ခုဆို ဂျပန် မှာ ငှက်ပျောသီး ဝယ်ယူ ရရှိနိုင် ဘို့ မနက်စောစောဈေးပြေးနေရပြီ ဆိုပဲ…
အရင်က လုံးဝ မထင် မရှား သာမန် ငှက်ပြောသီး ဟာ ခုချိန် မှာ ပိန်ရေး အတွက် အရမ်း ကို အသုံးဝင်နေ တယ် ဆိုတာ သိလာ ကြပြီးနောက်ပိုင်း… ငှက်ပြောသီး တင်သွင်းတဲ့ ကုန်သည်တွေ ကလဲ… တင်သွင်းလို့ မလောက်နိုင်လောက်အောင် ဈေးကွက် က အရမ်းတောင်းဆို လာကြတယ်တဲ့…
Hitoshi Watanabe ဆိုသူ အသက် ၃၁ နှစ် ရှိပြီ ဖြစ်တဲ့ ဘွဲ့ရ အလုပ် လက်မဲ့ လူငယ် တယောက်ဟာ ဒီနည်း ဟာ အကောင်းဆုံး ဆိုတာ ကို ၂၀၀၆ ခုနှစ် မှာ တွေ့ရှိခဲ့ တယ်တဲ့…
သူ့ကောင်မလေး Sumiko ဆိုတဲ့ မိန်းကလေးက ဆေးဆိုင် မှာ ဆေးရောင်း တဲ့ အလုပ်လုပ်ရင်း… တရုတ် တိုင်းရင်ဆေး ပညာ သင်ကြားခဲ့ရတာ ကတော့… ဘာ ဖိအားမှ ပေးစရာ မလိုတဲ့ အရိုးရှင်းဆုံး ပိန်နည်း ကတော့ မနက်စောစော မှာ ငှက်ပြောသီး စားပြီး ရိုးရိုး ရေ တခွက်သောက် လို့ရှိရင် ဇီဝချေဖျက်နုန်း အလွန်မြင့်မားပြီး… နေ့လည် စာနဲ့ ညစာ ဘယ်လောက် စားစား….. ပိန်နိုင် ပါတယ်လို့ဆိုပါတယ်….
သူ့ကောင်မလေးပြောတဲ့ အတိုင်း စားလိုက်တာ ၆လ အတွင်းမှာ ၁၃ ကီလိုဂရမ်တောင် ကျတယ် လို့ဆို ပါတယ်…အဲတာ နဲ့ သူကောင်မလေးSumiko ကို လက်ထပ်ပြီး ဒီဖြစ်ရပ် ကို MY SPACE ဂျပန် ဗားရှင်း MIXI မှာ ပို့စ် တင်ထားတယ် လို့ဆိုပါတယ်…
ဒီ ဇာတ်လမ်းလေး ဟာ ပထမဆုံး Banana Diet Story အဖြစ် နဲ့ ထင်ရှားကျော်ကြား ခဲ့ပြီး စာအုပ်တောင် ထုတ်ခဲ့ ရတယ်… အုပ်ရေ ၆ သိန်းတောင်ရောင်းခဲ့ရ ပါတယ်..
ဒီအကြောင်း ပိုမို လူသိ များလာရခြင်း အကြောင်းကတော့… တိုကျို အသံလွှင့်ဌာန က ထုတ်လွှင့် တဲ့ အော်ပရာ အဆိုတော်ဟောင်းကြီး Kumiko Mori ကလည်း ငှက်ပြောသီး တန်ခိုး နဲ့ ၇ ကီလိုတောင် ကျတယ် ဆိုတဲ့ အကြောင်း ထုတ်လွှင့်ပြသခဲ့တာလဲ ပါပါတယ်….
တခြားနည်းတွေ နဲ့ ပိန်အောင် ပြုလုပ်ပေးသူတွေ မျက်ခုံးတောင် ပင့်သွားစေလောက်အောင် လွယ်ကူ မြန်ဆန် ပါတယ် တဲ့…..
တခြားနည်းတွေ နဲ့ ပိန်အောင် ပြုလုပ်ပေးသူတွေ မျက်ခုံးတောင် ပင့်သွားစေလောက်အေ
No comments:
Post a Comment