂။ အချိန်တန်ပြီလား
ကိုယ်ပိုင် စီးပွားရေး ဆိုပြီးတော့သာ အလုပ် ထွက်မိတယ်။ လက်ရှိ ကိုယ့်ဆီ မှာ ကိုယ်ဝန်သည် ဇနီးရှိနေ မယ်။ မနာ မကျန်း မိဘ ရှိနေမယ် ဆိုရင်လည်း အဆင် မပြေပြန်ဘူးလေ။
အလုပ် ထွက်ရင် ဝင်ငွေက မရှိတော့ ဘူး။ ဝင်ငွေ မရှိတော့ ပဲနဲ့ အဲဒီ တာဝန်တွေကို ထမ်းရွက်နေရင် ကိုယ်ပိုင် စီးပွားတောင် မလုပ်နိုင်ပဲ မွဲပြာ ကျသွား နိုင်ပါတယ်။ ဒီတော့ သင့်တင့် မျှတတဲ့ အချိန်ကာလ တစ်ခုကို ရောက်ပြီလား ဆိုတာကို သေချာ ချင့်ချိန် စဉ်းစားဖို့ လိုအပ် ပါတယ်။

မိရိုးဖလာ စီးပွားရေး လုပ်ငန်းတွေ ကို ဘယ်လို ကယ်တင်ကြမလဲ
မန္တလေးမြို့လည် က စီးပွားရေးကြော်ငြာ ဆိုင်းပုဒ်များ (ဓာတ်ပုံ – တေဇလှိုင်/ဧရာဝတီ)
မြန်မာ့ စီးပွားရေးလောက အတွင်း က မိရိုးဖလာ စီးပွားရေး လုပ်ငန်းတွေ ရေရှည် တည်တံ့ ဖွံ့ဖြိုးဖို့ ၀ိုင်းဝန်း လုပ်ဆောင်ကြရတော့မယ့် အချိန်ရောက်လာပါပြီ။
မိရိုးဖလာ လုပ်ငန်းတွေ ထဲမှာ စားသောက်ကုန် လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ ၀န်ဆောင်မှု လုပ်ငန်းတွေ ပါဝင်တယ်။ လက်ရှိ အခြေအနေ မှာ လုပ်ငန်းအများစု က တိုးချဲ့နိုင်ဖို့ အသာထား လုပ်ငန်း မပြိုလဲအောင် ကျားကန်နေကြရတယ်။
မန္တလေးမြို့ မှာ အထင်ကရ ရှိတဲ့ မလိုင်ပေါက်စီဆိုင် ဟာ တမြို့လုံးပေါင်း လို့ လက်တစ်ဖက် (၅ဆိုင်) မပြည့်တော့ ဘူး။ ကား ပစ္စည်း၊ ဆိုင်ကယ် ပစ္စည်း ပြုလုပ်ပေးတဲ့ တွင်ခုံ ဆရာ အချို့ ဈေးထည် ပစ္စည်း ပြောင်း လုပ်နေကြရတယ်။
အိမ်တော်ရာ ထီး လုပ်ငန်း ပျောက်ကွယ် သွားတာ ကာလ အတော်ကြာပြီ။ မြို့ မျက်နှာဖုံး အဖြစ် ဂုဏ်သိက္ခာ ရှိရှိ တလျှောက်လုံး ရပ်တည် ခဲ့တဲ့ ကုန်စည်ဒိုင် က ပွဲစားကြီး အချို့ ခေတ်ကာလ အလိုက် ရောင်းရေးဝယ် တာ ပုံစံပြောင်းသွားလို့ လုပ်ငန်း နားထားရတယ်။
နည်းပညာ လှိုင်းလုံးတွေ တ၀ုန်းဝုန်းအောက်မှာ အချို့ လုပ်ငန်းတွေ ၀ါးမျို ခံလိုက်ကြရတယ်။ နည်းပညာက ကမ္ဘာကြီးကို ရွာကြီး တစ်ရွာ ဖြစ်စေခဲ့တယ်။
မြန်မာနိုင်ငံ လို တတိယ ကမ္ဘာက နိုင်ငံ မဆို ထားနဲ့။ စက်မှု ထိပ်သီးနိုင်ငံတွေသည်ပင် နည်း ပညာစက် ကွင်း က မလွတ် ခဲ့ဘူး။ ကက်ဆက်တွေ ဗီဒီယိုပြစက်တွေ အပြိုင် အဆိုင် ထုတ်လုပ်ရောင်းချ လို့ ကောင်းနေ ဆဲမှာ ပဲ စီဒီ ဖွင့်စက်တွေ ဒီဗီဒီ ဖွင့်စက်တွေ ပေါ်လာတော့ ဂျပန်နိုင်ငံ က ဧရာမ အီလက်ထရောနစ် ကုမ္မဏီတွေ လည်း ခွက်ခွက်လန် အရှုံးပေါ်ကုန်တယ်။
16 December 2015
အသည်း ကိုဆေးခြင်း
တစ်ပတ် တစ်ကြိမ် အဆိပ် အပုပ် ထုတ်တဲ့ အစီအစဥ်အရ အခု အပတ်မှာ အလှည့် ကျတာကတော့ အသည်း က်ုဆေးဖို့ပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ် မှာ အသည်း ဟာ အရေးကြီးတဲ့ အင်္ဂါ တစ်ခုဖြစ်သလိုအလုပ် အများဆုံးသော ကလီစာ လည်းဖြစ်ပါတယ်။
စားအမျှ အစာတွေက အဆိပ်တွေကိုဖြေပေးရ ပါတယ်။နေ့စဥ်စားနေတဲ့ အစာတွေထဲမှာ အဆိပ်တွေက အများကြီးပဲ။ ဒါကြောင့် အသည်းကောင်းဖို့ သိပ်အရေးကြီးပါတယ်။
အသည်း ကိုဆေးဖို့ အကောင်းဆုံး ကတော့ မန်ကျည်းဖျော်ရည်ဖြစ်ပါတယ်။ မန်ကျည်းသီး ဟာ အသည်း အတွက် သဘာဝ ကပေးထားတဲ့ဆေး လည်း ဖြစ်ပါတယ်။ အသည်း ကို နုပျိုစေပါတယ်။

အုန်းနို့ က နို့ပြီးရင် နောက် အကောင်းဆုံး ဖြစ်နိုင်ဖွယ်ရှိနေ
အုန်းနို့ ကို နို့ပြီးရင် နောက် အကောင်းဆုံး အဖြစ် အာဟာရဗေဒ ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖြစ် လူသိ များတဲ့ Dr Josh Axe မှ သက်သေပြခဲ့ပါတယ်။
ဒါကို ကျန်းမာရေးအ တွက် သောက်သုံးခြင်း အပြင် ချက်ပြုတ်ခြင်း အတွက် ပါဝင် ပစ္စည်း တစ်ခုအဖြစ် တိုးမြင့်ဆောင်ရွက်ဖို့ အုန်း ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ Coconut Development Board ကို ဖွဲ့စည်းခဲ့ပါတယ်။
သဘာဝ ကျန်းမာရေးဖျော်ရည် တစ်မျိုး အဖြစ် အုန်းရည်/နို့ ကို သဘာဝဆေး အဖြစ် ဖြစ်စေမယ့် လုပ်ငန်း ကို ဆောင်ရွက်ခဲ့ပါတယ်။
ထုတ်လုပ်သည့် စက်ရုံ မှာ အနံ့အရသာ မျိုးစုံဖြင့် ထုတ်လုပ်ခဲ့ပါတယ်။
လေ့လာမှုများ အရ နွားနို့မှာ လူတွေ အတွက် အစာချေဖို့ ခက်ခဲစေတဲ့ သကြား တစ်မျိုးဖြစ်တဲ့ lactose ပါဝင်ပါတယ်။ ဒီအရာ က အုန်းနို့ မှာ မပါဝင်ပါဘူး။
15 December 2015
သူတစ်ပါး ကို ကွဲအောင် လုပ်ခဲ့သော မှားယွင်း တဲ့ လုပ်ရပ် ၏ ဝဋ်ကြွေး ဆိုးကျိုး
ရဟန်းတော် တစ်ပါး။ သူ့ဘွဲ့က မူရင်း ကတော့ “ဓါန”ပေါ့။ ရှေ့ကနေပြီးတော့ “ကောဏ္ဍ” ဆိုတဲ့ စကားလုံး ထည့်ပြီးခေါ်ကြ တယ်။ ဘယ်လို အဓိပ္ပာယ် ရတုန်း ဆိုတော့ “သူယုတ်မာ” အဓိပ္ပာယ် ရတယ်။ ကောဏ္ဍဓါန ဆိုတဲ့ ကောဏ္ဍ ဆိုတာ သူယုတ်မာကြီးပေါ့။
အဲဒီ ကိုယ်တော်ရဲ့ “ဝဋ်ကြွေး”က ဘယ်လောက်ကြောက်စရာ ကောင်းတုန်း ဆိုတော့ လူ့ ဘဝနေတုန်း က ဘာမှ မဖြစ်ဘူး။ ရဟန်း ဝတ်လိုက်တဲ့ အခါက စပြီးတော့ သူ့နောက်မှာ “အရိပ်” ပေါ်နေတယ်။ “အမျိုးသမီး” တစ်ယောက် က အမြဲလိုက်နေတယ်။
သူက မမြင်ရဘူး။ ပတ်ဝန်းကျင်က လူတွေက အကုန်မြင်ရတယ်နော်။ အဲဒီကိုယ်တော်ရဲ့ နောက်က အမျိုး သမီးငယ်တစ်ယောက်က အမြဲတမ်းပါတယ်။
ဆွမ်းလောင်းတဲ့ ဒကာ၊ ဒကာမတွေက ပြောတယ်။“ဒါက ကိုယ်တော့် အတွက်၊ ဒါက ကိုယ်တော့်ရဲ့ဒကာမ အတွက်” ဆိုပြီးတော့ တချို့ ကလည်း ပြောင်ပြောင် လှောင်လှောင် လောင်းလှူ လိုက်ကြတယ်။
သူကတော့ နားမလည် ဘူးပေါ့။ သူ့နောက် က အမျိုးသမီး တစ်ယောက် ပါနေတာ သူမသိဘူး၊ မြင် လည်း မမြင်ရဘူး။
သို့သော် မကောင်း သတင်း ဟိုးလေး တကျော် ဖြစ်နေရတယ်။ ဘယ်လိုမှ ဖြေရှင်းလို့မရနိုင်တဲ့ပြဿနာ ဖြစ်လာတယ် ။နောက်ဆုံး မှာ ဘုရင့် နန်းတော် ထိအောင်ဒီ သတင်း ပေါက်သွားတယ်။ ပေါက်သွားတော့ “ကောသလ မင်းကြီး”ကိုယ်တိုင် လာရောက်စုံစမ်းတယ်။
13 December 2015
ရဲလိုက်လို့ ရေကန်ထဲဝင်ပုန်းရင်း မိချောင်းစားတာ ခံလိုက်ရတဲ့ ဖောက်ထွင်း ၀ိဇ္ဖာ
ဖောက်ထွင်းဝိဇ္ဖာ တစ်ယောက်အဖြစ် သံသယ ရှိခံရသူဟာ သူ့နောက်ကို ရဲတွေ လိုက်ဖမ်းလို့ ထွက်ပြေး ရင်း ရေကန် တစ်ကန်ထဲမှာ ၀င်ရောက် ပုန်းနေရာ ကနေ ကန်ထဲမှာ ရှိတဲ့ မိချောင်း စားတာ ခံလိုက်ရ ပါတယ်။
အသက် ၂၂ နှစ်အရွယ် Matthew Riggins ဟာ ဖလော်ရီဒါ ပြည်နယ် Palm Bay ဆိုတဲ့ ရေကန်ထဲမှာ ရှိတဲ့ မိချောင်း တစ်ကောင် ကိုက်ချီ စားသောက်လိုက်ခြင်း ကို ခံခဲ့ ရသူပဲဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေး အရာရှိတွေ ဟာ Riggins ကို ရှာဖွေရင်းပဲ သူ့ရဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းတွေဟာ မိချောင်း ရဲ့ အစာအိမ်ထဲရောက်နေတာ ကို တွေ့ခဲ့ ရတာဖြစ်တယ်လို့ Brevard ခရိုင် ရဲတပ်ဖွဲ့ရုံးရဲ့ တရားဝင်ပြောကြားချက် အရသိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ က Barefoot Bay ဆိုတဲ့ ရပ်ကွက် ထဲမှာ ရှိတဲ့ နေထိုင် သူတွေ ဟာ အိမ်တွေရဲ့ အနောက်ဖက် မှာ လူ ၂ ယောက် လမ်းလျှောက်နေတာတွေ့တဲ့ အတွက် ရဲစခန်းကို အကြောင်း ကြားခဲ့တာဖြစ်ပြီး ရဲဝန်ထမ်းတွေဟာ ခွေးတွေ နဲ့ ဟယ်လီကော်ပတာ တွေကို အသုံးပြုပြီး Riggins နဲ့ အခြား သံသယ ရှိသူတွေကို ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။
Subscribe to:
Posts (Atom)