ဆီးချို၊သွေးချို (Diabetes) (ကျန်းမာရေး အသိပညာ အလှူဒါန ဖြစ်ပါသည်။ မည်သူမဆို share လုပ်နိုင်ပါသည်။)
ဆီးချိုဟု ခေါ်ဆိုကြသော်လည်း သွေးထဲ တွင် အချိုဓါတ် များ ခြင်း ဖြစ်ပါသည်။ သွေးထဲ က နေမှ ဆီးထဲ မှာပါ လာတာပါ။
လူအများစု က ဆီးချို ရှိမှန်းကို မသိကြပါဘူး။ အခြားရောဂါစစ်ရင်း သိတာ၊ ဒါမှမပာုတ် ဆီးချိုကြောင့် အရမ်း နာမကျန်းဖြစ်မှပဲသိတတ်ကြပါတယ်။ ဆီးချိုရှိနေပြီ ဆိုရင် လူတစ်ယောက်မှာ အောက်ပါ ရောဂါ လက္ခဏာတွေ ပြ တတ်ပါတယ်။
• ရေငတ်ခြင်း၊ အာခြောက်ခြင်း
• ဆီးသွားများခြင်း
• ညဘက်ဆီးခဏခဏ ထသွားရခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း၊ နေလို့မကောင်းခြင်း
• သိသာစွာ ကိုယ်အလေးချိန်ကျသွားခြင်း
• အမြင်အာရုံမကောင်းတော့ခြင်း၊ေ၀၀ါးလာခြင်း
• မိန်းမကိုယ်ယားယံခြင်း၊ လိင်တံယားယံခြင်း၊ ရောင်ခြင်း
• ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း
• စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အာရုံစူးစိုက်မှုကျလာခြင်း
ဆီးချိုကို ဘယ်လိုစစ်ဆေးမလဲ
သကြားဓါတ် စစ်ဆေးခြင်း
သွေးတွင်း သကြားဓါတ် ကိုလည်း စစ်ဆေးရပါတယ်။ အောက်ပါ အချက်တွေ ရှိမယ်ဆိုရင် ဆီးချို ရှိမရှိ အတည်ပြုနိုင်ပါတယ်။
Fasting plasma glucose ≥ 7.0 mmol/L (126 mg/dL)
Random plasma glucose ≥ 11.1 mmol/L (200 mg/dL)
သတိပြုရန် အချက်က ဆီးချို ရှိမရှိ သွေးတွင်းဓါတ်ကို စစ်ဆေးရင် အများအသုံးများတဲ့ လက်ထိပ် ကသွေး ကို ဖောက်ပြီး မစစ်ရပါဘူး။ အကြောထဲက သွေး ကို ဓါတ်ခွဲခန်းပို့ပြီး စစ်ဆေးရပါတယ်။
လက်ထိပ် ကသွေးကို ဖောက်စစ်တာက ဆီးချိုရှိတဲ့သူမှာ ဆီးချိုပုံမှန် ရှိရဲ့လားဆိုတဲ့နေရာမှာ သုံးရတာပါ။ အထက်ပါအတိုင်းစစ်ဆေးပြီးလို့ အဖြေက နည်းနည်း အမြင့်ပိုင်း ရောက်နေပြီဆိုရင် ဆီးချိုရှိမရှိ စစ်ဆေးရန် အခြားနည်းတွေကိုဆက်ပြီး စစ်ဆေး ရပါသေးတယ်။
ဆီးချိုရောဂါ အမျိုးအစား
ဆီးချိုရောဂါမှာ Type I နဲ့ Type II ၂မျိုးရှိပါတယ်။ ကုသရပုံခြင်းက မတူလို့ပါ။ Type I က အသက်ငယ် သူတွေမှာဖြစ်ပြီး Type II က အသက်ကြီးတဲ့ သူတွေူမှာဖြစ်ပါတယ်။
ဆီးချို အမျိုးအစား Type 1 နဲ့ Type 2 ခွဲခြားပုံ
Type 1
- စဖြစ်တဲ့အသက် < 40 yrs
- ရောဂါလက္ခဏာပေါ်ချိန် Weeks
- ကိုယ်အလေးချိန် - Normal or low
- Ketonuria - Yes
- Rapid death without treatment with insulin - Yes
- Autoantibodies - Yes
- Diabetic complications at diagnosis - No
- ဆီးချိုမျိုးရိုး - Uncommon
- Other autoimmune disease - Common
Type 2
- စဖြစ်တဲ့အသက် > 50 yrs
- ရောဂါလက္ခဏာပေါ်ချိန် Months to years
- ကိုယ်အလေးချိန် Obese
- Ketonuria - No
- Rapid death without treatment with insulin - No
- Autoantibodies - No
- Diabetic complications at diagnosis - 25%
- ဆီးချိုမျိုးရိုး - Common
- Other autoimmune disease - Uncommon
ဆီးချိုရောဂါကို အမျိုးအစား ခွဲခြားရာ မှာ သိသာ ထင်ရှားတဲ့ အချက်တွေကြောင့် ခွဲခြားရ လွယ်ပေမယ့် တချို့ လက္ခဏာတွေ ကတော့ ၂မျိုး စလုံးမှဖြစ်တတ်လို့ ခွဲခြားရ ခက်ပါတယ်။ ဆီးချို အမျိုးအစား ပာာ ခွဲလို့ မရဖြစ်နေပြီး ကုသမှုကို တုံ့ပြန်ပုံပေါ်မူတည်ပြီးမှသာ ခွဲခြားလို့ ရလာတတ်ပါတယ်။
ဆီးချို Type I ပာာ အသက် ၄၀အောက်တွေမှာ အဖြစ်များပြီး တခြား ကိုယ့်ခန္ဒာကိုယ် ကို ပြန်တိုက် တဲ့ ရောဂါတွေနဲ့ တွဲနေတတ်ပါတယ်။
ဆီးချို Type II ကတော့ အသက်ကြီး သူတွေမှာ အများစုဖြစ်ပြီး သွေးတိုး၊ နှလုံးရောဂါတွေနဲ့ တွဲဖြစ်တတ် ပါတယ်။
ဆီးချို Type I ပာာ အင်ဆူလင် မထွက်လို့ အဓိက အင်ဆူလင် ကို လိုအပ်တဲ့ အမျိုးအစား ဖြစ်ပြီး Type II ကတော့ အင်ဆူလင် ကို တုံ့ပြန်နိုင်စွမ်း ကျဆင်းလာတဲ့ အတွက် အင်ဆူလင် မလိုအပ်ဘဲ အင်ဆူလင် ကို တုံ့ပြန်နိုင်စွမ်းတက်တဲ့ ဆေးတွေပဲလိုအပ်ပါတယ်။
အင်ဆူလင် ဆိုတာ ခန္ဒာကိုယ် ထဲက ပုံမှန် အားဖြင့် သရက်ရွက် ကနေထွက်တဲ့ ပောာ်မုန်း တစ်မျိုးပါ။ အဲဒီ အင်ဆူလင်က ခန္ဒာကိုယ်က စားသုံးလိုက်တဲ့ သကြားဓါတ်ကို ဆဲလ်တွေက အကျိုးရှိရှိ သုံးစွဲနိုင်ဖို့အတွက် အကူအညီပေးရပါတယ်။ အဲဒီ အင်ဆူလင် မရှိရင်သော် လည်းကောင်း၊ အဲဒီအင်ဆူလင်ကို ခန္ဒာကိုယ်က တုံ့ပြန်နိုင်စွမ်းကျလာရင်သော်လည်းကောင်း ဆီးချိုဆိုတာ ဖြစ်ပေါ်လာပါတယ်။
ဆီးချိုရောဂါ ကို ကုသရာမှာ သုံးမျိုးရှိပါတယ်။
ပထမ အချက် ကတော့ ဆီးချိုဝေဒနာရှင်တွေအနေ နဲ့ နေထိုင်မှုပုံစံ၊ အစားအသောက်ကို ပြင်ဆင်ရပါမယ်။
နောက်၂မျိုး ကတော့ သောက်ဆေးနဲ့ ထိုးဆေး ကုထုံးတွေပဲဖြစ်ပါတယ်။
ဒီမှာ တစ်ခု သိထားသင့် တာက ဆီးချို၊ သွေးတိုးရောဂါတွေပာာ ပျောက်ကင်းအောင် ကုသလို့မရဘဲ ရောဂါ မဆိုးဝါးအောင်၊ ပုံမှန်အတိုင်းပဲ ရှိနေအောင် ထိန်းထားလို့ပဲရပါတယ်။
Type I အမျိုးအစားတွေ ပာာ အင်ဆူလင် မထွက်တဲ့ အတွက် အန္တရယ်ရှိပါတယ်။ အင်ဆူလင် ကို အသက်ရှင် ဖို့ အတွက်လိုအပ်လို့ သောက်ဆေးနဲ့မရဘဲ ထိုးဆေးကို သုံးရပါတယ်။ ထိုးဆေးကို ထိုးရာမှာလည်း အသက် ရှင်နေ သမျှ ကာလပတ်လုံး ထိုးနေဖို့ လိုအပ်ပါတယ်။
ဒါကြောင့် Type I သမားတွေ ပာာ ဆီးချို အထူးကု များနဲ့ ပြသပြီး ကုထုံးခံယူရပါတယ်။
Type II အမျိုးအစားလို့ ထင်ပြီ ဆိုရင်တော့ အရင်ဆုံး လုပ်သင့်တာက နေထိုင်၊ စားသောက်မှု ပုံစံကို ပြောင်း လဲပစ်ရပါမယ်။ လေ့ကျင့်ခန်းမှန်မှန်ုလုပ်ခြင်း၊ အချိုရှောင်ခြင်း၊ ပာင်းသီးပာင်းရွက် နှင့် အသီးအနှံများ ပုံမှန် စားခြင်း၊ အရက်၊ ဆေးလိပ်ရှောင်ကျဉ်ခြင်းတို့ကို လုပ်ရပါတယ်။
ဒီလို အမျိုးအစားတွေမှာတော့ အဲလို နေထိုင်စားသောက်မှုပုံစံကို ပြောင်းပေးရင် ဆီးချိုကို ထိန်းထား နိုင်ပါ တယ်။ အဲလိုမျိုး ပြောင်းလဲလို့မှ ဆီးချိုကို မထိန်းထားနိုင်ဘူးဆိုရင်တော့ သောက်ဆေး များကို မှီဝဲရပါတယ်။
ဆီးချိုရောဂါ အတွက် ဆေးထိုးနေရသူတွေ ဆေးသောက်နေရသူတွေ အတွက် သွေးတွင်း သကြားဓါတ်ကို စစ်ဆေးခြင်းက အလွန် အရေးပါပါတယ်။ ဒီလို ဆီးချိုရှိပြီးသားသူတွေမှာ သွေးတွင်းသကြားဓါတ်ကို စစ်ဆေးရင်တော့ လက်ထိပ်ကသွေးကို ယူပြီး အများစစ်နေတဲ့ ဆီးချိုတိုင်းစက်နဲ့ စစ်ဆေးလို့ရပါပြီ။
၁။ အင်ဆူလင် ထိုးနေရတဲ့ သူတွေမှာတော့ သွေးတွင်းသကြားဓါတ်ကို နေ့တိုင်း စစ်သင့် ပါတယ်။ အဲလိုနေ့တိုင်းမှန်မှန် စစ်ပေးမှ လိုအပ်တဲ့ အင်ဆူလင်ပမာဏကို သိရှိနိုင် မှာဖြစ်ပါ တယ်။ အသင့်တော် ဆုံးကတော့ သွေးတွင်းသကြားဓါတ်ကို နေ့လည်စာမစားခင်တကြိမ်နဲ့၊ ညဘက် အိပ်ရာဝင်ခါနီးတစ်ကြိမ် စစ်သင့်ပါတယ်။ သွေးတွင်းသကြားဓါတ်ကို 5-8mmol/L (90-144mg/dl) ကြားမှာ ရှိနေအောင်ထိန်းထား သင့်ပါတယ်။
၂။ သောက်ဆေး သောက်နေရတဲ့ သူတွေ အတွက်ကတော့ လူနာ အဆင်ပြေသလို စစ်ဆေးလို့ ရပါ တယ် ။ နေထိုင်လို့ မကောင်းဘူး၊ ဆီးချိုတက်နေတယ် လို့ ထင်တဲ့အချိန်မှာ စစ်ဆေးသင့်ပါတယ်။ အခြားရော ဂါတွေဖြစ်နေတဲ့ အချိန်၊ Steroid ဆေးများ သောက်သုံးနေ ရချိန်၊ ကုသမှု အပြောင်းအလဲတွေ လုပ်နေတဲ့ အချိန်မှာ မှန်မှန် စစ်ဆေးပေးရပါမယ်။
“
ဖြစ်သင့်တာ ကတော့ တစ်နေ့ကို မနက်စာ မစားခင် တစ်ချိန်နဲ့ နေ့လည်စာစားပြီး ၂နာရီကြာတဲ့ အချိန်မှာ တစ်ကြိမ်စစ်ဆေး သင့်ပါတယ်။ နံနက်စာမစားခင်မှာ သွေးတွင်းသကြားဓါတ်ကို 4-7mmol/L (72-126mg/dl) နဲ့ နေ့လည်စာစားပြီး ၂နာရီအချိန်မှာတော့ 4-10mmol/L (72-180mg/dl) ကြားမှာရှိနေအောင် ထိန်းထား သင့်ပါတယ်။
အခု ဆက်လက်ဖော်ပြမှာ ကတော့ ဆီးချိုဝေဒနာရှင်တွေ အတွက် လိုက်နာသင့်တဲ့ အချက်တွေ၊ ပြောင်းလဲ သင့်တဲ့ နေထိုင် စားသောက်မှုတွေ၊ မှီဝဲရမယ့် ဆေးဝါးတွေအကြောင်းပဲ ဖြစ်ပါတယ်။
နေထိုင်စားသောက်မှု ပုံစံပြောင်းလဲခြင်း ပာာ Type I ရော Type II အတွက်ပါ သွေးတွင်း သကြား ဓါတ်ပုံ မှန်ဖြစ်နေ ဖို့ အဓိက အကြောင်းအရင်း အနေနဲ့ ပါဝင်နေပါတယ်။
ကိုယ်လက် လှုပ်ရှားမှု ကို မှန်မှန် လုပ်ခြင်း (ပုံမှန်အားဖြင့် တစ်နေ့ ကို တစ်နာရီလောက် ကိုယ်လက် လှုပ်ရှား မှု ပြုပေးသင့်ပါတယ်။)၊ အစားအသောက်ကို ရွေးချယ်စားသုံးခြင်း၊ ရှောင်ကျဉ်ခြင်း၊ အရက်သောက်သုံးမှု ကို လျော့ချခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်း တို့က ဆီးချိုဝေဒနာရှင် တစ်ယောက် အနေနဲ့  ပြု လုပ်ရပါလိမ့်မယ်။
အစား အသောက် စားချိန်မှာ ဆီးချိုဝေဒနာရှင်တွေ အတွက် Plate model လို့ခေါ်တဲ့ စားသောက်မှု ပုံစံတစ်ခု ကို ရှင်းပြပါမယ်။
Plate model ဆိုတာ ပန်ကန်ပြား တစ်ချပ် နဲ့ နေ့လည်စာ၊ ညစာ စားသောက်တော့မယ်ဆိုရင် အဲဒီ ပန်ကန်ပြား ရဲ့ ၅ပုံ၁ပုံ ကို အသား၊ ငါး၊ ဥများကို ထားပါ။ ကျန်တဲ့ ပန်ကန်ပြားရဲ့ တစ်ဝက်ကို ထမင်း၊ အာလူး၊ ပေါင်မုန့် တို့ကိုထားပါ။
ကျန်တဲ့ တစ်ဝက် ကိုတော့ ပာင်းသီးပာင်းရွက် နဲ့ အသီးအနှံ တို့ကို ထားရပါမယ်။ ဆီးချိုသမား တစ်ယောက် ပာာ အစားအသောက် စားတဲ့ အခါမှာ အဲလိုမျိုးပုံစံမျိုး နဲ့ စားသုံးရပါမယ်။ ထို့ပြင် အဆီ များသော အစား အစာများ၊ အငန်စာများ ကိုလျှော့စားရပါမယ်။
သကြား မပါတဲ့ အစားအသောက်များ ကို စားသုံးရပါမယ်။ ဆီးချိုဝေဒနာ ရှင်တွေ အတွက် ကိုယ်အလေး ချိန်လျှော့ချခြင်း ကလည်း အလွန်အရေး ပါပါတယ်။ ကိုယ်အလေးချိန် ကို ပုံမှန်ဖြစ်အောင်ထားနိုင် ရင် သွေး တွင်းသကြားဓါတ်လည်း ပုံမှန်ဖြစ်လာ ပါလိမ့်မယ်။
ထို့ပြင် ၀ခြင်း ရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ စတဲ့ ရောဂါတွေကိုလည်း ကာ ကွယ်ပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်အလေးချိန် များတာပာာ ခန္ဒာကိုယ်က အင်ဆူလင် အပေါ်တုံ့ပြန်တာ ကို လျော့ကျစေ လို့ သွေးတွင်းသကြားဓါတ်ကိုများစေပါတယ်။
ဆေးကုထုံး အနေနဲ့ ကတော့ Type I မှာတော့ အင်ဆူလင် အဓိက လိုအပ်လို့ အင်ဆူလင် ကိုပဲ ထိုးရပါတယ်။ အင်ဆူလင် ပာာ သောက်ဆေးပုံမျိုး လုပ်လို့မရတဲ့အတွက် သူ့ကိုထိုးဆေး အနေနဲ့ပဲ ရှိပါတယ်။
ခန္ဒာကိုယ် ရဲ့လိုအပ်ချက် အပေါ်မူတည်ပြီး ထိုးရပါတယ်။ Type II မှာတော့ သောက်ဆေး အများအပြား ရှိပါတယ်။
နှစ်ပေါင်းများစွာ စမ်းသပ်ခဲ့တာ မှာတော့ Biguanides နဲ့ Sulphonylureas ပာာ ဆီးချို ကို ကုတာမှာ အဓိက ကုထုံး အနေနဲ့ ရှိနေပါတယ်။ အခြားဆေးတွေ အနေနဲ့ α-glucosidase inhibitors, the thiazolidinediones and the dipeptidyl peptidase 4 inhibitors တို့ရှိကြပါတယ်။
ဖော်ပြပါဆေးတွေ ကို ဆီးချိုရောဂါကို ကုတဲ့ အခါမှာ တစ်ခုခြင်းသော် လည်းကောင်း နှစ်ခု သုံးခု တွဲပြီးသော် လည်းကောင်း ရောဂါအခြေအနေပေါ်မူတည်ပြီး အသုံးပြုရပါတယ်။
Biguanides
ဒီ အမျိုးအစား မှာတော့ Metformin လို့ခေါ်တဲ့ အများ သိကြတဲ့ ဆီးချိုဆေး ပါဝင်ပါတယ်။ Metformin ပာာ အခုအခါမှာ ဆီးချိုရောဂါကိုကုသရာမှာ အဓိကအသုံးပြုကြပါတယ်။ Metformin ကိုဝတဲ့ Type I လူနာတွေမှာ အင်ဆူလင်နဲ့ အတူ တွဲဖက် အသုံးပြုပါတယ်။
ဒါပေမယ့် ဒီဆေးအမျိုးအစားပာာ Sulphonylureas ထက်စာရင်တော့ ဆိုးကျိုးပိုများပါတယ်။ Metformin ကို Sulphonylureas နဲ့လည်း တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။ Metformin ပာာ Sulphonylureas ထက်စာရင် ၀တဲ့ သူတွေမှာပိုပြီး အသုံးပြုနိုင်ပါတယ်။
Metformin ပာာ အသည်း မကောင်းတဲ့သူတွေ၊ ကျောက်ကပ်မကောင်းတဲ့သူတွေ၊ အရက်အလွန် အကျွံသောက် သုံးသူတွေမှာ အသုံးပြုရင် Lactic acidosis လို့ခေါ်တဲ့ သေစေနိုင်တဲ့ အခြေအနေ ကို ဖြစ်ပေါ်နိုင် ပါတယ်။ အဲဒီအခါမျိုးမှာဆိုရင်တော့ အင်ဆူလင်ကို အစားထိုးအသုံးပြုရပါတယ်။
Sulphonylureas
ဒီဆေး ကိုတော့ ကိုယ်လက် လှုပ်ရှားမှု၊ အစားအသောက် နဲ့ ဆီးချို ကို ထိန်းလို့ မရတော့တဲ့ မ၀တဲ့ လူနာတွေ မှာ အသုံးပြုနိုင်ပါတယ်။ Metformin က အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို တတ်စေတဲ့ ဆေးဖြစ်ပြီး ဒီအမျိုးအစား ကတော့ အင်ဆူလင်ပိုထွက်စေတဲ့ဆေးဖြစ်ပါတယ်။
Sulphonylureas ပာာ ကိုယ်အလေးချိန်ကို တက်စေပြီး ခန္ဒာကိုယ်ကလည်း အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းကျ လာတတ်ပါတယ်။ ကျနော်တို့ဆီမှာ အများဆုံးအသုံးပြုတဲ့ Sulphonylureas ကတော့ Gliclazide, Glemipiride တို့ဖြစ်ကြပါတယ်။
ဆီးချိုပာာ အန္တရာယ် ရှိတဲ့ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ဆီးချို ကိုစောစော စီးစီး သိပြီး ကုသမှုခံယူ ထား ရင်တော့ အခြေ အနေကောင်းပေမယ့် နောက်ကျမှ သိရင် တခြားရောဂါတွေနဲ့ပေါင်းပြီး ဆိုးကျိုး တွေများ တတ်ပါတယ်။
အဲဒီ အတွက် ဆီးချို မဖြစ်အောင် အနေ အထိုင်၊ အစား အသောက် တွေကို ဆင်ခြင်ရပါမယ်။ ဆီးချိုကို သတိအမြဲရှိနေရန်လိုအပ်ပြီး စစ်ဆေး နေသင့်ပါတယ်။ ဖြစ်လာရင်လည်း စောစောစီးစီး ကုသမှုခံယူ သင့်ပါတယ်။
Credit to Dr. Thurein Hlaing Win ရေးသား ထားသော မြန်မာပြည် တွင် အဖြစ် များသော ရောဂါများ ၃။ ဆီးချို၊သွေးချို (Diabetes) ဆောင်းပါးမှ ထုတ်နုတ် ဖေါ်ပြထားပါသည်။
MOMO Pharmacy Myanmar,
အာရောဂျံ ဆေးခန်း၊
အမှတ် (၁၆) ဗဟိုလမ်း၊
(၁၃) ရပ်ကွက်၊ သီရိမြိုင် ဘူတာရှေ့၊
ရန်ကုန်။
Mobile : 09-4310-4163 & 09-3023-7389
MOMO Pharmacy Myanmar
No comments:
Post a Comment