07 August 2017
၂၀၂၀ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ရှိနေတဲ့ နပန်းသမားကြီး The Rock
နာမည်ရင်း Dwyane Johnson ဖြစ်ပေမယ့် ကြိုးဝိုင်း အတွင်းမှာ The Rock ဆိုတဲ့ နာမည်နဲ့ လူသိများတယ် ။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင် အတွင်းက အအောင်မြင်ဆုံး နပန်းသမားဘဝကို ဖြတ်သန်းနေတယ်။ အဲဒီနောက် ရုပ်ရှင်လောကထဲ ဝင်လာတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ နာမည်ကျော် ဟောလီးဝုဒ် မင်းသားပေါင်းများစွာကို ကျော်တက်ပြီး တစ်နှစ်တာ ဝင်ငွေ အ ကောင်းဆုံးမင်းသား ဖြစ်လာတဲ့သူက အခုတော့ နောက်ထပ်ခြေလှမ်း အနေနဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲကိုပါ ပါဝင် ယှဉ်ပြိုင်လာဖို့ ရှိနေပါပြီ။
၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ဝင်ဖို့ လှုံ့ဆော်ရေး အဖွဲ့ကိုလည်း တရား ဝင် ဖွဲ့စည်းလိုက်တာ တွေ့ရသလို Run the Rock 2020 ခေါင်းစဉ်နဲ့ ဒီအဖွဲ့ကနေ လာမယ့် အိမ်ဖြူတော်မှာ သမ္မတနေရာ ရရှိရေး အတွက် လုပ် ဆောင်သွားတော့မယ်လို့ ဆိုပါတယ်။ အခုလို ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ခြင်းနဲ့ လက်ရှိ ဆောင်ရွက်စရာရှိတာတွေကို လုပ်ဆောင်မှုကိုတော့ The Rock ကိုယ် တိုင် လုပ်ဆောင်နေတာ မဟုတ်ဘဲ Kenton Tilford အမည်ရှိ ကိုယ်စားလှယ် နဲ့ ဆောင် ရွက်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်အတွင်းကလည်း The Rock က နည်းဥပဒေတွေ အတိုင်း လိုက်နာဆောင်ရွက်ကြိုးစားသွားမှာပါလို့ အခုအ ကြောင်းနဲ့ ပတ်သက်ပြီး အရိပ်အမြွက် ဖြေကြားခဲ့တာလည်း တွေ့ရပါတယ်။ လက်ရှိ သမ္မတ ထရမ့်နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေ အပေါ် သူ့ရဲ့ အမြင်ကို မေးမြန်းမှုမှာလည်း ကျနော်သာ သမ္မတ တ ယောက်ဆိုရင် အလွန်ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
အရေး ကြီးတာတွေကို လုံးဝ မမှားယွင်းစေရ အောင် လုပ်ဆောင်မယ် ။ ခေါင်းဆောင်ဟာ နိုင်ငံ တစ်နိုင်ငံအတွက် အရေးအပါဆုံးပါ ။ အားလုံးအတွက် တာဝန်ခံနိုင်စွမ်း ရှိရမယ် လို့ ယူဆမိပါတယ်လို့ ဖြေသွားပါ တယ်။
ဒါပေမယ့် ခေါင်းဆောင်ဟာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အားလုံးကို တာဝန်ယူရမယ် ဆိုတာကို လူတိုင်းကတော့ လက်ခံချင် မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလို လက်မခံချင်သူတွေကို လက်ခံအောင် ကျနော် လုပ်ဆောင်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆို တော့ ကျနော်လည်း ပြည်သူ တစ်ယောက်ဖြစ်လို့ပါပဲ ။ ကျနော်တို့ လုပ်ဆောင်သမျှ အကျိုးဆက်ကို ကျနော်တို့ ခံစားရမယ် ။
သ ဘောထားတွေ ကွဲလွဲမှုတွေ ရှိချင် ရှိမယ် ။ ဒါပေမယ့် ကိုယ့်ကို လက်မခံသူတွေကို လိုက်ပြီး တောင်းဆိုနေဖို့ မလိုအပ်ဘူး၊ ဒါပေ မယ့် သူတို့အတွက်ပါ အကောင်းဆုံး လုပ်ဆောင် ပေးသွားဖို့ပဲ လိုအပ်တာပါလို့ သူက ဆက်ပြောသွားတာလည်း တွေ့ရပါ တယ်။
06 August 2017
မည်သည့် ဝင်ရိုးက - ကမ္ဘာကြီးကို မောင်းနှင်မလဲ
“အမေရိကန်- ဆိုဗီယက်” ခေတ်ကို Bipolar ခေတ်ဟု တင်စားခဲ့၏။ စစ်အေး လွန်ကာလ နောက်ပိုင်း ဝင်ရိုး တစ်ချောင်း ပြုတ်ထွက်သွားပြီး ကမ္ဘာကြီး ဟန်ချက်မဲ့ခဲ့သည်။ အမေရိကန် ဟူသော ဝင်ရိုး တစ်ချောင်းတည်းကို ကမ္ဘာကြီး မေးတင်ရတော့၏။
များစွာ အင်အား နည်းပါးသွားသော ကွဲထွက်ကျန် ရုရှား သည် အမေရိကန် ကို ထိန်းညှိရန် လုံလောက်သော အင်အား-မရှိခဲ့၊ တရုတ် အနေဖြင့် Bipolar ရရန် ပထမပိုင်း ကြိုးစားကြည့်ခဲ့သော်လည်း ခါးမသန် ခါချဉ်ကောင်ဖြစ်၍ Multipolar ဖြစ်ရေးကိုသာ ဝိုင်းကြိုးစားရတော့သည် ။
ပြိုင်ဘက်မဲ့ အမေရိကန် အနေဖြင့် အရှေ့အလယ်ပိုင်း အန္တရာယ်ကြီးမားပုံကို သိရှိခဲ့သည်ဖြစ်ရာ စစ်ရေးအရ နိုင်ငံ အချို့ကို အရေးယူဆောင်ရွက်ခဲ့ခြင်းသည် တရုတ်တို့ ခေတ်ရောက်ရန် တွန်းပို့ပေးလိုက် သလိုဖြစ်ပြီး၊ ယဲလ်ဆင် ၏ လူရွေးချယ် မှန်ခဲ့မှု ကလည်း ရုရှား ကို တစ်ခေတ်ပြန်ဖြစ်စေခဲ့သည့် အကြောင်းတရားများဖြစ်သည်ဟု မြင်သည်။
ကုန်းတစ်ပတ်-ရေတစ်ပတ်ကို စိန်ခေါ်သည့် AAGC
*************************************
ဆယ်စုနှစ် (၃) ခု နီးပါးမျှ စီးပွားရေး တိုးတက်ခွင့် ရှိလာသော တရုတ်သည် ဆန်ပြုတ် တစ်ခွက် လူ (၂) ဦး မျှဝေသောက်သုံးရာ ဘဝမှ ယနေ့ မာစီးဒီး၊ ဘီအမ်ဒဗလျူ စသော ဇိမ်ခံကားများ တစ်ဝီဝီ မောင်းသောဘဝသို့ တိုးတက်ခဲ့သည်၊ တရုတ် တိုးတက်မှုသည် တိန့်ရှောက်ဖိန် ၏ ခေါင်းဆောင်မှု မှန်ကန် ခဲ့သောကြောင့်ဖြစ် သည်မှာ ငြင်းမရခဲ့သလို၊ ပေါင်မုန့် နပ်မမှန်သော ရုရှား သည်လည်း ပူတင် ၏ ခေါင်းဆောင်မှု ကြောင့် ပြန် လည် အင်အားကောင်းလာသည်ကိုလည်း ငြင်းမရချေ။
တရုတ်က "B & R" ဟူသော "One Belt, One Road" ဟူသည့် “ကုန်းတစ်ပတ်၊ ရေတစ်ပတ်” အခြေခံ အဆောက်အဦး တည်ဆောက်ပြီး ကမ္ဘာ့ စူပါ-ပါဝါ သရဖူကို လွှဲပြောင်းယူရန် ခြိမ်းခြောက်နေဆဲတွင် အိန္ဒိယနှင့် ဂျပန်က ပူးတွဲ၍ AAGC (Asia – Africa Growth Corridor) ကို ချပြခဲ့ပါသည်။
ပါဝါ ဟန်ချက် ထိန်းညှိခြင်းဟု နားလည်နိုင်ပြီး၊ မည်မျှအောင်မြင်နိုင်သည်ကို ကမ္ဘာကြီးက စိတ်ဝင်စားခဲ့ကြသည်၊ အထူးသဖြင့် ယနေ့ စူပါ-ပါဝါလည်းဖြစ် ကမ္ဘာ့ ဦးဆောင်လည်းဖြစ်သော အမေရိကန် အနေဖြင့် စိတ်အဝင်စားဆုံးဖြစ်မည်မှာ မလွဲချေ။
အဘယ့်ကြောင့် အမေရိကန် က အခြားနိုင်ငံများထက် ပို၍စိတ်ဝင်စားရပါသနည်း ... ?
(၁) တရုတ် အနေဖြင့် B & R ကို လွတ်လွတ် ကျွတ်ကျွတ် ဆောင်ရွက် ခွင့်ရှိခဲ့လျှင် … ကမ္ဘာ့ အခင်းအကျင်းသစ် လုံးဝပြောင်းလဲသွားပြီး၊ သူ့ သရဖူကို တရုတ်လက် အပ်လိုက်ရပါလိမ့်မည်။
(၂) ကမ္ဘာကြီး၏ ဓနသည် တရုတ် ၏ အိတ်တစ်လုံးထဲသို့သာ စုပြုံ စီးဝင်သွားပါမည်။
(၃) ကမ္ဘာ့ ဓနကို တရုတ်၊ အိန္ဒိယ၊ ဂျပန် သို့ မျှဝေ စီးဆင်းစေနိုင်ခဲ့လျှင် ကမ္ဘာ့ သရဖူကို လွှဲပြောင်း ရယူရန် တရုတ်တို့ အတွက် အင်အား လုံလောက်စွာ ပံ့ပိုးမှု မရှိနိုင်တော့၊
(၄) အနောက်ကမ္ဘာသည် ရေပြည့်အိုး Saturated Point ပမာ ဖြစ်နေ သည် ဖြစ်၍ ကမ္ဘာ့ စီးပွားရေး စီးကြောင်း သည် အာရှ သို့သာ စီးဝင်မည့် လက္ခဏာ ရှိသည်ကို မလွန်ဆန်နိုင်၊ သို့သော် လည်း တရုတ်တစ်နိုင်ငံထဲသို့ မစီးဝင်စေလို၊ ဓန ပြန့်ထွက်စေ ခြင်းဖြင့် တရုတ် ကို အင်အား အပြည့်အဝ မရစေသော မဟာဗျူ
ဟာသဘောတရား ဖြစ်သည်။
ဟာသဘောတရား ဖြစ်သည်။
တရုတ် သည် အမေရိကန် ကို စိန်ခေါ်သူဖြစ်လာခဲ့သလို၊ တရုတ် ၏ Belt and Road သည်လည်း AAGC ၏ စိန်ခေါ်မှုကို ယနေ့ခံခဲ့ရပါ၏။
.
" လေ့လာဆန်းစစ်ချက်"*****************
"B & R" Vs. "AAGC"
သဘောတရား၊ နောက်ခံ၊ အခြေအနေပေါ် အခြေခံ၍ ဆန်းစစ်မှု Analysis လုပ်ဖို့ လိုအပ်လာ ပါ၏။
" B & R" နှင့် ပတ်သက်သော ဖိုရမ်ကို ကမ္ဘာကြီးသို့ ချပြရုံသက်သက် မကတော့ဘဲ ဖိတ်ခေါ် ရှင်းလင်းပွဲ၊ အမြင်ဖလှယ်ပွဲများ ကို တရုတ်တို့က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့၏။
မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုနှစ်မေလတွင် ကျင်းပခဲ့သော ထိုပွဲကို သွားရောက် တက် ခဲ့သည်။ ဇူလိုင်လတွင် ထပ်မံ ကျင်းပခဲ့သော ပွဲသို့ စာရေးသူအား ဖိတ်ကြား သဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ အမြင်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေကို မြင်သိခွင့်ရခဲ့သည်။
" B & R" နှင့် ပတ်သက်သော ဖိုရမ်ကို ကမ္ဘာကြီးသို့ ချပြရုံသက်သက် မကတော့ဘဲ ဖိတ်ခေါ် ရှင်းလင်းပွဲ၊ အမြင်ဖလှယ်ပွဲများ ကို တရုတ်တို့က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့၏။
မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုနှစ်မေလတွင် ကျင်းပခဲ့သော ထိုပွဲကို သွားရောက် တက် ခဲ့သည်။ ဇူလိုင်လတွင် ထပ်မံ ကျင်းပခဲ့သော ပွဲသို့ စာရေးသူအား ဖိတ်ကြား သဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ အမြင်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေကို မြင်သိခွင့်ရခဲ့သည်။
ဖိုရမ် မတက်မီ စာရေးသူ ကိုယ်တိုင် လေ့လာထားခဲ့မှု့ အရ နိုင်ငံ (၈ဝ) ကျော် ပူးပေါင်းမည်ဟု သိထားခဲ့သော် လည်း၊ ဖိုရမ် တွင် နိုင်ငံ (၁ဝဝ) ကျော်မျှ ပြောင်းလဲ တိုးတက်သွားသည်ကို အံ့ဩစွာ သိလိုက်ရပါ၏။
ကမ္ဘာ့ လူဦးရေ ၏ (၇ဝ)% နီးပါးမျှ ဖြစ်သွားတော့၏။
မိခင် မေတ္တာဖွဲ့
ဒီနေ့ လစာ ထုတ်ရက်…
ကိုသောင်း တက်တက်ကြွကြွနှင့် အိမ်ပြန်လာခဲ့သည်။ မိန်းမဖို့ က ဘယ်၍ သားဖို့ က ဘယ်လောက်
သမီး ဖို့ က ဘာလေး ၊ စိတ်ထဲမှာ ခွဲတမ်းလေး ချလို့  ပီတိ စိတ်လေးနဲ့ အိမ်ပေါ်ကို လှမ်းတက်ရုံ ရှိသေး
"ထွီ"
သလိပ်တွေ အခဲလိုက်နဲ့ ဆီးထွေးခံလိုက်ရတော့ ကိုသောင်း အပျော်စိတ်တွေ ဘယ်ရောက်ကုန်မှန်း
မသိတော့ချေ…ပုဆိုးကို ဖြည်ဝတ် ခါချရင်းက…
မသိတော့ချေ…ပုဆိုးကို ဖြည်ဝတ် ခါချရင်းက…
"အမေ ကတော့ လုပ်ချလိုက်ပြန်ပြီ အိမ်ပေါက်ဝလေး ဘာလေး ကြည့်ပါအုန်းဗျ…
ကျွန်တော့ ပုဆိုးတွေပေကုန်ပြီ… ညစ်ပတ်လိုက်တာ…တစ်ကယ်ပဲ"
ကျွန်တော့ ပုဆိုးတွေပေကုန်ပြီ… ညစ်ပတ်လိုက်တာ…တစ်ကယ်ပဲ"
အမေအို က မျက်ကလူး ဆန်ပျာနဲ့…
"အမေ မမြင်မိလို့ ပါ သားရယ်… ချောင်းတွေ တစ်အား ဆိုးနေတာ သလိပ်ဟတ်လို့  ရတုန်းလေးမို့ 
အမြန်ထွေးချ လိုက်မိတာ… အမေပြန်သုတ်ပေးပါ့မယ် ။ လူလေး လာ လာ အပေါ်တက်ခဲ့"
အမြန်ထွေးချ လိုက်မိတာ… အမေပြန်သုတ်ပေးပါ့မယ် ။ လူလေး လာ လာ အပေါ်တက်ခဲ့"
"နေပါ အမေရာ…ကိုယ့် ဘာသာ ကိုယ်.
မိန်းမ ရေ … မောတယ်ကွာ ရေခပ်ခဲ့အုန်း"
မိန်းမ ရေ … မောတယ်ကွာ ရေခပ်ခဲ့အုန်း"
ကိုသောင်း အမေ့လက်တွေကို ဖယ်လိုက်ပြီး အိမ်ပေါ်က ပက်လက် ကုလားထိုင်ပေါ် လှဲချလိုက်ရင်း…သူ့  မိန်းမ နဲ့ ကလေးတွေ တန်းစီခေါ်နေတော့၏။ ရလာတဲ့ လစာနှင့် တစ်ကွ ဝယ်ခြမ်း လာသည်များကို ခွဲတမ်းချနေတုန်း ကိုသောင်း အမေ့ဆီ တစ်ချက် လှမ်းကြည့်လိုက်မိ၏။
အမေက ဘုရားစင် ရှေ့ မှာဘုရား ရှိခိုးရင်းက ချောင်း တစ်ဟွတ်ဟွတ် ဆိုးနေလေသည်။
အမေက ဘုရားစင် ရှေ့ မှာဘုရား ရှိခိုးရင်းက ချောင်း တစ်ဟွတ်ဟွတ် ဆိုးနေလေသည်။
"မိန်းမ အမေ ချောင်းတွေ တစ်အား ဆိုးနေပါ့လား ဆေးလေး ဘာလေး ဝယ်မတိုက်ဘူးလား"
" ရှင့် အမေ က ဒီဆေးလည်း မကြိုက် ၊ ဟိုဆေး ဆိုလည်း ဘာဖြစ်နဲ့ နေပါစေ ဒီလောက် အဆိုးကြီးလည်းမဟုတ်ပါဘူး ။ မနက်ကျမှ အဆုတ်ပုံလေး ဘာလေး ဝယ်တိုက်လိုက်မယ်"
ကိုသောင်း ဘာမှ မပြောတော့ သူ့  မိန်းမပြောတာလဲ ဟုတ်မှာပါလေ ။ ရှေးရိုးဆန်တဲ့ သူ့ အမေ အကြောင်း
သူသာ အသိဆုံးမို့ လား…သူတို့ မိသားစု ဘဝက ကုမ္ပဏီ လခစား သူ့ ဝင်ငွေနှင့် အကျပ်တည်းကြီး
မဟုတ်ပေမယ့် သိပ် အချောင်လည်ကြီးလည်း မဟုတ်…
သူသာ အသိဆုံးမို့ လား…သူတို့ မိသားစု ဘဝက ကုမ္ပဏီ လခစား သူ့ ဝင်ငွေနှင့် အကျပ်တည်းကြီး
မဟုတ်ပေမယ့် သိပ် အချောင်လည်ကြီးလည်း မဟုတ်…
အဖေ မရှိကတည်းက သားအမိ နှစ်ယောက်တည်း ရုန်း ကန်လာရင်း သူ အိမ်ထောင်ပြုတော့ အမေ့ ကို အပါ ခေါ်ရသည်ပေါ့။ အိမ်ငှါး ဘဝနှင့် သူတို့  သားအမိကို အိမ်ပေါ် တက်နေခွင့်ပြု ခဲ့တဲ့ သူ့ မိန်းမကိုပဲကျေးဇူး တင်နေမိရ သည်။
25 July 2017
US ရဲ့ Area 51 အကြောင်း လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း
အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်ထဲက..Area51 ဆိုတဲ့ ထိပ်တန်း လျှို့ဝှက်ဒေသမှာ ရှိတဲ့Alien Research Center ဟာ သက်ရှိဂြိုလ်သားတွေကို မွေးမြူလေ့လာ စမ်းသပ်မှူတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ မရေရာတဲ့ သတင်းတွေပေါ်ထွက်ခဲ့တာကြာပြီဖြစ်ပါတယ်။
အမေရိကန် သမတတွေတောင် မရောက်ဖူးတဲ့ ဒီနေရာဟာ လျှို့ဝှက်လွန်းပြီး သီးခြား တီထွင် သူတွေနဲ့ သီးခြား ကွပ်ကဲမှူတွေ လေတပ်တစ်ခုလုံးရဲ့ အကာအကွယ်တွေ ရယူထားတာလို့ဆိုပါတယ်။
လက်ရှိ အခြေအနေမှာ တိတ်တစ်ဆိတ် လေ့လာသူတစ်ဦးက Area 51 တည်ရှိရာတောင်ကြီးကိုကောင်းကင်ဂြိုလ်တုပုံက တစ်ဆင့်လေ့လာတွေ့ရှိခဲ့ပြီး တောင်ကြီးရဲ့ ပုံစံက ပန်းကန်ပြားပျံ ပုံစံမျိုးဖြစ်နေတဲ့ အပြင် ၊တောင်ရဲ့အောက်ခြေမှာ ဂြိုလ်သားတွေ အသုံးပြုတဲ့ ယဉ်ပျံတွေ ၀င်ထွက်ရာ အပေါက်မျိုး လုပ်ဆောင်ထားတာကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အဲ့ဒီ နေရာကို UFOHangar ဂြိုလ်သားယဉ်တွေ သိမ်းဆည်းရာနေရာ အဖြစ် ခေါ်ဝေါ်သတ်မှတ်နေကြပါ တယ်။ အဲ့ဒီနေရာရဲ့ လျှို့ဝှက်ချက်တွေကို မြင်တွေ့ခဲ့သူတစ်ဦးက ဖော်ထုတ်ထားတဲ့ ဗီဒီယိုဖိုင် တစ်ခုလည်းထွက်ပေါ်လာခဲ့ပါတယ်။
ဟစ်တလာ ဘာ့ကြောင့် ဂျူးတွေကို သတ်သလဲ
သမိုင်းနောက်ကွယ်က သွေးစွန်းသော တနင်္ဂနွေ ( Bloody Sunday )
ဒုတိယကမ္ဘာစစ် အစ ပိုလန်ကို ဝင်ရောက် တိုက်ခိုက်ခြင်း ၁၉၃၉ ခုနှစ် အစ ဂျာမန် - ပိုလန် ပဋိပက္ခမှာ ပိုလန်တွေက ဂျာမန် ပိုင်နက် အရှေ့ ပရပ်ရှား ပြည်နယ် ထဲကို ပိုလန် ရဲ့ ကမ်းခြေမြို့ ဖြစ်တဲ့ ဒန်းဇစ် (Danzig) ကနေ ပိုမို ကျူးကျော် ဝင်ရောက်ခြင်း ကနေ အချင်းများ ရာက ပြဿနာ ကြီးထွား လာခဲ့ပါတယ်။
ဟစ်တလာက ဒီပြဿနာ အပေါ် ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ကမ်းလှမ်း ပေမယ့် တည်ကြည်လေးနက်စွာ ဆွေးနွေး ညှိနှိုင်းခြင်းကို ပိုလန်တွေက ငြင်းဆန် ပယ်ချ ခဲ့ပါတယ်။
ပိုလန်ထဲရှိ လူနည်းစု ဂျာမန် တိုင်းရင်းသားတွေ လုံခြုံ့ရေး အတွက်လည်း ဟစ်တလာမှာ သောက ပွေလာပြီး ဦးစားပေး စဉ်းစားစရာ ဖြစ်လို့ လာပြီ ဖြစ်ပါတယ်။
၁၉၃၄ ခုနှစ် ကတည်းက အရှေ့ ပရပ်ရှား နဲ့ ဒန်းဇစ်မြို့ကို ပိုလန်တွေ က ဖြတ်တောက် ထားရှိခဲ့ပြီး ဝါဆော အစိုးရက ဒီ ဆိပ်ကမ်းမြို့ကို စစ်ရေး အတွက် အရေးပါ အရာရောက်မှန်း သိလို့ ထိန်းချုပ်ထားခဲ့ကြပါတယ်။ ထိုနည်းတူပင် အနောက် ပရပ်ရှားရှိ ဆိပ်ကမ်း မြို့နှစ်မြို့ ကိုလည်း ထိုနည်းတူ ပိတ်ဆို့ထားရှိပါ တယ်။
ဟစ်တလာက ပြေလည်အောင် ဆွေးနွေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ သော်လည်း မအောင်မြင်ပါ။ အင်္ဂလိပ် နှင့် ပြင်သစ် နောက်ခံ အင်အား ရှိနေတဲ့ အတွက် ပိုလန်က ဒီ ပြသဿနာ အပေါ် ခေါင်းမာပြီး ဂျာမနီ နဲ့ ကောင်းစွာ ဆွေးနွေး ညှိနှိုင်းခြင်း မပြုတာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ပြသာနာရဲ့မီးစကို မီးတောက် ဖြစ်အောင် မီးရှို့ပေးမယ့် ကိစ္စတစ်ခုကိုလည်း ဝါဆောအစိုးရက မဆင်မခြင် ထပ်မံ လုပ်လာ ပါတယ်။
အနောက်ဖက်ရှိ ပိုလန် နယ်စပ်ကို နယ်မြေ ချဲ့ထွင်တဲ့ အနေ နဲ့ အနောက်ဖက် ဘာလင်ဖက် ကို ရုတ်တ ရက် စီမံကိန်း ချပြီး မြေနေရာ တိုးချဲ့လာတဲ့ အပြင် ပိုလန် နိုင်ငံ တစ်ဝှမ်းလုံးရှိ တိုင်းရင်းသား လူမျိုးတွေ အပြင်း ဂျာမန် အခြား မျိုးနွယ်စုတွေ ကိုလည်း လူမျိုးရေး၊ ဘာသာရေး အရ စနစ်တစ်ကျ ခွဲခြား ဖိနှိပ် သတ်ဖြတ် မှု့တွေ လုပ်လာ ခဲ့ပါတယ်။
ညစဉ် လိုလို ပိုလန် နယ်စပ် တစ်လျှောက် သေနတ်သံများ ကြားကြ ရပြီး ဂျာမနီ ထဲ ပြေးဝင် ခိုလှုံ သူတွေ တစ်နေ့တစ်ခြား ပိုများ လာ နေပါတယ်။
17 July 2017
သမ္မတဟောင်း ဦးသိန်းစိန် ၏ အပြော နှင့် အလုပ်
ဒီမိုကရေစီကို အစပျိုးပေးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ နာယကကြီး သမ္မတဟောင်း ဦးသိန်းစိန် ၏ အပြော နှင့် အလုပ် ကမ္ဘာ့နိုင်ငံရေး မျက်နှာစာတွင် သိက္ခာရှိရှိ ပေါ်ထွက်လာ ၊
မည်သည့် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကိုမှ (သို့မဟုတ်) မည်သည့်အဖွဲ့အစည်းတစ်ရပ်ကိုမှ အာဃာတဟူ၍ မြူမျှမရှိ၊ ပကတိဖြူစင်သော ဓမ္မဓိဋ္ဌာန် တရားပေါ်တွင် အခြေခံပြီး ချဉ်းကပ် လေ့လာတင်ပြချင်ပါတယ်။ ဆိုလိုသည်မှာ ယင်းပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတို့၏ ဖြစ်တည်ဖြတ်သန်းလာခဲ့ကြသော နိုင်ငံရေးဘဝကို အရှိတရားအတိုင်း ချဉ်းကပ်လေ့လာပြီး ယင်းတို့၏ အပြောနှင့်အလုပ်ကို သရုပ်ခွဲမည်ဖြစ်ပါတယ်။
ရန်ကုန်တိုင်းမ် (The Yangon Times)၊ အတွဲ (၈)၊ အမှတ် (၄ဝ)၊ အောက်တိုဘာလ ၁၈-၂၄၊ ၂ဝ၁၂ ထုတ်မျက်နှာဖုံးတွင် စာရေးသူ အောက်ပါအတိုင်း ဖတ်လိုက်ရပါတယ်။
''ယနေ့ နိုင်ငံတစ်ကာ ကပါ လေးစားခြင်းခံရ သည့် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ ဗိသုကာကြီး တစ်ဦးအဖြစ် ၂ဝ၁၂ တိုင်းမဂ္ဂဇင်း ၏ ကမ္ဘာ့သြဇာ အရှိဆုံးပုဂ္ဂိုလ် ၁ဝဝ စာရင်းတွင် ရွေးချယ်ခြင်း ခံခဲ့ရပြီး မြန်မာနိုင်ငံရေးတွင် ထင်သာမြင်သာရှိ သော အပြောင်းအလဲများကို လျင်မြန်ညင်သာစွာ ပုံဖော်ခဲ့သည့် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ဘဝဇာတ်ကြောင်းနှင့် ပတ်သက်၍ သိရှိသူမှာ လွန်စွာနည်းပါးပါသည်။
အများစုက တပ်မတော် ဗိုလ်ချုပ်ကြီးတစ်ဦး အဖြစ်မှ သမ္မတကြီးဖြစ်လာ သည်ဟုသာ သိကြသည်။ သမ္မတ ကြီး ၏ ငယ်စဉ် ကျေးလက်တောသားလေး ဘဝမှ ယခုလက်ရှိ သမ္မတ ဘဝသို့ မည်သို့ ကြိုးစားရုန်းကန်ကာ အဆင့်ဆင့် တက်လှမ်းလာခဲ့ရပုံကို ပြည်သူများ အထူးသဖြင့် မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်များ အားကျ အတုယူနိုင်စေရန် ရည်ရွယ်လျက် နိုင်ငံ တော်သမ္မတကြီး ဦးသိန်းစိန် ၏ ငယ်စဉ်ဘဝရုပ်လွှာကို ရန်ကုန် တိုင်းမ်ဂျာနယ်မှ ဂုဏ်ပြုတင် ဆက်လိုက်ရပါသည်'' ဟူ၍ဖတ်လိုက်ပါတယ်။
အများစုက တပ်မတော် ဗိုလ်ချုပ်ကြီးတစ်ဦး အဖြစ်မှ သမ္မတကြီးဖြစ်လာ သည်ဟုသာ သိကြသည်။ သမ္မတ ကြီး ၏ ငယ်စဉ် ကျေးလက်တောသားလေး ဘဝမှ ယခုလက်ရှိ သမ္မတ ဘဝသို့ မည်သို့ ကြိုးစားရုန်းကန်ကာ အဆင့်ဆင့် တက်လှမ်းလာခဲ့ရပုံကို ပြည်သူများ အထူးသဖြင့် မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်များ အားကျ အတုယူနိုင်စေရန် ရည်ရွယ်လျက် နိုင်ငံ တော်သမ္မတကြီး ဦးသိန်းစိန် ၏ ငယ်စဉ်ဘဝရုပ်လွှာကို ရန်ကုန် တိုင်းမ်ဂျာနယ်မှ ဂုဏ်ပြုတင် ဆက်လိုက်ရပါသည်'' ဟူ၍ဖတ်လိုက်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ဦးဆောင်ကော်မတီနာယက နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် သည် အာဆီယံနှင့် အရှေ့အာရှ ဆိုင်ရာ စီးပွားရေးသုတေသန သိပ္ပံ (ERIA) မှချီးမြှင့်သည့်Grand Prize of 3rd Asia Cosmopolitan Awards 2017 ကို ဂျပန်နိုင်ငံ နာရာမြို့တွင် နာရာဖိုရမ် အခမ်းအနား၌ ဇန်နဝါရီ လ ၁၅ ရက်နေ့က လက်ခံရယူသည်ကို သတင်း စာများနှင့် ဂျာနယ် အချို့တွင် ဖတ်ရှုလိုက်ရပါ တယ်။ ဆုချီးမြှင့်ပွဲ မှတ်တမ်း ဓာတ်ပုံများကိုလည်း တွေ့ရတယ်။
အဲဒီThe 3rd Asia Cosmopolitan Awards 2017 ဆုချီးမြှင့်ပွဲမှာ ဦးသိန်းစိန် က မိမိရဲ့ ကိုယ်ရေးအကျဉ်း၊ မိမိရဲ့ လုပ်ဆောင်ချက်တွေကို တိုတို နဲ့ လိုရင်းပါ မိန့်ခွန်းပြောကြားခဲ့တယ်ခင်ဗျ။ ဦးသိန်းစိန်က-
''ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့ အစွန်အဖျား ကျတဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့သူဖြစ်ကြောင်း မော်တော်ကားလမ်းမရှိ၊ လျှပ်စစ်မီးမရှိ၊ စာသင် ကျောင်း ကောင်းကောင်း မရှိတဲ့ ရွာလေးဖြစ် ကြောင်း၊ ငယ်စဉ်က ကျောင်းနေရတာ အလွန် ဆင်းရဲချို့တဲ့ပါကြောင်း၊
အတည်တစ်ကျ ပညာသင် ရတာမဟုတ်ဘဲ၊ အထက်တန်းရောက်တဲ့ အထိ နေရာသုံးလေးနေရာလောက် ပြောင်းရွှေ့ပြီးသင်ယူ ရတာဖြစ်ပါကြောင်း၊ အထက်တန်းအောင်မြင် သည့်တိုင် တက္ကသိုလ် ဆက်တက်နိုင်ဖို့ခက်ခဲတဲ့ အတွက် စစ်တက္ကသိုလ်တက်ဖို့ ရွေးချယ်ပြီး တပ် မတော်ထဲကို ဝင်ရောက်ခဲ့ပါကြောင်း''
''စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းဘဝနှင့် လေးနှစ်တာ တက်ရပါကြောင်း၊ ကျောင်းဆင်း တော့ ဝိဇ္ဇာဘွဲ့ရပြီး ခြေလျင်တပ်ရင်း တစ်ရင်း မှာ ဒုတိယဗိုလ် အဖြစ်နဲ့ စတင် တာဝန်ထမ်းဆောင် ခဲ့ရပါကြောင်း၊ တပ်မတော်ထဲမှာ ဒု-ဗိုလ်အဆင့် ကနေ ဗိုလ်ချုပ်ကြီး အဆင့်အထိ ပေးအပ်တဲ့ရာထူး တာဝန်တွေကို ထမ်းဆောင် ခဲ့ပါကြောင်၊
မြန်မာ နိုင်ငံနေရာ အနှံ့ ရောက်ဖူးပါကြောင်း၊ လက်နက် ကိုင်သောင်းကျန်းသူ မျိုးစုံနဲ့လည်း စစ်မြေပြင်မှာ တွေ့ကြုံဖူးပါကြောင်း၊ တပ်မတော် အစိုးရလက် ထက်မှာတော့ စစ်ရေးတာဝန် အပြင် နိုင်ငံရေး တာဝန်ကိုပါ ထမ်းဆောင်ခဲ့ရပါကြောင်း၊ ကျွန် တော်ရောက်ရှိတဲ့ နေရာဒေသတွေမှာ တွေ့ရှိခဲ့ရတဲ့ ဆင်းရဲချို့တဲ့သူတွေကို ကိုယ်ချင်းစာနာမိတဲ့စိတ် ကျွန်တော့်ရင်ထဲမှာ ရှိနေပါကြောင်း''
''ကျွန်တော်ဟာ သမ္မတဖြစ်ဖို့ အိပ်မက် တောင် မမက်ဖူးပါဘူး၊ သို့သော်လည်း တိုင်းပြည် ရဲ့ အခြေအနေအရ ကံကြမ္မာ က ကျွန်တော့်ကို သမ္မတဖြစ်ဖို့ တွန်းပို့လိုက်တယ်လို့ ထင်ပါ ကြောင်း။
၂ဝ၁၁ ခုနှစ်မတ်လ ၃၁ ရက်နေ့မှာ ကျွန်တော် သမ္မတဖြစ်လာပါကြောင်း၊ ကျွန်တော် သမ္မတဖြစ်လာတဲ့အခါ ကျွန်တော်ရဲ့ ရည်မှန်းချက် က အလွန် ရိုးစင်းပါကြောင်း၊ ကျွန်တော်တို့နိုင်ငံကို သာယာဝပြောပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့ပါ။ လူငယ်တွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ပြီး အာရှရဲ့ ချမ်းသာ ကြွယ်ဝမှုကို မျှဝေပေးနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်စေလိုပါကြောင်း'' စသည်ဖြင့် ဖတ်ရှုရပါတယ်။
ရန်ကုန်တိုင်းမ်ထုတ် Special Report အခန်း စာမျက်နှာ ၄ တွင် ပါရှိသည်ကို ပိုမိုပြည့်စုံစေရန် ဖော်ပြရပါ တယ်။
''ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့ အစွန်အဖျား ကျတဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့သူဖြစ်ကြောင်း မော်တော်ကားလမ်းမရှိ၊ လျှပ်စစ်မီးမရှိ၊ စာသင် ကျောင်း ကောင်းကောင်း မရှိတဲ့ ရွာလေးဖြစ် ကြောင်း၊ ငယ်စဉ်က ကျောင်းနေရတာ အလွန် ဆင်းရဲချို့တဲ့ပါကြောင်း၊
အတည်တစ်ကျ ပညာသင် ရတာမဟုတ်ဘဲ၊ အထက်တန်းရောက်တဲ့ အထိ နေရာသုံးလေးနေရာလောက် ပြောင်းရွှေ့ပြီးသင်ယူ ရတာဖြစ်ပါကြောင်း၊ အထက်တန်းအောင်မြင် သည့်တိုင် တက္ကသိုလ် ဆက်တက်နိုင်ဖို့ခက်ခဲတဲ့ အတွက် စစ်တက္ကသိုလ်တက်ဖို့ ရွေးချယ်ပြီး တပ် မတော်ထဲကို ဝင်ရောက်ခဲ့ပါကြောင်း''
''စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းဘဝနှင့် လေးနှစ်တာ တက်ရပါကြောင်း၊ ကျောင်းဆင်း တော့ ဝိဇ္ဇာဘွဲ့ရပြီး ခြေလျင်တပ်ရင်း တစ်ရင်း မှာ ဒုတိယဗိုလ် အဖြစ်နဲ့ စတင် တာဝန်ထမ်းဆောင် ခဲ့ရပါကြောင်း၊ တပ်မတော်ထဲမှာ ဒု-ဗိုလ်အဆင့် ကနေ ဗိုလ်ချုပ်ကြီး အဆင့်အထိ ပေးအပ်တဲ့ရာထူး တာဝန်တွေကို ထမ်းဆောင် ခဲ့ပါကြောင်၊
မြန်မာ နိုင်ငံနေရာ အနှံ့ ရောက်ဖူးပါကြောင်း၊ လက်နက် ကိုင်သောင်းကျန်းသူ မျိုးစုံနဲ့လည်း စစ်မြေပြင်မှာ တွေ့ကြုံဖူးပါကြောင်း၊ တပ်မတော် အစိုးရလက် ထက်မှာတော့ စစ်ရေးတာဝန် အပြင် နိုင်ငံရေး တာဝန်ကိုပါ ထမ်းဆောင်ခဲ့ရပါကြောင်း၊ ကျွန် တော်ရောက်ရှိတဲ့ နေရာဒေသတွေမှာ တွေ့ရှိခဲ့ရတဲ့ ဆင်းရဲချို့တဲ့သူတွေကို ကိုယ်ချင်းစာနာမိတဲ့စိတ် ကျွန်တော့်ရင်ထဲမှာ ရှိနေပါကြောင်း''
''ကျွန်တော်ဟာ သမ္မတဖြစ်ဖို့ အိပ်မက် တောင် မမက်ဖူးပါဘူး၊ သို့သော်လည်း တိုင်းပြည် ရဲ့ အခြေအနေအရ ကံကြမ္မာ က ကျွန်တော့်ကို သမ္မတဖြစ်ဖို့ တွန်းပို့လိုက်တယ်လို့ ထင်ပါ ကြောင်း။
၂ဝ၁၁ ခုနှစ်မတ်လ ၃၁ ရက်နေ့မှာ ကျွန်တော် သမ္မတဖြစ်လာပါကြောင်း၊ ကျွန်တော် သမ္မတဖြစ်လာတဲ့အခါ ကျွန်တော်ရဲ့ ရည်မှန်းချက် က အလွန် ရိုးစင်းပါကြောင်း၊ ကျွန်တော်တို့နိုင်ငံကို သာယာဝပြောပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့ပါ။ လူငယ်တွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ပြီး အာရှရဲ့ ချမ်းသာ ကြွယ်ဝမှုကို မျှဝေပေးနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်စေလိုပါကြောင်း'' စသည်ဖြင့် ဖတ်ရှုရပါတယ်။
ရန်ကုန်တိုင်းမ်ထုတ် Special Report အခန်း စာမျက်နှာ ၄ တွင် ပါရှိသည်ကို ပိုမိုပြည့်စုံစေရန် ဖော်ပြရပါ တယ်။
''ဆင်းရဲနွမ်းပါးသော ကျေးရွာကလေးရှိ မိဘနှစ်ပါးဖြစ်သော ဦးမောင်ဖြိုး၊ ဒေါ်ခင်ညွှန့် တို့ မှ ၁၉၄၅ ခုနှစ် ဧပြီ လ ၂ဝ ရက်တွင် ယခုအခါ မြန်မာနိုင်ငံ၏ သမ္မတကြီးဖြစ်သူ ဦးသိန်းစိန် ခေါ် မောင်သိန်းစိန် ကို မွေးဖွားသန့်စင်ခဲ့သည်။
မွေး ချင်းသုံးယောက်တွင် အငယ်ဆုံးသားဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်၏ အစ်မကြီးဖြစ်သူမှာ ဒေါ်ရင်လှိုင်ဖြစ်ပြီး အစ်ကိုကြီးဖြစ်သူမှာ ဦးထွန်း မြင့် ဖြစ်သည်။ ငယ်စဉ်က ဆင်းရဲခဲ့သော်လည်း ပညာရေးကိုအားပေးခဲ့သည့် မိဘများကြောင့် ပညာကို ကြိုးစားလေ့လာ သင်ယူခဲ့ရပြီး ထိပ်တန်း စစ်ခေါင်းဆောင် အ ဆင့်ရသည် အထိ တာဝန်ထမ်း ဆောင်ခဲ့ပြီး မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ် သော နိုင်ငံတစ်နိုင်ငံ အဖြစ်မှ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ အဖြစ် လျင်မြန်ညင်သာစွာဖြင့် ပြောင်း လဲမှုကို ခေါင်းဆောင်နိုင်ခဲ့သူ ၄င်းအား ကမ္ဘာ့ နိုင်ငံခေါင်းဆောင်များကပင် အံ့သြချီးကျုးရသည် အထိ အသိအမှတ်ပြုခံခဲ့ရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
မွေး ချင်းသုံးယောက်တွင် အငယ်ဆုံးသားဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်၏ အစ်မကြီးဖြစ်သူမှာ ဒေါ်ရင်လှိုင်ဖြစ်ပြီး အစ်ကိုကြီးဖြစ်သူမှာ ဦးထွန်း မြင့် ဖြစ်သည်။ ငယ်စဉ်က ဆင်းရဲခဲ့သော်လည်း ပညာရေးကိုအားပေးခဲ့သည့် မိဘများကြောင့် ပညာကို ကြိုးစားလေ့လာ သင်ယူခဲ့ရပြီး ထိပ်တန်း စစ်ခေါင်းဆောင် အ ဆင့်ရသည် အထိ တာဝန်ထမ်း ဆောင်ခဲ့ပြီး မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ် သော နိုင်ငံတစ်နိုင်ငံ အဖြစ်မှ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ အဖြစ် လျင်မြန်ညင်သာစွာဖြင့် ပြောင်း လဲမှုကို ခေါင်းဆောင်နိုင်ခဲ့သူ ၄င်းအား ကမ္ဘာ့ နိုင်ငံခေါင်းဆောင်များကပင် အံ့သြချီးကျုးရသည် အထိ အသိအမှတ်ပြုခံခဲ့ရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
04 July 2017
မြောက်ကိုရီးယား နှင့် ထိုင်ဝမ် အရေးတို့ကြောင့် အမေရိကန် နှင့် တရုတ် ဆက်ဆံရေး ဆိုးရွားလာ
ထိုင်ဝမ် သို့ အမေရိကန် က လက်နက်များ ရောင်းချခဲ့မှု နှင့် မြောက်ကိုရီးယားနှင့် ဆက်နွှယ်သော တရုတ် ဘဏ် တစ်ခုအား အမေရိကန် က ပိတ်ဆို့ အရေးယူမှုတို့အား ပေကျင်း က ဒေါသ ထွက်ခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ဇွန် ၃၀ ရက်တွင် ခပ်တန်းတန်းဖြစ်သွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော ဧပြီ တွင် ဖလော်ရီဒါ ရှိ ၎င်း၏ အပန်းဖြေ စခန်း၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က တရုတ်သမ္မတရှီကျင်ပင်း အား ဧည့်ခံတွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ အကြား ပြေလည်ခဲ့သော ဆက်ဆံရေးသည် အမေရိကန် ၏ ရုတ်တရက် လုပ်ဆောင်မှုနှင့် တရုတ် ၏ ဒေါသတစ်ကြီး တုံ့ပြန်မှုတို့ကြောင့် အက်ကြောင်း ထင်သွားခဲ့ပြီဖြစ်သည်။
အမေရိကန် ၏ လုပ်ရပ်များသည် Mar-a-Lago အပန်းဖြေ စခန်း ၌ တွေ့ဆုံမှုမှ အရေးပါသော စိတ်ဓာတ်အား ဆန့်ကျင်လိုက်ခြင်းဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေး ၏ အထွေထွေ လမ်းကြောင်းနှင့် ရှေ့နောက် မညီ ဖြစ်နေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် လူကန်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား ၏ ငွေကြေးများအား ခ၀ါ ချခဲ့သည်ဟု စွပ်စွဲချက်ဖြင့် တရုတ် တန်တုံဘဏ် အား အမေရိကန် ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ကိုင်ခြင်း သို့မဟုတ် စာရင်း ဖွင့်ခြင်းများကို ပိတ်ပင်သွားမည်ဟု အမေရိကန် ဘဏ္ဍာရေး ဌာန က ထုတ်ပြန်ခဲ့ပြီးနောက် ၀ါရှင်တန် အနေဖြင့် ၎င်း ၏ မှားယွင်းနေသော လုပ်ရပ်များအား ရပ်တန့်ပစ်ရန် လူ က တိုက်တွန်းခဲ့သည်။
တရုတ်က ပြန်လည် ပေါင်းစည်းရန် စောင့်ဆိုင်းနေသည့် သူပုန်ပြည်နယ် ဟု စဉ်းစားထားသော ထိုင်ဝမ် သို့ အမေရိကန် အစိုးရက ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ တန်ဖိုးရှိ လက်နက်များ ရောင်းချရန် အတည် ပြုခဲ့မှု ကို လည်း အပြင်းအထန် ကန့်ကွက်ကြောင်း လူက ပြောကြားခဲ့သည်။
ဟောင်ကောင်တွင် အခြေခံ အကျဆုံး အခွင့်အရေးများနှင့် ပတ်သက်၍ စိုးရိမ် မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်မှုသည် တာဝန်မဲ့သော မှတ်ချက်များဟု လူက တုံ့ပြန်ခဲ့သည်။ ဗြိတိန်က ကိုလိုနီဟောင်း ဟောင်ကောင် အား တရုတ်ထံ ပြန်လည်လွှဲပြောင်းပေးမှု အနှစ် (၂၀) အခမ်း အနားတက် ရောက်ရန် တရုတ်သမ္မတ ရှီကျင်ပင်း က ဟောင်ကောင်သို့ ပထမဆုံး အ ကြိမ်သွားရောက်စဉ် ယင်းအခြေအနေများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
23 June 2017
လက်ဝဲ - လက်ယာ နိုင်ငံရေး ဆိုတာ
ဒီအကြောင်းကို အစက မရေးဘူးလို့နေနေတာပါ။ လူတွေလည်း သိမှာပဲလို့ထင်တာ၊ တစ်ကယ်တော့ တစ်ချို့ လူငယ်တွေ မပြောနဲ့လူကြီးတွေကြားထဲမှာတောင် လက်ဝဲစွန်း လက်ယာစွန်း သဘောသဘာဝတွေကိုသေသေချာချာ နားမလည်ဘဲ၊ ရမ်းသမ်းပြောဆိုနေတာတွေ တွေ့လာရတဲ့အတွက် အထောက် အကူဖြစ်စေလိုသော ရည်ရွယ်ချက်နဲ့ ဒီစာလေးကိုရေးပါတယ်။
...လက်ဝဲ-လက်ယာနိုင်ငံရေးအမြင်/အယူအဆ ဆိုတာဟာ နိုင်ငံရေးအဆင့်အတန်း သတ်မှတ်ချက်စနစ် တစ်မျိုး၊ ဒါမှမဟုတ်အတွေးအခေါ် ၀ါဒတစ်မျိုး၊ ပါတီ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်ရပ် ရဲ့ ဆန့်ကျင် ဖက် သဘောဆောင်တဲ့ ရပ်တည်ချက်နှစ်မျိုးလို့အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။
...ဒီအခေါ်အဝေါ်တွေဟာပြင်သစ်နိုင်ငံက စတင်ခဲ့ပြီး စတင်ခဲ့တုန်းကတော့ လက်ဝဲရပ်တည်ချက် ဆိုတာပါတီတွေရဲ့ဆောင်ရွက်ချက်လို့ခေါ်ဆိုပြီး၊ လက်ယာရပ်တည်ချက်ဆိုတာ ပါတီရဲ့ အမိန့်အာဏာ လို့ခေါ်ဆို ခဲ့ကြပါတယ်။
...အဲ့ဒီအချိန်တွေတုန်းကနိုင်ငံရေးအမြင်/ အယူအဆ ဆိုတာ၊ လူထုတွေအပေါ် ချမှတ်တဲ့ အမိန့်သြဇာ နဲ့ဒေသတွင်း လက်ရှိ ယဉ်ကျေးမှူတွေအပေါ် အခြေတည်ထားတဲ့ လုပ်ဆောင်ချက်လို့ ရှေးဦးစွာနားလည်ခဲ့ကြပါတယ်။
..အခုလို ဖတ်လိုက်ရင် မရှင်းလင်း နားမလည်နိုင်တဲ့အတွက် လက်ဝဲ-လက်ယာနိုင်ငံရေး အမြင်/အယူအဆစတင်ဖြစ်ပေါ်လာပုံကိုပြန်ပြောပြရမယ်ဆိုရင်တော့။
...၁၇၈၉ ခုနှစ်ပြင်သစ် တော်လှန်ရေးကာလ ကိုပြန်ပြောရမှာဖြစ်ပါတယ်။
...ပြင်သစ်တော်လှန်ရေးမှာဘုရင်စနစ်နဲ့အတူပြည်သူ တင်မြှောက်တဲ့ လွှတ်တော်စနစ်ကို စတင်ခဲ့ပြီး National Assembly ကို စတင် ခဲ့ပါတယ်.။
...ဒီလို စတင်ရာမှာ ဘုရင်နဲ့ သမတကို ထောက်ခံအားပေးသူတွေက လက်ယာဘက်ခြမ်းမှာ ထိုင်ကြရပြီး ၊တော်လှန်ရေးကို ဦးဆောင်တဲ့ပြည်သူ့ကိုယ်စားလှယ်တွေက လက်ဝဲဘက်ခြမ်းမှာ နေရာယူ ထိုင်ကြရပါ တယ်။
....အဲ့ဒီကနေ စပြီး လက်ဝဲစွန်း လက်ယာစွန်း သဘောကို စတင် သတ်မှတ်ကြရာမှာတော့ အဲ့ဒီခေတ် က လက်ယာစွန်း ဆိုတာ ဘာသာတရား နဲ့ယဉ်ကျေးမှူကို ထိမ်းသိမ်း ကာကွယ်သူ ဘုရင်ကို သစ္စာခံသူလို့ဆို လိုပြီး လက်ဝဲစွန်း ဆိုတာပြည်သူ အတွက်တော်လှန်ရေးလုပ်ငန်းတွေဆောင်ရွက်သူလို့အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြပါတယ်။
19 June 2017
မြန်မာပြည် စီးပွားရေး ထပ်မံကျဆင်းနိုင်
တရုတ်နိုင်ငံတွင် ကုန်သွယ်ဆောင်ရွက်ရန် အတွက် ငွေစာရင်း ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများ၏ bank account များကို တရုတ် အစိုးရမှ ထိန်းချုပ်(freeze)လိုက်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ ...
၁။ ထိခိုက်မှု ပမာဏ ဘယ်လောက်ရှိသလဲ
နယ်စပ်နေ မြန်မာနိုင်ငံသား(လယ်ယာထွက်ကုန် ပစ္စည်း ဆန်၊ ပဲ၊ပြောင်း ၊နှမ်း၊ သကြား၊ Export လုပ်ကိုင်သူများ နှင့် မြေသြဇာ၊ လယ်ထွန်စက် အစရှိသည့် import လုပ်ကိုင်သူများ) တွေရဲ့တရုတ်ဘဏ် တွင် ဖွင့် လှစ်ထား သည့် ငွေစာရင်း ရာပေါင်း များစွာကို ကြိုတင် အသိပေးခြင်း မရှိပဲ ၂၀၁၇ ခုနှစ် ဇွန်လ ၁၄-၁၅ ရက်တွေမှာ ထိန်းချုပ် ( Freeze) ခံရပြီး ယွမ်ငွေ သိန်းထောင်ကျာ် ခန့် မြန်မာငွေနဲ့ တွက်ရင် ကျပ်ဘီလီယံ ၄၀၀ ကျော် freeze လုပ်ခြင်းခံရပါတယ်။
၂။ တရုတ်နိုင်ငံမှာ ဘာကြောင့် Bank Account ဖွင့်ရတာလဲ
နယ်စပ် ကုန်သွယ်ရေး အရ တရုတ်နိုင်ငံကို ရောင်းဝယ်တဲ့အခါ တရုတ်ပြည်ရှိ bank account သုံးပြီး လုပ် ရပါတယ်။ ဆန်ရောင်းတဲ့ အခါ ဆန်ကို တရုတ်ကုန်သည်ကို အကြွေးပေးလိုက်ပြီး သူ အဆင်ပြေတဲ့အခါ bank account ထဲငွေထည့်တာကိုစောင့်နေရပါတယ်။ ဒါကြောင့် အန္တရာယ်ရှိမှန်း သိသိနဲ့ တရုတ်တွင် bank account ဖွင့်ပြီးလုပ်နေရတာပါ။ မူဆယ်ဖက်မှာ မြန်မာ ဘဏ်တွေ က နိုင်ငံခြားငွေ account ဖွင့်ဖို့ အစည်းအဝေးတွေမှာ တင်ပြဘူးပါတယ်။ အကောင်အထည် မပေါ်သေးပါ။
၃။ အရင်ကော bank account ပိတ်တာရှိပါသလား
အရင်လည်း အခုလို ပိတ်ဘူးပါတယ်။ ဒါပေမဲ့ ၄-၅-၁၀ ဦးလောက်ပါ။ ဒီလောက်တော့ ပမာဏ မများပါဘူး။ လူနည်းတော့ အသံ မထွက်ဘဲကြိတ်ခံ နေကြရပါတယ်။
၎။ Bank Account တွေ ထိန်းချုပ်ခံရခြင်း၏ အခြေခံ အကြောင်းရင်း
မြန်မာ့ ထွက်ကုန်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ တရားဝင် အခွန် ၂% ဆောင်ပြီး တရားဝင် Export ဆိုပြီး ထွက်ပေမဲ့ တရုတ်နိုင်ငံမှာတော့ illegal import ဖြစ်နေပါတယ်။ ဒါကြောင့်ငွေပေးချေမှုမှာ မြန်မာပြည်ကို LC or TT လွှတ်လို့မ ရနိုင်ပါ။ တရုတ် အစိုးရက တရားမဝင် ကုန်သွယ်မှုကို ထိန်းချုပ်ရင်း သူတို့နဲ့ ဆက်နွယ်နေတဲ့ bank account တွေကိုပါ freeze လုပ်လိုက်ခြင်းဖြစ်ပါတယ်။
၅။ လတ်တလော ဘာတွေထိခိုက်နိုင်ပါသလဲ
မူဆယ် ၊မန္တလေး ၊ရန်ကုန် နဲ့ အခြား ဆက်နွယ်နေတဲ့ SME လုပ်ငန်းရှင်တွေ အရင်းပြုတ်မယ်။ Bank account တွေ ပိတ်ခံထားရတော့ လောလောဆယ် နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်မယ်။ ကုန်သွယ်ရေးနဲ့ ဆက်စပ်နေတဲ့ ထောင်ပေါင်းများစွာသော ကားတွေ အလုပ်သမားတွေ အလုပ် မရှိဖြစ်နေမယ် ။ နိုင်ငံတော် ကလည်း Export ကျမယ် အခွန်ဝင်ငွေလျော့မယ်။
အရှေ့တောင်အာရှ မူဆလင် နယ်စွန် ပြဿနာ - [ဒေါက်တာ အေးချမ်း]
ဒီပြဿနာသုံးရပ်ရဲ့ သမိုင်းနောက်ခံကို ကျွန်တော် အင်္ဂလိပ်လို စာတမ်း တစ်စောင်ရေးပြီး ထုတ်ဖူးတယ် ။ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို ကျွန်းတောင်ဘက်က အစ္စလာမ် ဘာသာဝင် မိုရို လူမျိုးတွေ နေထိုင်တဲ့ နေ ရာရယ်၊ ထိုင်းတောင်ပိုင်း က ပတာနီ၊ နာရာသီဝတ် နဲ့ ယာလာ ဆိုတဲ့ အစ္စလာမ် ဘာသာဝင် မလေးလူမျိုးတွေနေတဲ့ နယ်သုံးနယ်ရယ်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ လူမျိုးတွေ ၀င်ရောက်နေထိုင်ကြတဲ့ မေယု နယ်ခြားဒေသခေါ် ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေကို နှိုင်းယှဉ်ပြီးရေးခဲ့တာပါ။
ဒီနေရာတွေကို ကျွန်တော်က အင်္ဂလိပ်လို “Muslim Enclaves” လို့ ခေါ်လိုက်တယ်။ အခုမြန်မာလို ရေးတဲ့အခါ အစားထိုးဖို့ ဝေါဟာရ ရှာမတွေ့တာနဲ့ 'နယ်စွန်' ဆိုတဲ့ စကားကိုပဲ သုံးလိုက်ပါတယ်။ အရှေ့တောင်အာရှအရေးကို လေ့လာကြတဲ့ ပညာရှင် အတော်များများဟာ ဒီနယ် သုံးနယ်ကို တစ်သဘောတည်း ထား ပြီး နှိုင်းယှဉ်လေ့ရှိကြတယ်။
တစ်ကယ်တော့ သမိုင်းနဲ့ ယဉ်ကျေးမှု နောက်ခံ မတူကြဘူးဆိုတာ သဘောပေါက်ဖို့ လိုပါလိမ့်မယ်။ ဒီပြဿနာကို ဆွေးနွေးမယ် ဆိုရင် အရှေ့တောင်အာရှ က စုမားတြား အစ္စလာမ်ဘာသာ ရဲ့သမိုင်းကို အကျဉ်းလောက်သိထားဖို့လိုမယ်။
အရှေ့တောင်အာရှ မှာ အစ္စလာမ်ဘာသာ ဟာ ဂျီဟဒ်ခေါ် ဘာသာရေး စစ်ပွဲကြောင့် ပျံ့နှံ့လာခဲ့ခြင်း မဟုတ်ပါ။ ကုန်သွယ်မှုနဲ့ အတူ ပျံ့နှံ့ လာခဲ့ခြင်းဖြစ်ပါတယ်။ အရှေ့တောင် အာရှမှာ အစ္စလာမ် ဘာသာ အစောဆုံး အမြစ်တွယ် ခဲ့တာက စုမားတြားကျွန်း မြောက်ဘက် အစွန်က ပါဆိုင်း (Pasai) နဲ့ ပါလက် (Palak) ဆိုတဲ့ နယ်တွေပါ။
အိန္ဒိယပြည် ဂူဂျရက် နယ်သား မူဆလင် ကုန်သည်တွေက ဒီနယ်နှစ်နယ်က အုပ်ချုပ်သူ မင်းတွေကို သာ သနာပြုပြီး အစ္စလာမ် ဘာသာထဲ သွတ်သွင်းနိုင်ခဲ့တယ်။ အုပ်ချုပ်သူရဲ့ သြဇာကြောင့် အုပ်ချုပ်ခံတွေလည်း ဘာသာ ကူးပြောင်းလာကြတယ်။ စူမားတြားကျွန်းလုံးသာ မက အနှစ်တရာလောက် အတွင်းမှာ မလေး ကျွန်းဆွယ်၊ ဂျားဗား ကျွန်း တို့ကိုပါ ပျံ့နှံ့သွားတယ်။
စူမားတြားမှာ အစ္စလာမ်သာသနာ အမြစ်တွယ်ပုံကို အဲဒီ ကျွန်းမှာ ဥရောပကို ပြန်ဖို့ သင်္ဘောစောင့်နေတဲ့ မာကိုပိုလို က သူ ခရီးသွားမှတ်တမ်းမှာ မှတ်တမ်း တင်သွားပါတယ်။ မာကိုပိုလို ဟာ တရုတ်ပြည်ကနေ ဒီကျွန်းပေါ်ကို အေဒီ ၁၂၉၃ ခုနှစ်မှာ ရောက်လာပါတယ်။ အစ္စလာမ်ဘာသာဟာ ၁၄ နဲ့ ၁၅ ရာစု အတွင်းမှာပဲ အရှေ့တောင်အာရှကို ပျံ့နှံ့သွားလိုက်တာ စပိန်တွေ ဖိလစ်ပိုင်မှာ ကိုလိုနီမထူထောင်ခင်မှာဘဲ မင်ဒါနာအိုတောင်ပိုင်းအထိ ပျံ့နှံ့နေပါပြီ။
စပိန်တွေရောက်လာတော့ ဒီလူတွေက မူဆလင်တွေပဲ ဆိုပြီး ခရူးဆိစ် စစ်ပွဲတုန်းက အာရပ်တွေကို ဥရောပ တိုက်သားတွေက ခေါ်သလို မူးရ် (Moor) လို့ ခေါ်ရာက မိုရို ဆိုတာဖြစ်လာတာပါ။ စပိန်တွေက ဖိလစ် ပိုင် မှာ ဘရင်ဂျီ ဘာသာကို သာသနာပြု တယ်။ မူစလင် မဖြစ်သေးတဲ့ တိုင်းရင်းသားတွေ အားလုံး ခရစ်ယာန်ဖြစ်လာတော့ သူတို့က မူဆလင် လူနည်းစုအဖြစ် ကျန်ခဲ့တာပါပဲ။
စပိန် ကိုလိုနီဘ၀ ကတည်းက မိုရိုတွေဟာ ခရစ်ယာန် ဘာသာဝင်တွေ ကြီးစိုးတဲ့ ဖိလစ်ပိုင်နိုင်ငံက ခွဲထွက်ဖို့ ကြိုး ပမ်းလာခဲ့ကြတာပါ။ အရှေ့အလယ်ပိုင်းက အစွန်းရောက် အစ္စလာမ်မစ်လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်ထားကြပါတယ်။ အခုမင်ဒါနာအိုကျွန်း မာရာဝီမြို့မှာ အခိုင်အမာနေရာ ယူထားကြတာကို ဖိလစ်ပိုင် တပ်တွေက အင်အားသုံးပြီး ချေမှုန်းနေရတယ်။
သမ္မတဒူတာတေး က ဖိလစ်ပိုင် တပ်သားတွေကို မေလ ၂၆ ရက်နေ့က မိန့်ခွန်းပြောရာမှာ မင်းတို့ မိန်းမ သုံးယောက် အထိ မုဒိမ်းကျင့်လို့ ရတယ်။ ပြဿနာ တက်ရင် ငါက ကျင့်တယ်လို့ပြောပြီး ငါထောင်ကျခံလိုက်မယ်လို့ နောက်သလို လိုပြောသွားတာကိုကြည့်ရင် ဒီစစ်ကို ဖြစ်တဲ့နည်းနဲ့ နိုင်အောင်တိုက်ရမယ်လို့ ပြောလိုက်တာပါပဲ။
နိုင်ငံတောင်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာ ထားတယ်။ စစ်သားတွေကို အပြည့်အ၀ ထောက်ပံ့သွားမယ်လို့ ကတိပြုတယ်။ မင်းတို့ လုပ်စရာရှိတာ မင်းတို့ လုပ်ကြ၊ ပြဿနာတွေ အားလုံးငါရှင်းမယ် ဆိုပြီး လူမိုက်စကား လည်း ပြောလိုက်သေးတယ်။ တစ်ဖက် ကလည်း ညှိနှိုင်းဆွေးနွေးဖို့ ပြင်ဆင်ထားတယ်။ ဒါပေ မဲ့ စစ်သွေးကြွတွေက ဖမ်းထားတဲ့ ဓားစာခံတွေကို လွှတ်မပေးရင် တော့ ဘယ်လိုမှအပေးအယူလုပ်လို့ မရနိုင်ပါဘူး။
သမ္မတဒူတာတေး က ဖိလစ်ပိုင် တပ်သားတွေကို မေလ ၂၆ ရက်နေ့က မိန့်ခွန်းပြောရာမှာ မင်းတို့ မိန်းမ သုံးယောက် အထိ မုဒိမ်းကျင့်လို့ ရတယ်။ ပြဿနာ တက်ရင် ငါက ကျင့်တယ်လို့ပြောပြီး ငါထောင်ကျခံလိုက်မယ်လို့ နောက်သလို လိုပြောသွားတာကိုကြည့်ရင် ဒီစစ်ကို ဖြစ်တဲ့နည်းနဲ့ နိုင်အောင်တိုက်ရမယ်လို့ ပြောလိုက်တာပါပဲ။
နိုင်ငံတောင်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာ ထားတယ်။ စစ်သားတွေကို အပြည့်အ၀ ထောက်ပံ့သွားမယ်လို့ ကတိပြုတယ်။ မင်းတို့ လုပ်စရာရှိတာ မင်းတို့ လုပ်ကြ၊ ပြဿနာတွေ အားလုံးငါရှင်းမယ် ဆိုပြီး လူမိုက်စကား လည်း ပြောလိုက်သေးတယ်။ တစ်ဖက် ကလည်း ညှိနှိုင်းဆွေးနွေးဖို့ ပြင်ဆင်ထားတယ်။ ဒါပေ မဲ့ စစ်သွေးကြွတွေက ဖမ်းထားတဲ့ ဓားစာခံတွေကို လွှတ်မပေးရင် တော့ ဘယ်လိုမှအပေးအယူလုပ်လို့ မရနိုင်ပါဘူး။
18 June 2017
ဒစ်ဂျစ်တယ် စီးပွားရေး
*ဒီလို လုပ်နေကျပဲလေ* ဆိုတဲ့ ပြောနေကျ စကားကို ကျနော်တို့ ဆက် ပြောနေဦးမှာလား ။ ဒါဆိုရင်တော့ ဒစ် ဂျစ်တယ် စီးပွားရေး မှာ နောက်က ကျန်နေခဲ့မှာ သေချာနေပါပြီ။
ဒစ်ဂျစ်တယ် စီးပွားရေး (Digital Economy) ဆိုတာ ဘာလဲ
ဒစ်ဂျစ်တယ် စီးပွားရေး ဆိုတာ အလွယ်တော့ Digital Computer Information and Communication Technology ကို အခြေခံတဲ့ စီးပွားရေးလို့ ဆိုပါတယ်။ အလွယ်ပြောရရင်တော့ ဂဏန်းပေါင်းစက်လို ဒစ်ဂျစ်တယ် စက်ကလေးမျိုးတွေက အစ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ စမတ်ဖုန်း များ အလယ်၊ အဲဒါတွေအားလုံးကို ချိတ်ဆက်ပေးတဲ့ အင်တာနက် နဲ့ ဖေ့စ်ဘွတ်လို ဗိုင်ဘာ လို apps တွေ အဆုံး ပါဝင်ပါတယ်။
ဒါ့အပြင် ထိတွေ့ လို့ မရတဲ့ ဥပဒေ စည်းမျဉ်းတွေ၊ စံနှုန်းတွေ၊ နည်းပညာတွေပါ ပါဝင်ပါတယ်။ အရင်က ဒစ်ဂျစ်တယ်ဆိုတာ စီးပွားရေးရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပေမယ့် အခုက စလို့ ရှေ့ လျှောက်မှာတော့ အရာရာ ဒီဂျစ်တယ် နဲ့ မလွတ်ကင်းနိုင်တဲ ခေတ်ကြီးမှာ ဒစ်ဂျစ်တယ် ကိုယ်တိုင် က ပင်မ စီးပွားရေး ဖြစ်လာနေပါပြီ။
ဒစ်ဂျစ်တယ် စီးပွားရေး ဆိုတာ အလွယ်တော့ Digital Computer Information and Communication Technology ကို အခြေခံတဲ့ စီးပွားရေးလို့ ဆိုပါတယ်။ အလွယ်ပြောရရင်တော့ ဂဏန်းပေါင်းစက်လို ဒစ်ဂျစ်တယ် စက်ကလေးမျိုးတွေက အစ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ စမတ်ဖုန်း များ အလယ်၊ အဲဒါတွေအားလုံးကို ချိတ်ဆက်ပေးတဲ့ အင်တာနက် နဲ့ ဖေ့စ်ဘွတ်လို ဗိုင်ဘာ လို apps တွေ အဆုံး ပါဝင်ပါတယ်။
ဒါ့အပြင် ထိတွေ့ လို့ မရတဲ့ ဥပဒေ စည်းမျဉ်းတွေ၊ စံနှုန်းတွေ၊ နည်းပညာတွေပါ ပါဝင်ပါတယ်။ အရင်က ဒစ်ဂျစ်တယ်ဆိုတာ စီးပွားရေးရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပေမယ့် အခုက စလို့ ရှေ့ လျှောက်မှာတော့ အရာရာ ဒီဂျစ်တယ် နဲ့ မလွတ်ကင်းနိုင်တဲ ခေတ်ကြီးမှာ ဒစ်ဂျစ်တယ် ကိုယ်တိုင် က ပင်မ စီးပွားရေး ဖြစ်လာနေပါပြီ။
အပြောင်းအလဲမြန်တဲ့ ဒီကမ္ဘာ
ကျနော်တို့ ရင်းနှီးခဲ့ဘူးတဲ့ Brand တွေဖြစ်တဲ့ Kodak, Nokia, BlackBerry အစရှိတာတွေ မျက်စိရှေ့ မှာတင် မှေးမှိန်ပျောက်ကွယ်သွားခဲ့ကြတယ်။ ဖလင်ကူးဆေးတယ် ဆိုတဲ့ ဆိုင်တွေ ပျောက်ကွယ် သွားခဲ့တယ်။ သူတို့ရဲ့ ပစ္စည်းတွေ အရည်အသွေး မမှီလို့ မဟုတ်ခဲ့ဘူး။ အခုကျနော်တို့ သုံးနေကြတဲ့ Brand တွေ၊ ဝန်ဆောင်မှုတွေ၊ အသုံးအဆောင်တွေဟာ လွန်ခဲ့တဲ့ ငါးနှစ်က မကြားဘူးခဲ့တာတွေ အများစုပဲ။
Facebook, Google, 3G, Viber, Visa, MasterCard, Smart Watch, Drone, YouTube, Uber, Grab, စတာတွေဟာ ကျနော်တို့တွေ အတွက် အသစ်ဖြစ်ယုံတင် မက အတော်များများက ကမ္ဘာကြီး အတွက်တောင် အသစ်တွေပါ။
ကျနော်တို့ ရင်းနှီးခဲ့ဘူးတဲ့ Brand တွေဖြစ်တဲ့ Kodak, Nokia, BlackBerry အစရှိတာတွေ မျက်စိရှေ့ မှာတင် မှေးမှိန်ပျောက်ကွယ်သွားခဲ့ကြတယ်။ ဖလင်ကူးဆေးတယ် ဆိုတဲ့ ဆိုင်တွေ ပျောက်ကွယ် သွားခဲ့တယ်။ သူတို့ရဲ့ ပစ္စည်းတွေ အရည်အသွေး မမှီလို့ မဟုတ်ခဲ့ဘူး။ အခုကျနော်တို့ သုံးနေကြတဲ့ Brand တွေ၊ ဝန်ဆောင်မှုတွေ၊ အသုံးအဆောင်တွေဟာ လွန်ခဲ့တဲ့ ငါးနှစ်က မကြားဘူးခဲ့တာတွေ အများစုပဲ။
Facebook, Google, 3G, Viber, Visa, MasterCard, Smart Watch, Drone, YouTube, Uber, Grab, စတာတွေဟာ ကျနော်တို့တွေ အတွက် အသစ်ဖြစ်ယုံတင် မက အတော်များများက ကမ္ဘာကြီး အတွက်တောင် အသစ်တွေပါ။
အရင်က ခေတ်ရေစီးကြောင်း တစ်ခု တစ်နေရာ ကနေ တစ်နေရာ စီးဆင်းသွားဖို့ နှစ်၊ လ ချီအောင်ကြာခဲ့ တယ်။ ရုပ်ရှင်တွေ၊ ဂီတတွေ၊ မဂ္ဂဇင်းတွေ၊ တီဗွီတွေ က တစ်ဆင့် အချိန်တစ်ခု ယူပြီးမှ ပင်မရေစီးကြောင်းထဲ စီးဝင်ကြတယ်။
အခုဆို အင်တာနက် လှုမှု ဆက်ဆံရေး ကွန်ယက်တွေက တစ်ဆင့် ချက်ချင်း စီးဆင်းပြန့်နှံ့တယ်။ Dab ဆိုရင် Dab၊ PPAP ဆိုလဲ PPAP၊ စီးဆင်းနှုန်းက အင်မတန်မြန်လာတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှန်း မှာ ပြောင်းလဲနေ တာတွေဟာ ချက်ချင်း ဆိုသလို ကိုယ်ရှေ့ကို ရောက်လာတော့မယ်။ မနေ့က ဆိုတာ တော်တော်ဝေး သွား ပြီး မနက်ဖြန် ဆိုတာ အရမ်းနီးလာတယ်။
အခုဆို အင်တာနက် လှုမှု ဆက်ဆံရေး ကွန်ယက်တွေက တစ်ဆင့် ချက်ချင်း စီးဆင်းပြန့်နှံ့တယ်။ Dab ဆိုရင် Dab၊ PPAP ဆိုလဲ PPAP၊ စီးဆင်းနှုန်းက အင်မတန်မြန်လာတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှန်း မှာ ပြောင်းလဲနေ တာတွေဟာ ချက်ချင်း ဆိုသလို ကိုယ်ရှေ့ကို ရောက်လာတော့မယ်။ မနေ့က ဆိုတာ တော်တော်ဝေး သွား ပြီး မနက်ဖြန် ဆိုတာ အရမ်းနီးလာတယ်။
ဘာတွေလာမလဲ… ဘယ်အလုပ်တွေ ပျောက်ကွယ်သွားမလဲ......
အခုလောလောဆယ် အပျော် ပျံသန်းဖို့နဲ့ ကောင်းကင်ဓါတ်ပုံ ရိုက်ဖို့ သုံးနေကြတဲ့ Drone တွေဟာ Logistic အပြင် အခြား မဆုံးနိုင်တဲ့ အသုံးတွေ ရှိနေပါတယ်။ အခု သုံးနေတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယို ရိုက်ကူးရေးမှာတောင် အရင်က နဲ့ မတူတဲ့ Dimension နဲ့ Space ကို ဖေါက်ထွက်လာခဲ့တာ သက်သေ အနေနဲ့ တွေ့ နိုင်ပါတယ်။
ပျောက် ကွယ်တော့မယ့် အလုပ်က ပစ္စည်း သယ်ပို့ပေးသူ (Delivery Man)
AR (Augmented )
AR ကတော့ အပြင်မှာ ရှိတာနဲ့ ဖန်တီး ထားတာကို ပေါင်းစပ် ထားတာပါ။ ဥပမာ မန္တလေးကျုံးရှေ့ ရောက်လို့ ကိုယ်ရဲ့ စမတ်ဖုန်း ထဲက ကြည့်လိုက်တဲ အခါ ကျုံး ရဲ့ အခေါ်အဝေါ်ဖြစ်တဲ့ ပြအိုး ဆိုတာဘာ ပြစ္စင် ဆိုတာဘာလို့ အပြင်က မြင်ရတာနဲ့ ဖြည့်စွက် ယှဉ်တွဲ ဖေါ်ပြတာပဲ ဖြစ်ပါတယ်။ Pokemon Go ဂိမ်းဟာ အမြင်သာဆုံး AR ပစ္စည်းတစ်ခုပါ။15 June 2017
သဘောင်္ပေါ်ကနေ စိတ်ညစ်လို့ ခုန်ချသွားကြသူများ
စကာင်္ပူ က အိမ်အကူ မြန်မာမလေး စိတ်ဖိစီးမူ့ဒဏ် မခံနိုင်လို
သဘောင်္ပေါ်မှာလည်း ဘာထူးသတုံး ကိုယ့်စိတ်နဲ့ သူ့ကိုယ် လိုက်လျောညီထွေအောင် အရာရာ သည်းခံပြီးအလုပ်လုပ်နိ
နောက် ကိုယ်ရွေးချယ်တဲ့လမ်း မဟုတ်ခ
ဖြစ်ပုံက .... သေဘာၤတစ္စီးမွာ သေဘာၤသား လူသစ်လေး တစ်ယောက် တက်လ
ပိုဆိုးတာက စကာင်္ပူမှာ စတက်လာတော့ သဘောင်္ စားနပ် ရိက္ခာ ၃လ စာ လာပို့တာနဲ့ ကြုံပြီး မုန့်ဟင်းခါးစား အများနည်းတူ ဝိုင်းသယ်ပိုးရင
နောက် သဘောင်္က ဟောင်ကောင်ဖက် ထွက်လာတော့ South china sea ထဲမှာတင် ဟိုလှုပ် ဒီလှုပ် နဲ့ လိုင်း က မူးပြီပေါ့ ။ ဒါပေမဲ့ သဘောင်္သား ဘဝ လိုင်းမူးတာ ကိုယ်လက် ကိုက်ခဲ တာ လာမလုပ်နဲ့ တစ်နေ့ အ လုပ်ချိန် ၁၀ နာရီဘဲ ( တစ်ကယ်ဆို လိုင်းမူးရင် မူးတာကို အာရုံမထား ဘဲ အလုပ်ထဲ စိတ်နှစ် ထားသင့် တယ် )
ဒါကို လိုင်း မူးတယ် မလုပ်နိုင်ဖူး လုပ်တော့ ဘိုဆင် က ပညာပေးပြီလေ ။ ဒါဆို paint Store ထဲမှာ သန့်ရှင်းရေးသွားလုပ် စုပ်တံ တွေကို တင်ဒါ နဲ့ ချွတ်ခိုင်းတော့ လေကောင်းလေသန့်လည်း မရ တင်ဒါ အနံ့တွေနဲ့ ပိုမူးဖို့ဘ
ဒီနေရာမှာ တစ်ခုပြောချင်တာ ကတော
သူက လူသစ် ဆိုတော့ c/
07 June 2017
မြန်မာ့စီးပွားရေး လေယာဉ်လို ပျံတက်မည်ဟု ဝန်ကြီးပြောဆိုချက် စီးပွားရေးသမားများဝေဖန် (ရုပ်သံ)
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြောကြားခဲ့တဲ့ မြန်မာ့ စီးပွားရေး လေယာဉ်လို ပျံတက်တော့မယ် ဆိုတဲ့ စကားဟာ စိတ်ကူးယဉ် ဆန်လွန်းတယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုလိုက်ပါတယ်။
၂၀၁၇ မှာ မြန်မာ့ စီးပွားရေးဟာ ဂျက်လေယာဉ်ကြီးလို တစ်ရှိန်ထိုး ပျံတက်တော့မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း က ဇွန်လ ၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပ တဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ ပြောဆိုလိုက်တာပါ။
“ကျနော်တို့ အစိုးရ အဖွဲ့အနေနဲ့ ခံယူထားတဲ့ ခံယူချက်တစ်ခု ရှိပါတယ်။ ပြီးခဲ့တဲ့ ကုန်ဆုံးခဲ့တဲ့ တစ်နှစ်တာကာလမှာ လေယာဉ်တစ်စီး အနေနဲ့ Run Way (ပြေးလမ်း) မှာပြေးတဲ့ အချိန်ကာလလို့ သတ်မှတ်တယ်။ ဒါပေမယ့် ဒီနေ့ ဒီကာလ ကတော့ Run Way ကနေပြီးတော့ ကမ္ဘာမြေကြီးရဲ့ Gravity ကို ဆန့်ကျင် တုံ့ပြန် ပြီးတော့ ဂျက်ပါဝါ နဲ့ လေထဲကိုပြေးတဲ့ နှစ်ကာလလို့ သတ်မှတ်ထားတာပါ” လို့ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း က ပြောပါတယ်။
ရှိတဲ့ အစွမ်းအစနဲ့ မီးကုန်ယမ်းကုန် ကြိုးစားပြီးတော့ စီးပွားရေးထောင်တက်နိုင်အောင်၊ ဦးမော့ တက်နိုင်အောင်လို့ ရည်မှန်း ကြိုးစားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
ဝန်ကြီးရဲ့ အဲဒီပြောစကားဟာ လက်တွေ့ မြန်မာ့ စီးပွားရေး အခင်းအကျင်းနဲ့ ကိုက်ညီမှု မရှိဘဲ စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ စီးပွားရေး လေ့လာသူတွေက သုံးသပ်ဝေဖန်လိုက်ပါတယ်။
ဝင်းထက် စီးပွားရေးနှင့် ဥပဒေ အကျိုးဆောင်လုပ်ငန်း စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦး က “ဘာမှ မရှိဘူး။ ဘာမှ မရှိတဲ့ System မရှိတဲ့ တိုင်းပြည်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှာပါလို့ အိပ်မက်ဆန်ဆန် ပြောနေတဲ့ အရေးအသားတွေနဲ့ အပြောအဆိုတွေဟာ လက်တွေ့နဲ့တော့ ကင်းကွာနေတယ်” လို့ ပြောပါတယ်။
၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာပေ မယ့် စီးပွားရေး လုပ်ငန်းတွေအပေါ် သိသာ ထင်ရှားတဲ့ ပံ့ပိုးမှုတွေ ပြုလုပ်နိုင်ခြင်း မရှိသေးဘူးလို့လည်း လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ စီးပွားရေးသမားတွေ အတွက် လုပ်သာကိုင် သာရှိအောင် ဖြေလျှော့မှုတွေ ရှိမှ စီးပွားရေး တိုးတက်လာမယ်လို့ သုံးသပ်ပြောပါတယ်။
“လုပ်သာ ကိုင်သာ ပိုပြီးတော့ ရှိလာသလား။ နောက်တစ်ခုက ပိုပြီးတော့ ဖြေလျှော့လာတာတွေ များ သလားပေါ့။ ဒီ ၂ ချက်ပေါ့။ ပြည်တွင်း လုပ်ငန်းရှင်ရော၊ ပြည်ပ လုပ်ငန်းရှင်ရော ပိုပြီး လုပ်သာ ကိုင်သာရှိသလား။ ပိုပြီးတော့ ဖြေလျှော့မှုတွေ ရှိသလား။ ဒီ အပေါ်မှာ မူတည်ပြီးတော့ စီးပွားရေးက တိုးတက်မှာပေါ့” လို့ ပြောပါတယ်။
Sinma Furnising ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း က “ဝုန်းဒိုင်းကြဲပြီး Take Out ဖြစ်ဖို့ ဆိုရင် နိုင်ငံခြားချေးငွေနဲ့ ဒီ Infrastructure တွေကို ဝုန်းဒိုင်းကြဲ လုပ်မှာလားပေါ့နော်။ ဥပမာ တံတားတွေ အစင်းပေါင်း ထောင်နဲ့ ချီ ဆောက်မှာလား၊ လမ်းတွေ ဖောက်မှာလား။ ဒီငွေတွေ ကနေပြီးတော့ ပြည်တွင်း ကန်ထ ရိုက်တာတွေရဲ့ အကျိုးစီးပွား အတွက် ဝင်ငွေတွေ ရလာမယ်၊ ပြည်တွင်းမှာ ရှိနေတဲ့ အလုပ်သမားတွေ လုပ်အားခတွေ ရလာမယ်။ ပြည်တွင်း လည်ပတ်ငွေ ရှိလို့ စီးပွားရေးတွေ တက်လာမယ် ဆိုတဲ့ အနေအထားမျိုးပဲ စဉ်းစားစရာရှိတယ်” လို့ ပြောပါတယ်။
စစ်မီး အားကောင်းလာဦးမည့် အရှေ့ အလယ်ပိုင်း (သို့မဟုတ်) ထရမ့် ၏ အရှေ့အလယ်ပိုင်း အခင်းအကျင်းသစ်
( ၅. ၆. ၁၇) နေ့တွင် ကမ္ဘာက စိတ်ဝင်စားသော သတင်းတစ်ခု တက်လာသည်၊ ကာတာ ကို ပစ်မှတ် ထားပြီး ဆော်ဒီအာရေးဗီးယား ဦးဆောင်ကာ ဘာရိန်း၊ အီဂျစ်၊ ယူအေအီး(အာရပ်စော်ဘွားများနိုင်ငံ)၊ ယီမင်၊ လစ်ဗျား၊ မော်လ်ဒိုက် ပါဝင်သော ပင်လယ်ကွေ့ “ဆွန်နီ” နိုင်ငံများက သံတမန် အဆက်အသွယ် ဖြတ်တောက် လိုက်သည်၊ အကြောင်းပြချက်က ကာတာနိုင်ငံသည် Muslim Brotherhood ဟူသော မွတ်စလင်သွေးသောက် အကြမ်းဖက်များကို နောက်ကွယ်က ထောက်ပံ့နေသောကြောင့်ဟု ဆိုသည်။ ဘရားသားဟုဒ်ကြောင့် ဒေသတွင်း မငြိမ်မသက်မှုကို ကြီးမားစွာဖြစ်စေခဲ့သည်ဟု စွပ်စွဲသည်၊
.
တစ်မူး ပိုရှုကြသူများ
********************
တစ်မူး ပိုရှုကြသူများ
********************
မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုစသော မောင်မွဲနိုင်ငံများ ၏ နိုင်ငံရေးကို “အာဏာရှင်” “ဗဟိုချုပ်ကိုင်မှုကြီးသော” စသဖြင့် ပုဒ်ထီး၊ ပုဒ်မ အမျိုးမျိုး တပ်၍ ပုံကြီးချဲ့ကားကြသော် လည်း များစွာ မရှုပ်ထွေးလှ၊ အီလစ်နိုင်ငံရေး၊ ချမ်းသာသောနိုင်ငံများ ၏ နိုင်ငံရေးက မျက်နှာဖုံးစွပ်၏ နောက်ကွယ်တွင် များစွာရှုပ်ထွေး လှသည်၊ အာဏာရှင်နိုင်ငံရေးထက် ပို၍ကြောက်စရာကောင်းပြီး၊ ပို၍ ရက်စက်တတ်လေ့ရှိသည်၊ ပြည်သူ့ရှေ့က မားမား မတ်မတ် အကျိုးပြု သယောင်နှင့် ကိုယ့်ပြည်သူကို ပြန်၍ စတေးလိုက်သည်များပင် ရှိခဲ့ကြသည် (ယနေ့ ၉/၁၁ အရေးအခင်းသည် ဝိဝါဒကြီးမားစွာ ကွဲပြားနေသော ဖြစ်ရပ်တစ်ခု)။
ကာတာကို Muslim Brotherhood အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်နေသည်ဟု ဆွန်နီ အုပ်စုက စွပ်စွဲခဲ့ကြသည်၊ ဦးဆောင်နိုင်ငံဖြစ်သော ဆော်ဒီက "IS" တို့ကို တစ်နည်း တစ်ဖုံမက၊ နည်းမျိုးစုံဖြင့် ထောက်ပံ့နေပါသည်ဟု ပူတင်က ဖွင့်ချခဲ့ပြီး ဖြစ်သည်၊ "IS" အကြမ်းဖက်ကို အမေရိကန် ဦးဆောင်သော နေတိုး အုပ်စုက တိုက်ခိုက်နှိမ်နင်းသည်ဟု ဆိုသည်၊ လေကြောင်းမှ ဗုံးကြဲသလိုနှင့် လက်နက်၊ ရိက္ခာများ ချပေးခဲ့သောပုံကို ပူတင်က ထုတ်ပြခဲ့သည်။ "IS" တို့၏ အရေးပါသော အမိန့်ပေး စခန်းအချို့တွင် အမေရိကန် တပ်မှူးအချို့ တို့ကို တွေ့ခဲ့ရသည်။
အလိုမကျသောနိုင်ငံများတွင် စစ်တပ်မှ အာဏာသိမ်းလျှင် ပြင်းပြင်း ထန်ထန် ဝေဖန်လေ့ ရှိသော် လည်း၊ အီဂျစ် တွင် မော်စီ ကို ဖြတ်ချ၍ ဗိုလ်ချုပ်ကြီး စီစီ က အာဏာ သိမ်းသောအခါ ဟီလာရီကလင်တန် က “ ဒီမိုကရေစီ ကို ထိန်းသိမ်းတာပါ” ဟု ခပ်တည်တည် ပြောခဲ့သည်၊ မည်သို့ မျက်နှာဖုံးစွပ်ကြစေကာမူ ကိုယ်ကျိုးစီးပွား အပေါ်သာ အခြေခံကြပြီး၊ တစ်ခါတစ်ရံ ဟန်ဆောင်နိုင်ကြကာ၊ တစ်ခါတစ်ရံ ခပ်ပြောင်ပြောင် ဆို တတ် ကြ၊ လုပ်တတ်ကြသော နိုင်ငံရေး ၊ သကာရည်အောက်က အဆိပ်ရည် အပြည့် နိုင်ငံရေးသာဖြစ်၏ ။ (မြန်မာပြည်သူတို့ ဤအချက်ကို ကောင်းစွာ နားလည်ထားနိုင်ကြဖို့ ကောင်းပါသည်)။
.
Muslim Brotherhood ဆိုသည်မှာ
*************************************
*************************************
မွတ်စလင်သွေးချင်းညီအကို အဖွဲ့ဟု မြန်မာလို ပြန်ဆိုနိုင်မည့် Muslim Brotherhood အဖွဲ့ကို အီဂျစ်တွင် (၁၉၂၈) ခန့်က စတင် သန္ဓေတည်ခဲ့သည်၊ ဆွန်နီ အဓိက အုပ်စုဖြစ်ပြီး တရားဝင် အဖွဲ့အစည်း ဖြစ်လာကာ ထိုမှတစ်ဆင့် နိုင်ငံတစ်ကာတွင် ရုံးခွဲများ ဖွင့်လှစ်နိုင်ခဲ့ကာ အခြားသော လူမှုရေး၊ ကယ်ဆယ်ရေး စသော ပုံသဏ္ဍာန်များဖြင့်လည်း ဖြန့်ကျက်နိုင်ခဲ့သည်။
ဘရားသားဟုဒ် အဖွဲ့ဝင် တို့သည် ပြင်းထန်သော အယူဝါဒ ရှိကြသူများဟု ဝေဖန်ခံရ၏။ Sharia Law ဟူသော အစ္စလာမ်ဥပဒေ ကို ကျင့်သုံးရန် ကြိုးစားကြသူများ ဖြစ်ကြသည်၊ ဘရားသားဟုဒ် ၏ အယူအဆ သဘော တရားကို အကောင်အထည်ဖော်ခဲ့သော အယ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းကို စတင် တည်ထောင်သူတစ်ဦးဖြစ်သည့် အဗ္ဗဒူလာ ယူဆွတ် အက်ဇမ် (Abdullah Yusuf Azzam) မှာ Jordan Muslim Brotherhood မှ ဖြစ်သည်။ မူရင်း Muslim Brotherhood သည် ရောက်ရှိသောနိုင်ငံပေါ် မူတည်၍ အီဂျစ်ဘရားသားဟုဒ်၊ေ၈ျာ်ဒန်ဘရားသားဟုဒ်၊ အီရတ်ဘရားသားဟုဒ် စသဖြင့် အမည် အမျိုးမျိုးဖြင့် တည်ရှိရှင် သန်ခဲ့ကြသည်။
ဘရားသားဟုဒ် တို့သည် အစွန်းရောက် အယူအဆရှိကြသူများ ဖြစ်သဖြင့် တစ်ခါတစ်ရံတွင် အစိုးရများ၏ တရားဝင် ရပ်တည်မှု့ အဖွဲ့အစည်းမှ ဖျက်သိမ်း ခံခဲ့ရသည် မျိုးလည်း ရှိကြသည်။ အီဂျစ်တွင် မူဘာရတ်ပြုတ်ကျပြီး လွတ်လပ်စွာ ရွေးချယ်မဲပေးကြရာမှ အီဂျစ်ဘရားသားဟုဒ် ဖြစ်သော မော်စီ သမ္မတဖြစ်လာသည်၊ အမေရိကန်သည် "IS" တို့ကို နောက်ကွယ်မှ ထောက်ပံ့နေသော် လည်း ဘရားသားဟုဒ်နှင့် အစေးကပ် ဟန်-မတူ၊ ထို့ကြောင့် အီဂျစ်သမ္မတဖြစ်လာသူ မော်စီ သည် သမ္မတ သက်တမ်း (၁) နှစ်ခန့်သာ ကြာလိုက်သည်၊ ဗိုလ်ချုပ်ကြီးစီစီ ၏ အာဏာသိမ်းခြင်းကို ခံလိုက်ရတော့၏။ ဗိုလ်ချုပ်ကြီးစီစီ မှာ အရာရှိငယ် ဘဝတွင် အမေရိကန် စစ်သင်တန်း တက်ခဲ့သူဖြစ်ပြီး၊ အီဂျစ်ဘရားသားဟုဒ် အဖွဲ့အစည်းကို မတရားအသင်း ကြေညာခဲ့လိုက်သည်။
.
သမ္မတ မော်စီ လက်ထက်တွင် အရွေးချယ်ခံဖြစ်သည်ဟု ယုံကြည်မှု ပြင်းထန်ခဲ့ဟန် ရှိသည်၊ ဘရားသား ဟုဒ် ၏ တင်းမာသည့် အယူအဆ သဘောတရားဖြစ်သော ရှရီယာ ဥပဒေကို တည်ဆဲ ဥပဒေများ နှင့် ဖြည်းဖြည်း ချင်း အစားထိုးရန် ကြိုးစားရာတွင် မော်စီ ကို ထောက်ခံသော အုပ်စု/ကန့်ကွက်သောအုပ်စု များကြား ကြီး မားသောပဋိပက္ခများ ဖြစ်လာခဲ့သည် ။
သမ္မတ မော်စီ လက်ထက်တွင် အရွေးချယ်ခံဖြစ်သည်ဟု ယုံကြည်မှု ပြင်းထန်ခဲ့ဟန် ရှိသည်၊ ဘရားသား ဟုဒ် ၏ တင်းမာသည့် အယူအဆ သဘောတရားဖြစ်သော ရှရီယာ ဥပဒေကို တည်ဆဲ ဥပဒေများ နှင့် ဖြည်းဖြည်း ချင်း အစားထိုးရန် ကြိုးစားရာတွင် မော်စီ ကို ထောက်ခံသော အုပ်စု/ကန့်ကွက်သောအုပ်စု များကြား ကြီး မားသောပဋိပက္ခများ ဖြစ်လာခဲ့သည် ။
မော်စီ ကန့်ကွက်သူများကို စီအိုင်အေ က ထောက်ခံ ထားသည်၊ ပဋိပက္ခ တစ်ဖြည်းဖြည်း ကြီးထွားလာရာ မီးရှို့ ဖျက်ဆီးမှုများ၊ အုပ်စုလိုက် တိုက်ခိုက်မှုများ အထိ ကျယ်ပြန့်လာသဖြင့် နောက်ဆုံး အီဂျစ်စစ်တပ် မှ အာဏာ သိမ်းလိုက်တော့သည်။ အီဂျစ် အဓိကရုဏ်းတွင် သေဆုံးသူစုစုပေါင်း (၈၁၇) ဦးမျှ အထိ ရှိခဲ့သည်ဟုဆိုသည်။
အယ်ကိုင်ဒါ ၏ ခေါင်းဆောင်ဟု လူသိများသော “အိုစမာဘင်လာဒင်” ၏ ဂျီဟဒ် သဘောတရား များဆိုင်ရာ ခေါင်းကိုင် ဆရာကြီးမှာ ယူဆွတ်အက်ဇမ် ဖြစ်သည် ။ အိုစမာဘင်လာဒင် သေဆုံးခဲ့ပြီး ဆက်ခံ ခဲ့သော အယ် ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းကြီး၏ ခေါင်းဆောင်ဖြစ်သော Ayman Mohammed Rabie al-Zawahiri မှာမူ အီဂျစ် ၈ျီဟဒ် အရေးတော်ပုံအဖွဲ့ကို စတင်ထူထောင်ခဲ့သူ ဖြစ်သည်။
အယ်ကိုင်ဒါကို စီအိုင်အေ ၏ သား ဟုတင်စားလျှင် အိုင်အက်(စ) သည် စီအိုင်အေ ၏မြေးဖြစ်လာပါလိမ့်မည် ။ ဘရားသားဟုဒ် သည် အစွန်းရောက်ဖြစ်ပြီး အိုင်အက်(စ)သည် အစွန်းရောက်အကြမ်းဘက်ဖြစ်သည်၊ ကွာခြားသည်က ဘရားသားဟုဒ် အနေဖြင့် အမေရိကန်ဩဇာ မခံခြင်းသာဖြစ်သည်။
04 June 2017
ဒီနေ့ သင်ဘာလုပ်သလဲ.. မနက်ဖြန် သင်ဘာဖြစ်မလဲ
လှေက ကမ်းမှာ ကပ်ထားရင် အန္တရာယ် အကင်းဆုံးပဲ၊ ဒါပေမယ့် အဲဒါက လှေ တည်ဆောက်ခဲ့တဲ့ ရည်ရွယ် ချ
တစ်နေ့ကို မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေး တစ်ကောင
ကုန်သည် လာတယ်၊ပြောတယ်၊ ` မင်း ငါနဲ့ လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊
စစ်သား လာတယ်၊ ပြောတယ်၊ ` မင်း ငါနဲ့ လိုက်နိုင်မလား´
မြင်းက ခေါင်းခါပြီးပြောတယ်၊
မုဆိုး လာတယ်၊ ပြောတယ်၊ ` မင်း ငါနဲ့ လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊
ဒီလို နဲ့ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွ
အာဇာနည်မြင်းက စစ်သူကြီးဆီ သွားတွေ့ပြီး ပြောတယ်၊
` ကျနော်က ခင်ဗျားတို့ ရှာနေတဲ့ အာဇာနည်မြင်းပါ´
စစ်သူကြီးကမေးတယ်၊
` ဒါဆို မင်း ငါတို့ တိုင်းပြည်ရဲ့ တောတောင်ရေမြေ နဲ့ လမ်းတွေကို နှံ့စပ်လား ´ မြင်းက ခေါင်းခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
` ဒါဆို မင်း စစ်ပွဲ ဝင်ဖူးသလား.. စစ်ပွဲ အတွေ့အကြုံ ရှိသလား ´ မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
` ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့ အခါ သခင့် အတွက် ရင်ဆိုင် တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား ´ မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးကပြောတယ် ` ဒါဆို မင်း ဘာအသုံးကျသေးသလဲ´
မြင်းကပြောတယ် ` ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင် သွားနိင်ပြီး ညဘက်ဆို မိုင် ၈ ရာ သွားနိုင်တယ်၊ လေ အဆန်မှာ အစုန် ထက်တောင်မှ အပြေးမြန်သေးတယ်´
စစ်သူကြီးက မြင်းပေါ် ခွတက်စီးလိုက်တယ်၊
မြင်းက အားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊ ဒါပေမယ့် ၁၀ လှမ်းလောက်ပဲပြေးရသေးတယ် ၊
ခြင်းတောင်းထဲက ကြက်
ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီး တစ်ခု အကြီးကြီးပဲ ရှိသတဲ့ ။ အဲ့ဒီ ကြက်ခြင်းထဲမှာ ကြက်တွေ အမြောက် အမြား ပြွတ်ကျိတ်နေအောင် ထည့်ထားတယ်။ ကြက် တစ်ကောင်ချင်း ကြပ်ညပ်နေကြလို့ အသက်ရှူရ ခက်လောက်အောင် ဖြစ်ကြတယ်။
အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရ ကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်း နဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေ အားလုံးက မဝရေစာ သာ စားထားကြရတာရယ်။ အဲ့ဒီအတွက် မွတ်သိပ်တဲ့ ဝေဒနာ နဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင် နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မ တစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံ လုနေကြပြန်ရော။
ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့ဒီ အချိန် ကြက်သတ် သမား ရောက်လာတယ်။ လက် နဲ့ နီးရာ တစ်ကောင်ချင်း စီ ကို နှိုက်၊ လည် ပင်းကနေ ကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။
တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေ နပြေပဲ။ ဓား နဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစ သွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။ ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက်၊ နောက်ခဏနေ၊ နောက်တစ်ကောင် ထုတ်၊ သတ်လိုက်နဲ့။
ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီး ကျန်ပါသေးတယ်။ ကျန်ခဲ့တဲ့ ကြက်တွေက တစ်ကောင်လျော့ သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။ “ငါတို့ ကို ထိုးနေဆွနေတဲ့ သကောင့်သားတွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူချောင်ပြီ။ ငါ့ ကြက်မ ကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ” ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။ ရှိတဲ့ ကြက်တွေ နဲ့ ဆက်ပြီး ခိုက် ရန် ဖြစ်ကြတယ်။ ထိုးကြ ဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေး အလိမ်းလိမ်း နဲ့ အော်ဟစ်ဗြောင်း ဆန် နေကြတယ်။
အဲ့ဒီလိုနဲ့ နောက်ဆုံးမှာ ခြင်းကြီး ထဲက ကြက်တွေ အားလုံးဟာ ကြက်သတ် သမားရဲ့ ဓားစာ ဖြစ်ကုန်ကြ တယ်။ အဲ့အခါ တစ်ကောင် နဲ့ တစ်ကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။ ခွပ်နေ၊ သတ်နေ သံတွေ မရှိတော့ဘူး။ အသက်ရှူ မဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ကောင်တွေ လည်း မရှိတော့ဘူး။
အတင်းကာရော အလိုက်ခံ လုယက်နေကြတဲ့ ကြက်မတွေ လည်း မရှိတော့သလို၊ မွှန်ထူလိုက်နေကြတဲ့ ကြက်ထီး /ကြက်ဖ တွေလည်း မရှိတော့ဘူး။ ကြက်ခြင်းကြီး တစ်ခုလုံးဟာ သွေး အလိမ်းလိမ်းသာ ကျန်ခဲ့ တယ်။ ဘာသံမှ မကြားရတော့ဘူး။ ငြိမ်ဝပ်လို့။
ဒီ ရုရှားပုံပြင်ရဲ့ အမည်က “လောက ” ဖြစ်ပါတယ်။
လောက ဟာ ဘာလဲ။ ဘယ်လိုဟာမျိုးလဲ။
လောကမှာ ဘယ်အရာတွေ ရှိသလဲ။
ဒီမေးခွန်းတွေထက် ကျိန်းသေတာက.......
လောက အတွင်းမှာ ရှိရှိသမျှ အရာ အားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော်နေကြတယ်။ ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တစ်ခုပြီး တစ်ခု၊ တစ်ကောင်ပြီး တစ်ကောင် – သေမင်း ရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံနေကြရတယ်။
လိပ် ပုံပြင်
ဟိုး..ရှေးရှေးတုန်းက လိပ် မိသားစု တစ်စုဟာ ပျော်ပွဲစား ထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့ သဘာဝ ကို က နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာပါတယ်တဲ့။
နောက်ဆုံးတော့ လိပ် မိသားစု အိမ်က ထွက်လာပြီး သင့်တော်တဲ့နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့ သူတို့ အတွက် အကောင်းဆုံးနေရာ တစ်ခုကို ရှာတွေ့သွားကြပါတယ်။
အဲဒီနေရာကို သန့်ရှင်းရေး လုပ်တာတို့ ပျော်ပွဲစား အတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာတို့ကိုတော့ ၆ လ အကြာမှာ ပြီးစီး သွားပါတယ် ။ အဲဒီ အခါကျမှ သူတို့ ဆား မေ့ကျန်ခဲ့တာကို သိ လိုက် ရပါတယ်။
ဆား မပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ထင်တယ်။
အဲဒီ ကိစ္စကို အကြာကြီး ဆွေးနွေး အပြီးမှာတော့ အငယ်ဆုံး လိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ် ပြီး တာဝန်ပေးလိုက်ကြပါတယ်။
မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယို ပါတော့တယ်။ နောက်တော့ ကတိ တစ်ခုတောင်းပြီးမှ သွားမယ်လို့ သဘောတူပါတယ်။
ကတိကတော့ ဘယ်သူမှ သူပြန် မရောက်မချင်း အစားအသောက်တွေကို မစားပါဘူး ဆိုတဲ့ ကတိပါပဲ။
တစ်မိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။
သုံးနှစ်ကြာတဲ့ အထိ လိပ်ကလေး ပြန်ရောက် မလာပါဘူး။ ငါးနှစ်... ခြောက်နှစ်...ခုနစ်နှစ်မြောက် လာတဲ့ အခါ မှာတော့ အသက် အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။
ဒါကြောင့် သူတော့ စားတော့မယ်လို့ ပြောပြီး အသားညှပ်ပေါင်မုန့်ထုပ် ကို ဖွင့်လိုက်ပါတော့တယ်။
အဲဒီ အချိန်မှာပဲ လိပ်ကလေးက သစ်ပင် အနောက်ကနေ ရုတ်တစ်ရက် ထွက်လာပြီး အော်ပြောလိုက်ပါ တယ်။
ဝံပုလွေ ကိုစားတဲ့ သွေး (သို့မဟုတ်) လောဘ ၏ နောက်ဝယ်
အက်စကီးမိုးတွေရဲ့ ဝံပုလွေ သတ်နည်း က အထူးအဆန်းဗျ ။ ဖျံသွေး သုံးပြီး ဖမ်းတာ။ ဖျံတွေ ဆိုတာ အာတိတ်ဒေသမှာ မမြင်ချင်မှ အဆုံး ဆိုတော့ ဒီကောင်တွေက ရှာရလွယ်လို့ သုံးတာလဲ ပါမှာပေါ့လေ။ ထားပါတော့။ ကျွန်တော်ပြောချင်တာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အဲဒီ ဝံပုလွေ ဖမ်း နည်း။
အရင်ဆုံး သူတို့လုပ်တာက ဖျံ ရဲ့ သွေးတွေကို ဇလုံ တစ်ခုထဲ စစ်ထည့် တယ်။ ပြီးတာနဲ့ အမဲဖျက် ဓါးတွေကို ထက်ပြီးတော့ မြနေအောင် သွေးတယ်။
ကျေနပ်အောင် သွေးပြီးချိန်ကျတော့မှ ဒီဓါးကို သွေးဇလုံထဲ နှစ်ပြီး စိမ်လိုက်၊ ပြန်ဆယ်ပြီး အအေးဓာတ်ပေးလိုက်၊ သွေးလေးတွေ ခဲပြီ ဆိုရင် နောက်တစ်ခါ နှစ်လိုက်နဲ့ အထပ်ထပ် လုပ်တယ်။
နာရီဝက် ကျော်လောက် အဲလို လုပ်လာတာ တဖြည်းဖြည်း နဲ့ ရေခဲချောင်း လိုမျိုး သွေးခဲတုံးကြီး ဖြစ်လာတာပေါ့။
ဒါ စီမံပြီးတာနဲ့ ဝံပုလွေတွေ ကျက်စားတဲ့ ရေခဲတောင်ပေါ်တက်။ သွေးခဲ ကို မြဲနေအောင်စိုက်ပြီး အိမ်ပြန်စောင့်နေတယ်။
ဝံပုလွေ လာပြီးလို့ ဒီကောင် သွေးခဲကို မြင်တာနဲ့ အနံ့ခံကြည့်တယ်။ ညှီနံ့လေး ရပြီဆိုရင် ဘာလဲဆိုပြီး လျက်ကြည့်မိ တာပေါ့။
ဒီအခါမှာ လတ်လတ် ဆတ်ဆတ် ဖျံသွေးက ကောင်းတော့ အကြိုက် တွေ့ပြီး တရစပ် လျက်တော့တာပဲ။
ဒီလိုလျက်လာရင်း လျှာက ပတ်ဝန်းကျင် အအေးဓာတ် ကြောင့် ထုံ လာတယ်။ သွေးခဲတွေ နဲ့ ဖုံးနေတဲ့ ဓါးလေး ကလဲ တစ်စ ထက် တစ်စ ပေါ်လာတော့ တစ်ခါ လျက်တိုင်း ဓါးသွားက သူ့လျှာကို တစ်ချက် ချင်းစီ မွှမ်းနေတော့တာပဲ။
ဒါပေမယ့် သနားစရာ ဝံပုလွေ ခမျာ သူ့လျှာကို ဓါးရှနေတယ် ဆိုတာ လုံးဝမသိဘူး။ ထုံနေတာကိုး။
နောက်ဆုံး ဖျံသွေးခဲသာ အကုန်ကုန် သွားတယ်။ သူက လျက်နေ တုန်းဗျာ။ ဘာ့ကြောင့်လဲ သိလား။
သူ့လျှာက ထွက်လာတဲ့ သွေးတွေက ဓါးသွားမှာ လျက်တိုင်း ပေနေပြီး မကုန်တော့ဘူးကိုး။ ဒီအခါမှာ ဘယ်က သွေးလဲ ဆိုတာ ဝံပုလွေ သတိ မထားနိုင် တော့ဘူး။ သူစလျက် ခဲ့တဲ့ သွေး အထင်နဲ့ ကိုယ့် သွေး ကို ကိုယ် အငမ်းမရ စားသုံးနေခဲ့တယ်။
Subscribe to:
Posts (Atom)