18 September 2015

ပါရာစီတမော နဲ့ တွဲ၍ စားသောက်ရန် မသင့်သော အစားအသောက် အချို့ကို အများ သိရှိ ရလေအောင် မျှဝေ လိုက်ပါတယ်





၁။ ပါရာစီတမော ကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ် ပါတဲ့ အရာများ နဲ့ အချဉ်ဓါတ် ပါတဲ့ အရာများနဲ့ တွဲ မသောက်သင့်ပါဘူး။
 
၂။ ပါရာစီတမော ကို ကဖင်းဓါတ် ပါတဲ့ အစားအသောက် များနဲ့ တွဲပြီး မသောက်သင့် ပါဘူး။ တစ်ကယ် လို့ သောက်မိလျှင် လည်း တစ်နေ့ ကို (၂) လုံးထက် ပိုသောက်မိလျှင် အန္တရာယ် ရှိပါတယ်။
 
၃။ ပါရာစီတမော ဟာ အရက်၊ ဘီယာ တို့နဲ့ လည်း မတည့်ပါဘူး။
 
၎။ ပါရာစီတမော ကို အခြား ပါရာဆေးပါတဲ့ Decolgen တို့ လိုဆေး နဲ့ တွဲမသောက်သင့်ပါဘူး။
 
၅။ ပါရာစီတမော ကို တခါသောက်ရင် အနည်းဆုံး (၄) နာရီခြားသင့်ပါတယ်။ (၂၄) နာရီ အတွင်း အများဆုံး (၈) လုံး ထက် ပိုမသောက်သင့်ပါဘူး။
 
၆။ ပါရာစီတမောကို (အခြား အချိုရေ၊ အချဉ်၊ စတဲ့ အထက်က ဖော်ပြခဲ့ တာတွေနဲ့ ရောမသောက်သော် လည်းပဲ) အလွန်အ ကျွံ သောက်မိလျှင် ကျောက်ကပ် နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။
 
ပါရာစီတမော တင် မကပဲ အကိုက်အခဲပျောက်ဆေး များနဲ့ အင်္ဂလိပ်ဆေးတော်တော် များများ ဟာ ဂတ်စ် ပါ တဲ့ အချိုရည် များ၊ အချဉ်ဓါတ် ပါတဲ့ အရာ များနဲ့ တွဲ မသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်း ဆုံး ပါ။
 
ပါရာစီတမော နဲ့ ပတ်သက်ပြီး လေ့လာဖတ်မိ သမျှကို ဇီဝိတဒါန အဖြစ် လူအများ သတိထားနိုင်ကြစေ ရန် ပြန်လည် မျှဝေခြင်းသာ ဖြစ်ပါတယ်။ 
 
အခြား မည်သည့် ရည်ရွယ်ချက်မှ မရှိပါ။ ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှု များ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။
 
 
Credit:ကျန်းမာရေးသတင်းများ

No comments:

Post a Comment