26 May 2017

Work, Conference, Seminar, Forum ... ဆိုတာ



ကျွန်တော်တို့ဟာ..လူကြီးတွေက လွှတ်လို့ အစည်းအဝေးမျိုးစုံ ကို သွားသာ သွားတက်နေရတယ်..Work, Conference, Seminar, Forum ဆိုတာ ဘယ်လိုတွေ မတူလို့ ဘာတွေကွဲပြားသလဲ..မသိကြဘူး..ကဲ..သိထားတာလေးတွေကို သိကြစေဖို့ မျှဝေလိုက်ပါတယ်..လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါတယ်ခင်ဗျာ ။

#Conference ဆိုသည်မှာ တက်ရောက်သူများ၏ သတင်း အချက်အလက်များ၊ အမြင်များ စသည်တို့ကို မျှဝေသည့် သမား ရိုးကျ အစည်းအဝေးဖြစ်သည်။ တစ်ရက်သာကြာသည့် အစည်းအဝေးဖြစ်နိုင်သ လို ထို့ ထက်လည်း ကြာနိုင်ပြီး ပုံမှန်အားဖြင့် စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ နယ်ပယ် အကြောင်းအရာများကို ဆွေးနွေးကြခြင်းဖြစ်သည်။

#Congress ဆိုသည်မှာ နိုင်ငံရေး၊ ကုန်သွယ်ရေး အဖွဲ့အစည်း အသီးသီးများမှ နယ်ပယ်အလိုက် တိကျခိုင်မာသည့် လှုပ်ရှားဆောင်ရွက်မှုများ အပေါ် အမြင်များ ဖလှယ်သည့် အနေဖြင့် ဆွေးနွေးသော အစည်းအဝေး တစ်ခုဖြစ်ပါသည်။

#Seminar ဆိုသည်မှာ သင်တန်းများ အပါအဝင် ပညာရပ်ပိုင်း ဆိုင်ရာ နောက်ခံ အခြေခံရှိသော နည်းပညာဆိုင်ရာ ဗဟုသုတများ အပေါ် ဆွေးနွေးခြင်း နှင့် အမြင် ဖလှယ်ခြင်းများ ဆောင်ရွက်သည့် အစည်းအဝေးတစ်ခုဖြစ်သည်။

#Symposium  ဆိုသည်မှာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက သက်ဆိုင်ရာ ဘာသာရပ်များ အသီးသီး အပေါ် ဦးဆောင် ဟောပြော ဆွေးနွေးကြသည့် အစည်းအဝေး ဖြစ်သည်။

#Workshop ဆိုသည်မှာ ပညာရပ်ဆိုင်ရာ နယ်ပယ် တစ်ခုတွင် လေ့ကျင့်သင်ကြားထားသော လူ အုပ်စုများက စိတ်ပါဝင်စားသည့် အကြောင်းအရာ တစ်ခုကို တိုးတက်ဖွံ့ဖြိုးစေရန် အတွက် နည်းလမ်းများကို လေ့လာရန်ပြုလုပ်သည့် ဆောင်ရွက်မှုမျိုးဖြစ်သည်။

21 May 2017

ရေနွေးပူ လောင်ပါက အဖု မပေါက်အောင်




“ကလေး ရေနွေး ပူလောင်လို့”
“ဓါတ်ဘူး ကို လူကြီးတွေ အလစ်သွားဆွဲတာလေ”
“သည်မိန်းမ အသုံးမကြလို့”
“ရှင် မှ ကလေး ကိုကြည့်မထားတာလေ”
“ဝါး….ဝါး …ဝါး ….ဝါး::::::::::”
ရန်ဖြစ်သံများ၊ ဆူညံ့သံများနှင့် ကလေး ငိုသံများက လူနာကြည့်နေသော သမားတော် ကိုနေ ဆေးခန်း အတွင်း သို့ဝင်ရောက်လာသလို၊ စိုးရိမ်မူ့ပြင်းနေသော ကလေးအဖေ ကိုယ်တိုင် ကလေးကိုချီလျက်ရှေ့လူနာများကိုကျော်ဝင်ဖို့ကြိုးစားနေလေသည်။

အတွေ့အကြုံရှိသော ကျနော့် တပည့်များက လူနာကလေးကို အရေးပေါ်ခန်းထဲ သွင်းလိုက်ပြီး အခန်းတံခါး ပိတ်လိုက်လေသည်။
ကျနော်လဲကြည့်နေသော လူနာကို ခဏတောင်းပန်၍ ထားခဲ့ကာအရေးပေါ်ခန်းသို့ ဝင်လေသည်။
အခန်းထဲရောက်တော့ ကျနော် တပည့် တစ်ဦးက...

“ရေနွေး ကထည့်ပြီးကာစမို့ အပူပြင်းပုံရတယ်
ဆရာ ……ခြေထောက်နှစ်ဘက် ဒူးအောက် အပူလောင်သွား တာ”

မေးမြန်းထားချက်များကိုမြန်မြန် ဆန်ဆန်ပြောပြလေသည်။ ကလေး မှာ (၁၀) လသား ဝတုတ်က
လေးဖြစ် ပါသည်။ ကလေး ငိုသံကဆူညံ့နေဆဲပါ၊ ကလေးအဖေမှာ တုန်ရီလျက် ကလေး အမေ မှာ ငိုနေလျက်
“မြန်မြန် သက်သာအောင်လုပ်ပေးပါဆရာ” ဟုတောင်းဆိုနေသည်။

“အချိန်ဘယ်လောက်ကြာသွားပြီလဲ”
“ငါးမိနစ်လောက်ပဲရှိမယ်ဆရာ၊ ကျနော်တို့က သည်အနားမှာနေတာပါ”

ကလေးအသားများ အပူကြောင့် နီရဲနေလေသည်။ အချိန်ကြာလျင် အပူဖုများပေါက်တော့မှာဖြစ်
သည်။ အပူကြောင့် အရွယ်နှင့် မမျှခံစားနေရသောကလေးကိုလဲသနားမိသည်။

20 May 2017

ကိုလက်စထရောကို လျှော့ကျစေပြီး သွေးတိုး ကျစေတဲ့အပြင် ဆီးချို ထိန်းညှိပေးနိုင်တဲ့ စောင်းလျားသီး



အသီး ရဲ့ ပုံစံက ကြယ်ပုံလေး ရှိလို့ Star Fruit ကြယ်သီးလို့လည်းခေါ်ကြတဲ့ စောင်းလျားသီး ကို စာဖတ်သူတို့ သိကြမှာ ပါနော်။ 
အ၀ါရောင်အစင်း ရှိပြီး ချိုချဉ် အရသားလေးရှိတဲ့ ဒီအသီးက ကယ်လိုရီ မပါတဲ့အသီးဖြစ်ပြီး Antioxidant ကြွယ် ၀စွာပါဝင်ပါတယ်။ 

ဒါ့အပြင် ဗီတာမင် B၊C၊ ဖောလိတ်အက်ဆစ်နဲ့ တခြားကျန်းမာရေး အတွက် အထောက် အကူပြုတဲ့ ကွန်ပေါင်းဒြပ်တွေ အများအပြား ပါဝင်နေပါတယ်။




သွေးဖိအားကို ထိန်းညှိပေးနိုင်ခြင်း
ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝလို့ သွေးဖိအား တက်တာကို အကောင်းဆုံး လျှော့ကျစေပါတယ်။ ဒီအသီးကို ပုံ မှန်စားပေးမယ် ဆိုရင်တော့ သွေးဖိအား တက်တာကို ထိထိရောက်ရောက် ထိန်းထားပေးနိုင်မှာပါ။

ကိုလက်စထရော ကျဆင်းစေခြင်း
အမျှင်ဓါတ်တွေကြွယ်ဝစွာ ပါဝင်တဲ့ စောင်းလျားသီး က မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ သွေးတွင်းကိုလက်စထရော များတာဟာ နှလံးသွေးကြောဆိုင်ရာရောဂါ ကိုဖြစ်ပွားစေပါတယ်။ ဒါ့ကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ကို လျှော့ချပြီး နှလုံးရောဂါကို ကာကွယ်လိုက်ရအောင်ပါ။

ကိုယ်ခံအား စနစ်ကောင်းမွန်စေခြင်း



ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။


ဝမ်းချုပ် တာတွေ၊ အဆီတွေကို လျော့ချ ပျောက်ကင်းစေမယ့် ရှာလကာရည် နဲ့ ပျားရည်



အလုပ်တွေရှုပ်၊ စိတ် ဖိစီးမှုတွေများပြီး ကျန်းမာရေး နဲ့ မညီညွှတ်တဲ့ ဘ၀နေထိုင်မှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒီလို အလုပ်တွေ ရှုပ်၊ စိတ်ဖိစီးမှုတွေ များနေတဲ့ အချိန်မှာ ဖြစ်တတ်က ၀မ်းချုပ်တာပါဘဲ။ ခန္ဓာကိုယ်က မကျန်းမာ၊ ၀မ်းချုပ်တာတွေက စိတ်ဓာတ်ကျခြင်းနဲ့ အလို မကျဖြစ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
အသင့် လုပ်ထားတဲ့ အစားအစာတွေက ခန္ဓာကိုယ်မှာ အစာချေဖို့ ခက်ခဲပါတယ်။ အဲ့ဒါကြောင့် အစာအိမ်ဟောင်းထဲမှာ ဆိုရင် အသင့်စား အစားအစာတွေကနေ ထွက်တဲ့ အဆိပ်တွေက ကျန်နေတတ်ပြီး ဒါတွေက ခန္ဓာကိုယ် ကို ဒုက္ခပေးတတ်ပါတယ်။ 

အဲ့ဒီတော့ ၀မ်းချုပ်ခြင်းကနေ ကင်းဝင်းပြီး အစာအိမ်ဟောင်းက အညစ်အကြေးတွေကို ရှင်းလင်းပေးနိုင်တဲ့ သဘာဝနည်းလမ်းလေးကို တင်ပြချင်ပါတယ်။

ပါဝင် ပစ္စည်း
ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ပန်းသီး ရှာလကာ ရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ဘယ်လို ပြင်ဆင်ရမလဲ
၎င်းပစ္စည်း ၂ မျိုး ကို ခွက် တစ်ခွက်ထဲ ရောမွေပြီး သောက်သုံးလိုက်ပါ။ အာနိသင် ပိုကောင်းချင်ရင် မနက်မိုးလင်း ဗိုက်ထဲမှာ အစာ မရှိခင်မှာ သောက်သုံးသင့်ပါတယ်။ ဒီဆေးနည်းဟာ အစာအိမ်ဟောင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

အဲ့ဒီ အပြင်..................
ကော်လက်စထရော ပါဝင်မှု ပမာဏကို လျော့စေခြင်း ၊
ဆီးချို ဖြစ်ပွားနိုင်ခြေကို လျော့ချပေးခြင်း ၊
သွေးတိုးဖြစ်နိုင်မှုကို လျော့ချပေးခြင်းနဲ့ ၊
အ၀ လွန်ခြင်းကို ကာကွယ်ပေးပါတယ်။


အသည်း ကို ပြန်လည်နုပျိုစေမယ့် အစားအစာ ၇ မျိုး

အသည်း အဆီ ဖုံးတာနဲ့ ပတ်သက်လို့ အမျိုးအစား ၂ မျိုးတွေ့ရပါတယ်။ အရက်သောက်တာ များလို့ အ သည်း အဆီဖုံးတာနဲ့ အရက်ကြောင့်မဟုတ်ဘဲ အသည်း အဆီဖုံးတာပါ။ အများအားဖြင့် အနောက်တိုင်းတွေမှာ အဖြစ်များပါတယ်။
အ၀ လွန်တဲ့သူတွေမှာ အဖြစ်များကြပါတယ်။ အသည်းမှာ အဆီတွေ စုလာတာကြောင့်ဖြစ်လာရတာပါ။ အသည်းဟာ ခန္တာကိုယ် ရဲ့ အရေးကြီးဆုံး အင်္ဂါရပ်တစ်ခုမှာ ပါဝင်လို့ အသည်းကို ပြန်လည်သန့်စင်ပေးနိုင်တဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။
ငှက်ပျောသီး

ငှက်ပျောသီး မှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်ပြီး အသည်းကို သဘာဝ အတိုင်း သန့်စင်ပေးနိုင်ပါတယ်။ အစာချေ စနစ်ကိုကောင်းမွန်စေပြီး ခန္တာကိုယ် အတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
ဂျင်း

ဂျင်း မှာ အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပြီး ခန္တာကိုယ်အတွင်းက အဆိပ် အတောက်တွေကို သန့်စင်ပေးပါတယ် ။ Antioxidant တွေကြွယ်ဝစွာ ပါဝင်လို့ ကိုယ်ခံအား စနစ်ကို သန့် စင်ပေးနိုင် ပါတယ်။ ဂျင်း ကို ရေနွေးနဲ့ စိမ်ပြီး ပုံမှန်သောက်ပေးခြင်းဖြင့် အသည်း ကို ကျန်းမာစေပါတယ်။
ကန်ဇွန်းဥ

ကန်ဇွန်းဥဟာဆိုရင်လည်း ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး အသည်းကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သံဓါတ် ဗီတာမင် B6၊C နဲ့ ဗီတာမင် D ဓါတ်တွေလည်းပါဝင်ပါတယ်။

ငွေ စုမယ် ဆိုလျှင်



အစိုးရဘဏ် (မြန်မာ့ စီးပွားရေးဘဏ်) နှင့် ပုဂ္ဂလိကဘဏ် တို့၏ အတိုးနှုန်း ထားများပါ…မသိသေးသောသူများ သိစေရန် ပြန်မျှဝေလိုက်ပါတယ်……
ဘဏ်တိုး
တစ်နှစ်ကို .. ၈.၅%
တစ်လကို .. ၀.၇%
တစ်လ အတွက် အတိုး က
ငွေ ၁၀၀ ကို .. ပြား ၇၀
ငွေ ၁၀၀၀ ကို .. ၇ကျပ်
ငွေ ၁၀၀၀၀ ကို .. ၇၀
ငွေ ၁၀၀၀၀၀ ကို .. ၇၀၀
ငွေ ၁၀ သိန်းကို … ၇၀၀၀
ငွေ ၁၀၀ သိန်းကို … တစ်လ ၇သောင်း
ငွေ သိန်း၁၀၀၀ ဆို .. တစ်လ ၇သိန်း
ငွေ သိန်း ၁၀၀၀ ကို .. တစ်နှစ်ကို ၈၅သိန်း
ရပါမယ် ..
စာရင်းသေ တစ်နှစ် အပ်ရင်တော့ တစ်နှစ်ကို ၁၀% ရပါမယ် ။
၁၀သိန်း ကို .. တစ်နှစ် ၁သိန်း
သိန်း၁၀၀ ကို .. တစ်နှစ် ၁၀သိန်း ..
သိန်း ၁၀၀၀ ကို .. တစ်နှစ် သိန်း ၁၀၀ အတိုးရပါမယ် ..
(တစ်နှစ် အတွင်း လုံးဝမထုတ်ရ )
(တစ်နှစ် မပြည့်ဘဲ ပြန်ထုတ်ရင် တစ်ပြားမှ မရတော့ပါ )
စာရင်းသေ ကို ..
၁လ .. ၃လ .. ၆လ .. ၉လ .. ၁၂လ ..
အမျိုးမျိုး ထားလို့ ရပါတယ် ..
အတိုးနှုန်း နဲနဲ စီ လျော့သွားပါမယ် ..
လ မပြည့်ဘဲ ပြန်ထုတ်ရင်တော့ အတိုး တစ်ပြားမှ မရပါဘူး ..
၁လ – ၃လ – ၆လ – ၉လ – ၁နှစ် အတွင်း လုံးဝ မထုတ်တာ သေချာရင်တော့ .. ၁လ – ၃လ – ၆လ – ၉လ – ၁၂လ
စာရင်းသေ ငွေ အပ်တာက အတိုးပိုရပါတယ် ..
လကြာလေလေ .. အတိုး ပိုပိုများလေလေပါ ..
ဘဏ် တစ်ခုနဲ့ တစ်ခု ..
အတိုးနှုန်း အနည်းငယ်ကွဲလွဲမှု ရှိပါတယ် ..
မိမိ အပ်မည့် ဘဏ် ဝန်ထမ်းများကို သေချာ မေးကြည့်နိုင်ပါတယ် ..
အတိုး လစဉ် ထုတ်ပေးလား ?
အစိုးရ ဘဏ်က တစ်နှစ်မှ တစ်ခါသာ – တစ်နှစ်စာ အတိုးထုတ်ပေးပါတယ် … အပြင်ဘဏ်တွေကတော့ ၃လ တစ်ခါ ၃လစာ အတိုး ထုတ်ပေးပါတယ် .. 
လစဉ် အတိုး ရချင်ရင်တော့ .. မိမိ ငွေကို ၃ ပုံ ပုံပြီး ၁လစီ ၃လ ဆက်တိုက် ခွဲထည့်လိုက်ပေါ့ ။
ဒါမှ မဟုတ် အသွင်း အထုတ် မလုပ်ဘူးဆိုရင်တော့ .. စာရင်းသေ တစ်လ ထည့်ထားရင် အတိုးလည်းပိုရ တစ်လပြည့်တိုင်း အတိုး ရော အရင်းပါ ပြန်ထုတ်ပေးပါတယ် ..

ကံကောင်းခြင်း သဘောဆောင်တဲ့ လက်ကောက်ပေါ်က တြိဂံပုံ



Rascette lines တွေဆိုတာ လက်ဖဝါး နဲ့ လက်ကြား လက်ကောက်ဝတ် အပေါ်က ကန့်ပေးထားတဲ့ အလျားလိုက် သို့မဟုတ် ကွေးကောက်တဲ့ မျဉ်းကြောင်းတွေဖြစ်ပါတယ်။ 

တစ်နည်းအားဖြင့် လက်ကောက်ဝတ် အစင်း အကြောင်း လို့လည်း သိရတဲ့ rascette lines များကို လက္ခဏာဗေဒ မှာ အရေး မပါတဲ့ မျဉ်းကြောင်းများ အဖြစ် သတ်မှတ်ထားပါတယ်။ အခုအခါမှာတော့ လူအများစုမှာ တစ်ခုတည်းလည်း ရှိနိုင်ပေမယ့် လက်ကောက် အရေးအကြောင်း ၂ ခု သို့မဟုတ် ၃ ခု ရှိကြပါတယ်။ 

ဒါပေမယ့် လက်ကောက် အစင်း အကြောင်း ၄ ခု ရှိခြင်းမှာ အသက် ၁၀၀ အသက်ရှင်နိုင်ခြေရှိတဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။

အမှန်တော့ ဒီ မျဉ်းကောက်ကြောင်းများက လူတစ်ယောက်ရဲ့ အသက်ရှည်ခြင်း၊ ကျန်းမာရေး၊ ဘဝကံကြမ္မာနဲ့ အခွင့် အလမ်းတွေ ကိုယ်စားပြုနေတာပါ။ လူတစ်ယောက်ရဲ့ အတွေး၊ ခန္ဓာ နဲ့ စိတ် ဟန်ချက်ညီမှု၊ မညီမှု သဘောလည်း ဆောင်ပါတယ်။ 

လက္ခဏာဗေဒင် အရ မျဉ်းကြောင်းတွေ ပိုပြီး ထင်ရှားပြတ်သားလေ၊ ကောင်းမွန် ကျန်းမာတဲ့ ဘဝ အခွင့် အလမ်း ပိုများလေဖြစ်ပါတယ်။


18 May 2017

ညူကလီးယား စစ်ပွဲ အတွက်ပြင်ဆင်နေတဲ့ ရုရှား နဲ့အမေရိကန်


...ရုရှားသမတ ဗလာဒီမီယာပူတင် ဟာ..သူ့ရဲ့နောက်ဆုံးပေါ် Ilyushin Il-96-400 ညူကလီယား စစ်ပွဲကွပ်ကဲရေး DoomsDay ခေါ်တဲ့လေယဉ်ကြီးကို အဆင်သင့်ပြင်ခိုင်းထားကြောင်း သတင်းတွေကဖော်ပြ ပါ တယ်။ တူရကီသမတ အယ်ဒိုဂန်ကိုဖြုတ်ချပြီး CIA ရဲ့ကြိုးဆွဲတဲ့ သမတသစ် တင်မယ် ဆိုတဲ့ထောက်လှမ်းရေး သတင်းတွေအရလို့သိရပါတယ်။

...ဖယ်သူလာဂူလန် ဆိုတဲ့ တရားဟော ဆရာဟာ ၁၉၉၉ ခုနှစ်မှာ ကျန်းမာရေး အကြောင်းပြပြီး အမေရိကန်ကို ထွက်ခွာခဲ့ရာက၂၀၁၆ ခုနှစ် အာဏာသိမ်းမည့် အစီအစဉ်တွေမှာနောက်ကွယ်က CIA အေးဂျင့်တွေနဲ့ အတူကြိုးကိုင် ပတ်သက်နေခဲ့တာဖြစ်ပါတယ်။ ဒီနောက်ပိုင်း မအောင်မြင်တဲ့ အာဏာသိမ်းမှူဖြစ်အပြီးမှာအရှေ့အလယ်ပိုင်းကနေ တတိယကမ္ဘာစစ်မီးပြန့်ပွားဖို့ စပြီး မီးမွှေးနေတယ်လို့ဆိုပါတယ်။

...FBI ရဲ့ပေါက်ကြားလာတဲ့ သတင်းတွေအရ ဖယ်သူလာဂူလန် ရဲ့စိစစ်ချက်တွေမှာ သူဟာ အစ်စလမ်မစ်အစွန်းရောက် တစ်ဦးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒါပေမည့် ၂၀၁၆ ခုနှစ် အာဏာသိမ်းမှူ အပြီးမှာသူ့ကို မဖော်ပြတော့ဘဲ Hide လုပ်ထားခဲ့ပြီး အခုတော့ သူဟာ ဘယ်နေရာကိုရောက်ရှိနေသလဲ မသိဘူးဖြစ်နေပါတယ်။ 

...တူရကီအစိုးရရဲ့ ထုတ်ပြန်ချက်အရ ဖယ်သူလာဂူလန်ကို မူဆလင် အစွန်းရောက်တွေ အတွက်ထောက်ပံ့မှူတွေနဲ့ အရှေ့အလယ်ပိုင်းမှာ သူ့ရဲ့ကြွယ်ဝမှူတွေပေါင်းလိုက်ရင် ၂၂ ဘီလီယံကနေ ၅၀ ဘီလီယံ အထိတောင် ရှိတယ်လို့ဆိုပါတယ်။

..ပြီးခဲ့တဲ့ ၂၀၁၃ လောက်ကတော့ အယ်ဒိုဂင် ဟာ   ဒီအရာတွေကို သိနေပေမည့် ဖုံးကွယ် ထားခဲ့ပါတယ် ။ ဖယ်သူလာဂူလန်ဟာ အမေရိကန် တူရကီသံအမတ်နဲ့ ဆက်သွယ်ပြီး “moderateMuslim”project ဆိုတာကို အကောင်အထည်ဖော် လာတဲ့ အတွက် ဒါကိုဖျက်ဆီးဖို့ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။
CIA ဟာတူရကီကိုလက်ရွေးစင်အေးဂျင့်တွေနဲ့တိုက်ခိုက်ရေးသမားတွေကိုလေ့ကျင့်စေလွှတ်ခဲ့တယ်လို့ဆိုပါတယ်။အာဏာသိမ်းမှူဖြစ်ချိန်မှာတော့အယ်ဒိုဂန်ကရုရှားထောက်လှမ်းရေးတွေအကူအညီနဲ့သူတို့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။
...CIA ဌာနချုပ် လန်ဂလေ ဟာ ဖယ်သူလာဂူလန်ပြောသမျှကို နားယောင်ပြီး သူ့ အကူအညီနဲ့ အရှေ့ အလယ်ပိုင်းကရေနံတွေကို ISISတွေ လက်က ဆက်သွယ်ဝယ်ယူရေး စီစဉ်ခဲ့သလို ကမ္ဘာကြီးကိုရေနံ နဲ့ကြိုးကိုင်ဖို့စီစဉ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါတင်မက ဖယ်သူလာဂူလန်ဟာ ဟီလာရီကလင်တန် မဲဆွယ်ပွဲ စရိတ်အတွက်သူ့ဖောင်ဒေးရှင်းကို အမေရိကန်ဒေါ်လာ တစ်သန်းတောင် ထည့်ဝင်ပေးခဲ့တယ်လို့ဆိုပါတယ်။


17 May 2017

ဂြိုဟ်တု ဓာတ်ပုံများအရ စွမ်းအားထက် နျူဒုံးကျည်များ ပိုင်ဆိုင်ထားတဲ့ ကင်ဂျုံအန်



ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများ အရ ကင်ဂျုံအန် ရဲ့ နျူ ဒုံးကျည်များဟာ ယခင် ထင်ထားတာထက်ပို၍ အင်အားကြီးမားတဲ့ လက်နက်များဖြစ်နေပြီး တာဝေးပစ် ဒုံးကျည်ဖြစ်နေတဲ့ အတွက် အမေရိကန်နိုင်ငံ အလက်စကာ နဲ့ ဟာဝိုင်အီ ပြည်နယ် အထိ ပစ်ခတ်နိုင်တဲ့ လက်နက်များဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို လေ့လာ အကဲခတ်နေတဲ့ စစ်ရေး ကျွမ်းကျင်အဖွဲ့များဟာ ဂြိုဟ်တု ဓာတ်ပုံများမှတစ်ဆင့်တွေ့ရှိခဲ့မှု အရ မြောက်ကိုရီးယား နိုင်ငံဟာ နျူ ဒုံးကျည်များကို အဆင်မြှင့်တင်မှုများပြုလုပ်နေပြီး မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်စခန်းကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများအရ ဟွာဆောင် – ၁၂ (Hwasong-12) ဒုံးကျည်များကို တွေ့ရှိ ခဲ့ပြီး ဒီ ဒုံးကျည်များဟာ မိုင်ပေါင်း ၄၅၀၀၀ အထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်များဖြစ်ပြီး အမေရိကန်ပိုင် ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းရှိ ဂွမ်ကျွန်း  (Guam)၊ ဟာဝိုင်အီ ကျွန်းနှင့် အလက်စကာ ရှိ စစ်အခြေစိုက် စခန်းများကို တိုက်ခိုက်နိုင်ပါတယ်။

စစ်ရေး ကျွမ်းကျင်သူများ ကတော့ မြောက်ကိုရီးယား ရဲ့ နျူ ဒုံးကျည်များ စမ်းသပ်မှုများ မအောင်မြင်ခြင်းဟာ Programme ကြီး တစ်ခုလုံး မအောင်မြင်ခြင်း မဟုတ်ဘူး လို့ပြောဆိုနေကြပြီး ဂျိုးဇက် အက်စ် ဘာမြူဒက်ဇ် (Joseph S. Bermudez )က ဝေါစရိဂျာနယ် နဲ့ အင်တာဗျုးတစ်ခုမှာ ” ကျွန်တော် ပူပန်နေတာက နျူ စမ်း သပ်မှုကို ပူပန်နေတာမဟုတ်ပါဘူး။


ပိုင်ရှင် အဆက်ဆက်ကို ထူးဆန်းစွာ သေဆုံးစေခဲ့တဲ့ ကျိန်စာသင့် ကျွန်း



အီတလီနိုင်ငံ Naples ကမ်းရိုးတန်း နဲ့ အနီးအနားမှာ တည်ရှိတဲ့ Gaiola Island ကျွန်းရဲ့ ထူးခြားချက် ကတော့ ပိုင်ရှင် အဆက်ဆက် သေဆုံးကြရတယ်ဆိုတဲ့ အချက်ပါဘဲ။ ဒီကျွန်းကို ပိုင်ဆိုင်လိုက်ပြီ ဆိုတာနဲ့ ကိုယ့် ကိုယ်ကို သေကြောင်းကြံစည်မလား၊ သို့တည်းမဟုတ် အဖြေရှာမရတဲ့ သေဆုံးခြင်းနဲ့ သေမလားဆိုတာသာ ရွေးထားပေတော့လို့ ဆိုပါတယ်။

ဒါကြောင့် ဒီ ကျွန်းကို ပွဲစားတွေ အိမ်ခြံမြေ အကျိုးဆောင်တွေက ၀ယ်ဖို့ မပြောနဲ့ မျက်လုံးနဲ့တောင် ငဲ့ မကြည့်ကြဘူးလို့ ဆိုပါတယ်။ ဒီကျွန်းကို ရှေးဟောင်းရောမ လူမျိုးတွေက ဗီးနပ်စ်ရုပ်တု ပါတဲ့ ဘုရားကျောင်းတစ်ခု တည်ဆောက်ခဲ့ပါတယ်။ ဒီကျွန်းရဲ့ မမြင်နိုင်တဲ့ ထူးဆန်းမှုတွေကြောင့် 1880 ခုနှစ်မှာ ရသေ့ကြီး တစ်ဦးက The Wizard လို့  အမည်ပြောင်ပေးခဲ့ပါ တယ်။

ဒီကျွန်းမှာနေခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ် ကတော့ နာမည်ကျော် ရိုမန် ကဗျာဆရာ Virgil ဖြစ်ပါတယ်။ သူဟာ ကျောင်းသား ဘ၀ကို အဲဒီ ကျွန်းမှာပဲ နေထိုင် ကုန်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်းဟာ ကမ်းခြေနဲ့ ကပ်နေလို့ ရေကူးပြီး သွားမယ်ဆို သွားလို့ရပါတယ်။ ဒါပေမယ့် အခုထက်ထိ ဘယ်သူမှ အဲဒီ ကျွန်းလေးနဲ့ ပင်မ  ကမ်းခြေဘက်ကို လက်ပစ်ကူးတဲ့သူ မရှိသေးပါဘူး။



05 May 2017

မြို့ လယ်ကောင်ရှိ ရန်ကုန် ဗဟိုတရားရုံး ကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်စာ သတင်းထွက်ပေါ်




မြို့ လယ်ကောင်ရှိ ရန်ကုန် ဗဟိုတရားရုံး ကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်စာ ရသောကြောင့် တိုင်း ရဲတပ်ဖွဲ့ များက မေလ ၄ ရက် ညပိုင်း၌ အရေး ပေါ်လုံခြုံရေး ရယူထားကြောင်း သတင်းရရှိသည်။
မည်သည့်အချိန်၊ မည်သည့်ရက် က စာရောက်လာသည်ကို မသိရ သေးသော်လည်း မေလ ၄ ရက်တွင် ရဲတပ်ဖွဲ့ က အရပ်ဝတ် အသွင်ဖြင့် ချက်ခြင်း အရေးပေါ်လုံခြုံရေး ရယူခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တစ်ခုလုံးကြားတွင် အလုပ်ရှုပ်နေကြောင်းလည်း ကြားသိရသည်။
ရဲတပ်ဖွဲ့ အနေဖြင့် အဆိုပါ ဗုံးခွဲမည်ဟူသော စာ မည်သည့် ဇစ်မြစ် မှ လာသည်ဆိုသည်ကို စုံစမ်းမှုများ စ တင်နေပြီဖြစ်ကာ ဗဟိုတရား ရုံးတစ်ဝိုက်တွင် မသင်္ကာဖွယ်ရာများကို စောင့်ကြည့်နေကြောင်း ကြားသိရ သည်။


ကားထဲမှာ ဒီလိုပစ္စည်းထားရင် သင့်ကို ၁၅ စက္ကန့် အတွင်းသေစေနိုင်တယ်ဆိုတာ



လူငယ်လေး တစ်ယောက် မီးခြစ်ခြစ်လိုက်တာနဲ့ ဘာလို့ ဒီလို ဆိုးဆိုးရွားရွားဖြစ် သွားရပါသလဲ။
တရားခံ ကတော့ ကားထဲမှာ အသုံးပြုတဲ့ ရေမွှေး ပုလင်းပါ။ လူ အတော်များများ ကား အတွင်းခန်းမွှေးစေ ရန် အတွက် ကားရေမွှေးပုလင်း ကို နှစ်သက်စွာ အသုံးပြုကြပါတယ်။
ဒါဟာ ချိန်ကိုက်ဗုံး တစ်လုံး ဆိုတာ သိတဲ့လူ အင်မတန်နည်းပါတယ်။ သင်ကိုယ်တိုင်လည်း ဒီ ကားရေမွှေး ပုလင်း က ဘာလို့ ပေါက်ကွဲနိုင်တဲ့ အထိဖြစ်စေနိုင်တာလဲဆိုတာ သိချင်နေမှာပါ။
အကြောင်းရင်း ကတော့ ယခုလို ပူပြင်းလှတဲ့ ရာသီဥတုဟာ ကားအတွင်းပိုင်းရှိ အပူချိန်ကို ၅၆ ဒီဂရီစင်တီဂရိတ် အထက် မြ င့်တက်စေပါတယ်။ 

အပြင်က အပူချိန် ၄၀ ဆိုသော်လည်း အလုံပိတ် ထားတဲ့ ကားအတွင်းပိုင်းရှိ အပူချိန်ဟာ အလွန်ကိုမြ င့်မားလွန်းလှပါတယ်။
သာမန် ကားရေမွှေး ပုလင်းများရဲ့ အပူချိန်ကို ခံနိုင်စွမ်းအား တစ်နည်း အားဖြင့် မီးလောင်မှတ်က ၄၅ ဒီဂရီစင်တီဂရိတ် အထိ သာဖြစ်ပါတယ်။ 


အတ္တကြောင့် ကြွေလွင့်ခဲ့သော ပန်းလေးတစ်ပွင့်




” ဆရာမ သမီး မခိုးပါဘူး ”
” သမီး မခိုးရင် ဒီစာအုပ်က ဘယ်လိုလုပ် သမီး လွယ်အိတ်ထဲ ရောက်နေတာလဲ ”
” ဒါတော့သမီးလည်း မသိပါဘူး။ ဒါပေမယ့် ဒီစာအုပ်ကို တစ်ကယ် မခိုးခဲ့ပါဘူးရှင့် ။ ဘုရားပေးပေး ကျမ်းပေးပေးပါ ဆရာမရယ် သမီး မခိုးခဲ့ပါဘူး..ဟီး … ဟီး ,.. ဟီး ”
“ခုမှ ငိုပြ မနေနဲ့တော့။ အခုက လက်ပူးလက်ကြပ် သက်သေနဲ့တစ်ကွ မိတာ။ ရှင်းပြချက်ပေးချင်ရင်  မနက်ဖြန် သမီးရဲ့ အုပ်ထိန်းသူခေါ်ပြီး ကျောင်းအုပ်ကြီးနဲ့တွေ့ပြီးပြောပေါ့ ။
ခုတော့ ဆရာမ စာသင်တော့မယ် ။ စာအုပ်ပိုင်ရှင်လည်း ပျောက်တဲ့ စာအုပ်ပြန်တွေ့ပြီဆိုတော့ ကျေနပ်လိုက်တော့ ။ အားလုံး မှတ်ထားကြပါ သူတစ်ပါးပစ္စည်း ခိုးရင် ငရဲရောက်တာနောက်မှ လက်ရှိ အချိန်မှာ ခုလို ဖမ်းမိ သွားရင် အရှက်ကွဲပြီး နှစ်ခါပြန်သေနေရတာ အတူတူပဲ။ အကျင့်ပျက်တယ် ဆိုတာ ဆရာမအတန်းထဲမှာ မရှိစေရဘူး။ ကဲ – စာသင်ရအောင် စာမျက်နှာ ၅၉ ကိုလှန် အားလုံးမြန်မြန်လုပ်ကြ ”
” ဟုတ်ကဲ့ ဆရာမ ”
ဒီနေ့ ကျွန်မ အတန်းတွင် စိတ်ပျက်ဖွယ်ရာ ကိစ္စများက စောင့်ကြိုနေသည်။ တစ်နေ့တာရဲ့ စာသင်ချိန်းတစ် ဝက် ကုန်ဆုံးပြီး အားလပ်ချိန် ဆင်းပြီးနောက် စာသင်ခန်းထဲပြန်ဝင်ချိန်တွင် ကျွန်မ အတန်းထဲက ကျောင်းသူလေး တစ်ယောက် ငိုယိုပြီး စာအုပ်ပျောက် လာတိုင်သည်။
ကျွန်မ ကိုင်တွယ်နေသည့် အတန်းသည် ခြောက်တန်း ! တန်းခွဲ အားလုံးထဲတွင် အတော်ဆုံး အတန်းဖြစ်နေ ရမည်။ စာရိတ္တကောင်းသော ယဉ်ကျေး လိမ္မာသော စာတော်သော စည်းကမ်းရှိသော ဟူသည့် စံနမူနာများဖြင့် ပြည့်နေရမည်။ ကျွန်မလိုချင်သော ပုံစံခွက် အတိုင်း အတန်းထဲက ကလေးအားလုံးကို ပုံသွင်းထား သည်။
ဒါကြောင့် ကျွန်မ အနုနည်း အကြမ်းနည်း နည်းပေါင်းများစွာ သုံးခဲ့ရသည်။ ထိုကြောင့် ကျောင်းသူ/ သား များကြားတွင် နာမည်ကျော်ကြားလေသည် ။
ဆရာမ ဒေါ်ဂျမ်းပုံ သည် ကျွန်မ ၏ နာမည်အရင်း မဟုတ်သော်လည်း တိုးတိုးနှင့်ကြားနေရသော ကျွန်မ၏ နာမည်ပြောင်ပင်။ စိတ်ဓာတ် စည်းကမ်း ပညာအရာတွင် ထိပ်ဆုံးဖြစ်လိုသော ကျွန်မ အတန်း၏ တိုင်တန်းမှုသည် ခိုးမှု။ ကျွန်မ အတန်းတွင် ဆိုဆုံးမ၍ မရသော ကျောင်းသူ/သားများ လုံးဝ မလိုပါ။ သေချာ ကိုင်တွယ်ဖြေရှင်းရမည် ။
စာအုပ်ပျောက် လာတိုင်သော ကျောင်းသူလေးသည် မျက်ရည် ကျလျက် ပျောက်သွားသော စာအုပ် သည် နိုင်ငံခြားရောက်နေသော အကိုဖြစ်သူက လက်ဆောင်ပေးထားသည့် စာအုပ်ဖြစ်ကြောင်း ငိုရင်းနဲ့ပြောပြ သည် ။
သူမ တန်ဖိုးထားရသော စာအုပ်ဖြစ်သည့်အတွက် ပြန်လိုချင်ကြောင်း ထပ်ပြောသည်။ ဒါကြောင့် အကျင့် ပျက်သော စာအုပ် သူခိုးကိုလည်း ကျွန်မ ဒီအတိုင်း လွှတ်မထားနိုင်ပါ။ အကျင့်ပြင်တန်ပြင် မပြင်ပါက အုပ်ထိန်းသူခေါ်ခိုင်းပြီး ကျောင်းအုပ်ရုံးခန်းသို့ ပို့ရမည် ။
တစ်ခန်းလုံး လွယ်အိတ်တွေကို စာရေးခုံပေါ်တွင် တင်ခိုင်းလိုက်လေသည်။ စာအုပ်ပျောက်သော ကျောင်းသူအား တစ်ယောက်ချင်း၏ လွယ်အိတ်တွေကို လိုက်လံ စစ်ဆေးခိုင်းလေသည် ။
ကျောင်းသူလေးသည် လွယ်အိတ် တစ်လုံးပြီး တစ်လုံး စစ်ဆေးပြီးနောက် အရှေ့တန်း ၅ ခုံမြောက်တွင် စာအုပ်ပျောက်ရှာဖွေခြင်း ရပ်ဆိုင်းလိုက်သည်။ ပန်းနုရောင် စာအုပ်လေးကို ကိုင်တွယ်ပြီး ထွက်လာသည်။ ကြား ရသည့် ကိုယ့်နားကိုပင် မယုံနိုင်ပါ။ ဒီ စာအုပ်အား ” နှင်းနွယ်အောင် ” လွယ်အိတ်မှ တွေ့ခဲ့သည်လို့ ပြောပါသည် ။
ထိုကျောင်းသူသည် ကျွန်မ အတန်းထဲတွင် အတော်ဆုံး အအေးဆုံး အလိမ္မာဆုံး ကျောင်းသူဖြစ်သည် ။ သူမတွင် မိဘများ မရှိတော့ဟု မိဘမဲ့ မိန်းခလေး သီးသန့်ကျောင်းက ဆရာမကြီးက ကျောင်းလာအပ်ကတည်းက ပြောပြခဲ့သည် ။
ထို မိဘမဲ့ကျောင်းက ဆရာမကြီး ကိုယ်တိုင်ကလည်း စည်းကမ်း ထိန်းသိမ်းရေးဝါဒ ကို လက်ကိုင်စွဲထားသူတစ်ဦးပင်။ ဘာအတွက်ကြောင့် ဒီကလေးမ အကျင့်ပျက်ရသည့်ကို မတွေးတတ်ပါ ။
ကျွန်မမေးတိုင်း ” ဒီစာအုပ် သမီးမခိုးပါဘူး ” အကြိမ်ကြိမ် ထွက်ဆိုနေသဖြင့် စိတ်လည်းတိုလာသည်။ ခိုး သည့် အပြင် ဝန်မခံတတ်သော လူမျိုးသည် အကျင့်မကောင်းသော သူများဖြစ်သည်။ ကျွန်မနောက်ဆုံး Warning အနေဖြင့် သူမ အုပ်ထိန်းသူကို ကျောင်းအုပ်ကြီးဆီ ခေါ်လာခိုင်းပါသည် ။
××××××××××××××××××××××××××××××××××
” ဆရာကြီး ။ ကျောင်းသူတစ်ယောက် ကျောင်းပေါ်က ခုန်ချလို့။ အလံတိုင်နားလေးမှာ သွေးတွေလည်း အိုင်လို့ဗျ ”

ကျောင်းစောင့်ကြီးရဲ့အသံသည် အစည်းဝေး လုပ်နေသော ခန်းမကြီးကို လွှမ်းသွားသည် ။
မနက်ပိုင်းကျောင်းလွတ်ချိန်ပြီး၍ ကျောင်းအုပ်ကြီးက အစည်းဝေးခေါ်တာကြောင့် ဆရာ/မ အားလုံးလည်းစုံနေသော အစည်းဝေးခန်းထဲတွင် အာမေဋိတ်များ သံပြိုင် ကိုယ်စီနှင့် ဝရုန်းသုန်းကား အပြင်ပြေးထွက်တော့သည်။ ကျွန်မလည်း ရင် ထိတ်ထိတ်ပျာပျာဖြင့် ဆရာအုပ်ကြီးကြား တိုးဝှေ့ကြည့်လိုက်သည် ။
သွေးအိုင်ထဲတွင် ကျောင်းဝတ်စုံတို့ အရောင်ပြောင်းကုန်ပြီးဖြစ်သော ကျွန်မ အတန်းထဲကကျောင်းသူလေးသည် သွေးစွန်းနေသော စက္ကူလေးကို လက်ထဲတွင် ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ပြီး သေဆုံးနေသည်ကို တွေ့လိုက်ရတော့ ကျွန်မသွေးများ ပြောင်းပြန်စီးသလို ခံစားရပြီး မိုက်ခနဲဖြစ်သွားသည်။ ကျွန်မယူကြုံးမရဖြစ်ခါ အော်ငိုချမိသည် ။
ကျွန်မ စိုက်ပျိုးခဲ့သော ပန်းလေးတစ်ပွင့် ရုတ်တရက် ကြွေလွှင့်သွားပါလား။ ကျွန်မ ဆိုသော အတ္တ ဒီဆရာမသည် စည်းကမ်းသေသပ်သည် ဟူသော ကျွန်မ သတ်မှတ်ထားသည့်ခေါင်းစဉ်များအောက်တွင် ရိုးသားဖြူ စင်သော ကျောင်းသူလေး တစ်ယောက်၏ ဘဝ တစ်ခု ပျက်သုဉ်းသွားစေခဲ့သည် ။
ကျောင်းသူလေး၏ နောက်ဆုံးစာဟု ထင်ရသော ညာဘက်လက်ထဲက စာရွက် ညစ်ညစ်လေးကို အသာအယာ ယူပြီး ဖြေထုတ် ဖတ်ကြည့်လိုက်သည်။ မျက်ရည်ပေါင်းများစွာက တစိမ့်စိမ့် ယိုစီးလာသည်။ အချိန်မတန်ဘဲ မရင့်ကျက်သေးဘဲ သေဆုံးသွားသော ကျောင်းသူလေး လက်ထဲက စာသည် ကျွန်မအတွက် ယူကြုံးမရသော နှုတ်ဆက်စာဖြစ်လာခဲ့သည် ။
” ဆရာမရှင့် ”
” တပည့်မိုက် တစ်ယောက်ကို ခွင့်မလွှတ်ပါနဲ့ ။ ဆရာမနှင့် ကျောင်းရှိ ဆရာ/ မ များအားလုံးအပေါ် သမီးကံငါးပါးနှင့် ပြစ်မှားမိခဲ့တာရှိသော် သမီးကို အားလုံး ခွင့်လွှတ်ပေးကြပါ။သမီး နောက်ဆုံးအကြိမ်ထိ ရိုးသားခဲ့တာကြောင့် ဒီစာအုပ်လေးကို လုံးဝ မခိုးပါဘူးလို့ ဝန်ခံပါရစေ ။
သမီး ငယ်ငယ် ကတည်းက မိဘ မရှိခဲ့တာကြောင့် ဆရာမက သမီးကို အကျင့်ပျက်သူလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သမီးဟာ မိဘမဲ့ဂေဟာ စရောက်ကတည်းက ဆရာမကြီးရဲ့ လမ်းညွှန်မှုအောက်မှာ နာခံခဲ့ပြီး စာရိတ္တလည်း လုံးဝမဖောက်ပြားခဲ့ပါဘူး။ ကျောင်းတက်နေတဲ့ ကာလ တစ်လျှောက်လုံးလည်း သူများရဲ့ ခဲတံတိုလေး တစ်ချောင်းတောင်မှ မခိုးခဲ့ဖူးပါဘူး ။
ဒီနေ့ ဆရာမ စွပ်စွဲခံရတာ အရမ်း နာကျင် ခံစားရပါတယ်။ ဆရာမ အတန်းထဲက ထွက်သွားတော့ တစ်ခန်းလုံးက သမီးကို ( Stolen student ) လို့ လှောင်ကြတယ်။ သမီး အရမ်းရှက်တာပဲ ဆရာမရယ်။ သမီးလေ ဒီလို စွပ်စွဲရတာလည်း အတိတ်ဘဝက ဝဋ်ကြွေးကြောင့်ထင်ပါတယ် ။
သူတို့ကိုလည်း ပြောပေးပါ သမီးလုံးဝ မခိုးခဲ့ဘူးဆိုတာကို သမီးအသက်နဲ့ရင်းပြီး သက်သေပြခဲ့ပါတယ်လို့။ သမီးရဲ့ မိဘမဲ့ဂေဟာက ဆရာမကြီးကိုလည်းပြောပေးပါ သမီးကြောင့် ဆရာမကြီး ခုလို အရှက်ကွဲ မခံစေ ချင်လို့ စိတ်မပူစေချင်လို့ သမီးရဲ့ကိစ္စကို သမီးရှင်းအောင် လုပ်သွားခဲ့ပါတယ် ။


ဗဟုသုတ ရရန် ရည်ရွယ်ပါသည်




မြန်မာနိုင်​ငံ အ​ကြောင်း အချိန်​ခဏ​လောက်​ယူပြီး ဖတ်​​ပေးပါရန် .. 


၁ ။ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတ အရေအတွက့် ( 11 ) ယောက်…

၂ ။ သမ္မတ အမည်မျာ့းနဲ … … … မွေးဖွားချိန်ကွယ်လွန်ချိန်....


(1) စဝ်ရွှေသိုက် … … … [ ၁၈၉၆ - ၁၉၆၂ ]
(2) ဒေါက်တာဘဦး … … … [ ၁၈၈၇ - ၁၉၆၃ ]
(3) မန်းဝင်းမောင် … … … [ ၁၉၁၆ - ၁၉၈၉ ]
(4) ဦးနေဝင်း … … … [ ၁၉၁၈ - ၂၀၀၂ ]
(5) ဦးစန်းယု … … … [ ၁၉၁၈ - ၁၉၉၆ ]
(6) ဦးစိန်လွင် … … … [ ၁၉၂၄ - ၂၀၀၄ ]
(7) ဦးအေးကို … … … [ ၁၉၂၁ - ၂၀၀၆ ]
(8) ဒေါက်တာမောင်မောင်… … … [ ၁၉၂၅ - ၁၉၉၄ ]
(9) ဦးစောမောင် … … … [ ၁၉၂၈ - ၁၉၉၇ ]
(10) ဦးသန်းရွှေ … … … [ ၁၉၃၃ - ? ? ? ]
(11) ဦးသန်းရွှေ … … … [ ၁၉၉၃ - ???? ]
(12) ဦးသိန်းစိန် … … … [ ၁၉၄၅ - ??? ]
(13) ဦးထင်​​ကျော်​ .... .... .. [ ၁၉. - ??? ]


၂။ သမ္မတ အဖြစ် တာဝန်ယူခဲ့သည့် သက်တမ်း နှင့် ကိုယ်စားပြု ခဲ့သည် ပါတီ အမည်များ ………


{1} စဝ်ရွှေသိုက် … ( ၄-၁-၁၉၄၈ မှ ၁၆-၃-၁၉၅၂ ထိ )
ကိုယ်စားပြု ပါတီအမည့်
[ ဖဆပလ ] တစ်နည်းအာဖြင့် (ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့ လွပ်လပ်ရေးအဖွဲ့ချုပ် )

{2} ဒေါက်တာဘဦး …( ၁၆-၃-၁၉၅၂ မှ ၁၃- ၃ ၁၉၅၇ ထိ )
ကိုယ်စားပြုပါတီ ( ဖဆပလ )

{3} မန်းဝင်းမောင် …( ၁၃ - ၃- ၁၉၅၇ မှ ၂-၃-၁၉၆၂ ထိ )
ကိုယ်စားပြုပါတီ့( ဖဆပလ )

{4} ဦးနေဝင်း … ( ၂-၃-၁၉၆၂ မှ ၂-၃-၁၉၇၄ ထိ )
ကိုယ်စားပြုပါတီ … ( တပ်မတော် )

{5) ဦးနေဝင်း …( ၂-၃-၁၉၆၂ မှ ၉-၁၁-၁၉၈၁ ထိ )
ကိုယ်စားပြုပါတီ ( မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ )

(6) ဦးစန်းယု …( ၉-၁၁-၁၉၈၁ မှ ၂၅ - ၇ - ၁၉၈၈ ထိ )
ကိုယ်စားပြုပါတီ ( မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ )

(7) ဦးစိန်လွင် …{ ၂၅ -၇-၁၉၈၈ မှ ၁၂-၈-၁၉၈၈ ထိ )
ကိုယိစားပြုပါတီ ( မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ )

(8) ဦးအေးကို ( ၁၂- ၈ - ၁၉၈၈ မှ ၁၉-၈-၁၉၈၈ ထိ )
ကိုယ်စားပြုပါတီ ( မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ )

(9) ဒေါက်တာမောင်မောင် (၁၉-၈-၁၉၈၈ မှ ၁၈-၉-၁၉၈၈)
ကိုယ်စားပြုပါတီ ( မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ )

(10) ဦးစောမောင် ( ၁၉-၈-၁၉၈၈ မှ ၂၃ -၄-၁၉၉၂ ထိ )
ကိုယ်စားပြုပါတီ (တပ်မတော် )

(11)ဦးသန်းရွှေ ( ၂၃-၄-၁၉၉၂ မှ ၁၅-၁၁-၁၉၉၇ ထိ )
ကိုယ်စားပြုပါတီ ( တပ်မတော် )

(12) ဦးသန်းရွှေ ( ၁၅-၁၁-၁၉၉၇ မှ ၁၉-၃-၂၀၀၇ ထိ )
ကိုယ်စားပြုပါတီ ( တပ်မတော် )

(13)ဦးသိန်းစိန် ( ၃၀-၃-၂၀၀၇ မှ ၁-၄ -၂၀၁၆ ထိ )
ကိုယ်စားပြုပါတီ (U.S.D.P )

၎ ။ မြန်မာနိုင်ငံ ၏ ပထမဆုံးသော ရာဇဝင်ကျမ်း......
ရှင်မဟာသီလဝံသ ၏ ရာဇဝင်ကျော်ကျမ်း

၅။ မြန်မာနိုင်ငံ ၏ အရှည်ဆုံးထင်ရှားသော မြစ်များ...
(က) - ဧရာဝတီမြစ် ( ၁၂၃၈ မိုင် )
( ခ )- သံလွင် ( ၇၉၆ မိုင် )
( ဂ ) - ချင်းတွင်း ( ၆၉၁ )
(ဃ) - စစ်တောင်း ( ၁၈၆ )

၆ ။ ဧရာဝတီမြစ် ၏ လက်တတ်ခွဲများ ။
(က) ပုသိမ်မြစ်
(ခ) ရွေးမြစ်
(ဂ) ဖျာပုံမြစ်
(ဃ) သက်ကယ်သောင်မြစ်
(င) ပြန်မလော့မြစ်
(စ) ဘိုကလေးမြစ်
(ဆ) တိုးမြစ်
(ဇ) သံဒိမြစ်
(ဈ) ပြင်စလူမြစ်

၇။ ချင်းတွင်းမြစ်၏ မြစ်လက်တက်ခွဲများ
(က)မြစ်သာမြစ်
(ခ) ယူးမြစ်
(ဂ) ဥရုမြစ်

၈။ စစ်တောင်းမြစ်၏ မြစ်လက်တတ်ခွဲများ
(က)ခပေါင်းချောင်းမြစ်
(ခ)ရွှေကျင်မြစ်
(ဂ) ရဲနွယ်ချောင်း
(ဃ) ငလိုက်ချောင်း
(င) ဆင်သေချောင်း
(စ)ရေဆင်းချောင်း

၉။မြန်မာနိုင်ငံ အတွင်း စတင်ခဲ့သော ရှေးခေတ်မြို့ပြများ
(က) တကောင်း
(ခ) ဗီဿနိုး
(ဂ) ဟန်လင်း
(ဃ) သရေခေတ္တရာ
(င) ဝေသာလီ
(စ) သုဝဏ္ဏဘုမ္မိ

၁၀။ မြန်မာ မင်းဆက်များ ။
(1) ပထမ တစ်ကောင်း (၃၃) ဆက်
(2) ဒုတိယ တစ်ကောင်း (၁၇ ) ဆက်
(3) သရေခေတ္တရာ မင်းဆက် (၂၇) ဆက်
(4) ပုဂံ မင်းဆက် ( ၅၈) ဆက်
(5) ပင်းယ မင်းဆက် ( ၆ ) ဆက်
(6) စစ်ကိုင်းမင်းဆက် (၇) ဆက်
(7) အင်းဝ မင်းဆက် ( ၁၇ )ဆက်
(8)တောင်ငူမင်းဆက် (၄) ဆက်
(9) ဟံသာဝတီ မင်းဆက် (၁၁)ဆက်
(10) ညောင်ရမ်းမင်းဆက် ( ၁၁) ဆက်
(11) ကုန်းဘောင်မင်းဆက် ( ၁၁ ) ဆက်

၁၁။မြန်မာနိုင်ငံ ပထဆုံး မင့်း့ တကောင်းအဘိရာဇာ


၁၂။ ရုပ်ပွားတော် အများဆုံးရှိသော စေတီ့
မိုးညှင်းသံမ္မုဒ္ဓေ ( ၅၈၂၂၅၇ )


၁၃။မြန်မာ ပထမ ဆုံးသော မြို့တော် ။
ပုဂံ (A.D.1044) တွင် အနော်ရထာ တည်ထောင်


၁၄။ မြန်မာ့ ပထဦးဆုံးဒေါက်တာ
မွန်လူမျိုး ဒေါက်တာ ရှောလူး (1839-1929)


၁၅။ မြန်မာ နန်းရင်းဝန်များ ။
(က) ဂဠုန်ဦးစော
(ခ) ဦးပု
(ဂ) ဒေါက်တာဘမော်
(ဃ) ဆာဂျေအေမောင်ကြီး

၁၆။မြန်မာ နိုင်ငံ၏ အမြင့်ဆုံးတောင့်
ခါကာဘိုရာဇီတောင် ( ၁၉၂၉၆ ) ပေ


၁၇။ စစ်တောင်းတူးမြောင်း၏ အရှည် ( ၃၈)မိုင်


၁၈။ တွံတေး တူးမြောင်း (၂၁) မိုင်

၁၉။မြန်မာ့ ပထမဦးဆုံး ကုလသမဂ္ဂအတွင်းရေးမူ့း
ဦးသန့် (1909- Jan-2) တွင်မွေးဖွား
(1974-Nov-25) တွင် ကွယ်လွန်

၂၀။မြန်မာ့ ပထမဦးဆုံး ဘဏ်သူဋ္ဌေး
ရခိုင်လူမျိုး ဦးရဲကျော်သူ (1833-1910)

၂၁။မြန်မာ့ ပထမဆုံးသော ခရစ်ယာန် သာသနာပြု
ယုဒဿန် (1788-Aug-9) U.S.A. နိုင်ငံ့
မက်ဆာချူးဆက်ပြည်နယ် မော်ဒန် မြိုတွင်မွေးဖွား
(12-April-1850) အမေရိကန် ကိုအပြန် သဘောင်္ပေါ်တွင် ကွယ်လွန်

၂၁။မြန်မာ ပထမ ဦးဆုံးသော ခရစ်ယာန်ဘာသာဝင်
ဦးနော (1919-Jun-27)
.
၂၂။မြန်မာပြည်၏ ထင်ပေါ်ကျော်ကြားသော တင် သုံးတင်
(က) နန်းတော်ရှေ့ ဆရာတင်
(ခ) သဟာယ ဆရာတင်
(ဂ) ဝိုင်အမ်ဘီ ဆရာတင်
.
၂၃။မြန်မာ ပထမဦးဆုံး ကာလပေါ်ဝတ္တုရေးသူ
ဂျိမ်းစ်လှကျော် (1866-Jun-21)မှ(Nov-17-1919)
ဝတ္တုအမည် ။ မောင်ရင်မောင် မမယ်မ


၂၄။မြန်မာ ပထမဦးဆုံး အမျိုးသမီး ပါဠိပါမောက္ခ
MA ဒေါ်အုန်း
.
၂၅။ မြန်မာ နိုင်ငံနဲ နယ်နိမိတ် ထိစပ်နေသော သမုဒ္ဒရာ
အိန္ဒိယ သမုဒ္ဒရာ


၂၆။ မြန်မာနိုင်အတွင်းတောင်မှမြောက် စီးဆင်းသောမြစ်များ
(က) သောင်းရင်းမြစ်
(ခ) ဂျိုင်းမြစ်
(ဂ) အတ္တရံမြစ်
(ဃ) မြစ်သာမြစ်
(င) ဇော်ဂျီမြစ်
(စ) အတ္တရံမြစ်


၂၇။ မြန်မာနိုင်ငံ ၏ အကြီးဆုံးရေအိုင့်
အင်းတော်ကြီးအိုင် (ကချင်ပြည်နယ် )

၂၈။ မြန်မာ့ မြို့ရွာ များ၏ ရှေးဟောင်းအမည်/ အခေါ်

ရတနာသိင်္ခ/ရတနာသိင်္ဃ ။ ရွှေဘို
ဝေဘာရာ ဝေပုလ္လ ။ ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ ။ မြောက်ဦးအနီး
ဝိမဏု ။ ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ ။ ချင်းတွင်းမြစ်
သာကေတ ။ ရန်ကုန်
သာဂရ ။ ဆွာအနီး
သာယာဝတီ ။ သုံးဆယ်အနီး
သိရီခေတ္တရာ ။ မော်ဇာ
သိရီပစ္စရာ ။ ပုဂံအနီး
သိင်္ဂုတ္တရ ။ ရွှေတိဂုံကုန်းတော်
သုနာပရန္တ ။ ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ ။ သထုံ
သုဝဏ္ဏဘူမိ ။ တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာရ ။ တကောင်း
ဟရိပုဉ္စ ။ မွန်ပြည်နယ်/ ထိုင်း
ဟံသာဝတီ ။ ပဲခူး
အမရပူရ ။ တောင်မြို့
အရိမဒ္ဒနပူရ ။ ပုဂံ
အသီတဉ္စန ။ ရန်ကုန်
အလ္လကပ္ပ ။ စစ်ကိုင်းအနီး
အာဠဝတီ ။ မြစ်ကြီး
သြရဿိ ။ ပဲခူး
ဥက္ကလာပ ။ ရန်ကုန်
ကန္တာရ၀တီ ။ ကယား
ကမ္ဘောဇ ။ ရှမ်း
ကုသိနာဂရ ။ ပုသိမ်
ကေတုမတီ ။တောင်ငူ
ကေလာသတောင် ။ ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ ။ ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ ။ ကျိုင်းတုံ
ခေါသန္တီ ။ မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ ။ စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ ။ စလင်းအနောက်ဘက်
စိနရဋ္ဌ ။ ကချင်ပြည်နယ်
စန္ဒပူရ ။ မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ ။ သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ္ဎန ။ တောင်ငူနယ်
ဇေယျပူရ ။ စစ်ကိုင်း
ဇောတိနုဂရ ။ ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ ၁၂ နယ်
တတ္ထဒေသ ။ ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ ။ ဧရာဝတီမြောက်ပိုင်း
ဓညဝတီ ။မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ။ မြစ်ငယ်
ဒွာရာဝတီ ။သံတွဲ
နဂရာဇာ ။ နဂရစ်
ပဉ္စာလရာဇ် ။တကောင်း
ပဌမနဂရ ။ မကွေးတောင်ဘက်
ပေါက္ကရ၀တီ ။ ရန်ကုန်
မဟာနဂရ ။ မွန်ငယ်
မစ္ဆဂီရိ ။ ချင်းတောင်တန်း
မေဃဝတီ ။ မာန်အောင်
မိတ္ထီလာ ။ မိတ္ထီလာ
ယက္ခပုရ ။ သထုံ
ယောနက ။ ယော
ရတနပုရ ။ အင်းဝ
ရတနာပုံ ။ မန္တလေး
ရာဇဂြီဟ ။ ကလေးအနီး
ရာမညဒေဝ. ။ မွန်ပြည်နယ်
ရမ္မာဝတီ ။ ရမ်းဗြဲ

၂၉။ မြန်မာနိုင်ငံအရှည်ဆုံးမြစ့် ( ဧရာဝတီ )


၃၀။ မြန်မာနိုင်ငံ အတိုဆုံးမြစ်… {စစ်တောင်း)


၃၁။ အင်္ဂလိပ်လက်အောက် မကျခဲ့သောပြည်နယ် (ကယားပြည်နယ် )


၃၂။ မြန်မာနိုင်ငံ ၏ ဒုတိယ အကြီးဆုံးရေအိုင်
အင်းလေးအိုင် (ရှမ်းပြည် )


၃၃။ မြန်မာနိုင်ငံ ၏ အစွန်အကျဆုံးသော မြစ်များ
(က) အရှေဘက် မဲခေါင်မြစ်
(ခ) အနောက်ဘက် နတ်မြစ်
(ဂ)တောင်ဘက် ပါချန်မြစ်
(ဃ)မြောက်ဘက် မေခမလိခ မြစ်



28 April 2017

တန်ဖိုးသိသူ အတွက်သာ တန်ဖိုး ရှိတယ်



တာဝတိံသာ နတ်ပြည် မှာ . . .
မာလာဘာရီ လို့ အမည်ရတဲ့ နတ်သား တစ်ပါးရှိတယ်။ သူ့မှာ ဇနီးမယား နတ်သမီး တစ်ထောင် ရှိတယ်။ တစ်နေ့ ဥယျာဉ်ထဲ ကစားနေတုန်း နတ်သမီး တစ်ပါးဟာ စုတိစိတ် ကျပြီး သေသွားတယ်။ သာဝတ္ထိမြို့ မှာ မိန်းကလေး တစ်ယောက်ပဲ သွားဖြစ်တယ်။


သူမဟာ နောက်ဘဝကို ပြန် အမှတ်ရတဲ့ ဇာတိဿရ ဉာဏ် ပါလာတယ်။ နတ်သမီး ဘဝကို ပြန် အမှတ်ရတယ်။ ဒါကြောင့် ကုသိုလ်ပြုတိုင်း မာလာဘာရီ နတ်သား ၏ မယား နတ်သမီး ဖြစ်ရပါလို၏ လို့ အမြဲဆုတောင်းတယ်။


ထုံးစံအတိုင်း အရွယ်ရောက် အိမ်ထောင်ကျ သားသမီး ငါးယောက် ရပြီးချိန်မှာ သေသွားတယ်။ သူ့ ဆုတောင်း အတိုင်း သာဝတိံသာနတ်ပြည် ပြန်ရောက်တယ်။ ဒါက အံ့သြစရာ မဟုတ်သေးဘူး။ တစ်ကယ် အံ့သြစရာက မာလာဘာရီ နတ်သား နဲ့ ဇနီးမယားတွေဟာ အခုချိန်ထိ ဥယျာဉ်ထဲမှာ ပျောပါးဆော့ကစားတုန်းပဲ။
ပတိပူဇိကာ နတ်သမီး  ကိုတွေ့တော့ မာလာဘာရီ နတ်သား ကမေးတယ်။


နတ်သား = သင်စောစောက ဘယ်သွားလဲ ?
နတ်သမီး= စောစောက မဟုတ်ဘူး။ နတ်သက်ကြွေ သေသွားပြီး သာဝတ္ထိမှာ မိန်းကလေး သွားဖြစ်တယ်။ အသင် နတ်သား ကို သတိရတဲ့ အတွက် ကုသိုလ် များများပြုပြီး ဒီနေရာ ပြန်ရောက်ဖို့ ဆုတောင်းခဲ့ရတယ်။ အရွယ်ရောက် အိမ်ထောင်ကျတော့ ကလေးငါးယောက် ရပြီး သေဆုံးခဲ့လို့ အခုလို နတ်ပြည်ကို ပြန်ရောက်လာတာပါ။


နတ်သားဟာ အလွန်အံ့သြသွားတယ်။ လူ့ဘဝ သက်တမ်း တစ်ခုဟာ သူတို့ နတ်တွေ ဥယျာဉ် မှာ တစ်ခါပျော် ချိန်လောက်မှ မကြာဘဲကိုး။ မြစ်တွေချောင်းတွေက ရေကို မတွေ့ဖူးတဲ့ နွားခြေရာခွက်ထဲက ဖားသူငယ်ဟာ သူ့ခြေရာခွက်ထဲက ရေကိုသာ အများကြီးလို့ ထင်နေသလို . . . နတ်တွေ , ဗြဟ္မာတွေ ရဲ့ သက်တမ်းကို မသိကြတဲ့ လူတွေဟာလည်း ကိုယ့် လူ့ဘဝ သက်တမ်းလေး တစ်ရာကို အရှည်ကြီးလို့ ထင်နေကြတာပါ။


နတ်သား က ဆက်မေးတယ်။
နတ်သား= ဒီလောက် သက်တမ်း တိုတိုနဲ့ နေကြရတဲ့ သူတွေဟာ ရသမျှ အချိန်လေးမှာ ကုသိုလ် ပါရမီများများ ဆည်းပူးကြရဲ့လား ?


နတ်သမီး= ဘဝတန်ဖိုး သိပြီး ကုသိုလ် ပါရမီ ဆည်းပူးကြတဲ့ လူသားဟာ တစ်ရာ မှာ တစ်ယောက်ခန့်သာ အနည်းငယ် ရှိပါတယ်။


ကျန် လူသားများကတော့ အာရုံငါးပါး ကာမဂုဏ် တရားတွေကို ရှာဖွေ ခံစားရင်း အချိန်ကုန်ကြပါတယ်။
နတ်သား ဟာ ပိုအံ့သြသွားတယ်။ လူ့သက်နှစ်တစ်ရာဟာ နတ်သက် တစ်ရက်သာ ရှိလို့ ပထမ အံ့သြစရာပေါ့။


အချိန်တိုလှတဲ့ လူ့ဘဝလေးကို ကုသိုလ် ပါရမီ ဆည်းပူးဖို့ အသုံးမချဘဲ ကာမဂုဏ် ခံစားဖို့ချည်း အသုံးချတာဟာ ဒုတိယမြောက် အံ့သြစရာပေါ့။



၁၀၀ တန်တွေကို ဦးနေဝင်း ဘာကြောင့်သိမ်းခဲ့ရသလဲ



ne-win-large


၁၉၈၅ နိုဝင်ဘာလ ၃ ရက်နေ့
နံနက် ၁၁း၁၅ မြန်မာ့အသံမှ အရေးပေါ်ကြေညာချက် ထွက်ပေါ်လာတယ်။ 

သတင်း ကြေညာသူက ဦးကျော် စိုးဦး၊ သတင်းကို ယူလာပေးသူက ပြန်ကြားရေးဝန်ကြီး၊ သတင်းက ချိတ် ပိတ်စာအိပ်၊ စာအိပ်ပေးသူက လမ်းစဉ်ပါတီ ဥက္ကဌကြီး သမ္မတကြီး ဦးနေဝင်း၊ ကြားဖြတ် အရေးပေါ် ကြေညာချက်ဖြစ်၍ တစ်နိုင်ငံလုံး နားစွင့်နေကြတယ်။ 

TV ကလည်း တိုက်ရိုက် ထုတ်လွှင့်နေတယ် ။ သတင်းကြေညာဖို့ စာအိတ် ဖောက်လိုက်ပြီးချိန်မှာ သတင်းကြေ ညာသူဟာ လက်တွေ တုန်နေတယ်။ အသံ ကလည်း တုန်ရီ အက်ကွဲနေတယ်။

အားလုံး ကြားလိုက်ရတာကတော့..........
“၁၀၀ ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေကြေး အဖြစ်မှ ယခုအချိန်မှ စတင်၍ ရပ်ဆိုင်းလိုက်ပါကြောင်း”

တစ်နိုင်ငံလုံး ဟင်၊ ဟာ၊ ကျွတ်၊ တောက် အသံတွေ မိုးမွှန် လျှံထွက်လာတယ်။
တစ်ချို့တွေက ငို၊ တစ်ချို့တွေက အရူး တစ်ပိုင်းဖြစ်၊ တစ်ချို့တွေ နှလုံးရပ်ပြီး သေကြ ။ အစိုးရ ငွေကြေး  လက်ထဲမှာ ထားမိတဲ့ အရာရှိကြီးငယ်တွေလည်း ထိုင်မရ၊ ထမရ နဲ့ပေါ့။


ဒီလောက် ပြည်သူတွေ ထိခိုက် နစ်နာနိုင်မယ့် အရေးကို ဘာကြောင့် ဆောင်ရွက်လိုက်ရကြောင်း ကိုတော့ သိသူ နည်းသလို သိအောင်လည်း မလုပ်ခဲ့ကြပါဘူး။ 


ဒီအချိန်အထိ ဒီအချက်ကို အညှိုးတစ်ကြီး ထားပြီး တိုက်ခိုက် စရာ အာခီးလီး ဖနောင့်ကြော အဖြစ် မှတ်ယူနေ ကြဆဲ။

သိသူတွေ သေလို့ ကြားသူတွေ ရှားလာချိန် ဖြစ်လာပြီ။ သမိုင်း အမှားတွေနဲ့ ကျုပ်တို့ လူငယ်တွေ ခရီး ဆက်နေ ကြလို့ မရတော့ ။ သမိုင်းအမှားတွေက အမြင်အမှားတွေ မွေးပေးနေပြီး အသိ အမှားတွေနဲ့ ခရီး ဆက်ကြရင် မြန်မာ ရာဇဝင် အရိုင်းတွေ ထပ်တိုးပေတော့မည်။ 


ဒါကြောင့် သိမှီသူတွေ ရှာဖွေမေးမြန်းရင်း ကွက်လပ်ဖြည့် အမှားကို ပြင်ဆင်လိုက်ပါသည်။

၁၉၈၅ ခုနှစ် မြန်မာ့ စီးပွားရေးသည် ဆုတ်ယုတ်နေပြီ။ လက်ရှိ တစ်ခါးပိတ် စီးပွားရေး စနစ် နဲ့ သွားလို့ မရ မှန်း သိခဲ့ပြီး စီးပွားရေး စနစ်ပြောင်းလဲရေး အတွက် စီစဉ်ဆောင်ရွက် ခဲ့ကြတယ်။


ဒီအချိန်မှာ မြန်မာ့ တပ်မတော် အတွက် အသုံးစားရိတ်တွေကိုလည်း လျော့ချ ခဲ့ရတယ်။ ဒါပေမယ့် စစ်ဆင်ရေး ကတော့ လျော့မသွားခဲ့ဘူး။ တပ်ရိက္ခာတောင် ပုံမှန် မထောက်နိုင်တဲ့ အခြေအနေ အထိ ရင်ဆိုင် လာရ ပြီ။


ရန်သူ့နယ်မြေရောက် ရှေ့တန်းထွက် တပ်တွေမှာ မီးကျိုးမောင်းပျက်တွေနဲ့ ကျည် မပါတဲ့ ဘက်ကပ်ခွံတွေနဲ့၊ ဟန်သာ ရှိတော့တဲ့ အခြေအနေ။


ဒီအချိန်မှာ KNU ဟာ တန်ခိုး ထွားနေချိန်၊ မြန်မာ့ လည်ပတ်ငွေကြေးရဲ့ ၃၀% ကျော်ဟာ KNU လက်ထဲမှာ ရှိနေခဲ့တယ်။


ငွေမဲ မကြေညာမီ လတ်တစ်လောကာလတွင် KNU လက်ထဲမှာ သတ္ထုရိုင်းနှင့် ကျွန်းသစ် ရောင်းရငွေဟာ ကျပ်ငွေ ၇ ဘီလီယံလောက် အထိ ရှိနေတယ်။ ဒီအထဲမှာ အမြင့်ဆုံး ငွေစက္ကူ ၁၀၀ တန် က ၅ ဘီလီယံကျော် ပါဝင်နေတယ်။ 


ဒီငွေတွေနဲ့ ထိုင်း စစ်တပ်ကနေ တစ်ဆင့် အမေရိကန်ထုတ် လက်နက်တွေ ဝယ်ယူဖို့ လုပ်ဆောင်နေတာဟာ ငွေပေးချေဖို့ အခြေအနေထိ ရောက်နေပြီဖြစ်ကြောင်း ပြည်တွင်းပြည်ပ ထောက်လှမ်းရေး သတင်းတွေ ရရှိနေပြီ။

အဲဒီ လက်နက်တွေသာ KNU လက်ထဲ ရောက်သွားခဲ့ရင် မြန်မာ့ သမိုင်း တစ်မျိုးဖြစ်ဖြစ်သွားမှာ သေချာ တယ်။ ဒီအချိန်မှာ သမ္မတကြီး ဦးနေဝင်း ဟာ ဆုံးဖြတ်ချက် တစ်ခု ချမှတ်လိုက်တယ်။ အဂ္ဂဗျူဟာဖြစ်လို့ အသိပေးသင့်တယ် ထင်တဲ့သူ ဝန်ကြီး ၇ ပါး ကို အိမ်တော်ကို ခေါ်ပြီး ရှင်းပြလိုက်တယ်။ 



22 April 2017

ကြို့ထိုးတာ အမြန်ဆုံး ပျောက်ကင်းဖို့



လူတိုင်း ကြို့ထိုး တာ ခံစားဖူးကြမယ် ထင်ပါတယ်။ နာလိုခံခက် ဖြစ်လွန်းတဲ့ ကြို့ထိုး တာ ပျောက်ကင်းအောင် နည်းလမ်း တစ်ချို့ တင်ပြပေးမှာပါမယ်။ ကိုယ်တိုင်လည်း တစ်အွတ်အွတ်နဲ့ အခံရခက်သလို၊ ဒီအသံကို ကြားရတဲ့ ပတ်ဝန်းကျင်က လူတွေကိုလည်း တစ်စုံ တစ်ရာ အနှောင့်အယှက် ဖြစ်စေတဲ့ ကြိ့ထိုးခြင်း ဘာကြောင့် ဖြစ်တာလဲ ဆိုတဲ့ အကြောင်းက စပြောပါမယ်။
ဘာကြောင့် ကြို့ထိုး တာလဲ
ကြို့ထိုး အောင် ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများအပြား ရှိပါတယ်။ အစား အသောက် အဆ မတန်များပြီး ရင်ပြည့်လွန်တဲ့ အခါမှာ ကြို့ထိုး တတ်သလို အပူအစပ် အစားများရင်လည်း ကြို့ ထိုးတတ်ပါတယ်။ ပြီးတော့ ဆေးလိပ် အလွန် အကျွံသောက်တာတွေ၊ အရက် အလွန် အကျွံသောက်တာတွေ ၊ အပူ သို့မဟုတ် အအေးကို အလွန်အကျွံ သောက်တာတွေကြောင့်လည်း ကြို့ထိုး တတ်ပါတယ်။

အဲဒီလို အလွန်အကျွံ သုံးစွဲ သောက်သုံးတဲ့ အခါ အစာအိမ် အတွင်း / အပြင်၊ ခန္ဓာကိုယ် အတွင်း/အပြင် အပူချိန် ကွာခြားချက် ရုတ်တစ်ရက် များလာပြီး အသက်ရှူ လမ်းကြောင်းနဲ့ အစား အစာ ကြိတ်ချေ ဝါးမျိုရာ လမ်းကြောင်း တစ်လျှောက်မှာ ရှိတဲ့  နာဗ်ကြောတွေရဲ့ တုံ့ပြန်လှုပ်ရှားမှု စနစ်ကို ပျက်ယွင်းစေရာ ကနေ ကြို့ ထိုးရတာ ဖြစ်ပါတယ်။
ပြီးတော့ စိတ်လှုပ်ရှားတာတွေ၊ စိတ် ဖိစီးမှုတွေ၊ ကိုယ်တွင်း ဇီဝကမ္မ ဆိုင်ရာရောဂါတွေ၊ အာရုံကြောမကြီးနဲ့ ဆိုင်တဲ့ ရောဂါတွေ စတာတွေ ခံစားရသူတွေလည်း မကြာခဏ ကြို့ထိုးတတ်ပါတယ်။ တစ်ချို့သော ဆီးချိုသမားများ၊ ကျောက်ကပ် အားနည်းသူတွေဟာလည်း ၄၈ နာရီထက် ကြာအောင် ကြို့ထိုးတတ်ပါတယ်။
ကြို့ထိုး တာ ပျောက်အောင်
ကြို့ထိုး တာဟာ ဘာမှ လုပ်ပေးစရာ မလိုဘဲ သူ့ အလိုလို ပျောက်သွားတတ် ပါတယ်။ အချိန် အရမ်းကြာလို့ သိပ်မောပန်းလာမယ် ဆိုရင်တော့ အခုဖော်ပြမယ့် အချက်တွေ အတိုင်း လုပ်ဆောင်ပါ။ ကြို့ထိုး တာ ပျောက်ကင်းသွားပါ လိမ့်မယ်။

၁။ အသက်အောင့်ပါ
သင့် အဆုတ် အတွင်း အပြည့် နောက်ထပ် လေတစ်စက်မှ ဝင်စရာ မရှိအောင် နှာခေါင်း နဲ့ တစ်ဖြည်ဖြည်းချင်း အသက် ရှူသွင်းပြီး အသက်အောင့်နိုင်သမျှ အသက်အောင့်ပါ။ ပြီးရင် ပါးစပ် ကနေ တစ်ဖြည်းဖြည်း ရှူထုတ်ပါ။ နောက်တစ်ခါ သင့် အဆုတ် အတွင်းမှာ လေတစ်စက်မှ မကျန်အောင် အသက် ရှူထုတ်ပြီး အ သက် အောင့်နိုင်သမျှ အောင့်ပါ။ 

အဲဒီလို ၃ ခါလောက် တစ်ဆက်တည်း လုပ်ပါ။ ကြို့ထိုးတာ မကြာခင် သက်သာပျောက်ကင်း သွားပါလိမ့် မယ်။ တစ်ကယ်တော့ လေထဲမှာ ပါတဲ့ အောက်စီဂျင် က သင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတဲ့ အပြင် အဆိပ်အတောက်တွေပါ ဖယ်ရှားပေးပါတယ်။


အတိတ်က ပြုခဲ့သော (၃ ဘဝ) ဝဋ်ကြွေး အကြောင်း သိကောင်းစရာများ



အတိတ် ဘဝ က ပြုခဲ့သောကံ ၊ လက်ရှိ ဘဝမှာ ပြုလုပ်ရမယ့် ကုသိုလ် နှင့် အနာဂတ် အတွက် ကုသိုလ်များအကြောင်း ရေးသားထားခြင်းဖြစ်သည်။ ဘာသာပြန်ထားသည့်အတွက် အမှားများ ပါခဲ့သည် ရှိသော်
ကြိုတင် တောင်းပန်ပါရစေ။
** လင် နဲ့ မယား ရယ်လို့ လက်ရှိ ဘဝမှာ ဖြစ်လာခဲ့မယ် ဆိုရင်ဖြင့် အတိတ် ဘဝကပြုခဲ့သော မိမိ ကုသိုလ် ကံ ကြောင့်သော်လည်းကောင်း ၊ အကုသိုလ် ကံ ကြောင့်သော်လည်းကောင်း အတူတူ မပြုမူ ခဲ့လျှင် အိမ် တစ်အိမ်ထဲတွင် မိသားစု အဖြစ်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။

သား/သမီး ကြတော့ “ အကြွေး ” ပေါ့။ တစ်နည်းအားဖြင့် ကျေးဇူးဆပ်ခြင်းနှင့် အကြွေးတောင်းခြင်း ဟူ ၍ နှစ်မျိုး ကွဲပြားသွားလိမ့်မယ်။ ဝဋ်ကြွေး မရှိခဲ့လျှင် အဖေ ၊ အမေ နှင့် သား/သမီး ဆိုပြီး ပေါ်လာမှာ မဟုတ်ပါဘူးး။


* ဒါ့ကြောင့်မို့လို့ ကောင်းမှု ကုသိုလ်တွေ အတူတစ်ကွ ပြုလာကြတဲ့ လင်မယားတွေကြတော့ နေနဲ့လ  ရွှေနဲ့မြ လို့ ဆိုသလို သက်ဆုံးတိုင် ရွှေလက်တွဲသွားကြသလို ၊ အကုသိုလ်တွေ အတူတစ်ကွပြုလုပ်လာခဲ့ကြတဲ့ အတွဲတွေ ကျပြန်တော့လည်း အိမ်ပူ ၊ ရန်ဖြစ် ၊ စိတ်ဆင်းရဲပြီး သေကွဲ မကွဲတောင် ရှင်ကွဲ ကွဲနေရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတတ်တယ်လို့ ပြောထားပါတယ်။


* အကြွေးလာတောင်းတဲ့ သား/သမီး ကြပြန်တော့လည်း ဘယ်နေရာမှ အသုံးမကြဘူး ။ မိဘ စိတ် ဆင်း ရဲအောင် အမြဲ လုပ်နေတဲ့သူတစ်ယောက်ဖြစ်တယ်။


အကြွေး လာဆပ်တဲ့ သား/သမီးကြတော့ မိဘဝတ္တရားကို နားလည်ပြီး မျက်နှာ ပျက်ရမဲ့ အဖြစ်မျိုးတွေကို ရှောင်ကျဉ်လေ့ ရှိတယ်။


လူရယ်လို့ မွေးဖွားလာပြီဆို တွေ့ ဆုံ ၊ လမ်းခွဲ ၊ ပျှော်ရွှင်မှု ၊ ဝေဒနာ ခံစားရမှု ၊ စိတ်ဆင်းရဲခြင်း ၊ ခွင့်လွှတ်ပေးခြင်း ၊ အငြိုတေးထားခြင်း ၊ ချစ်ခြင်း ၊ မုန်းခြင်း စတဲ့ အချက်တွေက ကိုယ်ပြုခဲ့တဲ့ အတိတ်က ကံကြောင့် လက်ရှိ ဘဝမှာ ကိုယ့်ဆီပြန်လာမဲ့ တန်ပြန် ဝဋ်ကြွေး ဆိုရင်လည်း မမှားပေနိုင်ဘူးလေ။
၁. ကျေးဇူး လာဆပ်သော သား/သမီးများ
အတိတ် ဘဝက ကောင်းမှု ကုသိုလ်များဖြင့် အတူတစ်ကွပြုလုပ်လာခဲ့ကြသော သူများသည် လက်ရှိ ဘဝတွင် အဖေ ၊ အမေ နှင့် သား/ သမီးများ အဖြစ်သို့ ရောက်ရှိကြရမည်ဟု ဆိုထားသည်။ တစ်နည်း အားဖြင့် ထိုသူတို့ကို “ ကျေးဇူး သိတတ်သော သူများ ” ဟု ခေါ်ကြသည်။ မိဘ စကားကို အစဉ်အမြဲ နားထောင်ပြီး သိတတ်သောသူ၊ လိမ္မာရေးခြား ရှိပြီး မိဘများ စိတ်သောကရောက်ရမည့် အဖြစ်များမှ ရှောင်ရှားနိုင်သူတစ်ဦးလည်း ဖြစ်သည်။


၂. ကလဲ့စား လာချေသော သား/သမီးများ
အတိတ်ကံ က ပြုခဲ့သော အကုသိုလ် အကျိုးဆက်ကြောင့် လက်ရှိ ဘဝမှာ မိသားစု အဖြစ် ရောက်ကြရ သည် ဟုလည်း ဆိုထားပြန်သည်။ ထိုသူတို့ အရွယ်ရောက်လာကြသောအခါ မိသားစု စည်းစိမ် များ ကို သုံးဖြုန်းခြင်း ၊ စိတ် ဆင်းရဲအောင်ပြုလုပ်ခြင်းများနှင့် အိမ်ထောင်စု တစ်ခုပြိုကွဲသွားသည် အထိ ဖြစ်တတ်သည်ဟု ဖော်ပြထားသည်။ 


အဲ့ဒီလို လူမျိုးကို “ ကျေးဇူးကန်းသော သူ ” ဟု ခေါ်တွင်စေသည်။ သူတို့လေးတွေနဲ့ ဝဋ်ကြွေးတွေ ထပ်မပြုလုပ်မိစေရန် ရှောင်ကျဉ်ကြပါ။ သူစိမ်းလူတွေဖြစ်ခဲ့လျှင် ကာကွယ်နိုင်ကောင်း ကာကွယ်နိုင်လိမ့်မည်။ ခုဟာက အိမ်က ကိုယ့်သား/သမီးများဖြစ်သောကြောင့် အခက်ရပေမည်။ ထို့ကြောင့် လူတို့သည် မည်သူ မဆို ကိုယ့်ကို ချစ်ကြသည်။ သေရမှာကိုလည်း ကြောက်သောကြောင့် ဘယ်နည်းနဲ့မှ အကုသိုလ်တွေ မလုပ် မိကြ ဖို့နှင့် သူတစ်ပါး အသက်ကို မသတ်မိစေရန် ဆင်ခြင်နိုင်ကြပါစေ။

၃. အကြွေး လာတောင်းသော သား/ သမီးများ
အတိတ်ဘဝတွင် မိဘ များက ပေးရန် ကျန်ခဲ့သောကြောင့် လက်ရှိ ဘဝတွင် သား / သမီး က လာရောက်တောင်းရမ်းခြင်းဖြစ်သည်။ အသက်ကြွေး မဟုတ်ဘဲ ငွေကြေး ဟုလည်း ဆိုထားပြန်သည်။ တစ်နည်းအားဖြင့် ကိုယ် သူ့အပေါ် ပေးဆပ်ရမည့် အကြွေး နှင့် သက်ဆိုင်သွားသည်။  ဥပမာ အားဖြင့် ကိုယ်ပေးရမည့် အကြွေး က နည်းလျှင် ကိုယ့်ဆီမှာ တစ်နှစ် နှစ်နှစ်လောက်သာ နေပြီး သေဆုံးသွားကြသည်။ 



11 April 2017

ဆရာဝန် တွေ ဘယ်တော့မှ ထုတ်မပြောတဲ့ ရေချိုးရင်း ရှူးပေါက်ချရင် ရလာမယ့် ကျန်းမာရေး အကျိုးရလာဒ်



ကျွန်ုပ်တို့တွေ တော်တော်များများကတော့ ရေချိုးခန်း တဲ့ဝင်တဲ့အချိန်၊ ရေချိုးတဲ့အချိန်တွေမှာ ရှူးရှူးပေါက်ချလေ့ရှိကြတယ်ဆိုတာ လိမ် ပြောလို့မရပါဘူး။ 

အနည်းဆုံးတော့ ရေချိုးနေစဉ်အတွင်း တစ် ကြိမ်တော့ ရှူးပေါက်ချလေ့ ရှိပါတယ်။ ဒီလိုမျိုး ရေချိုးနေစဉ် အတွင်း ဆီးသွားခြင်းကနေ မယုံကြည်နိုင်လောက်တဲ့ အံ့သြစရာ အကျိုး တွေအကြောင်းကို ဘယ်ဆရာဝန်ကမှ မပြောပြကြပါဘူး။ 

ဒါပေမဲ့ ရေချိုး ခန်းထဲ ရှူးပေါက်ချခြင်း ကနေ ကျွန်ုပ်တို့တွေ အတွက် ထူးခြား တဲ့ ကောင်းကျိုးတွေကတော့ အမှန်တစ်ကယ်ရှိနေပါတယ်….

  ၁။ ရေချိုးခန်း ထဲ ရှူးပေါက်ချခြင်း က သဘာဝ ပတ်ဝန်းကျင်နဲ့ ကမ္ဘာ ကြီးကို ထိန်းသိမ်းရာရောက်တယ်လို့ အမေရိကန် ပတ်ဝန်းကျင်ဆိုင် ရာ ထိန်းသိမ်းရေး အဖွဲ့အစည်းက ဆိုထားပါတယ်။ အဓိကကတော့ ရေအရင်းမြစ်ကို ထိန်းသိမ်းရာ ရောက်တာပါပဲ။

 ရေချိုးရင်း ဆီးသွား တာ မဟုတ်ပဲ အိမ်သာ၊ သန့်စင်ခန်းမှာ သီးခြား ဆီးသွားတာမျိုး အ တွက် ရေပမာဏကုန်ကျမယ့် အစား ရေချိုး လိုက်ချိန်မှာ တစ်ခါ တည်း သုံးစွဲမယ့် ရေ က ၂၇ ရာခိုင်နှုန်းချွေတာ အသုံးပြုပြီးသား ဖြစ်သွားတာမို့လို့ပါပဲ။

  ၂။ မိမိ ရဲ့ဆီးတွေက ခြေလက် နဲ့ ကိုယ်တွင်းတွေမှာ ပေါက်နေတဲ့ အ နာတွေကို ပိုးသတ်ပေး စေနိုင်ပါသတဲ့။ ကုတ်ခြစ်ရာလေးတွေ၊ ပိုးကောင် ကိုက်ထားတဲ့ အနာလေးတွေရဲ့ ပိုး၊ ဘက်တီးရီးယား တွေ ကို ဆီး၊ ကျင်ငယ်ရည် ကနေ ပိုးသတ်ပေးနိုင်ပါတယ်။ 

အကယ်၍ အနာကြီးကြီးမားမား ဆိုရင်တော့လည်း ဆေးကုသမှုနဲ့ ဆရာဝန် သွားရောက်ပြသသင့်ပါတယ်။