သာသနာပြု ဆိုင်းဘုတ် က ဒီကနေ့ မြန်မာပြည် မှာ သိပ်ြ ပီး ထွန်းကားနေတယ်။ ဟိုကလည်း သာသနာပြု ဒီကလည်း သာသပြု နဲ့ ဒီနေ့ခေတ် မှာ အဲ့ဒါ ကို လေ့လာကြည့်ကြ ရအောင်....။
သာသနာ ဆိုတာ . ဘယ်လိုလဲ ...???
ဘယ်လိုပြုတာကို သာသနာပြုတယ်ခေါ်သလဲ...???
ဒါ စဉ်းစားဖို့ အချိန်က ရောက်လာပြီ...။
ဘုရားပြင်တဲ့ ပုဂ္ဂိုလ်တွေ ကလည်း သာသနာပြုတယ်ပြောတာပဲ...။
အ၀တ်ဖြူကြီးတွေ ၀တ်ထားတဲ့ ပုဂ္ဂိုလ်တွေ ကလည်း သာသနာပြုတယ်ပြောတာပဲ...။
မုတ်ဆိတ်မွှေးရှည်ကြီး နဲ့ လူ တောင်ဝှေး နဲ့ ထိုးတဲ့သူ ကလည်း သာသနာပြုတယ် ပြောတာပဲလေ...။
တော်တော်လေးတော့ ခတ်နေပြီလေ....။
ဘုန်းကြီးတို့ စာချနေတဲ့ ရဟန်းတော်တွေ က သာသနာပြု ဆိုင်းဘုတ် တင်ခွင့်ကို မရတော့ဘူး။ ဒီလိုဖြစ်နေတယ်။ အဲ့ဒီလို သာ သာသနာပြု ဆိုင်းဘုတ် ကို တွင်တွင်ကြီး တပ်လာပြီ ဆိုရင် ဒို့ ဒကာ ဒကာမ တွေက အုံပြီးတော့ ပါသွားကြပြီ...။
စာသင်တိုက်တွေ မှာ အငတ်ငတ် အပြတ်ပြတ် နဲ့ ဆွမ်းမှ မ၀ရေစာ သင်္ကန်းမှ ရှားရှား ပါးပါး စာသင် စာချ လုပ်နေကြ တဲ့ ကိုယ်တော်တွေ အပေါ်ကျ တော့ အဲ့ဒါပြုတယ် လို့ မြင်တဲ့သူ က တဖြည်းဖြည်း နည်းလာ တယ်...။
ဘာဖြစ်လို့ နည်းလာသလဲ ဆိုတော့ ပရိပ်သတ် နဲ့ အထိ အတွေ့ နည်းလာလို့တဲ့။ ကျောင်းထဲ မှာ ကုတ်ပြီးနေ ကြတဲ့ ကိုယ် တော်တွေ.အဲ့ဒါရေသောက်မြစ် ဆိုတာ ဘုန်းကြီးတို့ ပရိတ်သတ် သိပြီးထားကြ။
ပရိယတ္တိ စာပေ မရှိခဲ့လျှင် ပဋိပတ္တိ ကျင့်စဉ် ဆို တာ ခမ်းခြောက် သွားလိမ့်မယ်...။
ပရိယတ္တိ စာပေ ဆိုတာ ကို ဒို့ဒကာ ဒကာမတွေ နားလည်ထားစေချင်တယ်...။
ရေကန်ကြီး တစ်ခုရဲ့ ကန်ဘောင်ကြီး တစ်ခုနဲ့ တူတယ်လို့ မှတ်ထား။
ရေကန်ကြီး တစ်ခုမှာ ကန်ဘောင်ရိုးကြီး ကို ခိုင်ခိုင် ကာ အဲ့ဒီ အထဲမှာရေတွေ ထည့်မယ်။ ကန်ဘောင်ရိုး မခိုင်ရင် ရေ မတည်ဘူး။ ရေ မတည်ရင် ကြာမျိုး ငါးပါးလည်း လန်းလန်း ဆန်းဆန်း မပွင့်နိုင်တော့ဘူး...။
ဒီတော့ ကြာမျိုးငါးပါး လန်းလန်း ဆန်းဆန်း ပွင့် နေတယ် ဆိုတာဟာ...
ပဋိဝေဓ ခေါ်တဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ် ကိုပြောတာ။ ကြာမျိုး ငါးပါး ပွင့်ချင် ရင်တော့ ကန်ဘောင်ကြီး
ကိုခိုင်အောင် ဆယ်ရမယ်...။
ပရိယတ္တိ ဆိုတာ ကန်ဘောင်ရိုး
ပဋိပတ္တိဆိုတာ .ကန်ထဲကရေ....
ပဋိဝေဓ ဆိုတာ အဲ့ဒီ ကန်ထဲမှာ ပွင့်လာမယ့် ကြာတွေလို့ မှတ်ရမယ်...။
ပရိပတ္တိ သာသနာ့ တာဝန်ကို ထမ်းဆောင်နေတဲ့ စာသင်တိုက် တွေက အရှင်မြတ်တွေဟာ သာသနာ့ကန်
ဘောင်ရိုးကြီး ကို ဖို့နေတာ ဆယ်နေတာ...။
အဲ့ဒီ သာသနာ့ ကန်ဘောင်ရိုးကြီး ကို အပြင်း အထန် ခါးတောင်းကျိုက် ဖို့ဆယ်နေတဲ့ စာသင် စာချ အရှင်မြတ်တွေ ကို ဆွမ်းလေး တစ်ဇွန်း ဟင်းလေး တစ်ခွက် နေ့စဉ်လောင်းလှူနေတယ် ဆိုတာဟာ
သာသနာ့ ကန်ဘောင်ရိုး ကို ဒို့ ဒကာ ဒကာမတွေ ကလည်း ၀ိုင်းဝန်း ဆယ်ဖို့ပေးနေတာ...။
အဲ့ဒီ ပရိယတ္တိ ကိုမှ အားပေးချင်တဲ့ သဘောမရှိ ရင် ဒို့ ဒကာ ဒကာမတွေ ဘာ ဆိုင်းဘုတ်တွေ တပ်နေနေ သာသနာပြု အဓိပ္ပါယ် ပေါ်လွင့် ပါ့မလား....။
ဘုရားတွေ ဘယ်လောက်ပဲပြင်နေနေ စေတီတွေ တစ်တိုင်းပြည်လုံး ဖွေးချင်တိုင်းဖွေး နေပါစေ။ စာသင်စာချ မရှိခဲ့လျှင် ဒီ တိုင်းပြည် ကြီးမှာ ကျင့်စဉ် ဆိုတာ ရှိပါဦးမလား...။
ဘုရားရှင် ပွင့်တော်မူတဲ့ မဇ္ဈိမဒေသ အိန္ဒိယပြည်ကြီး မှာ ဘုရား ပုထိုးတွေ အများကြီး ကျန်နေခဲ့တာပဲ။
ပုဂံနေပြည်တော်ကြီး မှာ ဘုရားတွေ နည်းတာ မှမဟုတ်ဘဲ....။ အဲ့ဒီ စေတီတွေပြည့်နေ တဲ့ ပုဂံနေပြည်တော်
ကြီးမှာ စာသင်တိုက် ကြီးကြီး ကျယ်ကျယ် ခမ်းခမ်း နားနား ရှိသေးရဲ့လား...။
စေတီတွေပြုပြင်နေရုံ နဲ့ ထီးတော် တင်နေရုံ နဲ့ သာသနာပြုတယ် လို့ မဆိုနိုင်သေးဘူး....။
သာသနာ ရဲ့အခတ် အလက် အသီး အပွင့် တစ်စုံတစ်ရာ ကို ဆွတ်ယူ စားနေတာတော့ မှန်တယ်။ သာသနာ့ သစ်ပင်ကြီး က သီးပွင့် လာတဲ့ အသီး အပွင့်တွေ စားသုံးနေတာတော့မှန်တယ်...။
ကုသိုလ်ရေး လုပ်ငန်းတစ်ခု အနေနဲ့လည်း မှန်တယ်။ ဘုန်ကြီးတို့ အနေနဲ့ ဘာမှ အပြစ်မတင်ပါဘူး။
သာသနာပြုတယ် ဆိုတဲ့ အဓိပ္ပါယ် ကို ခြေခြေမြစ်မြစ် နားလည်စေချင် လို့ ပြေနေရတာပါ...။
ဘုရားပြင်တာလဲပြင်ကြပါ ဒါလည်းပြုပြင် ရမှာ ပဲလေ...။
ဒီတော့ သာသနာပြုတယ် ဆိုတာ ဒို့ ဒကာ ဒကာမတွေ ကန်ဘောင်ရိုးကြီး ကို ခိုင်ခိုင် ဆယ်မှ သာသနာ အရှည်ခံ၍ တည်တန့်မယ်...။ ကန်ဘောင်ရိုးကြီး မခိုင်မခန့်ရင် အဲဒီ ကန်ထဲ ရေတွေနေ ပါအုံးမလား....။
ပရိယတ္တိ မခိုင်ခဲ့ရင် ပဋိပတ္တိ ဆိုတဲ့ ကျင့်စဉ်တွေ ခိုင်ပါအုံး မလား...။
ပဋိပတ္တိ ကျင့်စဉ် မခိုင် လုံရင် ပဋိဝေဓ ဆိုတဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရပါဦးမလား....။
ပရိပတ္တိ ကန်သင်းဥာဏ် ရင်း ခိုင်ကျည်....
ရေကြည်ဆင့်လောင်း ကျင့်ကောင်းကြသည်
မဂ်ဖိုလ်သိရေး ပဋိဝေကြာတည်...။
အဲ့ဒါမှ . သာသနာ့ ကန်တာရှည်....။
သီတဂူ ဆရာတော်ကြီး၏ သြ၀ါဒ
ငှက်ပျောတော ဓမ္မစကူးလ် ပင်းတယ
No comments:
Post a Comment