03 May 2020

ဗုဒ္ဓ္ဓဘာသာဝင်တွေရဲ့ အဓိက အားနည်းချက်



ဗုဒ္ဓ္ဓဘာသာဝင်တွေရဲ့ အဓိက အားနည်းချက်က " သူ့ အကုသိုလ်နဲ့ သူ သွားလိမ့်မယ် ၊ ဝင်မပြောနဲ့ ၊ ဝင်မလုပ်နဲ့ ၊ ဝင်မပါနဲ့ " ဆိုတာပါပဲ ။

ဒါဟာ မကောင်းမှု့ လုပ်တော့မဲ့သူကို တားလို့ ရရဲ့နဲ့ ကိုယ့်ကို အမှုပတ်မှာစိုးလို့ ခေါင်းရှောင်ပြီးပြောတဲ့ စကား ပဲ ဖြစ်ပါလိမ့်မယ် ။

မြတ်စွာဘုရားသာ အဲ့ဒီ စိတ်မျိုးနဲ့  " သူ့ အကုသိုလ်နဲ့ သူ သွားလိမ့်မယ် ၊ ဝင်မပြောနဲ့ ၊ ဝင်မလုပ်နဲ့ ၊ ဝင်မပါနဲ့ " ဆိုတဲ့ စိတ်ရှိရင် ဗောဓိပင် နှင့် ရွှေပုလ္လင်ကို အောင်တော်မူပြီးထဲက ပရိနိဗ္ဗာန် တန်းဝင်လို့ ရပါပြီ ။ သူများကိစ္စ စိတ်မဝင်စားရင် ဘယ်သူ့ကိုမှ သံသရာက ကျွတ်အောင် အပင်ပန်းခံ လိုက်ပြီး မကယ် ချွတ် သလို ၊ သာသနာ ဆိုတာကိုလဲ တည်ထောင်ခဲ့စရာ အကြောင်းကိုမရှိပါ ။



တစ်ကယ်တော့ ကိုယ့်ရှေ့မှာ မတရားမှု လုပ်နေတာကို မြင်လျက်နဲ့ သူ့ အကုသိုလ်နဲ့ သူ သွားလိမ့်မယ် ဆိုတာဟာ မကောင်းမှုကို အားပေးခြင်းသာ ဖြစ်ပါတယ် ။

မတရားမှုမှာ ကိုယ် မပတ်သက်တိုင်း ကိုယ်ဟာ တရားသောသူ မဟုတ်ပါ ။

မတရားမှုကို ရှုံ့ချနိုင်မှ ၊ တားမြစ်နိုင်မှ ကိုယ်ဟာ တရားသောသူ ၊ တရားမှုကို ချစ်မြတ်နိုးသူ ၊ ဗုဒ္ဓအလိုကျ ကျင့်ကြံ နိုင်သောသူ ဖြစ်ပါလိမ့်မယ်။


#JustThinking
#ThetPaingTun
Via Daung Thar Lay
Khin Myintzu

No comments:

Post a Comment