စင်္ကာပူနိုင်ငံတွင် အသက်(၁၁)နှစ် အရွယ် မယားပါ သမီး ရေချိုးနေတာ ကို လက်ကိုင် ဖုန်း နဲ့ မှတ်တမ်းတင် ခိုး ရိုက်ကူး ထားခဲ့ကာ ထိုဖုန်း မှ တဆင့် thumbdrive ထဲ ကို အသက်(၃၄)နှစ် အရွယ် ပထွေးတော်စပ်သူ ထို အမျိုးသား က download လုပ်ခဲ့ ပါတယ်။
တနေ့တွင် ၎င်း၏ဇနီးဖြစ်သူ (မိန်းကလေး ၏ မိခင်)က အကြောင်းကြောင်းဖြင့် ထို thumbdrive ကို ဖွင့်ကြည့် မိရာမှ ထို အထဲမှာ ရှိနေသည့် သမီးဖြစ်သူ ၏ ရေချိုးခန်း မှတ်တမ်း ကို တအံ့တသြ မြင်လိုက်ရ သည့် အတွက် တတ်သိ နားလည်သူနှင့် တိုင်ပင်ဆွေးနွေးပြီး ထိုသူ ၏ အကြံပေးချက် အတိုင်း ယင်း အဖြစ်ကို ရဲတိုင် ခဲ့တာဖြစ်ကြောင်း သိရသည်။
၂၀၁၀ ခုနှစ် အောက်တိုဘာ လ က ကျူးလွန် ခဲ့သော ထိုပြစ်မှု အတွက် ပထွေးဖြစ်သူ အား ထောင် သုံးလ ကျခံ စေ ရန် တရားရုံး က ပြစ်ဒဏ် ချမှတ် ခဲ့ကြောင်း သိရသည်။
From : .... New Myanmar News Today Myanmar မှမျှဝေဖေါ်ပြသည်
No comments:
Post a Comment