28 May 2020

အမျှော် အမြင်




ရေ ရှည် ကို တွေး နိုင် မြင် နိုင် တဲ့ အ ရည် အ ချင်း ကို အ မျှော် အ မြင် ရှိ တယ် လို့ ဆို တယ် ။
ဆန့် ကျင် ဖက် က တော့ ရေ ရှည် ကို မ မြင် နိုင် တာ ပေါ့ ။ ဦး သိန်း စိန် အ စိုး ရ လက် ထက် မှာ Samsung ကု မ္ပ ဏီ မြန် မာ နိုင် ငံ ကို လာ ပြီး ရင်း နှီး မြုတ် နှံ ဖို့ ကိ စ္စ လျှပ် စစ် အ ပါ အ ဝင် တစ် ခြား အ မျိုး မျိုး ကိ စ္စ တွေ ကြောင့် ဗီ ယက် နမ် ကို ရောက် သွား တယ် ။

ဒီ ကိ စ္စ ပြီး လို့ ငါး နှစ် ကျော် ကြာ အ ခု Covid 19 ပြ ဿ နာ ဖြစ် လာ တယ် ။ Covid 19 မ ဖြစ် ခင် တစ် နှစ် ကျော် က တည်း က အ မေ ရိ ကန် နဲ့ တ ရုတ် ကုန် သွယ် ရေး စစ် ဖြစ် ခဲ့ ပြီး Huawei ကို စ အ ရေး ယူ ခဲ့ တယ် ။

ကုန် သွယ် ရေး စစ် ဖြစ် နေ တဲ့ အ ချိန် တွင်း မှာ တ ရုတ် ပြည် က နိုင် ငံ တစ် ကာ စက် ရုံ တွေ ပြန် ထွက် တော့ မယ် ဆို တာ သိ နိုင် တယ် ။ ရေး လည်း ပြ ခဲ့ သ လို ပြင် ဆင် ထား ဖို့ လည်း တိုက် တွန်း ခဲ့ တယ် ။ အ ခု ကုန် သွယ် ရေး စစ် ကော Covid 19 ကော ပေါင်း ပြီး တ ရုတ် ကို မ ကျေ နပ် ကြ လို့ ဂျ ပန် က စ ပြီး စက် ရုံ တွေ ရုပ် သိမ်း ဖို့ စီ စဉ် တယ် ။ အဲ့ ဒီ ဂျ ပန် စက် ရုံ တွေ ဗီ ယက် နမ် နဲ့ ဘ င်္ဂ လား ဒေ့ရှ် ကို ရောက် သွား တယ် ။

ဂျ ပန် စက် ရုံ တွေ မ ရ လို့ နောက် တစ် ခါ အ မေ ရိ ကန် စက် ရုံ တွေ ကျန် သေး တယ် လို့ ရေး ခဲ့ တယ် ။ အဲ့ ဒီ ဒု တိ ယ အ မေ ရိ ကန် စက် ရုံ တွေ ပြန် ထွက် မှာ လည်း အင် ဒို နီး ရှား ကို ရောက် သွား တယ် ။
တစ် ကယ် လို့ စက် ရုံ တွေ ပြန် ထွက် လာ ရင် ငါ တို့ မြန် မာ နိုင် ငံ က်ု လာ ပြီး စက် ရုံ ဆောက် ဖို့ ဆို ပြီး အ စိုး ရ က အ စ ပြည် သူ အ လုပ် သ မား တွေ အ ထိ ဘယ် သူ တွေ ဘာ ကို ကြို တင် ပြင် ဆင် ထား ကြ သ လဲ ။ ပြန် ထွက် လာ မယ့် စက် ရုံ တွေ မြန် မာ ပြည် လာ ဖို့ နေ နေ သာ သာ မြန် မာ ပြည် ထဲ ရှိ တဲ့ စက် ရုံ တွေ တောင် ပြန် ထွက် စ ပြု လာ ပြီ ။

မြန် မာ နိုင် ငံ ထဲ က စက် ရုံ တွေ လည်း Covid 19 နဲ့ ရော ပြီး အ ပြီး ပိတ် သိမ်း တဲ့ စက် ရုံ တွေ ရှိ လာ တယ် ။ တ ချို့ လည်း ဘ င်္ဂ လား ဒေ့ရှ် ကို ပြောင်း မယ် လို့ ပြော လာ တယ် ။ မြန် မာ နိုင် ငံ က စက် ရုံ ပိုင် ရှင် တွေ စု ပြီး Novotal Hotel ( Hotal အ တိ အ ကျ မ မှတ် မိ ) မှာ အ စိုး ရ အ နေ နဲ့ စက် မှု ဇုံ တွေ မှာ ဖြစ် နေ တဲ့ ကိ စ္စ တွေ ကို တာ ဝန် မ ယူ ရင် နောက် တစ် နှစ် မှာ စက် ရုံ တွေ ပိတ် သိမ်း ရ လိမ့် မယ် လို့ ၂၀၁၉ ခု နှစ် ဆန်း ပိုင်း လောက် မှာ တ ရား ဝင် သ တိ ပေး ခဲ့ တယ် ။ ဘာ တစ် ခု မှ မ ပြောင်း လဲ ခဲ့ ဘူး ။


Brightberg Enterprises ကု မ္ပ ဏီ ရဲ့ အိပ် ချုပ် စက် ရုံ ပိတ် သိမ်း လိုက် တော့ အ လုပ် သ မား လေး ရာ ကျော် အ လုပ် ပြုတ် သွား တယ် ။ အဲ့ ဒီ စက် ရုံ က ပြုတ် သွား တဲ့ အ လုပ် သ မား တွေ ကို ဘယ် စက် ရုံ က မှ ပြန် အ လုပ် မ ခန့် တော့ ဘူး ။ သွား လျှောက် လို့ အင် တာ ဗျူး အ ထိ ပါ သွား ရင် လည်း အဲ့ ဒီ စက် ရုံ က ဆို အ လုပ် မ ခန့် တော့ ဘူး တဲ့ ။ ခံ နေ ရ တဲ့ အ လုပ် သ မ တွေ ပြန် ပြော တာ ။
သူ တို့ လုပ် ခဲ့ တာ တွေ ကို သူ တို့ သ တိ မ မူ မိ ကြ ဘူး ။ အ ဆိုး ဆုံး က သက် ဆိုင် ရာ တာ ဝန် ရှိ ဌာ န တွေ ကို အ ကူ အ ညီ တောင်း တော့ လည်း ဘာ အ ကူ အ ညီ မှ မ ရ ဘူး လို့ စက် ရုံ ဖက် က ပြော တယ် ။

စက် ရုံ ပိတ် သွား တာ အောင် ပွဲ လို့ ယူ ဆ တဲ့ လူ တွေ နေ ရာ ယူ ထား ရင် စက် ရုံ တွေ ပိတ် ဖို့ ပဲ လိုက် လုပ် နေ လိမ့် မယ် ။ လက် ပံ တောင်း တောင် က စ လိုက် တဲ့ သ မ ဂ္ဂ တွေ ထိမ်း ဖို့ ခက် သွား ပြီ ။
လက် ရှိ ပ က တိ အ ခြေ အ နေ ကို အ မှန် အ တိုင်း မြင် ပါ မှ အ ဖြေ ထုတ် လို့ ရ မယ် ။ မြန် မာ နိုင် ငံ မှာ ပြည် ပ ရင်း နှီး မြုတ် နှံ မှု လည်း မ ရ တဲ့ အ ပြင် ရှိ ပြီး သား ရင်း နှီး မြုတ် နှံ မှု တွေ ပါ ပြန် ထွက် နေ ကြ ပြီ ။ ဒီ အ ခြေ အ နေ ကို လို လား နှစ် သက် သ လား ဆို တဲ့ မေး ခွန်း ကို ကိုယ် တိုင် ဖြေ ကြ ဖို့ လို လာ ပြီ ။


ပြည် တွင်း လုပ် ငန်း ရှင် တွေ လည်း အ လုပ် လုပ် ဖို့ ခက် ခဲ နေ တဲ့ အ နေ အ ထား ကို အ လို ရှိ ပါ သ လား ကိုယ် တိုင် ဖြေ ဖို့ လို လာ ပါ ပြီ ။ အ မျှော် အ မြင် မ ရှိ တဲ့ ပြော ဆို လုပ် ဆောင် ချက် တွေ ၊ တာ ဝန် မ ယူ မှု တွေ က မြန် မာ နိုင် ငံ ကို ဆွဲ ချ လိုက် တာ ပါ ။


Trust ဆို တဲ့ ယုံ ကြည် မှု ပျောက် သွား စေ လောက် အောင် တာ ဝန် မဲ့ ခဲ့ မှု တွေ ၊ ကိုယ့် ထ မင်း အိုး ကိုယ် ရိုက် ခွဲ သ လို လုပ် ခဲ့ တဲ့ အ ဆင် အ ခြင် မဲ့ လုပ် ရပ် တွေ ၊ ကြို တင် ပြင် ဆင် ထား ရ မယ့် ကိ စ္စ တွေ ကို မ သိ ကြ တာ တွေ ၊ တစ် ဖက် စောင်း နင်း အ သာ ပေး လို နေ ခဲ့ တာ တွေ အ စ ရှိ တဲ့ အ မျှော် အ မြင် နည်း ပါး မှု တွေ က လက် ရှိ မြန် မာ နိုင် ငံ ရပ် တည် နေ ရ တဲ့ အ နေ အ ထား ရဲ့ တ ရား ခံ တွေ ပဲ ။


ဘယ် လို လူ တွေ မြန် မာ နိုင် ငံ ထဲ မှာ လာ ပြီး ရင်း နှီး မြုတ် နှံ ကြ မ လဲ လို့ ကိုယ် တိုင် တွေး ကြ ပါ ။
အ လုပ် သ မား က လည်း စ နစ် မ ကျ ၊ တာ ဝန် ရှိ တွေ က လည်း တာ ဝန် မ ယူ ။ အဲ့ လို ဖြစ် နေ မှန်း လည်း ကာ ယ ကံ ရှင် တွေ ကိုယ် တိုင် မ သိ ။ ဟို လူ့ လွှဲ ချ ဒီ လူ့ လွှဲ ချ နဲ့ ဆုံး ရှုံး ရ တော့ အ လုပ် ရှင် ။
လက် ရှိ အ ခြေ အ နေ စိတ် ကူး အ သိ တွေ နဲ့ နောက် အ နှစ် ၁၀၀ နေ လည်း ဘယ် သူ မှ မြန် မာ နိုင် ငံ ကို မ ရွေး ပါ ဘူး ။

မြန် မာ နိုင် ငံ ထဲ က လူ အ များ စု အ မျှော် အ မြင် နည်း ကြ ပါ တယ် ။ ဘယ် လမ်း ကို သွား နေ ပြီး ဘာ ဖြစ် လာ မ လဲ လို့ မ တွေး တတ် ကြ ဘူး ။ နောက် ဆုံး တော့ အား လုံး လက် ညိုး ထိုး နေ တဲ့ ပ ညာ ရေး ကို ပဲ လက် ညိုး ထိုး လိုက် တာ အ ကောင်း ဆုံး ပါ ပဲ ။


မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၃ ၊ ၅ ၊ ၂၀၂၀
မိုး တင့် ဆွေ
၂၄ ၊ ၅ ၊ ၂၀၂၀
တ န င်္ဂ နွေ ။



No comments:

Post a Comment