28 May 2020

အလည်လွန် တန်ပြန်သက်ရောက်မှု့ ( Political Spinning Effect )




Magnus Effect ဆိုတာရှိတယ် ။
Spinning effect ဆိုတာ လည်ပါတ်မှုက ထွက်ပေါ်လာတဲ့ သက်ရောက်မှု တစ်ခုဖြစ် ပါတယ် ။ ဘောလုံး ဂိုးသွင်းတဲ့အခါ လည်ပါတ်မှုကြောင့် ဦးတည်ရာကနေကွေ့လာတဲ့ သက်ရောက်မှုမျိုးပါ ။ အလွန့်အလွန် ကျွမ်းကျင် ပါမှ အသုံးပြုလို့ရတတ်တယ် ။

US Grand Strategy ကိုလေ့လာရင်...
ဟိုး... အိုက်စင်ဟောင်ဝါ၊ ထရူးမင်း တို့လက်ထက်ကသုံးခဲ့တဲ့ Doctrine တွေဟာ ဘေးထွက်ဆိုးကျိုး နည်းပြီး သူတို့မူဝါဒကို အကောင်အထည်ဖေါ်ပေးတဲ့ မဟာဗျူဟာတွေကိုလည်း နိုင်နင်းကြတာကြောင့် အောင်မြင်ခဲ့ တာတွေ့ရတယ် ။
 
ရလာဒ်က....
* အမေရိကန်ခေတ်တစ်ခုဖြစ်လာတယ် ။
* စစ်အေးကာလကို အဆုံးသတ်ပြီး ဆိုဗီယက်ယူနီယံ ကို အစိပ်စိပ်အမွှာမွှာ ကွဲသွားစေခဲ့တယ် ။
* Bipolar ကနေ ... မေးခွန်းမဲ့ Unipolar World ဖြစ်စေခဲ့တယ် ။
 
လည်ပတ်နေတဲ့ အရာဝတ္ထုတွေမှာတင် Spinning effect ရှိတာ မဟုတ်ဘူး၊ ပိုပြီး အလည်လွန်ကြတဲ့ နိုင်ငံရေးမှာလဲ Political Spinning Effect ဆိုတာရှိတယ် ။ အမေရိကန်ရဲ့ ရှေး... သမ္မတတွေအနေနဲ့ PSE ကို ကောင်းကောင်းတွက်ချက် ထိန်းသိမ်းနှိုင်မှုကြောင့်ရလဒ် ဘယ်လောက်ပြီးသလဲ ဆိုရင်... US ဟာ ပြိုင်ဖက်မဲ့ Sole Super Power ဖြစ်သွားတယ် ။
 


ရီဂင် အလွန် ( Post Ronald Reagan )
အမေရိကန်အနေနဲ့ ရီဂင့် လက်ထက်မှာ ဘုန်းမီးနေလ အတောက်ပဆုံးလို့ သတ်မှတ်တယ်၊ သူ့နောက်ပိုင်း
Bush (Sr), Bill Clinton, Bush (Jr), Barack Obama (32) yr နဲ့ လက်ရှိ Donald Trump (4) yr, စုစုပေါင်း (၃၆) နှစ်ဟာ အမေရိကန်တွေ တစ်ဖြည်းဖြည်း ကျဆင်းလာတာတွေ့ရတယ် ။ ဒါကြောင့် ထရမ့် က Make American Great Again လို့ကြွေးကြော်ခဲ့ရတာ။

အကြောင်းရင်းကို သုတေသန လုပ်ကြည့်ရင်...
ပြိုင်ဖက်မဲ့ ဆိုပြီး အောက်ခြေလွတ်သွားတာရယ် ၊
Political spinning effect ကို မနိုင်နင်း လိုက်တာရယ် ၊
ပါတီ နဲ့ ကိုယ်ကျိုးစီးပွားဖက် အလေးထားလိုက်တာရယ် ဆိုပြီး အဓိက (၃) ချက်ကိုတွေ့ရတယ် ။
 
ဥပမာ-
အရှေ့အလယ်ပိုင်းကို အခင်းအကျင်းသစ်ဖြစ်ဖို့ မူဝါဒ ချရာမှာ Doctrine အရ အမှန်အမှားကို မဝေဖန် လိုပေမဲ့ မူဝါဒကိုအကောင်အထည်ဖေါ်တဲ့ မဟာဗျူဟာ အပိုင်းလိုက် အတော်များများမှာ Spinning effect တွေ ထွက် လာပြီး နိုင်နိုင်နင်းနင်း ထိမ်းချုပ် မရတာတွေတွေ့ရတယ်။

ထပ်ဆင့် ဥပမာ- အကြမ်းဖက် ISIL မွေးထုတ်ခြင်း တိုတို တုတ်တုတ်ပြောရရင်...
အမေရိကန် ကျဆုံးရတာဟာ Political Spinning Effect ကို အကုန်အစင် မတွက်ချက်နိုင်တာရယ်၊ မထိမ်းချုပ်နိုင်တာရယ်လို့ပဲ ပြောချင်ပါတယ်၊
 
 
မြန်မာမှာရော ? ( How about Myanmar ? )
မြန်မာမှာ နိုင်ငံရေးကို School of thoughts လောက်နဲ့ ပြောနိုင်ရင်ကိုပဲ ဆရာကြီး ထင်နေသူတွေများ တယ်။ Activist က ပိုများတယ်၊ ဖြစ်ပျက်စဉ်တွေကို မှီပြီး ဆရာကြီးလုပ်နေတဲ့သူတွေ များနေတယ်၊ fb ပေါ် မှာ ဆရာ တစ်ချို့ကိုတွေ့တယ် ။ ခပ်သန့်သန့်ပဲ ဘာသာပြန်ပေးနေကြတယ် ။ ဆရာကြီးမလုပ်ကြဘူး သူတို့ကို ကျေးဇူး တင်ရသေးတယ် ။ ကိုယ်မရှာနိုင်တာ၊ ကိုယ်မတွေ့တာကို သူတို့ ဘာသာပြန်ပေးနေ ကြလို့ ။
 
ပါဝါ ကစားမှုတွေ နိုင်ငံတွေ အပေါ်ထားတဲ့ (ဖွင့်မရေးတဲ့) မူဝါဒနဲ့ ဗျူဟာကို ဖေါ်ထုတ်ရေးနိုင်သူ မရှိ သလောက် ရှားနေတယ် ။ နိုင်ငံတိုင်းမှာ ဆိုင်ရာ.... လေ့လာရေး ဌာတွေရှိတယ် ။

ဥပမာ,,,, US studies, Myanmar studies... SE Asia Studies.နောက်အစိုးရတွေ လက်ထက်မှာ လုပ်စေ ချင်တယ် နိုင်ငံ သိပ်နောက်ကျနေပါပြီ။
 
အမြင့်ပိုင်း ( နိုင်ငံရေး+ စီးပွားရေး+ နိုင်ငံတစ်ကာရေးရာ ) မှာ ကျွမ်းကျင်သူအရေအတွက် နဲပါး လွန်းတာ နိုင်ငံအတွက် အမှန်တစ်ကယ်မကောင်းပါဘူး။ Spinning effect ရဲ့သားကောင် ဖြစ်ဖို့များနေပါတယ်။


မြေပြင် လက်တွေ့မှာ ( On the ground )
လောလောဆယ် အရကိုပဲ လည်ပတ်မှု လွန်တာရဲ့ ဆိုးကျိုးတွေ အများအပြားကို တွေ့နေရပါတယ် ။သတိ မထားမိကြ လို့ပါ။ AA ဟာ ဥပမာ တစ်ခု လို့ပြောလို့ရသလို ICJ ဟာလဲ ဥပမာ တစ်ခုလို့ ပြောနိုင်တယ် ။ နိစ္စဓူဝ တွေ့နေရတာတွေ အများကြီးပဲ။
 
လအနည်းငယ် အတွင်းမှာ ( သာမန် အားဖြင့်) ၂၀၂၀ ရွေးကောက်ပွဲလာပါမယ်၊ Spinning effect တွေ အများကြီး တွေ့ကြရပါဦးမယ် ။ ကျန်တာကတော့ ကံတရားပါပဲ ဘမောင်ကတော့ ဘာမှမပူပါဘူး ။
ဆရာကြီး လိုလို ဘာလိုလို နဲ့ လူတစ်ချို့ အဲ့ဒီ အက်ဖက် ထဲမှာ ပက်လက်မျောလိမ့်မယ် လို့တော့ ကြိုပြော လိုက်ပါဦးမယ်။
 

မြန်မာ့စကားပုံ သွားသတိရမိတယ်... ဘာတဲ့...
" အလည်လွန်တဲ့ဘီး.. ချေးနင်း " ဆိုလားပဲ။

 
Crd ...  နေဇင်လတ် ( 26.5.20)


No comments:

Post a Comment