27 September 2018
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် ပတ်သက်၍ ပြောကြားချက်
သမ္မတထရန့် ၏ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှ မြန်မာ ပရိတ်သတ်ကြီး အကြိုက်တွေ့ဖွယ် ပြောကြားချက်များ ၊
လူ့အခွင့်အရေးကောင်စီဟာ ကုလသမဂ္ဂကြီး တစ်ခုလုံးကို အရှက်ရအောင် လုပ်နေတယ်လို့ ကျွန်တော် မနှစ် ကလည်း ကုလသမဂ္ဂကြီးကို သတိပေးခဲ့ဖူးပါတယ်။ လူ့အခွင့်အရေးကောင်စီဟာ တစ်ကယ် လူ့အခွင့် အရေး ချိုးဖောက်နေတဲ့သူတွေကိုတော့ အကာအကွယ်ပေးထားပြီး ကျွန်တော်တို့ အမေရိကန်နဲ့ မိတ်ဆွေ နိုင်ငံတွေကိုတော့ လာလာ ပုတ်ခတ်နေပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီ က လူ့အခွင့်အရေးကောင်စီ ကို ပြုပြင် ပြောင်း လဲဖို့ အတွက် ကုလအနေနဲ့ ဘာတွေဘာတွေ လုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြ ပေး ထားပြီး သားဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာမှဖြစ်မလာသေးပါ။ ဘာမှလဲ မပြောင်း လဲသွားသေးပါ။ အဲ့တော့ အမေရိကန်ကပဲ တာဝန်ယူပြီး စလုပ်ရပါတော့မယ်။ ကျွန်တော်တို့ နိုင်ငံသည် လူ့အခွင့်အရေးကောင်စီ ကနေ နှုတ်ထွက်ပါတယ်။ ခင်ဗျားတို့ အချိုးတွေပြင်ပါ။ အချိုးတွေ မပြင်မချင်း ကျွန်တော်တို့ ပြန်မလာပါ။
အိုင်စီစီ နှင့် ပတ်သက်၍ ပြောကြားချက်
အမေရိကန်သည် အိုင်စီစီ ကို လုံးဝ အသိအမှတ်မပြုပါ။ အိုင်စီစီ တွင် တရားစီရင်ခွင့် မရှိပါ၊ တရားဝင်မှုမရှိပါ၊ လုပ်ပိုင်ခွင့်လည်း မရှိပါ။ အိုင်စီစီ ဟာ နိုင်ငံတိုင်းက နိုင်ငံသားတိုင်းအပေါ်ကို အလုံးစုံတရားစီရင်ခွင့် Universal Jurisdiction လောက်နီးနီးရဖို့ တောင်းဆိုနေပါတယ်၊ တရားမျှတမှုကို ချိုးဖောက်နေပါတယ်၊
29 August 2018
အစိုးရ ဆုံးဖြတ်ချက်မှားရင် နှစ်နာရမှာက ပြည်သူတွေပါ
ဆင်ကန်း တောတိုး မျက်ကန်း တစ္ဆေ မကြောက်ပါ
အစိုးရ ဆုံးဖြတ်ချက်မှားရင် နှစ်နာရမှာက ပြည်သူတွေပါ
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းပြောသွားတာကို ကျွန်တော်နားလည်တာကတော့၊ အစိုးရမှာ နိုင်ငံခြားငွေ(USD) တွေမရှိတော့ဘူး၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB) နဲ့မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်(MICB) မှာ အပ်ထားတဲ့ပြည်သူတွေရဲ့ အကောင့်တွေထဲမှာ ရှိနေတဲ့ (USD) တွေကို ပုဂ္ဂလိက ဘဏ်လုပ်ငန်းနဲ့လုပ်ငန်းရှင်တွေကိုမြန်မာငွေတွေ အပေါင်ထားခိုင်းပြီး အတိုးနဲ့ ထုတ်ချေးပါမယ်။
(MFTB) နဲ့(MICB) ဘဏ်တွေမှာ အပ်ထားတဲ့ (USD) တွေကို ချေးတဲ့အခါမှာလဲ ငွေလဲနုန်းကို မပြောင်း လဲပဲ (Fixed့rate) နဲ့ သတ်မှတ်ထားပြီး အချိန်အကန့်အသတ် တစ်ခုအတွင်းမှာ မှုလငွေလဲလှယ်နုန်း အတိုင်းပဲ အတိုးနဲ့ အရင်းပေါင်းပြီး ပြန်ဆပ်ရမယ်လို့ အဓိပ္ပါယ်ရပါတယ်။ဒီလိုဆိုရင်ရေရှည်မှာ ဘာတွေ ဖြစ်လာနိုင်မလဲ........ ? ။
ဥပမာ တစ်ခုပေးမယ်ဗျာ။ အစိုးရက လုပ်ငန်းရှင်တစ်ယောက်ကို (September့2018) မှာဒေါ်လာ တစ်သောင်း ထုတ်ချေးမယ် ဆိုကြပါစို့။ အတိုးကတော့ တစ်နှစ်မှာ (၂) ကျပ်တိုး (2%APR) ဆိုကြပါစို့။ထုတ်ချေးတဲ့အချိန်မှာငွေလဲနုန်းက (1USD=1500Kyats) နဲ့ သဘောတူထားကြပြီး၊ပြန်ဆပ်တဲ့ အခါမှာလဲ ဒီနုန်းအတိုင်းပဲ မပြောင်းလဲရဘူးလို့ သဘောတူထားကြရမယ်ဆိုကြပါစို့ ။
ဒီလိုဆိုတော့ လုပ်ငန်းရှင်တစ်ယောက်ဟာ အဲဒီ(USD$10,000) တစ်သောင်းကိုထုတ်ချေးသွားပြီးမြန်မာငွေသိန်း (၁၅၀)ကျပ်ကိုအစိုးရဆီမှာ အပေါင်ထားခဲ့မယ် ဆိုကြပါစို့။
တစ်နှစ်ပြည်လို့(September့2019) ကြရင် လုပ်ငန်းရှင်ကအဲဒီ( USD$10,000 ) ကိုပြန်ဆပ်ရမယ်၊ပြီးရင်အစိုးရဆီမှာ မိမိအပေါင်တင်ထားခဲ့တဲ့မြန်မာငွေသိန်း (၁၅၀) ကျပ်ကိုပြန်ထုတ်ယူရမယ် ဆိုကြပါစို့။
တစ်နှစ်ပြည်လို့(September့2019) ကြရင် လုပ်ငန်းရှင်ကအဲဒီ( USD$10,000 ) ကိုပြန်ဆပ်ရမယ်၊ပြီးရင်အစိုးရဆီမှာ မိမိအပေါင်တင်ထားခဲ့တဲ့မြန်မာငွေသိန်း (၁၅၀) ကျပ်ကိုပြန်ထုတ်ယူရမယ် ဆိုကြပါစို့။
တစ်ကယ်လို့ သူယူထားတဲ့(USD$10,000)ကိုပြန်လာမဆပ်ရင်တော့ အစိုးရက သူအပေါင် တင်ထားတဲ့မြန်မာ ကျပ်ငွေသိန်း(၁၅၀) ကိုသိမ်းယူလိုက်မယ် ဆိုပါစို့ ဒါဆိုရင် ဘာတွေဖြစ်ဦးမလဲလို့ကြည့်ကြ ရအောင်ဗျာ။
14 August 2018
မြန်မာ ဟူသည်
မြန်မာ ဆိုတာ ဘာမှန်းတောင် မသိတဲ့ သူတွေကြောင့် ပြန်တင်ပါသည်။
မြန်မာ ဟူသည် . . . . .
မြန်မာ လူမျိုးတွေဟာ မြန်မာ ဆိုတဲ့ အမည်နာမကို ဘယ်အချိန်က ခံယူခဲ့ပြီး ဘယ်သူတွေက အသိ အမှတ်ပြု ခေါ်ဝေါ်ခဲ့ကြပါသလဲ . . . ?
မြန်မာ ဆိုတဲ့ ဝေါဟာရဟာ မြန်မာ လူမျိုးတွေရဲ့ စရိုက်သဘာဝ ဝိသေသ လက္ခဏာကို ဖော်ပြတဲ့ဝေါဟာရ ဟုတ် မဟုတ် သိရှိဖို့ အဲဒီဝေါဟာရ ရဲ့ အရင်းအမြစ်နဲ့ ဘယ်အကြောင်းတွေကြောင့် မြန်မာ လူမျိုးဆိုပြီး ဖြစ်ပေါ်လာရတယ် ဆိုတာကို _
မြန်မာ ဆိုတဲ့ ဝေါဟာရကို အဦးအစ အစောဆုံး အမှတ်အသား အနေနဲ့ တွေ့ရှိရတာ ကတော့ သက္ကရာဇ် ၄၅၂ ပုဂံခေတ် ခရစ်နှစ် ( AD 1190 ) ပြည့်နှစ် အမတ်ကြီး သိင်္ဃသူ ရေးထိုးခဲ့တဲ့ ပုဂံမြို့တောင်ဂူနီ ကျောက်စာ မှာ စတင်တွေ့ရှိရတယ်လို့ သုတေသီ တို့က ဆိုပါတယ် ။
အဲဒီ ကျောက်စာမှာ မြန်မာ ဆိုတဲ့ ဝေါဟာရကို အထင်အရှား ရေးထိုး ထားတာကို အခုထိ ပုဂံမြို့ ယဉ်ကျေးမှု ပြတိုက် အတွင်းမှာ တွေ့နိုင်ပါတယ် ။
အဲဒီကျောက်စာ သက္ကရာဇ်ထက် နှစ် ၉၀ လောက် စောတဲ့ ကျန်စစ်သား မင်းကြီးရဲ့ နန်းတည် မွန်ကျောက်စာ ( AD 1102 ) မှာ မြန်မာ ကို "မိရမာ" လို့ ရေးထိုးထားလို့ ( AD 1342 ) မှာ ရေးထိုးခဲ့တဲ့မြန်မာကျောက်စာမှာ "မြံမာ" လို့ ရေးထိုးထားတာကို တွေ့ရပြီး နောက်ပိုင်း ကျောက်စာတွေနဲ့ မှင်စာတွေမှာတော့ မြံမာ ၊ မြန်မာ ( ဒါမှမဟုတ် ) မြမ္မာ လို့ ရေးထိုးလာကြတာကို တွေ့ရပါတယ် ။
မြန်မာ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ရှေး တရုတ် ရာဇဝင်မှတ်တမ်းတွေမှာ ရှေးအခါတုန်းက မြန်မာနိုင်ငံကို စောပိုး လို့ ခေါ်ဆိုကြကြောင်း ၊
တရုတ် ဟန်မင်းများ လက်ထက် ( BC 202 မှ AD 263 ) မှာ မြန်မာနိုင်ငံကို ဘန် လို့ ခေါ်ဆိုပြီး ၊
တရုတ်တန်မင်းများ လက်ထက် ( AD 618 - 907 ) မှာ မြန်မာနိုင်ငံကိုပိယော ( ပျူ ) လို့ ခေါ်ဆိုခဲ့ကြကြောင်း ၊
ဆွန်မင်းများ လက်ထက် ( AD 960 ) ခန့်မှာ မိယင် လို့ ခေါ်ဆိုခဲ့ကြကြောင်း ၊ အဲဒီ မင်းတွေ လက်ထက်က မိယင် ( ပျူ ) တွေဟာ တရုတ် တို့နဲ့ ဆက်ဆံ ကူးသန်း သွားလာမှုတွေ စတင် ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ် ။
14 June 2018
ယုံကြည်မှု သဒ္ဓါတရား
နဂါးဒေါ်ဦး ဆိုတာ ဖဆပလခေတ် နဲ့ မဆလခေတ် အစောပိုင်းလောက်မှာ လျှမ်းလျှမ်းတောက် လုပ်ငန်းရှင် ၊ ကျိကျိတက် သူဌေး ။ အဆင်းရော အချင်းရော ရှိသူ ၊ ပြီးတော့ ဆရာမကြီး လူထုဒေါ်အမာရဲ့ အစ်မ အရင်း ။ နဂါးဆေးလိပ် နဲ့ ကြီးပွား ချမ်းသာခဲ့သူပါ ။
သူ့ အလှူတွေ ဗမာပြည်မှာ တော်တော်များတယ် ။ ပုပ္ပါး၊ စစ်ကိုင်းတောင်ရိုး တို့မှာ သူ့ကောင်းမှုတွေ မြင်ခဲ့ ဖူးပါတယ် ။ လူကိုယ်တိုင်တော့ မမြင်ဖူးဘူး ။ ဘယ်မြင်ဖူးမလဲ ၊ သူလို ကုဋေကြွယ် လုပ်ငန်းရှင် သူဌေးမကြီး အနား သာမန်တောသား ကပ်နှိုင်တာမှတ်လို့ ။
မန်းလေး သင်္ကြန် နဂါး မဏ္ဍပ် နာမည်ကြီးတယ် ၊ အဲဒီမှာ သူ့ မြင်ကောင်း မြင်နှိုင်တယ် ဆိုပေမယ့် မန်း သင်္ကြန်ကို ဟိုခေတ်က ဘတ်စ်ကား အခက်အခဲကြောင့် မရောက်ဖူးခဲ့ပါဘူး ။ တစ်ခေါက်တစ်လေ ရောက်ဖူးပြန်တော့လည်း အပေါင်းအသင်း ဧည့်သည်တွေနဲ့ မူးနေတာနဲ့ပဲ ရောက်သင့်တဲ့နေရာတွေ မရောက်ခဲ့ပြန်ပါဘူး ။
တွေ့မယ့်တွေ့တော့ ၈၄ လမ်း နဂါးတိုက်ပေါ်မှာပဲ အနီးကပ် တွေ့ရတာပါ ။ ကိုယ့် ကုသိုလ်ကံ ယုံတောင် မယုံဘူး ။ ဗမာပြည်မှာ ဒီလောက် နာမည်ကြီးတဲ့ သူဋ္ဌေးမကြီးနဲ့ အနီးကပ် စကားပြောခွင့် ရလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ပါဘူး ။
ဒါပေမယ့် ကံဆိုးချင်တော့ နဂါးဒေါ်ဦး နဲ့ တွေ့ဆုံခွင့်ရချိန်မှာ သူဟာ ဇရာကြောင့် သူငယ်ပြန်နေပါပြီ ။ ( ဆေးအခေါ် အယ်လ်ဇိုင်းမား ရောဂါ ထင်တယ် ။ ) နဂါးတိုက် ရောက်ရခြင်း အကြောင်းကလည်း အဲသည်မှာ အလည်ရောက်နေတဲ့ စစ်ကိုင်းတောင်ရိုးက သီလရှင် ဆရာကြီး ၂ ပါး သွားပင့်တာပါ ။ အကျွေးအမွေး တစ်ခုအတွက် ချက်ပြုတ်ပေးဖို့ ဆရာကြီး ၂ ပါးကို အကူအညီ တောင်းထားတယ် ။ ( အလှူရှင်က အစ်မ ) ။
10 June 2018
နိမိတ် နောက် နမာ လိုက်
မွဲ ၊ သေ ၊ ကြမ္မာငင် .. စတဲ့ ကြိယာတွေကို အရမ်းကာရော မသုံးဖို့ ရှေးလူကြီးတွေ သတိပေးလေ့ရှိတယ် ။ နိမိတ်မရှိလို့ တဲ့ ။ ငါ သေချ င်တယ် ၊ မသေသေးဘူးလား ၊ မွဲတော့မှာပဲ ၊ မွဲနေပြီ ၊ မွဲကိန်းဆိုက်ပြီ .. အဲဒီလိုမျိုး စကားတွေ ၊ ဝါကျ တွေ ပြောမိ သုံးမိရင် မကြာခင် အဖြစ်ဆိုးတွေ ကြုံ ရတတ်တာလည်း တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်လောက်ဘူး ။
ဂီတမှာ တစ်ချို့ သီချ င်းစာသားတွေ ၊ သီချ င်း အမည်တွေဟာ ရှောင်နှိုင်ရင် ကောင်းပါတယ် ။
ငယ်စဉ်က တွံတေးသိန်းတန်ရဲ့ ......
× × မိုးရွာရင် × ကြမ္မာငင်တော့မယ်လို့ × မထင်နဲ့လေ မိုးရယ် × ×
အဲ့ဒီ တေးတ စ်ပိုဒ် အော်ဟစ် ညည်းမိလို့ ကုန်သည် ဈေးသည် မိခင်ရဲ့ မရိုက်စဖူး အရိုက်အနှက် ခံခဲ့ရ ဖူးပါတယ် ။ တွံတေးသိန်းတန် ကိုယ်တိုင်လည်း လောကဓံ အနိမ့်အမြင့် ရင်ဆိုင်ခဲ့ရပါတယ် ။
ကမ္ဘာကျာ် အဆိုတော် မိုက်ကယ်ဂျက်ဆင် ဘဝနေဝင်ချိ န် မတိုင်မီက Bad ; Dangerous ဆိုတဲ့ သီချ င်းတွေ ( သို့မဟုတ် ) စီးရီးတွေ ထုတ်ဝေဖူးတယ် ။ နိမိတ်မရှိတဲ့ သီချ င်း ၂ ပုဒ် ၊ ၃ ပုဒ်ဟာ မကြာခင် သူဘာဖြစ်တော့မယ်ဆိုတာ သဲလွန်စ ပေးနေသလိုပါ ။
မြန်မာသံတေးတွေ တစ်ခေတ်ဆန်းလိုက်တဲ့ အဆိုတော် မင်းအောင်ဟာ စ, ဝင်လာကတည်းက ` မင်း သားလေးလို လွမ်းပြမယ် ´ တဲ့ ။ အလွမ်း စကားလုံးပါတယ် ။ သူကွယ်လွန်ကာနီး ထုတ်ဝေခဲ့တဲ့ သီချ င်း တစ်ပုဒ် အမည်က " ရန်ကုန်သူ လွမ်းမှာစိုးတယ် " တဲ့ ။ စာသားတွေက ...
× × ရန်ကုန်သူရေ × လွမ်းလို့ကျ န် × လွမ်းလို့ကျ န် × × တဲ့ ။
ရှိသေးတယ် ၊ × × ငါသေရင် ငါ့ရဲ့နံဘေးမှာ × ဂစ်တာရယ် × တိပ်ခွေလေးရယ် × စတီရီယို ကက်ဆက်တစ်လုံးရယ် × တမလွန်အထိ ယူသွားရမယ် × × တဲ့ ။တစ်မျိုးကြီးပဲ ။
ခင်ဝမ်းက `` နှုတ်ဆက်ခဲ့ပါတယ် ´´ တဲ့ ။
စာသားက ..
× × နှုတ်ဆက် ခဲ့ပါတယ် × ကျွန်တော် သွားတော့မယ် × လမ်းရဲ့ သယ်ဆောင်ရာ × ဟိုအဝေးကို × အဝေးကို × ×
ပြည်မှာဆောင်း သီချ င်းမှာလည်း ..
× × အနေဝေး × ( ရေဝေး ) မှာ ဆုံးရှုံးသွားရတော့မယ့် × ပြည်မှာဆောင်း × × တဲ့ ။
( သူ ကွယ်လွန်တော့ ရေဝေး သုဿ န်မှာ မြု ပ်နှံခဲ့ရတယ် ထင်တယ် ။ ) ဆိုင် မဆိုင်တော့ မသိ ၊
ဆရာမြို့မငြိမ်းရဲ့ ` တိမ်လွှာမို့မို့လွင် ´ ကို နိမိတ်မကောင်းဘူးလို့ ယူဆလို့ အဖွဲ့သားတွေက သည်တေး လက်ရှောင်တယ်တဲ့ ။
ဒါတွေ အယုံအကြည်မရှိတဲ့ ဦးဝင်းဦးက ပြန်လည်ဖေါ်ထုတ်တယ် ။ ဦးဝင်းဦးလည်း ဘာ့ကြောင့်ရယ် မသိ ၊ အကြွေစောခဲ့ရှာတယ် ။
27 May 2018
မြန်မာတို့ အရာရာ နေ၀င်ချိန်ရောက်ပြီလား ?
မြန်မာ့အရေးကို တွေးလိုက်မြင်လိုက်ရင်.. အရာရာနေ၀င်ချိန်မှာ မြင်နေရပြီလားလို့တွေးရင်း သက်ပြင်း ချရတယ်။
စီးပွားရေးလား ?...
..ဒေတာ အလွဲတွေနဲ့ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်အထိ အလိမ်တွေရောက်သွားအောင်လုပ်နေကြမှတော့..န
...ဘူးလက်ကြီးကလည်း ရေးတယ် ။ င
ဥပမာပြောရရင် ၊မြိ
ဒါ
ဘာလဲ အဂတိလား? ... အာဆီယံနိုင်ငံ အားလုံး အဂတိ ကင်းတာ တစ်
သ
ဒီတော့ အဂ
အာဆီယံနိုင်ငံတွေ ဒီစနစ
ဥပမာ .. ရန်ကုန် စီးတီးပရောဂျက
ဒီတော့ စီးပ
22 May 2018
A နောက်ပိတ်တွေရဲ့ အထာ - (၂) / (၃)
A နောက်ပိတ်တွေရဲ့ အထာ - (၂)
USA (A နောက်ပိတ်) မှာဘယ်ပါတီက သမ္မတ တက်တက် သူ့နိုင်ငံ အကျိုးစီးပွားအတွက်သူအမြဲ လုပ်တာပါပဲ ။ ခရစ်ယန်ရယ်၊ မွတ်စလင်ရယ်၊ မွတ်စလင်မှာမှ ရှီအိုက်ရယ် ဆွန်နီရယ် ဘာမှခွဲခြားနေတာ မဟုတ်ပါဘူး ။
ဒေသန္တရ စစ်ပွဲတွေ ဖန်တည်း စစ်မီးတွေမွှေး စစ်ဖြစ်တဲ့နိုင်ငံတွေကို မျိုးဆက် တစ်ဆက် နှစ်ဆက် နောက်ကျတဲ့ လက်နက်တွေ၊ လေယာဉ်တွေ၊ ဂြိုလ်တုတွေကို တရားဝင်ရော တရားမဝင်ပါ ရောင်းချ စီးပွားဖြစ်ဘို့လုပ်နေတာပါပဲ ။
ပွဲဖြစ်ဘို့တော့ စုပြုံသေ လက်နက်ရှိလို့၊ ဓာတုလက်နက်သုံးလို့ တို့၊ လူ့အခွင့်အရေး ချိုးဖောက်လို့၊
လူမျိုးတုန်း သတ်ဖြတ်လို့၊ စစ်အာဏာရှင်စနစ်မို့လို့တို့၊ ဒီမိုကရေစီထွန်းကားဘို့၊ လစ်ဗရယ်ဝါဒ သွတ်သွင်းဘို့တို့ စတဲ့ အကြောင်းပြချက်တွေကို လူကြားကောင်းအောင်အသံကောင်းဟစ်၊ ကုလသမဂ္ဂကို ရှေ့ကထား လူမိုက်ငှားတဲ့အခါ ငှား၊ ကုလသမဂ္ဂကိုဘေးချိတ်ြပီး ထင်ရာလုပ်တဲ့အခါ လုပ်နဲ့၊ သူ့နိုင်ငံ စီးပွားဖြစ်ဘို့၊ သူ့နိုင်ငံ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဘို့ ဖွံ့ဖြိုးဘို့ရာ၊ တစ်ကမ္ဘာလုံးက ဘယ်နိုင်ငံ ဘယ်လူမျိုးအပေါ် မဆို မထောက်မညှာ လုပ်နေတာပါပဲ ။
Might is right.ဆိုတဲ့မူနဲ့ ထာဝရ Mighty ဖြစ်နေဘို့ ကြိုးစားနေတာပါ၊ လတ်တလော သူ့အမျိုးသား အကျိုးစီးပွားအတွက် China containment ဗျူဟာကို ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံက ပထဝီ အနေအထား အရ ရွေးချယ်ခံသားကောင်ဖြစ်လေတော့အနောက်ဘက်နယ်စပ် တစ်လျှောက်မှာ
Proxy war ဖြစ်ပေါ်လာဘို့၊ ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်ဘို့၊ အားကောင်းတဲ့ Institution နှစ်ခုဖြစ်တဲ့
တပ်မတော်နဲ့ သံဃာ အဖွဲ့အစည်းတွေ အင်အား ချည့်နဲ့ပြိုကွဲဘို့ရာ ဆိုရော့စ်လို လူကို အသုံးချပြီး
နည်းမျိုးစုံကြိုးစားလာတော့တာပါ ။
ကမ္ဘာ့ ဘယ်နေရာမှာ စစ်ဖြစ်ဖြစ် လက်နက်ရောင်းရင်စီးပွားဖြစ်လေတော့ စစ်ပွဲ အသစ်တွေ ဖန်တည်း နေတာမှာ ဘကုန်းနဲ့မြန်မာ စစ်ဖြစ်ရင် လက်နက်လည်းရောင်းရ တရုတ်ကြီး နှာခေါင်းပေါက်လည်း
ပိတ်ပြီးသားဖြစ်၊ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်မိမယ့် အကွက်ပါ ။
လက်နက်ရောင်းပြန်တော့လည်း အဟောင်းအမြင်းတွေကို ဈေးအဆမတန် တင် အချဉ်ဖောက်ရောင်း တာပါ ။
ခုတောင် OIC အထောက်အပံ့နဲ့ ဘကုန်းအတွက်ဂြိုလ်တု တစ်လုံး ဈေးဦးပေါက်ရောင်းပြီးသွားပါပြီ ။
မြန်မာနဲ့ စစ်ဖြစ်ရင်သုံးဘို့ ရည်ရွယ်တဲ့ ထောက်လှမ်းရေးဂြိုလ်တုပါ ။ စစ်များဖြစ်ခဲ့ရင် ဘကုန်း အတွက်လက်နက်တွေ ဝယ်ဘို့ ဝိုင်းပေးကြမဲ့OIC က ဒေါ်လာတွေ ဘီလီယံနဲ့ချီပြီးရအုံးမှာပါ ။
15 May 2018
A နောက်ပိတ်တို့ရဲ့အထာ
မြန်မာပြည်မှာ ဘယ်အစိုးရ တက်တက် China (A နောက်ပိတ်) က သူ့ကို မလှန်နိုင်အောင်၊ အနည်းဆုံး သူ့ရဲ့မိတ်ဆွေအဖြစ် ရှိနေအောင် လုပ်နေမှာပဲ ။
ကြိုက်ကြိုက် မကြိုက်ကြိုက် မီးစ တစ်ဘက် ရေမှုတ် တစ်ဘက် ပေါ်လစီနဲ့ သွားနေမှာပဲ၊ ဒီအတွက် အရှေ့ခြမ်းမှာ (ဟိုတုန်းက) ဗကပ အပါအဝင်၊ တိုင်းရင်းသား လက်နက်ကိုင်တွေကို အမျိုးစုံအောင် ဖွဲ့ပေး ထောက်ပံ့ပေး အကာအကွယ်ပေးနေခဲ့တာပါ ။
ကွန်မြူနစ်ဝါဒကိုexport မလုပ်တော့ဘဲ သူ့တိုင်းပြည် တိုးတက်ချမ်းသာဘို့ ဆုံးဖြတ်ခဲ့တာရယ်၊
အနောက်ဘက်ကို တွန်းပို့သလို ဖြစ်မှာစိုးတာရယ်ကြောင့်၊ နောက်ပိုင်းမှာ ဗကပ တပ်တွေ ချုပ်ငြိမ်းသွား ခြဲ့ပီး၊ ကွန်မြူနစ်စစ်သားအိုကြီးတွေ တရုတ်ပြည်ထဲမှာပဲ ခေါင်းချသွားခဲ့ကြရတယ် ။
ပြည်တွင်းမှာတော့ UG အိုတွေက ကိုယ်ရှိန်သတ်သူသတ်၊ ဆိုရှယ် အရေခြုံသူ ခြုံ၊ နိုင်ငံရေးကျောခိုင်း
သူခိုင်း၊ ကျောခိုင်းသယောင်ဆောင်သူဆောင်ပေါ့ ။
ဒါပေမဲ့ကွန်မြူနစ်ဆိုတဲ့ အမျိုးက ပေါင်းမြက်တွေလိုပဲ၊ မိုးခေါင် ရေငတ် အာဟာရပြတ်ရင် ညှိုးနွမ်း ချောက်သွေ့ ပျောက်ကွယ် မျိုးတုန်းသွားသလား ထင်ရပေမဲ့ မိုးကလေး ရွာတာနဲ့ ခေါင်းထောင် စိမ်းလန်း လာတော့တာ ။
ဒီတော့ တရုတ်ကျောထောက်နောက်ခံ မရတော့တဲ့ကာလမှာ မရှိတော့ဘူးလို့ ထင်ရလောက်အောင်
ကိုယ်ရောင်ဖျောက်ထားခဲ့ကြပြီး ရရာနေရာမှာ စိမ့်ဝင် ထိုးဖောက်လို့ အားမွေးနေခဲ့ကြတာပါ ။
ထားပါတော့ ၊ပြောချင်တာက တရုတ်အကြောင်းပါ ။
တရုတ်ဟာ ဗကပကို အားပေးအားမြှောက် မလုပ်တော့ဘူးလို့ မူဝါဒပြောင်းလိုက်တာနဲ့၊ ဗကပ ရဲ့စစ်ရေး တည်ရှိမှု ပပျောက်အောင် တပ်မတော်က အမြစ်ပြတ်ချေမှုန်းလို့ ရသွားခဲ့တာကိုပြောချင်တာပါ ။
ဒါပေမဲ့မြန်မာ အစိုးရကိုနိုင်ဖဲ ကိုင်ထားနိုင်ဘို့ သူပုန် အမယ်သစ်တွေ မွေးထုတ်၊ သူပုန် အဟောင်းတွေကို မြေတောင်မြှောက် ထိန်းချုပ်ထားပြီး လိုအပ်တဲ့ အချိန်တိုင်းမှာ ကန့်သတ် တိုက်ပွဲတွေဖန်တီး၊ အစိုးရကို စစ်ရေးအရ ဖိအားပေး ထိန်းချုပ်ထားကာ၊ သူပုန်တွေကိုတော့ ငွေ လက်နက် နယ်မြေ ခိုလှုံခွင့်တွေပေးလို့
လက်ကိုင်တုတ်အဖြစ်အသုံးချနေတာပါ ။
03 May 2018
မျိုးဆက်သစ်တွေ အတွက် ပေးခဲ့ချင်သော ကား ဗဟုသုတ အပိုင်းအစလေးများ
မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့် တော့ မမှားနိုင်တော့ပါ ။
၁။ ကားကို ကြည့်မယ်ဆိုရင် အလင်းရောင် ကောင်းကောင်း ရရှိပြီး အရိပ်အောက် သက်တောင့်သက်သာ ကြည့်နိုင်သော နေရာဖြစ်ရမည်ဖြစ်ပြီး နေ့လည်ခင်း နေပူအောက်ကြည့်ရှုခြင်း ရှောင်ပါ။
အပူဒဏ် ပြင်းထန်လွန်းသဖြင့် ကားကြည့်ရှုသောအခါတွင် သက်တောင့်သက်သာ မဖြစ်လို့ စစ်ရမှာတွေ ကျန်ခဲ့တက်ပါတယ်။ အပူဒဏ်သက်သာအောင် ဆိုပြီး ညနေဘက်နဲ့ မိုးချူပ်ပိုင်းတော့ ကားကြည့်ဖို့ မလုပ်ကြပါနဲ့နော် သဘောပေါက်ပါ ရေထဲ ပိုက်ဆံ လွင့်ပြစ်လိုက်ရင်တောင် အသံမြည်ဦးမှာပါ။
၂။ ကားကိုတွေ့တာနဲ့ ကား ထိုင်ခုံခါးပတ်ကို ဆွဲထုတ်လိုက်ပါ ။ ခါးပါတ်ခေါင်းတွေမှာ ထုတ်တဲ့ ခုနှစ်တွေ အတိအကျ ရေးထားပါတယ် ဖြဲထားတာမျိုး ၊ ကတ်ကြေးနဲ့ ဖြတ်ထားတာမျိုး မဖြစ်ရပါဘူး ။ ကြည့်တာနဲ့ တွေ့ရပါမယ်။ ကားပိုင်ရှင် ပါးစပ်က ဘယ်နှစ်ခုနှစ်ပါ လို့ အမြုတ်ထွက်အောင်ပြောနေလဲ ကျွန်တော် တို့ မျက်စိရယ် ဦးနှောက်ရယ်နဲ့ဘဲ အလုပ် လုပ်ကြရမှာဖြစ်လို့ ကျန်တာတွေ ခဏ မေ့လိုက်ပါ။
၃။ ကားကို စက်နှိုးပါ ပြီးတာနဲ့ အဲကွန်း ဖွင့်လိုက်ပါ စက်သံသည် ဆူညံ ကျယ်လောင် တာမျိုးကို တော့ခွဲတတ်ပါစေ ပြီးလျှင် အဲကွန်းလေ အေး မအေး စစ်ပါ။
၎။ ကား အစီးတိုင်းမှာ Wheel Tax ပါပါတယ် ။ ပါတဲ့ Wheel Tax ဖရိန်နံပါတ်နဲ့ ကားမှာ တစ်ကယ်ပါ သော နံပါတ် တူညီမှု ရှိမရှိ အရင် စစ်ပါကားမှာ တပ်ထားသော ဖရိန် chassis နေရာသည်လည်း သန့်ရှင်း သပ်ရပ်နေရပါမည် ။ ဖြတ်ဆက် ဆိုလျှင် ကားဝယ်ပြီးတာနဲ့ ဆုံးသွားပါလိမ့်မည် ။ ကညန သိမ်းပါလိမ့်မည်။
၅။ ပြီးရင် ကားရှေ့ဘက်ပိုင်း ကားနောက်ဖက်ပိုင်း မီးခွက်နေရာတွေ စစ်ပါ ။ မီးလုံး အရောင်တူညီမှု ရှိမရှိ နေရာ အထိုင် မူလီတွေ မူလီရောင်ဘဲ ရှိရပါမည် ။ ကားဆေး ကူးနေခြင်း လုံးဝ မရှိစေရ မူလီက မူလီလိုဘဲ ညစ်ပတ်လို့ ရပေမယ့် ကားဘော်ဒီ ဆေးမကူးစေရ။
02 May 2018
အစိုးရ နဲ့ အင်ဂျင်နီယာ တစ်ဦး တွေ့ကြလေသောအခါ
လူတစ်ယောက် လေပူပေါင်းကြီးစီးပြီး ကောင်းကင်ထဲ ပျံနေရာကနေ ဘယ်ရောက်နေမှန်း မသိတော့တာနဲ့
လေလျှော့၊ အောက်ကို ဆင်းဖို့ လုပ်နေချိန်မှာ အမျိုးသမီးတစ်ယောက်ကို လှမ်းတွေ့လိုက်ရသတဲ့။
လေလျှော့၊ အောက်ကို ဆင်းဖို့ လုပ်နေချိန်မှာ အမျိုးသမီးတစ်ယောက်ကို လှမ်းတွေ့လိုက်ရသတဲ့။
ဒါနဲ့ …
'အမ၊ အခု ကျနော် ဘယ်နေရာ ရောက်နေတယ်ဆိုတာ ပြောပြနိုင်မလား။ ကျနော့်မိတ်ဆွေ တစ်ယောက်နဲ့
တစ်နာရီအတွင်း တွေ့ဖို့ ကတိပေးထားတာလည်း ရှိနေလို့ ပြောပြပေးပါလား'
'ရှင် အခုရောက်နေတာက လေပူပေါင်းကြီးပေါ်မှာပါ။
မြေပြင်ကနေ ကိုက် ၂၀ လောက်မြင့်တယ်။
လတ္တီကျု ၄၀/၄၁ ကြား၊
လောင်ဂျီကျု ၅၄/၅၅ ကြားမှာ ရှိနေပါတယ်'
လို့ အမျိုးသမီးက လှမ်းဖြေတယ်။
'အမက အင်ဂျင်နီယာ ဖြစ်ရမယ်'
'ဟုတ်ပါတယ်။ ဒါနဲ့ ရှင်က ဘာလို့
ဒီလိုပြောနိုင်ရတာလဲ'
'ဟုတ်ပါတယ်။ ဒါနဲ့ ရှင်က ဘာလို့
ဒီလိုပြောနိုင်ရတာလဲ'
အခုခေတ်ကာလ အခြေအနေတွေနဲ့ တူနေလို့
တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဆရာသမား တစ်ဦးပြောပြဘူးတဲ့ သခင်စိုး မဆလပါတီ
ဝင်မယ် ဆိုတဲ့အကြောင်း လွန်ခဲ့တဲ့၂နှစ်လောက်က ကျွန်တော်ရေးခဲ့ဘူးတာ အချို မိတ်ဆွေများ မှတ်မိ မယ်ထင်ပါတယ်။
အခုခေတ်ကာလ အခြေအနေတွေနဲ့ တူနေလို့အကျဉ်းချုပ်လေးပြန်တင်ပါမယ် ။
အချိန်ကာလက ဦးနေဝင်း ဘုန်းမီးနေလ တောက်ပနေတဲ့မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်တစ်ပါတီခေတ်၊ကွန်မြူနစ် သခင်စိုးကြီးကလည်း အင်းစိန် ထောင်ထဲရောက်နေတဲ့ အချိန်၊
ဦးနေဝင်း အနေနဲ့သခင်စိုးကြီး ကိုသူနဲ့ အတူမဆလပါတီကိုဦးဆောင်ဖို့ မက်လုံးတွေ အမျိုးမျိုးပေးပြီး စည်းရုံးပေမဲ့ သခင်စိုးကြီးက ခါးခါးသီးသီး တစ်လျှောက်လုံး ညင်းနေရာက တစ်နေ့တော့ သူ လမ်းစဉ်ပါတီကို ဝင်မဲ့ အကြောင်းထောင်အာဏာပိုင်တွေကို ပြောလိုက်တယ်ဆိုရင်ပဲ အဆင့်ဆင့် သတင်းပို့လိုက်ကြတာ တစ်ခဏမကြာ ဦးနေဝင်းကြီး နားရောက်တယ် ဆိုရင်ပဲ ဦးနေဝင်းကြီးက သူ့တပည့်တွေကို ခေါ်ပြီး
"မင်းတို့ ခုချက်ခြင်း ဆရာကြီး သခင်စိုးဆီသွားတွေ့..ဆရာကြီးဟာ နိုင်ငံရေးလောကမှာ ငါတို့ဆရာ..လေးလေးစားစား ဆက်ဆံ..ဒီညပဲ ဂုဏ်ပြုညစာနဲ့ ဧည့်ခံ"..အေး ဒါပေမဲ့ ငါသိခြင်တာတစ်ခုကိုတော့ မင်းတို့မေးခဲ့၊ မက်လုံးတွေအမျိုးမျိုးပေးပြီး ငါအကြိမ်ကြိမ်စည်းရုံးတာကို ခေါင်းခါ ခဲ့ပြီး အခုမှကောက်ခါ ငင်ကာ တို့ပါတီကိုဘာလို့ဝင်ခြင်ရသလည်းဆိုတာပဲ "
ဒီလိုနဲ့ ညစာစားပွဲမှာ ဦးနေဝင်းကြီးမေးခိုင်းတဲ့ မေးခွန်းကိုသူမေးရနိုး ကိုယ်မေးရနိုး နဲ့တပည့်တွေလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေတယ် ဆိုရင်ပဲ အကင်းပါးတဲ့ သခင်စိုးကြီးက..မင်းတို့ဆရာက ဘာများ မှာလိုက်လို့ လည်းဟု စကားလမ်းကြောင်း ခင်းပေးလိုက်တယ်ဆိုရင်ပဲ မျက်နှာလိုခြင်တဲ့တပည့် တစ်ပန်း အပေါင်းဟာဦးနေဝင်းကြီး အမှာတော်ပါးလိုက်တဲ့ အမေးကိုသူ့ထက်ငါ အလုအယက် မေးကြတာပေါ့ ။
29 April 2018
ကိုဖီအာနန် သိပ်မှားတယ်
ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်ကော်မရှင် ခိုင်းတ
ကိုဖီအာနန်ကလည်း နိုင်ငံတစ်ကာ ဥပဒေနဲ့အညီ လို့ပြောတယ် ။
တစ်ကယ်တော့....
ကိုဖီအာနန်က မြန်မာတွေ စာမတတ်
ကိုဖီအာနန် အစီရင်ခံစာမှာ ဘယ်နိုင်ငံမှ လက်မခံတဲ့ လမ်းညွှန်ချက်အသစ်တွေကို တီထွင်ပြီး ထည့်ထား တာကိုတွေ့
ဒီအကြောင်းကို မြန်မာ အမျိုးသမီး ပညာတတ်ပုဂ္ဂ
ဒေါက်တာဒေါ်ရင်ရင်နွယ်က ဖော်ထ
ဒေါ်ရင်ရင်နွယ်ဟာ .......
ကုလသမဂ္ဂမှာလည်း တာဝန်ထမ်းဆော
နိုင်ငံတစ်ကာ အရေးအခင်းတွေဖြေရ
ရှိတဲ့ အမျိုးသ
ဒေါက်တာဒေါ်ရင်ရင်နွယ်ရဲ့ြေ
******************************
ဘင်္ဂါလီပြသနာကို ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံတော်မှ တာဝန်ပေးထားသည့် ပညာရှင် အချို့ နှင့် သံအမတ်/ဝန်ကြီး အချို့တို့ အား ထောက်ပြလိုပါသည်။
ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်၏ အကြံပြုချက် များအနက် "လူသားချင်း စာနာ သည့် ကူညီထောက်ပံ့ မှုများကို ဘက်မလိုက်ပဲ မျှမျှတတ ပေးရမည် " ဟူသော အကြံပြုခြင်းသည် ကောင်းသော အကြံပြုခြင်း ဖြစ်သလို၊ ယင်း ကော်မရှင်၏ အကြံပြုချက် များအနက် မှားနေသည့် အချက် နှစ်ခုကို ထောက်ပြ လိုပါသည်။
09 April 2018
တိုင်းပြည် နဲ့ လူမျိုး ဘာသာ သာသနာအတွက် အသက်လောက် အရေးကြီးနေပြီ
တိုင်းပြည် နဲ့ လူမျိုး၊ ဘာသာ၊
ပြည်သူတွေ နားမလည်အောင် ဥပဒေနဲ့ ညစ်ပတ်ပြီး၊ ပြည်သူတွေကို န
ဒီဥပဒေပြောင်းလဲတာကို Facebook မှာစပြီး တင်ပေးတဲ့သူကို အရမ်
ဒီဥပဒေ
အင်္ဂလိပ်လက်ထက
ဒီဥပဒေကိုနားလည်ဖို့အချ
(၁) ဟိုးရှေးရှေးတုံးက အိန္ဒိယ
မွတ
(၂) ဒါပေမဲ့၊ အင်္ဂလိပ်က အိန္ဒိယက
ဒီဥပဒေသစ် (CDRA)ကြောင့် အိန္ဒိယလူမျိုး
အဲဒီ မွတ်ဆလင်နဲ့ယူသူ
(၃) မြန်မာပြည်ကို အင်္ဂလိပ်က သိ
ဒီလိုဆိုတော့မြန်မ
25 March 2018
မြန်မာ့ ရုပ်ရှင်လောကကို ကိုင်လှုပ်လိုက်သူ နှစ်ဦး
ခီမောင်နှံ (သို့မဟုတ်) လိုက်ဖက်ညီတဲ့ စုံတွဲ (သို့မဟုတ်) မြန်မာ့ရုပ်ရှင်လောကကို လှုပ်ကိုင်လိုက်သူ နှစ်ဦး
မြန်မာ့ ရုပ်ရှင်လောကဟာ နှစ်အတန်ကြာ မဲပြာပုဆိုး ဇာတ်ကွက်တွေနဲ့ မျောပါ ခဲ့ပြီး ရုပ်ရှင်လောကကို “ပေါလောက” ၊ ရုပ်ရှင်ဇာတ်ကားတွေကို “ပေါကား”တွေ ဆိုပြီး နေ့စဉ် ရက်ဆက် ဝေဖန်ခံခဲ့ရပါတယ်။
တစ်ချို့က မြန်မာ့ရုပ်ရှင်လောကကို ဟောလိဝုဒ် ဘောလိဝုဒ်တို့နဲ့ အပြိုင် နာမည်ပေးလိုက်ပြန်တာက “ပေါလိဝုဒ်” တဲ့ ။ ဇာတ်ကားတွေကိုလည်း “ပေါကားတွေ ရပ်” ဆိုပြီး အပြင်းအထန် ဝေဖန်ခဲ့ကြ ဆန့်ကျင်ခဲ့ကြပါတယ်။
ဒီလို အပြင်းအထန်ဝေဖန် ဆန့်ကျင်ကြတော့ ရုပ်ရှင်လောကမှ ဒါရိုက်တာ၊ မင်းသား ၊ မင်းသမီးနဲ့ သရုပ်ဆောင် အချို့ကလည်း ဝေဖန်သူတွေကို တုံ့ပြန်ပြောဆိုကာ အပြစ်တင်ခဲ့ပါတယ်။
ဤသို့ နှစ်အတန်ကြာ ဝေဖန် အပြစ်တင်ခံနေရ သော်လည်း မြန်မာ့ ရုပ်ရှင်လောကမှာ အပြောင်းအလဲ တစ်စုံတစ်ရာ ကြီးကြီးမားမား မရှိလာဘဲ အများပြောသော “ပေါကား”များဖြင့် ငွေနောက် ကောက်ကောက် လိုက်ကာ ရိုက်နေမြဲ။ ရုပ်ရှင် ပရိတ်သတ်တွေကလည်း ဝေဖန်မြဲ။ ဝေဖန်ဆဲ။
ဤအခြေအနေမှာ မြန်မာ့ ရုပ်ရှင်လောကကို ကိုင်လှုပ်လိုက်သော ဇာတ်ကား နှစ်ကား ထူးထူးခြားခြား ဆက်တိုက် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကား နှစ်ကားကတော့ အားလုံးသိသော “ ဥပါယ်တံမျဉ် ” နဲ့ “ မုဒြာခေါ်သံ ” ဆိုသော ဇာတ်ကားနှစ်ကားပဲ ဖြစ်ပါတယ်။
ပိုပြီး ထူးခြားတာက ဥပါယ်တံမျဉ် ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာနဲ့ မင်းသားနဲ့ မုဒြာခေါ်သံ ဇာတ်ကားရဲ့ ဒါရိုက်တာနဲ့ မင်းသားက သီးခြားစီ မဟုတ်ပဲ အတူတူဖြစ်နေတာပင်။
ထို့ထက်ပို၍ ထူးခြားတာက ဒါရိုက်တာနဲ့ မင်းသားက လင်မယားဖြစ်နေခဲ့သည်။ ဒါရိုက်တာက ဇနီးသည် ဖြစ်ပြီး မင်းသားက ခင်ပွန်း ဖြစ်နေခြင်းပင်။ စိတ်တူကိုယ်တူလင်မယား နှစ်ယောက် ပိုက်ဆံရှိ၍ ဇာတ်ကား ထရိုက်ခြင်း မဟုတ်ပဲ ဝါသနာ အရင်းခံ၍ ရိုက်ကူး ပြုလုပ်လာခြင်းသည်ကိုကပင် ထူးပြီးရင်း ထူးခြား ရင်းပေ တကား။
သူတို့ ဇနီးမောင်နှံနှစ်ယောက်က ဇာတ်ကား (၂) ကားထဲဖြင့် ပရိတ်သတ် အခိုင်အမာရခဲ့သော မင်းသား ဇာဏ်ခီ နဲ့ သူ၏ ရှု့မငြီးတဲ့ ချစ်ဇနီး ဒါရိုက်တာ ခရစ္စတီးနား ခီ ဆိုတာ အထူးပြောစရာပင် လိုမည် မထင်ပေ။
မင်းသား ဇာဏ်ခီ ! ရုပ်ရည်ချောမောလွန်း၍ မဟုတ်။ ယောက်ျားပီသသော သာမာန် ရုပ်ရည်သာ ရှိသော် လည်း သရုပ်ဆောင် ကောင်းမွန်မှု ၊ အနုပညာ ဝမ်းစာ ပြည့်ဝမှုတို့ ကြောင့် ပရိတ်သတ် အခိုင်အမာ ရလာ သူ ဖြစ်သည်။
သူသည်ကား မိဘများ၏ စီးပွားရေးသမား ဖြစ်စေချင်သော ဆန္ဒကို ဆန့်ကျင်ကာ ဝါသနာအရ U.S မှ Music ပိုင်း ရုပ်ရှင်ပိုင်း နဲ့ ပတ်သက်သော Audio Engineering ပညာ သင်ယူလာ သူဖြစ်သည်။ သူ တက်မြောက်လာသော ဤပညာဖြင့် ဝါသနာနဲ့စေတနာ ပေါင်းစပ်ကာ ရုပ်ရှင်ရိုက်လာသူ တစ်ဦးဖြစ်သည်။
ဒါရိုက်တာ ခရစ္စတီးနား ခီ ! သူသည်လည်း သူ၏ ချစ်ခင်ပွန်း ဇာဏ်ခီ ၏ ပညာကို မှီခိုကာ ဒါရိုက်တာ ထလုပ်သူ မဟုတ်ပဲ အမေရိကန်မှာ စားသောက်ဆိုင် အလုပ် တစ်ဖက် နဲ့ ရုပ်ရှင်ပညာကို ကြိုးစားကာ သင်ယူပြီးမှ တတ်မြောက်လာခဲ့သူ ဖြစ်ပြီး ထိုတတ်မြောက်လာသော ပညာအစွမ်းကို ပထမဆုံး ရုံတင်သော ဇာတ်ကားဖြင့်ပင် ပရိတ်သတ် အခိုင်အမာ ရအောင် ချပြနိုင်ခဲ့သူ ဖြစ်သည်။
Subscribe to:
Posts (Atom)