27 May 2018

မြန်မာတို့ အရာရာ နေ၀င်ချိန်ရောက်ပြီလား ?



 မြန်မာ့အရေးကို တွေးလိုက်မြင်လိုက်ရင်.. အရာရာနေ၀င်ချိန်မှာ မြင်နေရပြီလားလို့တွေးရင်း သက်ပြင်း ချရတယ်။

စီးပွားရေးလား  ?...

..ဒေတာ အလွဲတွေနဲ့ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်အထိ အလိမ်တွေရောက်သွားအောင်လုပ်နေကြမှတော့..နိုင်ငံ အုပ်ချုပ်သူတွေမှားနေတာ အပြစ်မမြင်ချင်တော့ဘူး  ...ဒါပေမယ့်အောက်ခြေက လိမ်နေသူတွေ၊ပါတီထဲက အနားပြာ လူလိမ်တွေကြောင့် ပိုဆိုးလာတာပါပဲ။

...ဘူးလက်ကြီးကလည်း ရေးတယ် ။ င
မန်း ရဲ့ လက်ရာတွေ ထုတ်ရေးတယ်။ ငမန်း မကလို့ဝေလငါး ဖြစ်ဖြစ် တိုင်းပြည် တိုးတက်ပြီး သူတို့ချမ်းသာရင် Win-Win လို့ပြောလို့ ရပါသေးတယ်။


ဥပမာပြောရရင် ၊မြို့တော်ဝန် ဦးကိုလေးလက်ထက်ကို မီလိုက်သူတွေသိပါတယ်။ ဦးကိုလေး လက် ထက် မှာ ရန်ကုန်မြို့ကြီးဟာ တော်တော်ပြုပြင်ခဲ့ပါတယ်။ လမ်းတွေ သေသေချာချာ ဂရုစိုက်ပြင်တယ်။ စီးတီး ဂေါက်ကလပ်ကြီး လုပ်တယ်။ သူလည်း စားတာပါပဲ။

ပေမယ့် သူ့လက်အောက်မှာ စည်ပင်ဝန်ထမ်းတွေပျော်ကြတယ်။ ရန်ကုန် လူထုလည်း ကျေနပ်တယ်။ဒီတော့ Win-Win လို့တောင်ပြောရမလိုပါပဲ။

ဘာလဲ အဂတိလား? ...   အာဆီယံနိုင်ငံ အားလုံး အဂတိ ကင်းတာ တစ်နိုင်ငံမှ မရှိဘူး ။ ဗီယက်နမ်
ွားကြည့် ဆိပ်ကမ်းမှာစောင့်တဲ့ စစ်ယူနီဖောင်းနဲ့ စစ်သားက အစ အရက်တောင်းတတ်တယ်။

ဒီတော့ အဂတိကင်းဖို့က တိုက်ဖျက်နေရုံနဲ့ မရဘူး ။ စနစ်တွေပြင်ရတယ်ဆိုတာ နားလည်ဖို့လိုတယ်။e-Governance စနစ်တွေနဲ့ ပြည်သူကို ၀န်ဆောင် မှူပေးပြီး၊ ပြည်သူကိုမြန်ဆန်သက်တောင့် သက်သာ ရှိမှု တိကျတဲ့ အချက်အလက်တွေ ပေးထားရင် ဘယ်သူကမှ အဂတိ မလုပ်နိုင်ကြတော့ပါဘူး။

အာဆီယံနိုင်ငံတွေ ဒီစနစ်တွေ လုပ်နေကြပြီ။ မြန်မာ ကျန်ခဲ့ပြီ။ ဒါတွေမလုပ်ဘဲစိတ်ကူးတည့်ရာ အကောင် အထည်ဖော်နေကြတယ်။ တစ်ကယ်ပြောင်းရမည့် စနစ်တွေကိုမပြင်ဘဲ ငွေအရလွယ်ပြီး လူမြင်ကောင်း တာတွေ လိုက်လုပ်နေတယ်။

ဥပမာ .. ရန်ကုန် စီးတီးပရောဂျက်ကြီးလိုမျိုးပေါ့။ ဒီတော့ အကြွေးတွေတက် ငွေကြေး ပိုဖောင်းပွ(ကျဆင်း တယ် ဆိုတာ လိမ်တာပါ ။ မယုံရင် မနှစ်က ကြက်ဥ တစ်လုံးဈေးနဲ့ ဒီနှစ်ကြက်ဥ တစ်လုံးဈေး ပဲ ယှဉ်ကြည့်ပါ)

ဒီတော့ စီးပွားရေးကိုပြောရရင် ဖာသည်မ တစ်ယောက် အော်ဒါ မရလို့ညအိပ်ရေးပျက် မိုးလင်း နေတဲ့ စီးပွားရေးလို့ ပြောရမလိုပါပဲ အလှပြင်ရင်း မိုးသာ လင်းသွားတယ် အော်ဒါကတော့ မရပါဘူး။

22 May 2018

A နောက်ပိတ်တွေရဲ့ အထာ - (၂) / (၃)

 


A နောက်ပိတ်တွေရဲ့ အထာ - (၂)

USA (A နောက်ပိတ်) မှာဘယ်ပါတီက သမ္မတ တက်တက် သူ့နိုင်ငံ အကျိုးစီးပွားအတွက်သူအမြဲ လုပ်တာပါပဲ ။ ခရစ်ယန်ရယ်၊ မွတ်စလင်ရယ်၊ မွတ်စလင်မှာမှ ရှီအိုက်ရယ် ဆွန်နီရယ် ဘာမှခွဲခြားနေတာ မဟုတ်ပါဘူး ။

ဒေသန္တရ စစ်ပွဲတွေ ဖန်တည်း စစ်မီးတွေမွှေး စစ်ဖြစ်တဲ့နိုင်ငံတွေကို မျိုးဆက် တစ်ဆက် နှစ်ဆက် နောက်ကျတဲ့ လက်နက်တွေ၊ လေယာဉ်တွေ၊ ဂြိုလ်တုတွေကို တရားဝင်ရော တရားမဝင်ပါ ရောင်းချ စီးပွားဖြစ်ဘို့လုပ်နေတာပါပဲ ။

ပွဲဖြစ်ဘို့တော့ စုပြုံသေ လက်နက်ရှိလို့၊ ဓာတုလက်နက်သုံးလို့ တို့၊ လူ့အခွင့်အရေး ချိုးဖောက်လို့၊
လူမျိုးတုန်း သတ်ဖြတ်လို့၊ စစ်အာဏာရှင်စနစ်မို့လို့တို့၊ ဒီမိုကရေစီထွန်းကားဘို့၊ လစ်ဗရယ်ဝါဒ သွတ်သွင်းဘို့တို့ စတဲ့ အကြောင်းပြချက်တွေကို လူကြားကောင်းအောင်အသံကောင်းဟစ်၊ ကုလသမဂ္ဂကို ရှေ့ကထား လူမိုက်ငှားတဲ့အခါ ငှား၊ ကုလသမဂ္ဂကိုဘေးချိတ်ြပီး ထင်ရာလုပ်တဲ့အခါ လုပ်နဲ့၊ သူ့နိုင်ငံ စီးပွားဖြစ်ဘို့၊ သူ့နိုင်ငံ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဘို့ ဖွံ့ဖြိုးဘို့ရာ၊ တစ်ကမ္ဘာလုံးက ဘယ်နိုင်ငံ ဘယ်လူမျိုးအပေါ် မဆို မထောက်မညှာ လုပ်နေတာပါပဲ ။

Might is right.ဆိုတဲ့မူနဲ့ ထာဝရ Mighty ဖြစ်နေဘို့ ကြိုးစားနေတာပါ၊ လတ်တလော သူ့အမျိုးသား အကျိုးစီးပွားအတွက် China containment ဗျူဟာကို ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံက ပထဝီ အနေအထား အရ ရွေးချယ်ခံသားကောင်ဖြစ်လေတော့အနောက်ဘက်နယ်စပ် တစ်လျှောက်မှာ
Proxy war ဖြစ်ပေါ်လာဘို့၊ ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်ဘို့၊ အားကောင်းတဲ့ Institution နှစ်ခုဖြစ်တဲ့
တပ်မတော်နဲ့ သံဃာ အဖွဲ့အစည်းတွေ အင်အား ချည့်နဲ့ပြိုကွဲဘို့ရာ ဆိုရော့စ်လို လူကို အသုံးချပြီး
နည်းမျိုးစုံကြိုးစားလာတော့တာပါ ။

ကမ္ဘာ့ ဘယ်နေရာမှာ စစ်ဖြစ်ဖြစ် လက်နက်ရောင်းရင်စီးပွားဖြစ်လေတော့ စစ်ပွဲ အသစ်တွေ ဖန်တည်း နေတာမှာ ဘကုန်းနဲ့မြန်မာ စစ်ဖြစ်ရင် လက်နက်လည်းရောင်းရ တရုတ်ကြီး နှာခေါင်းပေါက်လည်း
ပိတ်ပြီးသားဖြစ်၊ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်မိမယ့် အကွက်ပါ ။


လက်နက်ရောင်းပြန်တော့လည်း အဟောင်းအမြင်းတွေကို ဈေးအဆမတန် တင် အချဉ်ဖောက်ရောင်း တာပါ ။

ခုတောင် OIC အထောက်အပံ့နဲ့ ဘကုန်းအတွက်ဂြိုလ်တု တစ်လုံး ဈေးဦးပေါက်ရောင်းပြီးသွားပါပြီ ။
မြန်မာနဲ့ စစ်ဖြစ်ရင်သုံးဘို့ ရည်ရွယ်တဲ့ ထောက်လှမ်းရေးဂြိုလ်တုပါ ။ စစ်များဖြစ်ခဲ့ရင် ဘကုန်း အတွက်လက်နက်တွေ ဝယ်ဘို့ ဝိုင်းပေးကြမဲ့OIC က ဒေါ်လာတွေ ဘီလီယံနဲ့ချီပြီးရအုံးမှာပါ ။

15 May 2018

A နောက်ပိတ်တို့ရဲ့အထာ



မြန်မာပြည်မှာ ဘယ်အစိုးရ တက်တက် China (A နောက်ပိတ်) က သူ့ကို မလှန်နိုင်အောင်၊ အနည်းဆုံး သူ့ရဲ့မိတ်ဆွေအဖြစ် ရှိနေအောင် လုပ်နေမှာပဲ ။

ကြိုက်ကြိုက် မကြိုက်ကြိုက် မီးစ တစ်ဘက် ရေမှုတ် တစ်ဘက် ပေါ်လစီနဲ့ သွားနေမှာပဲ၊ ဒီအတွက် အရှေ့ခြမ်းမှာ (ဟိုတုန်းက) ဗကပ အပါအဝင်၊ တိုင်းရင်းသား လက်နက်ကိုင်တွေကို အမျိုးစုံအောင် ဖွဲ့ပေး ထောက်ပံ့ပေး အကာအကွယ်ပေးနေခဲ့တာပါ ။

ကွန်မြူနစ်ဝါဒကိုexport မလုပ်တော့ဘဲ သူ့တိုင်းပြည် တိုးတက်ချမ်းသာဘို့ ဆုံးဖြတ်ခဲ့တာရယ်၊
အနောက်ဘက်ကို တွန်းပို့သလို ဖြစ်မှာစိုးတာရယ်ကြောင့်၊ နောက်ပိုင်းမှာ ဗကပ တပ်တွေ ချုပ်ငြိမ်းသွား ခြဲ့ပီး၊ ကွန်မြူနစ်စစ်သားအိုကြီးတွေ တရုတ်ပြည်ထဲမှာပဲ ခေါင်းချသွားခဲ့ကြရတယ် ။

ပြည်တွင်းမှာတော့ UG အိုတွေက ကိုယ်ရှိန်သတ်သူသတ်၊ ဆိုရှယ် အရေခြုံသူ ခြုံ၊ နိုင်ငံရေးကျောခိုင်း
သူခိုင်း၊ ကျောခိုင်းသယောင်ဆောင်သူဆောင်ပေါ့ ။

ဒါပေမဲ့ကွန်မြူနစ်ဆိုတဲ့ အမျိုးက ပေါင်းမြက်တွေလိုပဲ၊ မိုးခေါင် ရေငတ် အာဟာရပြတ်ရင် ညှိုးနွမ်း ချောက်သွေ့  ပျောက်ကွယ် မျိုးတုန်းသွားသလား ထင်ရပေမဲ့ မိုးကလေး ရွာတာနဲ့ ခေါင်းထောင် စိမ်းလန်း လာတော့တာ ။

ဒီတော့ တရုတ်ကျောထောက်နောက်ခံ မရတော့တဲ့ကာလမှာ မရှိတော့ဘူးလို့ ထင်ရလောက်အောင်
ကိုယ်ရောင်ဖျောက်ထားခဲ့ကြပြီး ရရာနေရာမှာ စိမ့်ဝင် ထိုးဖောက်လို့ အားမွေးနေခဲ့ကြတာပါ ။

ထားပါတော့ ၊ပြောချင်တာက တရုတ်အကြောင်းပါ ။
တရုတ်ဟာ ဗကပကို အားပေးအားမြှောက် မလုပ်တော့ဘူးလို့ မူဝါဒပြောင်းလိုက်တာနဲ့၊ ဗကပ ရဲ့စစ်ရေး တည်ရှိမှု ပပျောက်အောင် တပ်မတော်က အမြစ်ပြတ်ချေမှုန်းလို့ ရသွားခဲ့တာကိုပြောချင်တာပါ ။

ဒါပေမဲ့မြန်မာ အစိုးရကိုနိုင်ဖဲ ကိုင်ထားနိုင်ဘို့  သူပုန် အမယ်သစ်တွေ မွေးထုတ်၊ သူပုန် အဟောင်းတွေကို မြေတောင်မြှောက် ထိန်းချုပ်ထားပြီး လိုအပ်တဲ့ အချိန်တိုင်းမှာ ကန့်သတ် တိုက်ပွဲတွေဖန်တီး၊ အစိုးရကို စစ်ရေးအရ ဖိအားပေး ထိန်းချုပ်ထားကာ၊ သူပုန်တွေကိုတော့ ငွေ လက်နက် နယ်မြေ ခိုလှုံခွင့်တွေပေးလို့
လက်ကိုင်တုတ်အဖြစ်အသုံးချနေတာပါ ။

03 May 2018

မျိုးဆက်သစ်တွေ အတွက် ပေးခဲ့ချင်သော ကား ဗဟုသုတ အပိုင်းအစလေးများ



 မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့် တော့ မမှားနိုင်တော့ပါ ။

၁။ ကားကို ကြည့်မယ်ဆိုရင် အလင်းရောင် ကောင်းကောင်း ရရှိပြီး အရိပ်အောက် သက်တောင့်သက်သာ ကြည့်နိုင်သော နေရာဖြစ်ရမည်ဖြစ်ပြီး နေ့လည်ခင်း နေပူအောက်ကြည့်ရှုခြင်း ရှောင်ပါ။

အပူဒဏ် ပြင်းထန်လွန်းသဖြင့် ကားကြည့်ရှုသောအခါတွင် သက်တောင့်သက်သာ မဖြစ်လို့ စစ်ရမှာတွေ ကျန်ခဲ့တက်ပါတယ်။ အပူဒဏ်သက်သာအောင် ဆိုပြီး ညနေဘက်နဲ့ မိုးချူပ်ပိုင်းတော့ ကားကြည့်ဖို့ မလုပ်ကြပါနဲ့နော် သဘောပေါက်ပါ ရေထဲ ပိုက်ဆံ လွင့်ပြစ်လိုက်ရင်တောင် အသံမြည်ဦးမှာပါ။

၂။ ကားကိုတွေ့တာနဲ့ ကား ထိုင်ခုံခါးပတ်ကို ဆွဲထုတ်လိုက်ပါ ။ ခါးပါတ်ခေါင်းတွေမှာ ထုတ်တဲ့ ခုနှစ်တွေ အတိအကျ ရေးထားပါတယ် ဖြဲထားတာမျိုး ၊ ကတ်ကြေးနဲ့ ဖြတ်ထားတာမျိုး မဖြစ်ရပါဘူး ။  ကြည့်တာနဲ့ တွေ့ရပါမယ်။ ကားပိုင်ရှင် ပါးစပ်က ဘယ်နှစ်ခုနှစ်ပါ လို့ အမြုတ်ထွက်အောင်ပြောနေလဲ ကျွန်တော် တို့ မျက်စိရယ် ဦးနှောက်ရယ်နဲ့ဘဲ အလုပ် လုပ်ကြရမှာဖြစ်လို့ ကျန်တာတွေ ခဏ မေ့လိုက်ပါ။

၃။ ကားကို စက်နှိုးပါ ပြီးတာနဲ့ အဲကွန်း ဖွင့်လိုက်ပါ စက်သံသည် ဆူညံ ကျယ်လောင် တာမျိုးကို တော့ခွဲတတ်ပါစေ ပြီးလျှင် အဲကွန်းလေ အေး မအေး စစ်ပါ။

၎။ ကား အစီးတိုင်းမှာ Wheel Tax ပါပါတယ် ။ ပါတဲ့ Wheel Tax ဖရိန်နံပါတ်နဲ့ ကားမှာ တစ်ကယ်ပါ သော နံပါတ် တူညီမှု ရှိမရှိ အရင် စစ်ပါကားမှာ တပ်ထားသော ဖရိန် chassis နေရာသည်လည်း သန့်ရှင်း သပ်ရပ်နေရပါမည် ။ ဖြတ်ဆက် ဆိုလျှင် ကားဝယ်ပြီးတာနဲ့ ဆုံးသွားပါလိမ့်မည် ။ ကညန သိမ်းပါလိမ့်မည်။

၅။ ပြီးရင် ကားရှေ့ဘက်ပိုင်း ကားနောက်ဖက်ပိုင်း မီးခွက်နေရာတွေ စစ်ပါ ။ မီးလုံး အရောင်တူညီမှု ရှိမရှိ နေရာ အထိုင် မူလီတွေ မူလီရောင်ဘဲ ရှိရပါမည် ။ ကားဆေး ကူးနေခြင်း လုံးဝ မရှိစေရ မူလီက မူလီလိုဘဲ ညစ်ပတ်လို့ ရပေမယ့် ကားဘော်ဒီ ဆေးမကူးစေရ။

02 May 2018

အစိုးရ နဲ့ အင်ဂျင်နီယာ တစ်ဦး တွေ့ကြလေသောအခါ



 

 
လူတစ်ယောက် လေပူပေါင်းကြီးစီးပြီး ကောင်းကင်ထဲ ပျံနေရာကနေ ဘယ်ရောက်နေမှန်း မသိတော့တာနဲ့
လေလျှော့၊ အောက်ကို ဆင်းဖို့ လုပ်နေချိန်မှာ အမျိုးသမီးတစ်ယောက်ကို လှမ်းတွေ့လိုက်ရသတဲ့။

ဒါနဲ့ …
'အမ၊ အခု ကျနော် ဘယ်နေရာ ရောက်နေတယ်ဆိုတာ ပြောပြနိုင်မလား။ ကျနော့်မိတ်ဆွေ တစ်ယောက်နဲ့
တစ်နာရီအတွင်း တွေ့ဖို့ ကတိပေးထားတာလည်း ရှိနေလို့ ပြောပြပေးပါလား' 


'ရှင် အခုရောက်နေတာက လေပူပေါင်းကြီးပေါ်မှာပါ။
မြေပြင်ကနေ ကိုက် ၂၀ လောက်မြင့်တယ်။
လတ္တီကျု ၄၀/၄၁ ကြား၊
လောင်ဂျီကျု ၅၄/၅၅ ကြားမှာ ရှိနေပါတယ်'
လို့ အမျိုးသမီးက လှမ်းဖြေတယ်။

'အမက အင်ဂျင်နီယာ ဖြစ်ရမယ်'
'ဟုတ်ပါတယ်။ ဒါနဲ့ ရှင်က ဘာလို့
ဒီလိုပြောနိုင်ရတာလဲ'
'အမ ဖြေပုံက နည်းပညာအားဖြင့် အမှားအယွင်းမရှိ ကွက်တိပဲ။ ဒါပေမဲ့ ကျနော့်အတွက် ဘာမှ အသုံးမကျဘူး ဖြစ်နေတယ်'


အခုခေတ်ကာလ အခြေအနေတွေနဲ့ တူနေလို့



တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဆရာသမား တစ်ဦးပြောပြဘူးတဲ့ သခင်စိုး မဆလပါတီ
ဝင်မယ် ဆိုတဲ့အကြောင်း လွန်ခဲ့တဲ့၂နှစ်လောက်က ကျွန်တော်ရေးခဲ့ဘူးတာ အချို မိတ်ဆွေများ မှတ်မိ မယ်ထင်ပါတယ်။

အခုခေတ်ကာလ အခြေအနေတွေနဲ့ တူနေလို့အကျဉ်းချုပ်လေးပြန်တင်ပါမယ် ။
အချိန်ကာလက ဦးနေဝင်း ဘုန်းမီးနေလ တောက်ပနေတဲ့မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်တစ်ပါတီခေတ်၊ကွန်မြူနစ် သခင်စိုးကြီးကလည်း အင်းစိန် ထောင်ထဲရောက်နေတဲ့ အချိန်၊

ဦးနေဝင်း အနေနဲ့သခင်စိုးကြီး ကိုသူနဲ့ အတူမဆလပါတီကိုဦးဆောင်ဖို့ မက်လုံးတွေ အမျိုးမျိုးပေးပြီး စည်းရုံးပေမဲ့ သခင်စိုးကြီးက ခါးခါးသီးသီး တစ်လျှောက်လုံး ညင်းနေရာက တစ်နေ့တော့ သူ လမ်းစဉ်ပါတီကို ဝင်မဲ့ အကြောင်းထောင်အာဏာပိုင်တွေကို ပြောလိုက်တယ်ဆိုရင်ပဲ အဆင့်ဆင့် သတင်းပို့လိုက်ကြတာ တစ်ခဏမကြာ ဦးနေဝင်းကြီး နားရောက်တယ် ဆိုရင်ပဲ ဦးနေဝင်းကြီးက သူ့တပည့်တွေကို ခေါ်ပြီး

"မင်းတို့ ခုချက်ခြင်း ဆရာကြီး သခင်စိုးဆီသွားတွေ့..ဆရာကြီးဟာ နိုင်ငံရေးလောကမှာ ငါတို့ဆရာ..လေးလေးစားစား ဆက်ဆံ..ဒီညပဲ ဂုဏ်ပြုညစာနဲ့ ဧည့်ခံ"..အေး ဒါပေမဲ့ ငါသိခြင်တာတစ်ခုကိုတော့ မင်းတို့မေးခဲ့၊  မက်လုံးတွေအမျိုးမျိုးပေးပြီး ငါအကြိမ်ကြိမ်စည်းရုံးတာကို ခေါင်းခါ ခဲ့ပြီး အခုမှကောက်ခါ ငင်ကာ တို့ပါတီကိုဘာလို့ဝင်ခြင်ရသလည်းဆိုတာပဲ "

ဒီလိုနဲ့ ညစာစားပွဲမှာ ဦးနေဝင်းကြီးမေးခိုင်းတဲ့ မေးခွန်းကိုသူမေးရနိုး ကိုယ်မေးရနိုး နဲ့တပည့်တွေလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေတယ် ဆိုရင်ပဲ အကင်းပါးတဲ့ သခင်စိုးကြီးက..မင်းတို့ဆရာက ဘာများ မှာလိုက်လို့ လည်းဟု စကားလမ်းကြောင်း ခင်းပေးလိုက်တယ်ဆိုရင်ပဲ မျက်နှာလိုခြင်တဲ့တပည့် တစ်ပန်း အပေါင်းဟာဦးနေဝင်းကြီး အမှာတော်ပါးလိုက်တဲ့ အမေးကိုသူ့ထက်ငါ အလုအယက် မေးကြတာပေါ့ ။

29 April 2018

ကိုဖီအာနန် သိပ်မှားတယ်



ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်ကော်မရှင် ခိုင်းတဲ့အတိုင်း လုပ်မယ်လို့ပြောတယ် ။
ကိုဖီအာနန်ကလည်း နိုင်ငံတစ်ကာ ဥပဒေနဲ့အညီ လို့ပြောတယ် ။

တစ်ကယ်တော့....
ကိုဖီအာနန်က မြန်မာတွေ စာမတတ်
ဘူးထင်လို့ဂျင်းထည့်လိုက်တာဖြစ်သည် ။

ကိုဖီအာနန် အစီရင်ခံစာမှာ ဘယ်နိုင်ငံမှ လက်မခံတဲ့ လမ်းညွှန်ချက်အသစ်တွေကို တီထွင်ပြီး ထည့်ထား တာကိုတွေ့
ရပါတယ် ။

ဒီအကြောင်းကို မြန်မာ အမျိုးသမီး ပညာတတ်ပုဂ္ဂ
ိုလ်
ဒေါက်တာဒေါ်ရင်ရင်နွယ်က ဖော်ထ
ုတ်လိုက်ပါတယ် ။

ဒေါ်ရင်ရင်နွယ်ဟာ .......
ကုလသမဂ္ဂမှာလည်း တာဝန်ထမ်းဆော
င် ခဲ့ပြီး ကုလသမဂ္ဂအကြောင်း အတွင်းကျကျ သိတဲ့ သူပါ..

နိုင်ငံတစ်ကာ အရေးအခင်းတွေဖြေရ
ှင်းတဲ့ အတွေ့အကြုံတွေ အများကြီးရှိသလို မြန်မာနိုင်ငံနဲ့ ပတ်သက် လုပ်ကိုင်နေတဲ့ နိုင်ငံတစ်ကာ အဖွဲ့အစည်းတွေက လေးစားတဲ့ပညာတတ် ပုဂ္ဂိုလ်ဖြစ်ပေမယ့် မျိုးချစ် စိတ်

ရှိတဲ့ အမျိုးသမီးဖြစ်တာကြောင့် ကိုဖီအာနန်ကော်မရှင်မှာ မထည့်ရဲလို့ ချန်ထားခံခဲ့ရသူပါ ။



ဒေါက်တာဒေါ်ရင်ရင်နွယ်ရဲ့ ပြောဆိုချက

******************************


ဘင်္ဂါလီပြသနာကို ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံတော်မှ တာဝန်ပေးထားသည့် ပညာရှင် အချို့ နှင့် သံအမတ်/ဝန်ကြီး အချို့တို့ အား ထောက်ပြလိုပါသည်။

ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်၏ အကြံပြုချက် များအနက် "လူသားချင်း စာနာ သည့် ကူညီထောက်ပံ့ မှုများကို ဘက်မလိုက်ပဲ မျှမျှတတ ပေးရမည် " ဟူသော အကြံပြုခြင်းသည် ကောင်းသော အကြံပြုခြင်း ဖြစ်သလို၊ ယင်း ကော်မရှင်၏ အကြံပြုချက် များအနက် မှားနေသည့် အချက် နှစ်ခုကို ထောက်ပြ လိုပါသည်။


09 April 2018

တိုင်းပြည် နဲ့ လူမျိုး ဘာသာ သာသနာအတွက် အသက်လောက် အရေးကြီးနေပြီ



တိုင်းပြည် နဲ့ လူမျိုး၊ ဘာသာ၊ သာသနာ အတွက် အသက်လောက် အရေးကြီးနေပြီ။ ရှယ်ပါ၊ ကူးထားပါ၊ခရက်တစ်ပေးစရာမလို။

ပြည်သူတွေ နားမလည်အောင် ဥပဒေနဲ့ ညစ်ပတ်ပြီး၊ ပြည်သူတွေကို နားလှည့်ပါးရိုက်လိုက်တာပေါ့

ဒီဥပဒေပြောင်းလဲတာကို Facebook မှာစပြီး တင်ပေးတဲ့သူကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ။

ဒီဥပဒေကို ကျွမ်းကျင်နားလည်တဲ့မြန်မာပြည်က ရှေ့နေတွေကလဲနည်းတယ်။ ဘာလို့လဲ ဆိုတော့ ပြည် တွင်းမှာ သုံးနေတဲ့ သမရိုးကျနေ့စဉ်သုံး ဥပဒေလဲ မဟုတ်ဘူးဗျ။ နားလည်သဘောပေါက်ဖို့လဲ သိပ် ခက် တယ်။

အင်္ဂလိပ်လက်ထက်က အိန္ဒိယလူမျိုး၊ အိန္ဒိယနွယ်ဝင်တွေအတွက် သီးသန့်ပြဌာန်းထားတဲ့ဥပဒေဖြစ်နေ တယ်။ မြန်မာဥပဒေပညာရှင်တော်တော်များများတောင် သိပ်မသိကြဘူးဗျ။ နားလည်ကဘောပေါက်ဖို့ ခက်ခဲတယ်ဆိုပေမဲ့ နားလည်အောင်ရှင်းပြပါ့မယ်။

ဒီဥပဒေကိုနားလည်ဖို့အချက်(၇)ချက် ခွဲရေးဖို့လိုအပ်တယ်။

(၁) ဟိုးရှေးရှေးတုံးက အိန္ဒိယ
လူမျိုးဟိန္ဒူဘာသာဝင်တွေမှာ မျိုးစောင့်ဥပဒေတွေ အမျိုးမျိုး အဖုံဖုံရှိခဲ့ဖူး တယ်။ အဲဒီမျိုးစောင့်ဥပဒေက ဟိန္ဒူဘာသာ ဝင်တွေကိုမွတ်ဆလင်နဲ့ မယူအောင်၊မွတ်ဆလင်ဘာသာသို့မပြောင်းလဲ မသွားရအောင်တား ဆီးထားတယ်။ အမွေဖြတ်တာတို့ ၊သေခန်းဖြတ်တာတို့၊အရေးယူတာတို့ပေါ့။


မွတ်ဆလင်နဲ့ယူသူ(သို့) မွတ်ဆလင်ဘာသာသို့ပြောင်းလဲသွားသူတွေဟာ ဘယ်လိုအခွင့်အရေး၊ မိဘအမွေ အနှစ်တွေကိုမှ ခံစားခွင့်မရှိဘူးပေါ့။ အရေးယူခံခဲ့ရတယ်။

(၂) ဒါပေမဲ့၊ အင်္ဂလိပ်က အိန္ဒိယက
ိုသိမ်းပိုက်ကျွန်ပြုလိုက်တော့ အဲဒီအိန္ဒိယလူမျိုး ဟိန္ဒူဘာသာဝင်တွေ ကို မွတ်ဆလင်တွေနဲ့ရောသမမွေ ဖျက်စီးပြစ်ချင်ကြတယ်။ အဲဒီအိန္ဒိယလူမျိုး ဟိန္ဒူဘာသာဝင်တွေမှာ ရှိရင်းစွဲဖြစ်ခဲ့တဲ့ မျိုးစောင့်ဥပဒေတွေကိုအကျိုးသက်ရောက်မှုမရှိအောင် ဖျက်ဆီးလိုတဲ့အနေနဲ့၊ The Caste Disabilities Removal Act 1850, (CDRA)ဆိုပြီးတော့1850 မှာထုတ်ပြန်၊ပြဌာန်းခဲ့တယ်။


ဒီဥပဒေသစ် (CDRA)ကြောင့် အိန္ဒိယလူမျိုး ဟိန္ဒူဘာသာဝင်တွေရဲ့ မျိုးစောင့်ဥပဒေတွေဟာ လုံးဝ အကျိုး သက်ရောက်မှုမရှိပဲ ပျက်ပြယ်သွားတာပေါ့။ ဒီဥပဒေသစ်က ဟိန္ဒူဘာသာဝင်တွေကိုမွတ်ဆလင်နဲ့ ယူလို့ရအောင်၊ မွတ်ဆလင်ဘာသာသို့ လွတ်လွတ်လပ်လပ်ပြောင်းလဲသွားလို့ရအောင်အင်္ဂလိပ်က လုပ်လိုက်တာပေါ့။

အဲဒီ မွတ်ဆလင်နဲ့ယူသူ(သို့) မွတ်ဆလင်ဘာသာသို့ပြောင်းလဲသွားသူတွေကိုအမွေဖြတ်တာတို့၊သေခန်း ဖြတ်တာတို့၊ အရေးယူတာတို့ လုံးဝလုပ်ခွင့်မရှိဘူးပေါ့။ မွတ်ဆလင်နဲ့ ယူသူ (သို့)မွတ်ဆလင် ဘာသာ သို့ပြောင်းလဲ သွားသူတွေဟာ အခွင့်အရေးအားလုံးနှင့်၊ မိဘအမွေအနှစ်တွေကို အပြည့်အဝ ခံစားခွင့် ရှိအောင် အင်္ဂလိပ်က လုပ်လိုက်တာပေါ့

(၃) မြန်မာပြည်ကို အင်္ဂလိပ်က သိ
မ်းပိုက်ကျွန်ပြုလိုက်တော့၊ မြန်မာပြည်ဟာ အိန္ဒိယရဲ့ အရှေ့ပိုင်း(East India Region) အဖြစ်၊ အိန္ဒိယရဲ့ လက်အောက် တစ်ဆင့်ခံ အုပ်ချုပ်ရေးနယ်မြေတစ်ခု ဖြစ်သွားတာပေါ့။ တစ်နည်း ပြောရရင် ဘုရင်ခံ အသစ် မရှိပဲ၊ အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ လက်အောင်ခံ တစ်စိတ် တစ်ဒေသဖြစ် သွားတာပေါ့။


ဒီလိုဆိုတော့မြန်မာပြည်ကြီးဟာလဲအလိုအလျှောက် အင်္ဂလိပ်ထုတ်ပြန်၊ ပြဌာန်း၊ အတည်ပြုထားခဲ့တဲ့ The Caste Disabilities Removal Act 1850,(CDRA) ရဲ့ အကျိုးသက်ရောက်မှုအောက်ကို ရောက်သွား တာပေါ့။ မြန်မာပြည်မှာလဲ ဒီ(CDRA) ဥပဒေ အကျုံးဝင်သွားခဲ့ရတာပေါ့။

25 March 2018

မြန်မာ့ ရုပ်ရှင်လောကကို ကိုင်လှုပ်လိုက်သူ နှစ်ဦး




ခီမောင်နှံ (သို့မဟုတ်) လိုက်ဖက်ညီတဲ့ စုံတွဲ (သို့မဟုတ်) မြန်မာ့ရုပ်ရှင်လောကကို လှုပ်ကိုင်လိုက်သူ နှစ်ဦး


မြန်မာ့ ရုပ်ရှင်လောကဟာ နှစ်အတန်ကြာ မဲပြာပုဆိုး ဇာတ်ကွက်တွေနဲ့ မျောပါ ခဲ့ပြီး ရုပ်ရှင်လောကကို “ပေါလောက” ၊ ရုပ်ရှင်ဇာတ်ကားတွေကို “ပေါကား”တွေ ဆိုပြီး နေ့စဉ် ရက်ဆက် ဝေဖန်ခံခဲ့ရပါတယ်။


တစ်ချို့က မြန်မာ့ရုပ်ရှင်လောကကို ဟောလိဝုဒ် ဘောလိဝုဒ်တို့နဲ့ အပြိုင် နာမည်ပေးလိုက်ပြန်တာက “ပေါလိဝုဒ်” တဲ့ ။ ဇာတ်ကားတွေကိုလည်း “ပေါကားတွေ ရပ်” ဆိုပြီး အပြင်းအထန် ဝေဖန်ခဲ့ကြ ဆန့်ကျင်ခဲ့ကြပါတယ်။

ဒီလို အပြင်းအထန်ဝေဖန် ဆန့်ကျင်ကြတော့ ရုပ်ရှင်လောကမှ ဒါရိုက်တာ၊ မင်းသား ၊ မင်းသမီးနဲ့ သရုပ်ဆောင် အချို့ကလည်း ဝေဖန်သူတွေကို တုံ့ပြန်ပြောဆိုကာ အပြစ်တင်ခဲ့ပါတယ်။

ဤသို့ နှစ်အတန်ကြာ ဝေဖန် အပြစ်တင်ခံနေရ သော်လည်း မြန်မာ့ ရုပ်ရှင်လောကမှာ အပြောင်းအလဲ တစ်စုံတစ်ရာ ကြီးကြီးမားမား မရှိလာဘဲ အများပြောသော “ပေါကား”များဖြင့် ငွေနောက် ကောက်ကောက် လိုက်ကာ ရိုက်နေမြဲ။ ရုပ်ရှင် ပရိတ်သတ်တွေကလည်း ဝေဖန်မြဲ။ ဝေဖန်ဆဲ။

ဤအခြေအနေမှာ မြန်မာ့ ရုပ်ရှင်လောကကို ကိုင်လှုပ်လိုက်သော ဇာတ်ကား နှစ်ကား ထူးထူးခြားခြား ဆက်တိုက် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကား နှစ်ကားကတော့ အားလုံးသိသော “ ဥပါယ်တံမျဉ် ” နဲ့    “ မုဒြာခေါ်သံ ” ဆိုသော ဇာတ်ကားနှစ်ကားပဲ ဖြစ်ပါတယ်။


ပိုပြီး ထူးခြားတာက ဥပါယ်တံမျဉ် ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာနဲ့ မင်းသားနဲ့ မုဒြာခေါ်သံ ဇာတ်ကားရဲ့ ဒါရိုက်တာနဲ့ မင်းသားက သီးခြားစီ မဟုတ်ပဲ အတူတူဖြစ်နေတာပင်။




ထို့ထက်ပို၍ ထူးခြားတာက ဒါရိုက်တာနဲ့ မင်းသားက လင်မယားဖြစ်နေခဲ့သည်။ ဒါရိုက်တာက ဇနီးသည် ဖြစ်ပြီး မင်းသားက ခင်ပွန်း ဖြစ်နေခြင်းပင်။ စိတ်တူကိုယ်တူလင်မယား နှစ်ယောက် ပိုက်ဆံရှိ၍ ဇာတ်ကား ထရိုက်ခြင်း မဟုတ်ပဲ ဝါသနာ အရင်းခံ၍ ရိုက်ကူး ပြုလုပ်လာခြင်းသည်ကိုကပင် ထူးပြီးရင်း ထူးခြား ရင်းပေ တကား။


သူတို့ ဇနီးမောင်နှံနှစ်ယောက်က ဇာတ်ကား (၂) ကားထဲဖြင့် ပရိတ်သတ် အခိုင်အမာရခဲ့သော မင်းသား ဇာဏ်ခီ နဲ့ သူ၏ ရှု့မငြီးတဲ့ ချစ်ဇနီး ဒါရိုက်တာ ခရစ္စတီးနား ခီ ဆိုတာ အထူးပြောစရာပင် လိုမည် မထင်ပေ။

မင်းသား ဇာဏ်ခီ ! ရုပ်ရည်ချောမောလွန်း၍ မဟုတ်။ ယောက်ျားပီသသော သာမာန် ရုပ်ရည်သာ ရှိသော် လည်း သရုပ်ဆောင် ကောင်းမွန်မှု ၊ အနုပညာ ဝမ်းစာ ပြည့်ဝမှုတို့ ကြောင့် ပရိတ်သတ် အခိုင်အမာ ရလာ သူ ဖြစ်သည်။

သူသည်ကား မိဘများ၏ စီးပွားရေးသမား ဖြစ်စေချင်သော ဆန္ဒကို ဆန့်ကျင်ကာ ဝါသနာအရ U.S မှ Music ပိုင်း ရုပ်ရှင်ပိုင်း နဲ့ ပတ်သက်သော Audio Engineering ပညာ သင်ယူလာ သူဖြစ်သည်။ သူ တက်မြောက်လာသော ဤပညာဖြင့် ဝါသနာနဲ့စေတနာ ပေါင်းစပ်ကာ ရုပ်ရှင်ရိုက်လာသူ တစ်ဦးဖြစ်သည်။




ဒါရိုက်တာ ခရစ္စတီးနား ခီ ! သူသည်လည်း သူ၏ ချစ်ခင်ပွန်း ဇာဏ်ခီ ၏ ပညာကို မှီခိုကာ ဒါရိုက်တာ ထလုပ်သူ မဟုတ်ပဲ အမေရိကန်မှာ စားသောက်ဆိုင် အလုပ် တစ်ဖက် နဲ့ ရုပ်ရှင်ပညာကို ကြိုးစားကာ သင်ယူပြီးမှ တတ်မြောက်လာခဲ့သူ ဖြစ်ပြီး ထိုတတ်မြောက်လာသော ပညာအစွမ်းကို ပထမဆုံး ရုံတင်သော ဇာတ်ကားဖြင့်ပင် ပရိတ်သတ် အခိုင်အမာ ရအောင် ချပြနိုင်ခဲ့သူ ဖြစ်သည်။






10 March 2018

ထရမ့် နဲ့ ကင်ဂျုံအန်



မေလထဲမှာ ထရမ့် နဲ့ ကင်ဂျုံအန် တို့တွေ့ဆုံကြပါလ
ိမ့်မယ် ။
ထရမ့် အတွက် ကင်ဂျုံအန်နဲ့ တွေ့ဆုံမှုဟာ အဆုံးစွန်သော အမြင့်ဆုံး စမ်းသပ်မှုတစ်ခုဖြစ်
တယ်လို့ဆိုကြတယ် ။

နှစ်ဘက် ကန့်သတ်လိုလားချက်တွေဟာ တစ်ဖက်နဲ့ တစ်ဖက်မလိုက်လျောနှိုင်တာတွေရှိမှာဖြစ်တဲ့အတွက်
ချက်ခြင်း ပြေလည်ဖို့မလွယ်လှပါဘူး၊

ကင်ဂျုံအန်အနေနဲ့ ထောက်လှမ်းရေး ဆိုင်ရာ အတွင်းသတင်း ကြီးကြီးမားမား ရ
ထားဟန်ရှိတယ်၊
Time strategy ကစားဖို့ ဖြစ်လာပါလိမ့်မယ်၊

နောက် သံသယတခုက...
ကင်ရဲ့သဘောထားဘာလို့ U turn ပြောင်းလဲသွားရတာလဲ ၊
May be not his real attitude.

သူ့ ICBM ကို လိုချင်တဲ့ အဆင့်ရောက်ဖို
့ လိုလာလိမ့်မယ် ။ အဲ့ဒီအဆင့်ရရင် Leverage ရော Bargaining power ရော အပြည့်နီးပါးလောက်ရမယ်ဆိုတာ ကြိုတွက်ထားပြီးလဲဖြစ်ပါလိမ့်မယ် ။

နောက်တစ်ချက်က
တောင်တရုတ်ပင်လယ် ကျွန်းတွေက
ိစ္စ... ထရမ့် ရဲ့အာရုံ ကို diversion ပေးလိုက်တဲ့ သဘောလဲပါနှိုင်နေတယ် ။

05 March 2018

မြန်မာ ဘာလဲ



၂၁ ရာစု စစ်ရေး အားပြိုင်မူ အားကြီးလာခြင်းနှင့် အတူ အမေရိကန် အပါအဝင် စူပါ ပါဝါကြီးများ အလေးထား စောင့်ကြည့် နေရသော နိုင်ငံသည် မြောက်ကိုရီးယား ပြီးလျှင် မြန်မာ ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံတော်သည် စစ်လက်နက်ပစ္စည်း အလှို့ဝှက်ဆုံး နိုင်ငံ အဖြစ် စိတ်အဝင်စား အခံရဆုံးဖြစ်သည်။ မြန်မာ တိတ်တစ်ဆိတ် စူပါ ပါဝါဖြစ်နေပြီလား ဟူသည့် မေးခွန်းအောက်တွင် ကမ္ဘာ့ နိုင်ငံကြီးများ အခြေနေ အမျိုးမျိုးဖြင့် အကဲစမ်းလာကြသည်။ ယခု ရခိုင် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ခ်ျ့ ကပင် နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းအစုံဖြင့် ကြည်းရေလေ စစ်ရေးပြ သွေးတိုးစမ်းလာ၏။

အရာရာ လျှို့ဝှက်တတ်လွန်းခြင်းသည် မြန်မာ ၏ ဗီဇ နိယာမဖြစ်သည်။ မလိုအပ်လျှင် ကြောင်လက်သည်း   ဝှက်သကဲ့သို့နေတတ်ခြင်းအား လျှော့တွက်၍ အပျော့ဟု တွက်လျှင် မှားသွားမည်ပင်။

ထိုအခြေအနေအား၂၀၁၇ တွင် စင်ကာပူ နိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ရေတပ်များ စစ်ရေးစွမ်းရည်ပြပွဲက သက်သေခံ သွား၏။

လက်ရှိ အခြေအနေတွင် တိုက်ခိုက်ရေး အထူးယာဉ် ဖရိးဂိတ် စစ်သင်္ဘောတည် ဆောက်နိုင်သောနိုင်ငံမှာအရှေ့တောင်အာရှ တွင် မြန်မာ တစ်နိုင်ငံသာရှိသေး၏။

ထိုစစ်ရေးပြ အခမ်းအနားတွင် ဆင်ဖြူရှင် ၏ ခြေမူန်းနိုင်မူစွမ်းအားကို တရုတ် ဂျပန် စသည့်နိုင်ငံကြီးများပင် ပါးစပ် အဟောင်းသား မှင်သက်မိသွားစေသည်။ 
ကမ္ဘာ့ ရေတပ် အဆင့်၂၀ ကျော်မှ ချက်ချင်း ၁၅ သို့ပြောင်းလဲ သတ်မှတ်လိုက်သည်။

စစ်ရေးအရ အရေးပါသော ကမ်းရိုးတန်းအား သဘာဝတရားက ပေးထားသည်။ ရေပြင် စိုးမိုးရေးကို အာရှတိုက်သာ မက တစ်ကမ္ဘာလုံးအား ပျူဟာမြောက်ထိန်းချုပ် စစ်ကစားနိုင်သော အခင်းအကျင်းဖြစ်သည်။
ထိုအနေအထားအား နားမလည်ပဲ အိပ်နေသော ကျားနူတ်ခမ်းမွှေး လာသပ်လျှင်ဖြင့် ဘင်္ဂလားဒေခ်ျ့ သည်အထိနာမည်ဖြစ်သည်။ 



28 February 2018

ပဲခူး ဘုရားဝင်းအတွင်းမှ ဘုရင့်နောင် ရုပ်တု လိပ်ပြာသိပ်ထားတယ်လို့ ထိုင်းများ ယုံကြည်ကြ

 



ပဲခူးမြို့မှာ ဘုရင့်နောင်မင်းတရားကြီး တည်ထားခဲ့သော ပဲခူးမြို့ရဲ့ တစ်ဆူတည်းသော ဘုရားဖြစ်တဲ့ ဆုတောင်းပြည့် စွယ်တော် ရှင်မဟာ စေတီတော်မြတ်ကြီးကို ဘုရင့်နောင်မင်းရဲ့ ရုပ်တုမှာ လိပ်ပြာ
သိပ်ထားတယ်လို့ ယုံကြည်ကြပြီး ထိုင်း ဧည့်သည်တွေ အများဆုံး လာရောက်ကြတယ်လို့သိရပါတယ် ။

ဘုရားဝန်း အတွင်းမှာ တည်ရှိတဲ့ ဘုရင့်နောင် ရုပ်တု ထဲကို ထိုင်းက လာပြီး လိပ်ပြာ သိပ်ထားတာ ဖြစ် တယ်လို့ ယုံကြည်ကြပါတယ်။

“ ထိုင်းဘုရင့် သမီးတော် ဆုပန်ကလျာ နဲ့ ဘုရင့်နောင် မင်းတရားကြီးရဲ့ ကြင်ယာဖြစ်ခဲ့ပြီးတော့ ထိုင်းနဲ့ပတ်သက်တာကတော့ အဓိက ဒီကို လာကြတယ် ။ ဘုရင့်နောင် ရဲ့ ကြင်ယာတော်ဖြစ်လို့လည်း ဒီကို ထိုင်းက လာကြတယ် ဒီဘုရားက ပဲခူးမှာ ဘုရင့်နောင် တည်ခဲ့တဲ့ တစ်ဆူတည်းသော ဘုရား ဒီရုပ်တုမှာ ဘုရင့်နောင်ရဲ့ လိပ်ပြာသိပ်ထားတယ်လို့ပြောကြတယ် ။


အဲ့ဒါကြောင့် ထိုင်းတွေပဲအများဆုံးလာကြတယ် “လို့ ဆုတောင်းပြည့်စွယ်တော် ရှင်မဟာ စေတီတော်မြတ်ကြီးက လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ ဦးကျော်သန်းဝင်းက ပြောပါတယ်။


 
 

သင့်ရဲ့ ဖုန်း ဘက်ထရီကို အမြန်ဆုံး အားကုန်စေမယ့် App များ



တစ်ကယ်တော့ ဖုန်းကို အားကုန်စေတဲ့ အချက်က ဖုန်းကို ဖွင့်ထားလို့၊ အလင်းဖြာနေရလို့၊ မီးဖွင့်ထားလို့၊ အင်တာနက် သုံးလို့၊ ကင်မရာ ရိုက်လို့ ဆိုတာတွေထက် ဖုန်းပိတ်ထားသည့်တိုင်အောင် လည်ပတ်နေတဲ့ Appတွေ၊ အင်တာနက် ဖွင့်သုံးမှ ရတဲ့ App တွေကြောင့် ဘက်ထရီ ကုန်မှု ပိုများပါတယ်။

အခု ပြောမယ့် App တွေက ဘက်ထရီ အားကုန် အမြန်စေဆုံးပါ၊ သင့်ဖုန်းမှာ ဒီ App တွေ သုံးနေရင်တော့ ဖြစ်နိုင်ရင် သုံးချိန်လျော့ပါ၊ မသုံးဖြစ်ရင် Uninstall လုပ်လိုက်ပါတော့။

(၁) Snapchat – ဒီ App သုံးသူတွေ အနေနဲ့ တစ်ခြား ဖုန်းသုံးသူတွေထက် ဘက်ထရီ အားကုန်မြန်ပါ လိမ့် မယ်။ လက်ရှိ နိုင်ငံတစ်ကာသုံး App တွေထဲမှာ ကမ္ဘာ့ လူသုံး အများဆုံး App တစ်ခု အဖြစ် ရပ် တည်နေတဲ့ Snapchatက ဘက်ထရီစား များလွန်းနေပါတယ်။

ဘယ်လို အကောင်းဆုံး သုံးမလဲ – Snapchat ရဲ့ စနစ်သစ် Travel Mode ချသုံးပါ။ သူက ပုံတွေ ဗီဒီယို တွေကို အလိုအလျောက် ရယူ ဖော်ပြနေခြင်း ကနေ ကာကွယ်ပေးနိုင်လို့ ဘက်ထရီစား သက်သာပါ လိမ့်မယ်။

(၂) BBC News – သတင်းတွေကို Update ဖြစ်အောင် ဖန်တီးထားတဲ့ အတွက် အခု App က ဘက်ထရီ အရမ်းစားပါတယ်။ သူနဲ့ အတူ NYTimes, NDTV, CNN နဲ့ အခြား သတင်း ဌာန App တွေကလည်း ဘက်ထရီ စားတာပါပဲ။

ဘယ်လို အကောင်းဆုံး သုံးမလဲ – အကောင်းဆုံး ကတော့ အခုလို သတင်းဌာနက App တွေ မသုံးပါနဲ့။ တစ်ကယ်လို့ သုံးမယ် ဆိုရင်တော့ App အနေနဲ့ မသုံးပဲ Chrome ကနေ တစ်ဆင့် BBC ကို ၀င်ကြည့်ပါ။ အတူတူပါပဲ။


21 February 2018

သြစတြေးလျနိုင်ငံမှာ အခြေချ နေထိုင်လိုပါသလား

 



သြစတြေးလျနိုင်ငံမှာ အခြေချနေထိုင်လိုပါသလား။ နည်းလမ်းတွေ တစ်ခုထက်မနည်း ရှိပါတယ်။

သြစတြေးလျနိုင်ငံကို အလည်လာလိုပါသလား၊ ဒါမှမဟုတ် အခြေချနေထိုင်လိုပါသလား။ နည်းလမ်းတွေ တစ်ခုထက်မနည်း ရှိပါတယ်။ အချုပ်အားဖြင့်တော့သြစတြေးလျနိုင်ငံကို လာရောက်ဖို့ အဓိက လမ်းကြောင်း ၂ ခု ရှိပါတယ်။
 
တစ်ခုကတော့ ယာယီ လာရောက်နေထိုင်ခြင်းဖြစ်ပြီး နောက်တစ်ခု ကတော့ အမြဲတမ်း ပြောင်းရွှေ့နေ ထိုင်ခြင်း ဖြစ်တယ်လို့ Kerrie Armstrong ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ အဓိက လမ်းကြောင်း ၂ ခုထဲမှာမှ သြစတြေးလျနိုင်ငံကို လာရောက်နိုင်တဲ့ လမ်းသွယ်လေးတွေ အများကြီး ရှိပါတယ်။
 
သြစတြးလျနိုင်ငံ အမျိုးသား တက္ကသိုလ်က လူဝင်မှုဆိုင်ရာ ဥပဒေပညာရှင် Marianne Dickie ရဲ့အဆို အရ သြစတြေးလျနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ဖို့ ကိစ္စဟာ အင်မတန် ရှုတ်ထွေးလွန်းတဲ့အတွက် အေးဂျင့်တွေ ဒါမှမဟုတ် လူဝင်မှုဆိုင်ရာ ရှေ့နေကို လူအများစုက ငှားရမ်းပြီး လုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။
ဖောင်ဖြည့်တတ်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပဲ ဘယ်ပုံ ဘယ်နည်း ဒါမှမဟုတ် ဘယ်ဗီဇာ အမျိုးအစားကို လျှောက်ရမလဲ ဆိုတာကို သိဖို့ လိုတယ်လို့ ပြောပါတယ်။
 
ဒါကြောင့်လည်း သြစတြေးလျနိုင်ငံမှာ လူဝင်မှုနဲ့ ပတ်သက်တဲ့ အေးဂျင့်ပေါင်း ၅၀၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ သြစတြေးလျကို ဝင်ရောက်ဖို့အတွက် ဘယ်ဗီဇာ အမျိုးအစားကို လျှောက်သင့်သလဲ ဆို တဲ့နေရာမှာ ရှုတ်ထွေးလွန်းသလို လူဝင်မှု ဥပဒေ ကလည်း အမျိုးမျိုး ပြောင်းလဲနေတဲ့အတွက် အခက် အခဲတွေ ဖြစ်နေရပါတယ်။ ဒါ့အပြင် အချိန်ကုန် ငွေကုန်ခံပြီး လုပ်ရတာလည်း ဖြစ်ပါတယ်။
 
ယာယီ လာရောက်နေထိုင်ခြင်း

ယာယီလာရောက်နေထိုင်ခြင်း အစီအစဉ်အောက်မှာ ပြည်ပကနေ ၃ လ ကနေ ၁ နှစ် အလည် လာ တာတွေ၊ နှစ်နဲ့ချီ ကျောင်းလာတက်တာတွေ၊ အလုပ် အတွက် ခေတ္တ ရွှေ့ပြောင်းလာတာတွေနဲ့ အလည် လာရင်းတစ်နှစ်လောက် အလုပ် လုပ်ခွင့်ရှိတဲ့ ဗီဇာတွေ ပါဝင်ပါတယ်။

သြစတြေးလျနိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် ရချင်ရင်တော့ အဲဒီအတွက် နှစ်နဲ့ချီစောင့်ပြီး လျှောက်ထားနိုင် သလို ဒုက္ခသည် အဖြစ် ဝင်ရောက်လိုရင်လည်း လျှောက်ထားနိုင်ပါတယ်။

အမြဲတမ်းနေထိုင်ခွင့် အစီအစဉ်အောက်မှာလည်း နည်းလမ်း အမျိုးမျိုး ရှိပြန်ပါတယ်။

ကျောင်းသား ဗီဇာ

ယာယီလာရောက်နေထိုင်ခြင်း အောက်မှာ ကျောင်းသားဗီဇာနဲ့လည်း နေထိုင်နိုင်ပါတယ်။ Chart of temporary visa holders. သြစတြေးလျနိုင်ငံမှာ မူလတန်းဘဝကနေ တက္ကသိုလ်အထိ ကျောင်းသား ဗီဇာနဲ့ ကျောင်းလာတက်နိုင်ပါတယ်။ကျောင်းသားဗီဇာမှာလည်း အမျိုးအစားကွဲပြားမှု ရှိပါတယ်။ Subclass 500 ဗီဇာအမျိုးအစားကတော့ သြစတြေးလျနိုင်ငံမှာ အချိန်ပြည့် ကျောင်းသားအနေနဲ့ ကျောင်းလာတက်ဖို့အတွက် လျှောက်ထားနိုင်ပါတယ်။

subclass 590 visa ကတော့ အသက် ၁၈ နှစ်အောက် ကျောင်းသားတွေအတွက် ဖြစ်ပြီး အဲဒီဗီဇာက ကျောင်းသား အပြင် အဲဒီကျောင်းသားကို အုပ်ထိန်းဖို့ အုပ်ထိန်းသူ တစ်ယောက်ကိုပါ ကျောင်းတက်နေ သမျှ ကာလပတ်လုံး သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ပေးတဲ့ ဗီဇာ အမျိုးအစား ဖြစ်ပါတယ်။ အုပ်ထိန်းသူ ကတော့ အနည်းဆုံး အသက် ၂၁ ရှိရမှာ ဖြစ်ပြီး မိဘ ဒါမှမဟုတ် အုပ်ထိန်းပိုင်ခွင့်ရှိသူ တစ်ဦးဦး ဖြစ်ရမှာ ဖြစ်ပါတယ်။