အောက်တိုဘာလ ၁ ရက်နေ့မှာ တစ်ပြည်လုံး ယူနီကုဒ်ဖောင့် ပြောင်းသုံးရမယ် ဆိုတဲ့ " မဟာအောက်တိုဘာ တော်လှန်ရေးဂျင်း " မိသွားတဲ့လူတွေ အတော်များသား ... ဟာ ပြောင်းရမယ် ဆိုတော့ ပြောင်းမှပဲပေါ့ ။
တစ်ကယ်တော့ မဟုတ်ပါဘူး ... သာမန်လူ အားလုံး ကိုယ်ကြိုက်တဲ့ ဖောင့် ကို လွတ်လပ်စွာ သုံးလို့ ရပါတယ် ... မီဒီယာတွေရယ် တယ်လီဖုန်းအော်ပရေတာတွေရယ် ကိုပဲ ယူနီကုဒ်ဖောင့် သုံးဖို့ ညွှန်ကြားတာပါ ။
အဲဒါကို တစ်ပြည်လုံးမှာ ရှိသမျှလူ အကုန် မသုံးမနေရ အမိန့်ထုတ် သလိုလို ဘာလိုလိုနဲ့ ဂျင်း ထည့်တာ ကတော့ ကောက်ကျစ်စွာနဲ့ လူတွေကို မလိမ့်တစ်ပတ်လုပ် လှည့်စားပြီး သူတို့ အရူး ထနေတဲ့ ယူနီကုဒ် ကို သုံးအောင် အောက်လမ်းနည်း သုံးတာပဲ ... အဲဒီ ဂျင်း အတော်များများ မိသွားကြတယ် ။
ပိုရယ်ရတာ ရှိသေးတယ် ... ကိုယ့်ဟာ ကိုယ် ကြိုက်လို့ သုံးချင်လည်း သုံးပေါ့ ... ပြဿ နာ မဟုတ်ပါဘူး ... အဲဒါကိုပဲ တိုင်းပြည် အတွက် အင်မတန် အရေးကြီးတဲ့ လှုပ်ရှားမှုကြီးတစ်ရပ်မှာ တာဝန်ကျေပွန်စွာ ပါဝင်ဆင်နွှဲလိုက် သလိုလို ဘာလိုလို လုပ်နေကြတာကတော့ တစ်ကယ့် ဟာသ မှ ဟာသ စစ်စစ် ။
ရှိသေးတယ် ... ပိုကောင်းဖို့အတွက် ဒုက္ခခံရမယ် ဆိုပဲ ... ပေးဆပ်ခြင်းပေါ့ ... (ပေးဆပ်သူတို့ နှလုံးသား တို့ ... အမွန်မြတ်ဆုံးသော စွန်လွှတ်ခြင်း အဲလေ စွန့်လွှတ်ခြင်း၏ ဘလာ ဘလာ ဘလာတို့ ... ရယူမှု အနည်းဆုံးနဲ့ ပေးဆပ်ခြင်း အများဆုံးတို့ ဘာတို့ ဆိုတဲ့ ကိုယ်ရည်သွေး စကားလုံးတွေ သွားသတိရတယ်) ။
ဒီဖောင့်ကနေ ဟိုဖောင့်ပြောင်းသုံးတာ ကိုယ့်အတွက်က ဒုက္ခများတာက လွဲလို့ ဘာမှ ပိုကောင်း တာမှ မဟုတ်တာ ... အလကားနေရင်း ဘာကိစ္စ ဒုက္ခခံရမှာလဲ... ?? လက်ကွက်ကျင့်ရ ... ဟိုဟာထည့်ရ ဒီဟာဖြည့်ရ အဆင်မပြေလို့ ဟိုမေးရ ဒီမေးရ နဲ့ အတော် စောက်လုပ် ရှုပ်တဲ့ ကိစ္စ ၊