07 September 2019

အစွန်းတစ်ဖက် အယူဝါဒ နဲ့ မြန်မာနိုင်ငံ စီးပွားရေးအကြပ်အတည်း


နိုင်ငံတော်အတိုင်ပင်ခံ အနေနဲ့ ဘယ်လိုပဲ " မစိုးရိမ်ကြပါနဲ့ " လို့ဖြေသိမ့် ပေမဲ့လည်း၊ ဗဟိုဘဏ် ဒုဥက္ကဌရဲ့ လွှတ်တော်တွင်း ဖြေကြားချက်နဲ့ Lenders of last resort ဆိုတဲ့ (နောက်ဆုံးခံစစ်) အသုံးအနှုံးရယ်၊ ပြင်ပမှာ နှစ်ဦးထဲက ဘဏ်သမားတွေ အချင်းချင်းက ထွက်လာတဲ့ သတင်းရယ်က စိုးရိမ်မှုကို ထိထိရောက်ရောက်လျော့ချနှိုင်ဟန် မတွေ့ ရဘူး ။

မူဝါဒ မှားယွင်းမှု၊ အဆုံးအဖြတ်များ လွဲချော်မှုတွေက အရင်းခံ အစပြုရာ
ဖြစ်တယ်လို့ပဲ ပြောရလိမ့်မယ် ။


အပ်ငွေများနေတဲ့ ဘဏ်တစ်ချို့ရှိသလို၊ တိုးရင်း မပေးနိုင်တဲ့ NPL ကြီးကြီး မားမားနဲ့ မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့ ဘဏ်တွေလဲရှိနေတယ် ။

NPL ရာနှုံးမြင့်ဘဏ်တွေက ပိုအန္တရာယ် ရှိနေပါတယ် ။ အပ်ငွေများတဲ့ ဘဏ်တွေမှာ ပြသနာမရှိဘူး ဘဏ်အချင်းချင်း ကစားထုတ်သွားလို့ ရ တယ်။

ဗဟိုဘဏ်မှာ ထရီလီယံ ချီတဲ့ ငွေသားရှိတယ် ဆိုပေမဲ့ အဲ့ဒီငွေတွေ ကို ဘဏ်တွေ အကြပ်အတည်း မကျော်လွှားနိုင်တော့မှ အသုံးပြုရတယ် ဆို တာလည်း ဒီခေတ်လူတွေ သိနိုင်ကြတဲ့အရာပါ။



06 September 2019

ဂဠုန် ဦးစော နှင့် ပတ်သက်၍ လူသိပ်မသိသေးသော အကြောင်းအရာများ






ဦးစောကို လူတွေက ကြို့ပင်ကောက်သား လို့ထင်နေကြတယ်။ အမှန်က အုတ်ဖို သားဗျ။ အုတ်ဖို ကနေ ကြို့ပင်ကောက် ကို ကျောင်းသွားတက်တာဘဲ ရှိတာပါ။
အဲဒီကနေ (၅) တန်းအောင်ခဲ့တယ်။ အဲဒီနောက်(၁၉၂၇) မှာ အထက်တန်းရှေ့နေဖြစ်သွားပြီး ဂျီစီဘီအေထဲထဲက ဦးဘဖေ ဆီမှာ တပည့်အဖြစ် ဝံသာနု လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တယ်။
ဒီနေရာမှာ ဘာကို သွားပြီး သတိထားမိသလဲ ဆိုရင် ဦးစော နိုင်ငံရေးလောကထဲကိုရောက်ပြီး ဝံသာနု လုပ်ငန်း တွေကို စပြီးလုပ်နေတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ (၁၄)နှစ် သားလေး ဘဲရှိသေးတယ် ဆိုတာ တွေ့ရပါ တယ်။ အဲဒီလိုဘဲ ဦးစော ဟာ ဂျီစီဘီအေ ထဲကို (၁၉၂၇)မှာ စဝင်ခဲ့သလို ဆရာစံ ဟာလည်း (၁၉၂၃) မှာ ဂျီစီဘီအေ ထဲမှာ ရှိနေနှင့်ခဲ့ပါတယ်။
နောက်ပိုင်း ဂျီစီဘီအေခေါင်းဆောင်တွေရဲ့ ပျော့ညံ့မှုတွေကို မကြိုက်တော့လို့ ဆရာစံ ဟာ လက်နက်ကိုင် လမ်းစဉ် ကို လိုက်သွားပြီး တောင်သူလယ်သမား အရေးတော်ပုံ ဆိုတာကြီး ဟာ (၁၉၃၀) ဒီဇင်ဘာလ(၂၂)မှာ ဖြစ်ပေါ်လာခဲ့တာပါ။
လူတော်တော်များများဟာ ဦးစော ကို ဂဠုန်ဦးစော လို့ဘာကြောင့်ခေါ်လည်း ဆိုတာ မသိကြ ပါဘူး။ အဲဒီအချိန်က အင်္ဂလိပ်ကို ဆရာစံ ရဲ့ဂဠုန် တပ်သားတွေဟာ တိုက်ကြရင်း အဖမ်းခံရ ပါတယ်။



ငို နေ တာ လား ရီ နေ တာ လား




ပြည် သူ က အပ် နှံ ထား သော ငွေ ကြေး များ မ ဆုံး ရှုံး စေ ရန် အ တွက် ဘဏ် များ တွင် အ ဓိ က တာ ဝန် ရှိ နေ ပြီး စီး ပွား ရေး လုပ် ငန်း ရှင် များ ကို ထပ် မံ ဖြေ လျှော့ ပေး ရန် အ စီ အ စဉ် မ ရှိ ကြောင်း ဗ ဟို ဘဏ် ဒု တိ ယ ဥ က္က ဌ ဦး စိုး သိန်း က သြ ဂုတ် ၂၇ ရက် နေ့ က ပြု လုပ် တဲ့ လွှတ် တော် အ စည်း အ ဝေး မှာ ပြော ခဲ့ တယ် ။

ဘဏ် မှာ အ ကြွေး ဆပ် ဖို့ နဲ့ အ တိုး ပေး ဖို့ က လုပ် ငန်း ရှင် တွေ ရဲ့ တာ ဝန် ဖြစ် တာ ကြောင့် ဘဏ် ချေး ငွေ အ တွက် မျက် ရည် ကျ နေ တာ ဟာ ဘဏ် လုပ် ငန်း တွေ ကြောင့် မ ဟုတ် ဘူး လို့ လည်း NLD စီး ပွား ရေး ကော် မ တီ တာ ဝန် ရှိ သူ က ပြော သွား တယ် ။
ပြည် သူ က အပ် နှံ ထား သော ငွေ ကြေး များ မ ဆုံး ရှုံး ရန် ဘဏ် များ မှာ သာ အ ဓိ က တာ ဝန် ရှိ နေ ပြီး ထပ် မံ ဖြေ လျှော့ ပေး ဖို့ အ စီ အ စဉ် မ ရှိ ဘူး ဆို တာ မှာ ဘယ် ကိ စ္စ တွေ ကို ထင် သာ အောင် ဖြေ လျှော့ ပေး ထား လဲ ဆို တဲ့ မေး ခွန်း က စ ပြော ရ ပါ မယ် ။
ပြည် သူ့ ပိုက် ဆံ တွေ မ ဆုံး ရှုံး ဖို့ ဘဏ် မှာ ပဲ တာ ဝန် ရှိ တယ် ဆို တဲ့ စ ကား က အ မှန် ပဲ ဖြစ် တယ် ။
ဒါ ပေ မဲ့ ဘဏ် တွေ အ ပေါ် ကို တာ ဝန် ရှိ သူ တွေ အာ ဏာ ရှိ သူ တွေ လွှမ်း မိုး မှု တွေ ရှိ သ လား ဆို တာ အ ဖြေ တစ် ခု ဖြစ် လိမ့် မယ် ။ ဘာ ဖြစ် လို့ လဲ ဆို တော့ YBS ကိ စ္စ နဲ့ ပတ် သက် ပြီး ကျော် နေ ဝင်း ပြော ခဲ့ တဲ့ အ ထဲ မှာ အ သံ ဖိုင် ဖွင့် ပြ မယ် ဆို တဲ့ ကိ စ္စ တစ် ခု ပါ တယ် ။ ပွင့် ပွင့် လင်း လင်း ရေး ပြ ပြီး ဆွေး နွေး ချင် ပေ မယ့် တ ရား စွဲ ခံ ရ မှာ စိုး လို့ မ ပြော တော့ ပါ ဘူး ။
ဘဏ် ချေး ငွေ အ တွက် မျက် ရည် ကျ တာ ဘဏ် လုပ် ငန်း ကြောင့် မ ဟုတ် ဘူး လို့ ဆို တဲ့ စ ကား လည်း အ မှန် ပဲ ။ ဒါ ပေ မဲ့ လုပ် နေ တဲ့ အ လုပ် တွေ ကို ရပ် ပစ် တာ သင် တို့ ပ ယော ဂ မ ပါ ဘူး လို့ ပြော ချင် လို့ လား လို့ မေး ရင် ဘယ် လို ပြန် ဖြေ မ လဲ ။


27 August 2019

စဉ်း ကို မ စဉ်း စား တာ




အ လုပ် တစ် ခု ခု ကို လုပ် ရင် ဘာ တွေ ဖြစ် မ လဲ လို့ အ ရင် စဉ်း စား ရ တယ် ။
စီး ပွား ရေး သ မား တွေ ရဲ့ အ သက် က အဲ့ ဒီ မ လုပ် ခင် မှာ စဉ်း စား တာ ပဲ ။ မ စဉ်း စား ပဲ ဘာ မှ မ လုပ် ကြ ဘူး ။ မ စဉ်း စား တဲ့ သူ တွေ နဲ့ လည်း အ လုပ် မ လုပ် ဘူး ။

တစ် နေ့ က ရန် ကုန် မြို့ ပ လက် ဖောင်း ပေါ် မှာ ၅ ပေ ဆိုင် ခန်း တွေ လုပ် ပြီး ရောင်း ချ ခွင့် ပေး မယ့် ကိ စ္စ ကို တစ် ယောက် က လာ မေး တယ် ဘယ် လို သ ဘော လဲ ဆို ပြီး ။
လုပ် မယ့် သူ တွေ က လုပ် သင့် လား မ လုပ် သင့် လား ဆို တာ ကို စဉ်း ကို မ စဉ်း စား ကြ တာ လို့ ပြန် ဖြေ လိုက် တယ် ။ ထပ် ပြီး စဉ်း စား ဖို့ ကို တွေး ကို မ တွေး ကြ တာ လို့ ပြန် ပြော ပြ လိုက် တယ် ။

တစ် ချို့ လူ တွေ စဉ်း စား ဖို့ နေ နေ သာ သာ စဉ်း စား ရ ကောင်း မှန်း ကို မ သိ ကြ ဘူး ဆို တာ Online Facebook ပေါ် လာ မှ ရှင်း ရှင်း မြင် လာ တယ် ။ အ ပြစ် မ ပြော လို ပါ ဘူး မ စဉ်း စား တတ် တဲ့ ပ ညာ ရေး ကို ဖြတ် သန်း လာ ကြ တာ ကိုး ။ ဒါ ပေ မဲ့ အဲ့ ဒီ လို မ စဉ်း စား တတ် တဲ့ သူ တွေ နိုင် ငံ ကို ဦး ဆောင် တဲ့ နေ ရာ မှာ နေ ရာ ယူ ထား ကြ တော့ ပျက် စီး စေ တာ ပေါ့ ။

သာ သ နာ ကို လက် ဆင့် ကမ်း နေ တဲ့ ပ ရိ ယ တ္ထိ သာ သ နာ ကို ထိမ်း သိမ်း နေ တဲ့ စာ သင် သား တွေ ကို စာ သင် ကြား ပို့ ချ နေ တဲ့ ဘုန်း ကြီး ကျောင်း တွေ မှာ မီ တာ ခ တွေ တက် တော့ အ ခက် အ ခဲ တွေ ဖြစ် ကုန် တယ် ။

အဲ့ ဒီ လို အ ခက် အ ခဲ ဖြစ် တယ် လို့ ထုတ် ဖော် ပြော တော့ ဘုန်း ကြီး က ပိုက် ဆံ ကိုင် ရ လို့ လား တို့ ၊ ဘဏ် စာ အုပ် ထဲ မှာ ပိုက် ဆံ မ ရှိ ကြောင်း ပြ ရင် ဘာ လုပ် ပေး မယ် ညာ လုပ် ပေး မယ် ဆို ပြီး ရ ဟန်း သံ ဃာ တွေ ကို ပစ် မှား ကြ တယ် ။ ခက် ခဲ တာ ကို ခက် ခဲ တယ် ပြော တာ တိုက် ခိုက် စ ရာ လား ။

ငါး ပါး သီ လ တောင် မ လုံ တဲ့ လူ တွေ က ဗု ဒ္ဓ ဘာ သာ ကို မ ကွယ် ပျောက် အောင် လက် ဆင့် ကမ်း သင် ယူ နေ တဲ့ ရ ဟန်း တွေ ကို သံ သ ရာ မ ကြောက် ပဲ ပစ် မှား ကြ တယ် ။ ပြော သင့် မ ပြော သင့် စဉ်း ကို မ စဉ်း စား တတ် ကြ တာ ။ သူ တို့ နား မ လည် တာ က သ မိုင်း ဆို တာ နောက် နှစ် အ နည်း ငယ် ကြာ ရင် ကို ပေါ် လာ တော့ မှာ ။


အဲ့ ဒီ အ ခါ ကျ ရင် မြန် မာ ပြည် မှာ ရ ဟန်း သံ ဃာ တွေ ကို ဘယ် သူ တွေ က ပစ် မှား တယ် ၊ ဘယ် သူ တွေ က အ ခက် တွေ့ စေ ခဲ့ တယ် ဆို တာ က မ္ဘာ တည် သ ရွေ့ မှတ် တမ်း ဖြစ် တော့ မှာ ဆို တာ ကို ပဲ ။




ကမ္ဘာကျော် ထောက်လှမ်းရေးသမား တစ်ဦး ( သို့မဟုတ် ) တာကီအို ယိုရှိကာဝါ




ဂျပန်ရေတပ်မတော်ရဲ့ လေသူရဲ တစ်ဦးဖြစ်တဲ့ တာကီအို ယိုရှီကာဝါဟာ ဆေးဆင့်နိမ့်လို့ လေသူရဲ အလုပ်မှ အနားပေးခြင်းကို ခံရပါတယ်။ ဘဝကို ပင်ပန်းခက်ခဲစွာ ဖြတ်သန်းနေ ရ ပါတယ်။

တစ်နေ့ -

" မင်းကို ဒို့ စောင့်ကြည့်နေတာကြာပြီ။ မင်းကို အကြောင်းအရာတစ်ခု ပြောမယ်။ နားထောင် ချင်လဲ ရတယ်။ နားမထောင်ချင်ဘူး ဆိုလဲ ရတယ်" လို့ပြောပြီး လူတစ်ယာက်က ဂျပန်ရေ တပ် ထောက်လှမ်းရေး ကဒ်ပြားကို ထုတ်ပြ မိတ်ဆက်ရင်း ပြောလာပါတယ်။

ယိုရှီကာဝါ က နားထောင်ချင်ပါတယ် ဆိုတော့ -

" နားထောင်ချင်တယ်ဆိုရင် ပြောပြမယ်။ ပြောတဲ့အကြောင်းအရာကို မင်းအနေနဲ့ လက်ခံချင်လဲ ရတယ်။ လက်မခံချင်လဲ ရတယ်။ ဒါပေမဲ့ အခုပြောမဲ့အကြောင်းအရာကို တစ်ခြားသူ တစ်ယောက် ကို ပြောပြဆွေးနွေးလို့ မရဘူး။ ပြောပြ ဆွေးနွေးမယ်ဆိုရင် မင်းရဲ့အသက် အတွက် တာဝန်မယူဘူး " လို့ ထပ်ပြီးပြောလာတယ်။

ယိုရှီကာဝါက agree ဆိုမှ Pearl Harbor attack မှာ သူပါဝင်ရမဲ့ ကဏ္ဌကို ပြောပြတယ်။ ပြောလာတဲ့အလုပ်ကို သူကလက်ခံလိုက်တော့ သူ တပ်က ထွက်ခဲ့တဲ့လေသူရဲ ရာထူးလစာ ရဲ့ (၂) ဆနဲ့ သဘောတူခဲ့ကြတယ်။



27 July 2019

ပကတိ အမြင်




စာပေနဲ့ စီမံခန့်ခွဲရေး ပညာရပ်မှာ အားလုံးနီးပါးလောက်က အကောင်းမြင် Optimistic ဖြစ်ဖို့ ရေးကြသားကြပြီး Pessimistic ဆိုတဲ့ အဆိုးမြင်ကို ရှောင်လေ့ရှိကြတယ် ။

မနေ့က လုပ်ငန်းရှင်ကြီးဖြစ်နေတဲ့ တပည့်တစ်ယောက်နဲ့ ဖုန်းပြောဖြစ်ကြတယ် ။ဘယ်အဖွဲ့က ပညာတော်တဲ့ လူငယ် အရေအတွက် ဘယ်လောက်ကို စုထားတယ်လို့ဆိုတယ် ။

လူငယ်တွေကိုပြုစုပျိုးထောင်ရာမှာ စာတွေ့ Education တစ်ခုထဲနဲ့ မပြည့်စုံဘူး၊ ၁၉၅၀ ဝန်းကျင်မှာ အမေရိကန်တွေ ကြုံခဲ့တဲ့ အမှားမျိုး ....
Knowledge = Education. + Experiences
ပညာ = စာတွေ့ + လက်တွေ့



Education ဆိုတာ General ပဲ၊ Local context ထဲ့ပေးရတဲ့ အပြင် လက်တွေ့နဲ့ စာတွေ့ ကွာတာတွေ အများကြီးပဲ ။

" မင်းကိုယ်တိုင် MBA ရပြီးပြီလေ၊ လက်တွေ့နဲ့ ဘာကွာသလဲ ဆိုတာ မြင်မှာပေါ့ "
" ဒါတော့ ဟုတ်တယ်ဆရာ "


လုပ်ငန်းကြီးလာရင် CEO တစ်ဦးဟာ သူ့လက်အောက်က Admin, Finance, Trade, Manufacturing, HR စတဲ့ ဌာနတွေ များရင်များသလောက် ကိုင်တွယ် ဆက်ဆံရပုံခြင်းမတူပါ၊
အရပ် စကား နဲ့မြင်အောင်ပြောရရင်...


* အင်္ဂျင်နီယာ၊ ဆရာဝန်၊ အနုပညာရှင် စတာတွေကို တစ်သမတ်ထဲ
ဆက်ဆံလို့ မရသလို၊


* သာမန်ဝန်ထမ်း၊ မန်နေဂျာ၊ CEO တို့တွေးတာခြင်း မတူသလိုပါ ။


ဒါကြောင့် လူငယ်တွေနဲ့ ပညာရှင်တွေကို ပြုစု ပျိုးထောင်ရာမှာ ပညာရေးဆိုတဲ့ Education ဟာ အခြေခံကျတာ မှန်ပေမဲ့ လုပ်ငန်းခွင်အတွေ့အကြုံမျိုးကို ထဲ့ပေါင်းနိုင်ပါမှ တော်ရုံ ကျပါလိမ့်မယ်။


29 June 2019

ကုန်းဘောင်ခေတ်ရဲ့ နန်းသက်အတိုဆုံး မင်း




ကုန်းဘောင်ခေတ်ရဲ့ နန်းသက်အတိုဆုံးမင်း (သို့) ဖေါင်းကားစား မောင်မောင်
ဖောင်းကားစားသည် အလောင်းမင်းတရား၏ မြေးတော်ဖြစ်ပြီး နောင်တော်ကြီးမင်း၏ သားတော် ဖြစ်သည်။ သမန်းဖောင်းကား ရွာကို စားရ၍ ဖောင်းကားစားဟု အမည်တွင်သည်။

ဘိုးတော် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက သားတော်များအား အကြီးဆုံး နောင်တော်ကြီး မှ အစပြုပြီး ညီတော် အစဉ်အတိုင်း မင်းပြုရမည်ဟု မှာကြားခဲ့လေသည်။
နောင်တော်ကြီးတွင် သားတော် "ဖောင်းကားစား မောင်မောင်" ရှိသည်။ နောင်တော်ကြီးသည် ခမည်းတော် အမိန့်ကို နာခံသော အားဖြင့်မိမိ သားတော်ကို နန်းရံမထားဘဲ ညီတော် မြေဒူးမင်း ကိုသာ နန်းရံ ထားခဲ့သည်။

ယခု မြေဒူးမင်းကမူ သူ၏သားတော် စဥ့်ကူးမင်းကို နန်းရံထားလေသောကြောင့် ဖောင်းကားစား မောင်မောင်က မကျေမနပ် ဖြစ်၍ အရေးအခင်းပေါ်လာခဲ့ရခြင်းဖြစ်ပါသည်။

ဆင်ဖြူရှင်လွန်၍ စဉ့်ကူးမင်း နန်းတတ်သောအခါ မိမိထီးနန်းကို အန္တရာယ်ဖြစ်စေနိုင်မည့် သူတွေကို ဖယ်ရှားပြီးသော် နေ့စဉ် နန်းတော်တွင် အရက်သောက်ခြင်း၊ ကခုန်ခြင်း၊ ကြက် တိုက်ခြင်း များဖြင့် ပျော်ပါးလေ၏။

လွှတ်တော် အစည်းအဝေးကိုလည်း မှန်မှန်မတက်သဖြင့် ၀န်ကြီးများ၊ မှူးမတ်များမှ မကြည်ညို ကြတော့ပေ။ သို့သော် စဥ့်ကူးမင်း သည် မိမိလုပ်ချင်သည်ကိုသာ လုပ်နေပြီး မည်သူကိုမှ ဂရု မစိုက်ပေ။ ပျော်ချင်တိုင်း ပျော်နေပြီး မိမိ ရှေ့ရှေးအတွက်ပင် စိတ်မပူခဲ့ပေ။

ထိုသို့ နန်းစံနေပြီး AD 1782၊ 2 လပိုင်း၊ 2 ရက်နေ့တွင် အင်းဝ နေပြည်တော်သည် ပျင်းဖို့ ကောင်းသည်ဟု ဆိုပြီး မယ်တော် အပါအ၀င် မိဖုရား မောင်းမ အပေါင်းတို့နှင့် သက်တော်စောင့် ရဲမက်၂ ထောင် ကျော်ဖြင့် အညာ သီဟတောသို့ ဘုရားဖူး ထွက်လေသည် ။



28 June 2019

ပျားရည် အသုံးဝင်ပုံများနှင့် ပျားရည် စစ်မစစ် စမ်းသပ်နည်း




" ပျားရည် "
အသုံးဝင်ပုံများနှင့် ပျားရည် စစ်မစစ် စမ်းသပ်နည်း
(၁) အသားအရေကို နူးညံ့ ချောမွတ်လှပစေခြင်း
(၂) ဆံပင်ကျွတ်ခြင်းကို လျော့ပါးစေခြင်း
(၃) အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ခြင်း
(၄) ဝက်ခြံများ ပျောက်ကင်းစေနိုင်ခြင်း
(၅) ဗောက်သေစေခြင်း
(၆) ဆံပင်ပြန်ပေါက်စေခြင်း
(၇) အစားအစာများတွင် ပျားရည်ထည့်၍ ချက်ပြုတ်နိုင်ခြင်း
(၈) ထိခိုက် ဒဏ်ရာများကို အနာကျက်မြန်စေခြင်း
(၉) အမာရွတ်များကို လျော့ပါး ပျောက်ကွယ်စေခြင်း
(၁၀) အပူလောင်ခြင်းအတွက် အမြန်ဆုံးသက်သာစေခြင်း
(၁၁) ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းမှကာကွယ်ပေးခြင်း
(၁၂) ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေခြင်း
(၁၃) စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
(၁၄) အရက်မူး ပြယ်စေခြင်း

မည်သူမဆို ပျားရည်ကို တစ်နေ့တစ်ဇွန်း စားသုံးပါက အထက်ပါ အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။


" ပျားရည် အသုံးပြုပုံများ "

🔹ညအိပ်ယာမဝင်ခင် ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း သောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါသည်။
🔹ဝက်ခြံပျောက်ကင်းလိုပါက ၀က်ခြံနှင့် ပတ်ပတ်လည် အရေပြားပေါ်သို့ ပျားရည်သုတ်လိမ်းပါ ။ မိနစ် ၃၀ ခန့် ထားပြီးနောက် ရေနွေးနွေး နှင့် မျက်နှာသစ်ပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ်ပြုလုပ်ပါ။
🔹နှုတ်ခမ်းကွဲခြင်းများအတွက် ပျားရည်နှင့် နှုတ်ခမ်းကို မကြာခဏ သုတ်လိမ်းပေးပါ ။
🔹အသားအရည် ချောမွတ်စေရန် ပျားရည် နှင့် ခြေလက်၊ မျက်နှာ၊ လည်ပင်း အစရှိသည့် ချောမွတ်လိုသောနေရာများကို သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ ။ ပြီးမှရေချိုးပစ်ပါ။
🔹အပူလောင်ဒဏ်ရာများအတွက် ဂွမ်း(သို့) ပတ်တီးကို ပျားရည်စွတ်ပြီး ဒဏ်ရာပေါ် အုပ်ပါ။ အနာမကျက်မခြင်း တစ်နေ့ ၃ ကြိမ်ခန့် လဲလှယ်သင့်ပါတယ်။
🔹မနက်အိပ်ယာအထတွင် ပျားရည် တစ်ဇွန်းသောက်သုံးပါက အူလမ်းကြောင်းတစ်လျှောက် ပိုးမွှားများသေစေပြီး အူနံရံရှိ အကျိအချွဲများကို ရှင်းလင်းပေးနိုင်ပါတယ်။
🔹အရက်မူးနေပါက ပျားရည်ကို အမူးပြယ်ဆေးအဖြစ် သုံးစွဲနိုင်ပါသည်။
🔹ပင်ပန်းနွမ်းနယ်နေပါက ပျားရည် နှင့် သံပုရာရည်ကို ရောစပ်သောက်သုံးပါက နှလုံးငြိမ်စေပြီး အမောပြေစေပါတယ်။
🔹အစားမှားခြင်းအတွက် ရေနွေးထဲသို့ ပျားရည်ဇွန်းဝက်ခန့် ထည့်၍ သောက်သုံးပါက အစာအဆိပ်ပြေစေပါတယ်။
🔹လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်း၊ အအေးမိခြင်းများအတွက် ရေနွေးတစ်ခွက်ထဲသို့ ပျားရည်နှင့် သံပုရာရည် ရောစပ်ပြီးသောက်သုံးနိုင်ပါတယ်။

04 June 2019

စိတ်ဓာတ် ယဉ်ကျေးမှု နှင့် စိတ်ဓာတ် ငြိမ်းချမ်းရေး





မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ့မြောက်ဘက် ကက်ရှ်မီးယား ရဲ့ အရှေ့မြောက် လာဒက် က ပြန်လာ တယ်။ လာဒက်မှာ ဘုန်းကြီး တရားဟောတယ် ။
Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာ အဖွဲ့ ရဲ့ ဌာနချုပ်မြို့ လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို့ လုံး ပိုစတာ ထောင်ပြီးတော့ကြော်ငြာ လိုက်တော့ ဗုဒ္ဓ ဘာသာဝင်ရော ၊ ခရစ်ယာန် စတဲ့ အခြားဘာသာဝင်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ် ။

Tourist တွေကလည်း အရမ်းပေါတယ်။သူတို့ လည်း လာ နားထောင်ကြတယ်။ခေါင်းစဉ်က ဘုန်းကြီးပေး တဲ့ ခေါင်းစဉ် မဟုတ်ဘူး။ သူတို့ ပေးတဲ့ခေါင်းစဉ်။
Buddhist and World Peace ဗုဒ္ဓဘာသာ တရားတော်နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ် ကို ဟောရမှာ။

ကမ္ဘာ ဆိုတာဘာလဲ .......
စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟော သလဲ ဆိုရင် The World ကမ္ဘာ ဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီကစတာ။

ရေ မြေ ၊ တောတောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန်ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို့ က ကမ္ဘာ လို့ ခေါ်ချင်သလား။ မင်းတို့ ခေါ် ချင်လည်း ခေါ်ရပါတယ်။ တို့ ဗုဒ္ဓ ကတော့ ခြေဖျား မှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှ ရှိတဲ့ ခန္ဓာကိုယ်ကို“ တစ်ကမ္ဘာ” လို့ သတ်မှတ်တယ်။


12 March 2019

သူများတွေ သိကုန်ပြီ ကိုယ်သိဖို့ပဲ လိုတော့တယ်




ဒီနေ့ ဘီဘီစီ သတင်း ဖတ်ရင်း က စိတ်ဝင်စား စရာ သတင်းလေးတစ်ပုဒ် ဖတ်ဖြစ် ပါတယ်။
အင်္ဂလန် မှာ ဒုတိယ ကမ္ဘာ စစ် နောက်ပိုင်း ခေတ် စား တဲ့ ဘဏ်ချေးငွေနဲ့ အိမ်ကြီးကြီး ကားကောင်းကောင်း တွေ ဝယ်ပြီး နေ တဲ့လူနေမှုပုံ စံက နေ တော်သင့် သလောက် အိမ်လေး ရယ် မရှိမဖြစ်လို မှ ဝယ် တဲ့ ဂျပန် ကားလေး ကိုစီး ပြီး အကြွေးမထူ လူ မပူရဘဲ ခပ်အေးအေး နေ တဲ့ပုံစံ ကို ပြောင်း လဲလာပါတယ်တဲ့။
အဲ့ဒီလို ကြွားဝါ ရမဲ့ကိစ္စ တွေ မှာ ငွေမသုံးဘဲ မရှိမဖြစ်တာ လေး ကို စီစစ်ပြီး သုံး တာ ကို အင်္ဂလိပ် လို Frugal Living လို့ ခေါ်ပါတယ်။
စားစရာ ဝတ်စရာ စတာ တွေမှာ ငွေကုန် ကြေးကျ များ တဲ့ ဇိမ်ခံပ စ္စည်းတွေ မလို အပ်ပဲ ဝါသနာ အရ ဝယ်တာ ကို လျှြော့ပီး သင့်တင့် မျှတအောင် နေ တာပါ။
အရင်းရှင် စနစ် ရဲ့ကျောရိုး ဖြစ်တဲ့ လောဘ အလျှောက် အလွန်အကျွှံ ဝယ်ယူ သုံးစွဲ တဲ့ အကျင့် ကနေ ရှိတာလေး နဲ့ လှအောင် ဆင် ပြီးရိုးရိုး ရှင်းရှင်း နဲ့ နေ လာကြပါတယ်။
ဒီလို နေ ကြည့်တော့ ဘာသွားတွေ့ သလဲ ဆို တော့ ဘဏ်တွေက နေ အကြွေး ယူ ရတာ အတိုးပေးရတာ နည်း သွားပြီး သူ တို့ နိုင်ငံ ကလူတွေ အတွက် ဆို အသက် ၄၀ လောက်မှာ ငွေကြေးစုမိဆောင်း မိဖြစ်သွား ပြီး ပင်စင်ယူ ကိုယ်ဝါသနာ ပါရာ လုပ် နေ နိုင်သွား ပါတယ်။


09 March 2019

စအို က အကောင် အရှင်လေးတွေ



ဆရာဝန် ညီလေးတစ်ယောက်ရဲ့ဆေးခန်းကို လာပြတာ အသက် ၂၀ ကျော်ကောင်ကလေး၊ သူ့ စအိုကနေ ( intestinal fluke လို့ခေါ်တဲ့ ) အကောင်အရှင်လေးတွေ ထွက်ထွက်နေတာ ပေါ်လိုက် ပျောက်လိုက်နဲ့ ၃-၄ နှစ်လောက် ရှိပြီတဲ့…။
သတိထားမိတာတော့ အဲဒီ မတိုင်ခင် ဝက်သားတုတ်ထိုးတွေ အတော်စားဖြစ်တယ်လို့ပြောတယ်။ အဲဒီ အကောင်လေးတွေသာ အသည်းထဲမှာ တွယ်ကပ်မိရင် အတော်ကို ဆိုးဆိုးရွားရွား ဒုက္ခပေးတော့မှာ။
ဒီ လပိုင်း/နှစ်ပိုင်းတွေမှာ ဆေးရုံမှာလည်း မကြာခဏတွေ့လာရတာတွေက အသက် ၃၀ ဝန်းကျင် လူနာ တွေ အစာအိမ် ကင်ဆာ အူမကြီး ကင်ဆာတွေနဲ့၊ တစ်ချို့ ဆိုရင် ခွဲလို့ မရနိုင်တော့တဲ့ အခြေအနေမို့ အသက် ၃၀ ကျော်လေးမှာပဲ သေမင်းရက်ချိန်းကို ထိုင်စောင့်နေရတဲ့ ဘဝတွေကိုဖြစ်လို့။
အဲဒီလို လူနာတွေကို တွေ့ရ မြင်ရ ကြားရတိုင်း လမ်းဘေးမှာ မကျက်တစ်ကျက်ပြုတ်တွေ ထိုင်စားနေတဲ့ တုတ်ထိုး ဆိုင်တွေ ၊ မကျက်တစ်ကျက် ကင်တဲ့ အပြင် မီးခိုးငွေ့တွေ ညှော်ငွေ့တွေပါ ရိုက်ထားတဲ့ အကင် ဆိုင်တွေနဲ့ တစ်ခါတစ်လေ ခေါင်းထဲ ဗိုက်ထဲက သွေးတွေတောင် ထွက်လာတတ်သေးတဲ့ ငါးကင်တွေ…
နောက်တစ်ခါ ဆိုင်ကြီး ကနားကြီးတွေနဲ့ ရောင်းပြီး ဈေးကြီး ပေးစားရတဲ့ ဆိုင်တွေက ပွက်ပွက်ဆူနေတဲ့ အိုးထဲ ထည့်ပြီး ကျက်မှန်း မသိ မကျက်မှန်း မသိ ဆယ်စားနေကြတဲ့ အသား ငါး ပုစွန်တွေနဲ့ readymade အသင့်စား အစားအစာ လို့ခေါ်တဲ့ ခေါက်ဆွဲခြောက် ကြာဇံခြောက် ကော်ဖီမစ် တီးမစ်တွေကို မျက်စိ ထဲမှာပြေးမြင်မိတယ်။


သေတဲ့ အထိ လေမဖြတ်ဘူး




၁။ ဆင်တုံးမနွယ် အစို လက်တစ်ညိုး တစ်ဆစ်ဖြတ် (ငါးကျပ်သားခန့်) ကို ၄ ခြမ်းခွဲပြီး ထည့်ပါ။
၂။ ရေကျက်အေး သို့ သောက်ရေသန့် (ငှက်ပျောဖူး ပုလင်း ၂ ပုလင်း) (1.5 L)
၃။ ဆား တစ်ဇွန်း (လက်ဖက်ရည်ဇွန်း အသေး) (ဆားများပါက သွေးတိုးသမားများအတွက် မကောင်းပါ။)
၎။ ထန်းလျက် (ငါးကျပ်သား) (ထန်းလျက် မပါပါက ကြာကြာထားမခံပါ။ ပုတ်လွယ်သည်။)
၅။ ရှောက်နူသီး ခေါ် ရှောက်ဘီလူးသီး ၂ လုံး (ရှောက်တွတ်သီး ဟုလည်းခေါ်သည်။ )
ထို ၅ မျိုးကို ရော၍ အဖုံးလုံသော ဖန်ပုလင်း သို့ ကိုကာကိုလာဗူး အမာ များတွင် (ရေဗူး အပျော့ တွင် ပေါက်ထွက်နိုင်) တစ်ပတ်တိတိ ပိတ်ထားပြီး (ခပ်ကြာကြာ ထားနိုင်ရင် ပိုကောင်းသည် ) 

ရက်ပြည့်က တစ်နေ့ကို ညအိပ်ယာ မဝင်မှီ စတီးဇွန်း ၃ ဇွန်းစာ ညစဉ်သောက်ပါ။ ဗူးအဖုံး ဖွင့်စဉ် gas ရှိသောကြောင့် လှုပ်၍ မဖွင့်ရ။


စာဖတ်လို့ ပိုက်ဆံ မရပေမယ့် ပိုက်ဆံ ရှာဖို့ အတွေး အခေါ်တွေ ရပါလိမ့်မယ်




အလုပ် မရှိရင် စာဖတ်ပါ၊ စာဖတ်လို့ ပိုက်ဆံ မရပေမယ့် ပိုက်ဆံ ရှာဖို့ အတွေး အခေါ်တွေရပါလိမ့်မယ် ။
ဆယ်နှစ်စာ အတွေ့အကြုံကို ကြို ရချင် ရင်အတွေး အခေါ်ရှိတဲ့ လူကြီး စကား နားထောင်ပါ။
ဘဝမှာ အောင်မြင်ချင် ရင် ရူံးနိမ့်ခဲ့ဖူး သူ ဆီက သင်ယူ လေ့လာပါ။
တစ်သက်လုံး လိပ်ပြာ လုံချင်ရင် ကိုယ်ကျင့်တရား ကိုလုံခြုံစွာထိမ်းနိုင် အောင်ကြိုးစားပါ။
အသိပညာ ၊ အတတ်ပညာ ကို ပြည့်စုံ ရင့်ကျက် စေချင်ရင်လက်တွေ့ လုပ်ဆောင်ပါ။
ကြီးမားတဲ့”နောင်တ” ဆိုတာ မရှိ စေချင်ရင်ရွှေထက် တန်ဖိုးကြီးသော “အချိန် “ကိုလေးစားပါ။


08 March 2019

လက်နက်၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ လုပ်ငန်းများမှ ငွေအသပြာများ အလျှံပယ်ဖြစ်နေသည့် မြို့




တရုတ်ပြည် သို့ မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် မူဆယ်မြို့၏ ညစ်ပတ် ပေရေနေသော လမ်းမများပေါ်တွင် ‘ပန်ဆေး’ ပြည်သူ့စစ် အဖွဲ့မှ တိုက်ခိုက်ရေးသမားများ ဥဒဟို သွားလာနေကြသည်။

မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့တွင် လက်နက်များ၊လောင်းကစား ရုံ များ၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ လုပ်ငန်း များ မှ ပေါ်ထွက်လာသည့် ငွေကြေးများ အလျှံပယ်ဖြစ်နေသည်။

တရုတ်ပြည်နှင့် မြန်မာနိုင်ငံ အကြား ၎င်းတို့ နယ်စပ် တစ်လျှောက် တပ်ဖွဲ့များ ဖြန့်ချမှု မပြုရန် သဘောတူညီ ချက် တစ်ရပ်ရှိသည်။ သို့ဖြစ်၍ KIA နှင် TNLA အပါအဝင် ယင်းဒေသ၌ လှုပ်ရှားနေ ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဗဟိုအစိုးရ အကြားနှစ်ရှည် လများပဋိပက တစ်ခုတွင် မြန်မာ့တပ်မတော်သည် ဌာနေပြည်သူ့စစ်အဖွဲ့များကို ကိုယ်စားလှယ်များအဖြစ် အသုံးပြုခဲ့ သည်။

ရှမ်းပြည်နယ်၏ နယ်စပ်မြို့ မူဆယ်ကို လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့က အုပ်စီးထားသည်ဟု ဆိုသည်။ ယင်းတို့ အနက် ‘ပန်ဆေး’ အဖွဲ့ သည် မူဆယ်မြို့၏ အင်အား အကြီးဆုံးပြည်သူ့စစ် အဖွဲ့များအနက် တဖွဲ့ ဖြစ်သည်။

ပန်ဆေး အဖွဲ့တွင် အဖွဲ့ဝင် ရာပေါင်းများစွာ ရှိပြီး အမ်-၁၆ ရိုင်ဖယ် များ၊ ကာလက်ရှ်နီကော့ဗ် ရိုင်ဖယ်များ စသည်ဖြင့် ခေတ်မီ လက်နက် များ ကိုင်ဆောင် ထားကြသည်။

ပန်ဆေးပြည်သူ့စစ် အဖွဲ့တွင် ကိုယ်ပိုင် ကျောက်စိမ်းတွင်းများ၊ စီးကရက် စက်ရုံများ၊ ကာရာအိုကေ ဘားများရှိသည်။ စီနီယာ ပန်ဆေး အဖွဲ့ဝင် တစ်ဦးက ၎င်းတို့ အဖွဲ့သည် မူးယစ်ဆေးဝါးနှင့် အခြားဥပဒေနှင့် ဆန့်ကျင်သော လုပ်ရပ်များတွင် ပါဝင်ပတ် သက်ခြင်း မရှိဟု ပြောကြားသည်။

မူဆယ် ရှိ အခြားပြည်သူ့စစ် အဖွဲ့များနည်းတူ ပန်ဆေး အဖွဲ့သည် တပ်မတော်၏ အုပ်ချုပ်မှုအောက်၌ ရှိသည်။ အပြန်အလှန် အနေနှင့် တစ်စုံ တစ်ခုသော အတိုင်းအတာအထိ လွတ်လပ် စွာလှုပ်ကိုင်ခွင့် ရသည်။ ပြည်သူ့စစ် အဖွဲ့ဝင်များက သူတို့ကိုယ် သူတို့ ငြိမ်းချမ်းရေး ထိန်းသိမ်းသူများ အဖြစ် ညွှန်းဆိုကြသည်။

၎င်းတို့သည် ပြည်သူလူထု အပေါ် အနိုင်ကျင့် ဗိုလ်ကျ ဥပဒေနှင့် မညီသည့် လုပ်ငန်းများ လုပ်ကိုင်နေကြ သော သူပုန် အုပ်စုများကို တိုက်ခိုက်နေသည် ဟုလည်း ပြောကြသည်။

သို့ရာတွင် နိုင်ငံရေးလေ့လာ စိစစ်သူ ဒေးဗစ် မက်သီဆန် က မူဆယ်မြို့၏ တရားမဝင် စီးပွားရေး လုပ်ငန်း နောက်ကွယ်၌ ပြည်သူ့စစ် အဖွဲ့များရော၊ သူပုန်များပါ ပါဝင် ပတ်သက်နေသည်ဟု ပြောသည်။

” သူတို့ဟာ သေနတ်တွေ ကိုင်ဆောင်ပြီး မြို့ပတ်ကာ ကားမောင်း နေကြတယ်။ လောင်းကစားရုံတွေကို ဖွင့် ထားကြတယ်။ ယာဘ မူးယစ်ဆေးတွေ ရောင်းနေကြတယ်”ဟု ၎င်းက ပြောသည်။

မြန်မာ ကုန်သည်များသည် မူဆယ်မြို့မှ တစ်ဆင့် တရုတ်ပြည်သို့ ဆန်၊ ငါး၊ သစ်သီးများ တင်ပို့သည်။ တရုတ် ပြည်မှ လျှပ်စစ် ပစ္စည်း များ၊ လူသုံးကုန် ပစ္စည်းများ တင်သွင်းသည်။ အောက်တိုဘာနှင့် ဒီဇင်ဘာ အကြား တရားဝင်ကုန် သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ခန့်ရှိသည်။

သို့သော် တရားဝင် ကုန်သွယ်မှုထက် စိတ်ကြွဆေး၊ ဘိန်း၊ တိရစ္ဆာန် အစိတ်အပိုင်းများ၊ ကျောက်စိမ်း စသည့် တရားမဝင် ကုန်သွယ်မှုက မူဆယ်တွင် အဆမတန် ကြီးထွားလျက်ရှိသည်။

မြန်မာနိုင်ငံသည် ယခုအခါ ကမ္ဘာပေါ်တွင် စိတ်ကြွဆေးပြား အများ ဆုံးထုတ်လုပ်သည့် နိုင်ငံများအနက် တနိုင်ငံဖြစ်နေသည်။





အမှားကြာ အမှန်လို့ ယူဆတတ်တယ်




အလောင်းတော်ကဿ       ပ ဟု ဆိုလိုက်လျှင် အများစုက မြတ်ဗုဒ္ဓ လက်ထက် အရှင်မဟာ ကဿ ပ ကိုပြေးမြင် တတ်ကြပါ သည်။ အမှန်လည်း အလောင်းတော် ကဿ ပ ကို အရှင်မဟာ ကဿ ပအဖြစ် ယုံကြည်ကြသည်။
အင်တာနက် သမိုင်း စာမျက်နှာများက အစ အရှင်မဟာ ကဿ ပ ကို ရေးသား ပုံဖော်နေကြသည်ကိုတွေ့ရ၏။

ကလေးတွေ ဖတ်ရှုလေ့လာဖို့ အတွက် ဘုရားသမိုင်း စာအုပ်များ ဝယ်ပေးဖြစ်သည်။ အချို့သမိုင်း များက တိကျရေရာသော သမိုင်း မဟုတ်ပေ။ ထိုးဇာတ်တွေက များနေ၏။ ဒဏ္ဍာရီ ပုံပြင်ဆန်လှ သည်။ လူကြီးသူမ များက အဟုတ်ထင် သ ဖြင့် သမိုင်းမှတ်တမ်း စာအုပ် များရေးသား ထုတ်ဝေပြီးရောင်းချကြသည်။ ကလေး သူငယ်များက လည်း အဟုတ်ဟု မှတ်ထင်နေကြ လိမ့်မည်။ အမှတ်မှားပါက သမိုင်း အမှန်များပျောက်တော့ မည်။

" အမှားကြာလျှင် အမှန်ဖြစ် အမှန်စင်စစ် အမှားထင် ဘုရားရှင် ပင် ဟော၍ မရ" ဟူသကဲ့သို့ အမှားကြာ လာသည့် အခါ အမှန် ဟု ယူ ဆ တတ်ကြသည်။ အမှန် ဖြစ်လာခြင်းတော့ မဟုတ်ပေ။ အမှန်ဟု ထင်မြင် ယူဆလာခြင်းသာဖြစ်သည်။

အလောင်းတော်ကဿ         ပ ကို သွားရောက် ဖူးမြော်ကြသူတွေများ လှသည်။ မြန်မာ အများစုသည် ပင် နယ်လှည့် ဘုရားဖူးခြင်းဖြင့်သာ အချိန်ကုန်နေတတ်ကြသည်။ စာပေ ဖတ်ရှုလေ့လာခြင်းကား နည်း
ပါး လှ၏။

မရောက်ဘူးသည့် အရပ်ဒေသ သို့ ဒေသန္တရ ဗဟုသုတဖြစ်စေခြင်း ငှါ သွားသင့်၏။ မိမိသွားရောက် လေ့လာ သောအခါ၌လည်း ဓာတ်ပုံ ရိုက်ခြင်းနှင့် အချိန်မကုန်စေပဲ စနစ်တစ်ကျလေ့လာထားသင့်၏။

မိမိစီးသောမြင်း အထီး အမ ကွဲ သင့်သည် မဟုတ်လော့။ အများစုက ဘုရားဖူးခရီး ဟူ၍သာ သွားလိုက်ကြ သည်။ ပါရမီမြောက် ဘုရားဖူး သွားခြင်းမျိုး မဟုတ်ပဲ ပျားရည်ဆမ်း ခရီး ( ဟန်းနီးမွန်း ခရီး) သာဖြစ် ခဲ့ ကြသည်က များ၏။



22 February 2019

မြောက်ဦး ကို ကမ္ဘာ့ အမွေအနှစ်စာရင်း သွင်းနိုင်တော့မည်ဟုပြောကြား




ရခိုင်ပြည်နယ်ရှိ ရှေးဟောင်း ယဉ်ကျေးမှုဇုန် မြောက်ဦးမြို့ကို လာမယ့် စက်တင်ဘာလ အတွင်း ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်တော့မှာ ဖြစ်တယ်လို့ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဦးစီးဌာနက ပြောပါတယ်။


မြောက်ဦး ရှေးဟောင်းသုတေသန ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ သောင်းထိုက် က “ ဒီ ၂၀၁၉ စက်တင်ဘာ ဆိုရင် ကျနော်တို့ Normal Nation Dossier Draft ကိုတင်ဖို့ လျာထားချက်ရှိပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်တော့ ကျနော်တို့က Final Dossier ကို ကမ္ဘာ့ အမွေအနှစ်ကော်မတီ ကို တင်ပြဖို့ ဆောင် ရွက် နေတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ Time Frame အတိုင်း လုပ်နေပါတယ်”လို့ ပြောပါတယ်။


ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် အဖြစ်သတ်မှတ် ခံရတာနဲ့ တစ်ပြိုင်နက် နိုင်ငံတစ်ကာ က ပညာ ရှင်တွေ၊ ကျွမ်းကျင် သူတွေ လာရောက်ကြမှာဖြစ်လို့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ဆိုင်တဲ့ နည်းပညာဆိုင်ရာ လုပ်ငန်းတွေ တိုးတက်လာမှာဖြစ်သလို ဒေသနေ လူ့အဖွဲ့အစည်းရဲ့ အလုပ် အကိုင် အခွင့်အလမ်းရော စီးပွားရေး လုပ်ငန်းတွေပါ တိုးတက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။



21 February 2019

ရှု့ဒေါင့်ကွဲဖြစ်တည်မှု ၀ါဒ ၏ တိုးတိုက်မှုများ



Existentialism ဟူသောဖြစ်တည်မှု ၀ါဒသည် အထူးသဖြင့် သက်ရှိတို့၏ အခြေခံ လိုအပ်ချက်ဖြစ်သော် လည်း လူသားပဓါန (Humanism) အယူအဆ အားကောင်းလာသောအခါ မတူညီသောရှု့ဒေါင့် များကြောင့် တိုးမိ တိုက်မိသည်မှ ထိပ်တိုက် အားပြိုင်ရာသို့ ရောက်ရှိလာခဲ့တော့၏။
.
တစ်ချိန်က ရုပ်ဝါဒ (Materialism )၊ ၀ိဉာဏ၀ါဒ ( Idealism)၊ အစစ်အမှန်ဝါဒ(Realism) တို့အားပြိုင်ခဲ့ကြ ဘူးသည်။ အိုင်ဒီယာ စစ်စစ်သည် သဘောတရားရေးရာ အရ နားထောင်ကောင်းပါသော်လည်း အတ္တ အခြေခံသော လူသားတို့ အကြားတွင် လက်တွေ့ အလုပ်မဖြစ်ခဲ့ချေ။ 

ကွန်မြူ နစ် တို့၏ ရုပ်ဝါဒကလည်း ဒုတိယကမ္ဘာစစ် ၀န်းကျင်တွင် ကမ္ဘာ့ဒေသ အတော်များများ အပေါ် သြဇာ သက်ရောက်ခဲ့ပါသော်လည်း စစ်အေးလွန်ကာလတွင် သဂြိုလ်ခံလိုက် ရသည်။

စစ်အေးလွန်တွင် အမေရိကန်တို့၏ တန်ဘိုး (Value) ဟုကြွေးကြော်ခဲ့သော ကျင့်စဉ် (Democracy) သည် လူ့အခွင့်အရေး (Human Right) ကို အဖေါ်ပြုကာ တန်ဖိုးချမှတ်မှု ဆိုင်ရာပညာ (Axiology) ထဲမှ အစိတ် အပိုင်း အချို့ဖြစ်သော စံနှုန်း (Standard) များဖြင့်ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံများ၏ အတွေးအခေါ် ကိုပြန် လည် အရောင် ပြောင်းရန်ကြိုးစားခဲ့သည်။
.
သို့သော်လည်း တစ်ကယ့် လက်တွေ့တွင် ဒီမိုကရေစီနိုင်ငံများ၏ လက်တွေ့လုပ်ရပ်၊ ကိုယ်ကျင့်တရား (Ethic) များသည် ရုပ်အမှန်ပေါ်လာရာမှ နိုင်ငံ အတော်များများ၏ ပညာတတ်များ၏ သိမှုဗေဒ (Epistemology) မှ တစ်ဆင့် ယုတ္တိဗေဒ (Logic) တို့ကြောင့် ယုံကြည်ကိုးစားမှု လျော့နည်းလာခဲ့ပြီး (၂၁) ရာစု၏ နိဒါန်းကို ဒီမိုကရေစီ လက်ညှိုးအထိုးခံခြင်းဖြင့် ဖွင့်လှစ်ခဲ့သည်ဟုမြင်ပါ၏။


20 January 2019

အီကွေဒေါ မီးတောင်အောက်က တရုတ်လုပ် ရေကာတာ



ရေကာတာကြီးသည် သက်ရှိလှုပ်ရှားနေသော မီးတောင်အောက်တွင် တည်ရှိသည်။ ပြာများက ကောင်းကင် သို့ ထိုးထွက်လျှက်။

ဆယ်စုနှစ်နှင့် ချီ၍ ရေကာတာ မဆောက်ရန် အစိုးရအရာရှိများက သတိပေးခဲ့သည်။ ဘူမိဗေဒ ပညာရှင် တို့က မြေငလျင်တချက် လှုပ်ရုံဖြင့် ရေကာတာ တစ်ခုလုံး ပျက်ပြုန်းသွားနိုင်သည်ဟု ပြောခဲ့သည်။

ယခုအခါတွင် ရေကာတာကြီးကို ဖွင့်လှစ်ပြီး ၂ နှစ်ရှိခဲ့ပြီ။ အက်ကြောင်းထောင်ချီ၍ ရေကာတာ ယန္တရားများ ပျက်လာနေသည်။ ရေကာတာထဲတွင် နုန်းများ၊ သဲများ၊ သစ်ပင်များ ပိတ်ဆို့လျှက်။ တစ်ကြိမ်တည်းသော ပမာဏအပြည့် စမ်းသပ်မောင်းနှင်မှုတွင် ပေါက်ကွဲ တုန်ခါမှုများ ဖြစ်ခဲ့သဖြင့် နိုင်ငံ၏ ပင်မ ဓာတ်အားလိုင်း တလျှောက် ရှော့ဖြစ် ပြတ်တောက်သွားခဲ့သည်။

တောကြီးမျက်မည်းထဲမှ ဧရာမရေကာတာကြီးကို တရုတ်တို့၏ ငွေကြေးနောက်ခံဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တောင်အမေရိကတိုက်မှ နိုင်ငံငယ် အီကွေဒေါ၏ စွမ်းအင်ပြဿနာကို ဖြေရှင်းရန်၊ ဆင်းရဲမွဲတေမှုမှ ရုန်းထွက်ရန် ဟူသော ရည်မှန်းချက်ကြီးများဖြင့် လုပ်ခဲ့ကြခြင်းဖြစ်သည်။

အမှန်တကယ် ဖြစ်လာသည်ကတော့ နိုင်ငံတဝှမ်းကို လွှမ်းခြုံလောင်မြိုက်ခဲ့သော အကျင့်ပျက် လာဘ်စားမှု တရားခွင်၊ ဘေးဒုက္ခရောက်လုနီး ကြွေးမြီပမာဏနှင့် တရုတ်၏ နှောင်ကြိုးအောက်မှ အီကွေဒေါနိုင်ငံ၏ အနာဂတ်တို့ပင် ဖြစ်သည်။

ကြွေးမြီ ဝန်ထုပ်အောက်က တိုင်းပြည်

ရေကာတာစီမံကိန်းတွင် ပါဝင်ခဲ့သော အီကွေဒေါ ထိပ်တန်းအရာရှိ အားလုံးနီးနီးသည် လာဘ်စားမှုဖြင့် အဖမ်းခံနေရဆဲ ဖြစ်လျှင်ဖြစ်၊ သို့မဟုတ် ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံရပြီး အနေအထားတွင် ရှိကြသည်။ ထိုအထဲတွင် ယခင် ဒုတိယသမ္မတ၊ ယခင် လျှပ်စစ်ရေးရာဝန်ကြီးတို့ ပါဝင်သည်။ ရေကာတာစီမံကိန်းကို စောင့်ကြည့်ပေးရန် တာဝန်ပေးခြင်းခံရသည့် အကျင့်ပျက်မှု တိုက်ဖျက်ရေးအရာရှိပင် ပါလိုက်သေးသည်။

အထက်ပါ အခြေအနေတို့အတွက် အီကွေဒေါ၏ ကုန်ကျစရိတ်မှာ တရုတ်နိုင်ငံမှ ချေးငွေ ဒေါ်လာ ၁၉ ဘီလီယံ။ ကိုကာကိုဒိုစင်ကရဲယားဟု သိကြသည့် ရေကာတာကြီး တခုတည်း အတွက်တော့ မဟုတ်ပါ။ လမ်းတံတား၊ အဝေးပြေးလမ်းများ၊ ကျောင်းများ၊ ဆေးခန်းများနှင့် အခြားရေကာတာ ၆ ခုတို့ တည်ဆောက် ခဲ့သည့် စရိတ်များလည်း ပါဝင်ပါသည်။ ထိုစရိတ်တို့ကို ပေးရန် အစိုးရမှာ အသည်းအသန် ဖြစ်နေပါသည်။

အီကွေဒေါနိုင်ငံမှ ထိုအကြွေးများ ပေးနိုင်မပေးနိုင်က အရေးမကြီးပါ။ တရုတ်တို့ဘက်မှ ငွေလက်ခံရရှိပြီး ဖြစ်နေပါသည်။


အကြောင်းမှာ ငွေပေး၊ ငွေချေးထားသော ကိစ္စအ၀၀အတွက် အီကွေဒေါ၏ တန်ဖိုးအကြီးဆုံး ထုတ်ကုန် ဖြစ်သော ရေနံ ၈၀ ရာခိုင်နှုန်းကို တရုတ်က ရယူထားသောကြောင့် ဖြစ်သည်။ အရောင်းအဝယ် စာချုပ် များစွာကို ဒေါ်လာဖြင့် ချုပ်ဆိုခဲ့သည် မဟုတ်ပါ။ ရေနံဖြင့် ပေးချေရန် ချုပ်ဆိုထားခဲ့ခြင်း ဖြစ်သည်။ အမှန်တစ်ကယ်တွင် တရုတ်တို့က ဈေးနှိမ်၍ ဝယ်ယူထားခြင်းပင် ဖြစ်သည်။ ဝယ်ရင်းဈေးအပေါ် အမြတ်တင် တစ်ဆင့်ခံပင် ပြန်ရောင်းနိုင်သည်။





05 January 2019

Trust ဟူသော ယုံကြည်မူက အရာရာကို ပြီးမြောက်စေပါသလား



မြန်မာနိင်ငံရေး အကူးအပြောင်း အကြိုကာလ (၂၀၀၈-၂၀၀၉) ခန့်မှစ၍ အနောက်နိင်ငံများမှ တင်သွင်း လာသော (ဒီမိုကရေစီ လူ့အခွင်အရေး)၊ (ကွဲပြားခြားနားခွင့်ရှိခြင်း - Agree To Disagree) (Trust ပာူသော ယုံကြည်မူ တည်ဆောက်ခြင်း) စသော အသုံးအနှုန်းများ လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားခဲ့ပါ၏။ 

အချို့ကလည်း ဆရာကြီးများပမာပြောင်းလဲပါ "Change" ဟူသည်ကိုလည်းပြောတတ် သေး၏။ မည်သို့ပြောင်းလဲ ရပါ့မလဲ? ပြောင်းလဲရမယ့်နည်းလေးပေးပါလား? ဟုဆိုသောအခါ မျက်စိ ပျက်၊ မျက်နှာ ပျက်ဖြစ်ကြရသည် ကိုလည်းကြုံဖူးခဲ့ပါသည်။
.
အသုံးအနှုန်း အသစ်တို့ကို မြန်မာ အများစုအာတွေ့ဟန်ရှိသည်။ အရင်းအမြစ်ကို နားလည်ရန် မ ကြိုးစားကြ၊ အလျင်ဦးသူက ဆရာကြီးလဲလုပ်လေ့ရှိ၏။ တစ်ကယ် အသိတရား "အခံ" ရှိသူနှင့်တွေ့သောအခါ ရှူးရှူး ရှဲရှဲဖြစ်ကြပြန်သည်။


 မြန်မာနိုင်ငံ အမှန်တစ်ကယ် မတိုးတက်ရခြင်း၏ တစ်ကယ့်အရင်းအမြစ်မှာ အသုံးအ နှုန်းများကို လျှာဖျားပေါ်တွင် အရသာတွေ့လောက်ရုံဖြင့် ကျေနပ်နေကြခြင်းကြောင့် ဟု ကောက်ချက်ပေးနိုင် ပါ လိမ့်မည်။ အမှန်တစ်ကယ် အလေးအနက် ထဲထဲဝင်ဝင် သိခဲ့ကြမည်ဆိုလျှင် တိုးတက်ရန်မခဲယဉ်းလှပါချေ။
.
လုပ်ငန်းရှင် ဆိုသည်မှာ
~~~~~~~~~~~~
အစိုးရများထံမှ အခွင့်အရေးရရန် လုပ်ငန်းရှင်များသည် အသုံးအနှုန်းဆန်းများဖြင့် မိမိတို့ လိုရာကို ရအောင် ယူသွားတတ်ကြသည်။ သက်ဆိုင်သူတို့ အခြေခံ မရှိပါလျှင် မသိနိုင်ချေ။ အတော်အတန် အရေ အတွက် ရှိသော လုပ်ငန်းရှင်များနှင့် ထိတွေ့ခွင့်ရကြသော အစိုးရလူတစ်ချို့သည် Terminology များကိုနှုတ် တိုက်ပြောနိုင်လာကြပြီး၊ သူတို့ကိုယ် သူတို့သိပြီး၊ တတ်ပြီးဟု အထင်ရှိကြတော့သည်။ ဤ အဖြစ်အပျက်မျိုး သည်နိုင်ငံများစွာတို့၏ အစိုးရများကရှေးပဝသဏီတည်းကကြုံ ခဲ့ကြ၊ ဖြတ်သန်းခဲ့ကြရပြီး၊ ယနေ့လည်းမရိုးနိုင် အောင်ကြုံနေ၊ ဖြတ်သန်းနေကြတုန်းပင်။

အလွယ်ကူဆုံး ဥပမာမှာ …...
Demand များလျှင်ဈေးနှုန်း တက်၍ Supply များလျှင်ဈေးနှုန်းကျသည် ဟူသော သဘောတရားသည် အခြေခံ သဘောမျှသာဖြစ်သည်။ ထိုသဘောတရားကို ဆန့်ကျင်သော အခြေအနေတစ်ချို့ ရှိသည်ကို လက် တွေ့ စီမံ ခန့်ခွဲမှုပညာ မရှိသောသူများ မသိကြချေ။

လွတ်လပ်စွာ သဘောကွဲလွဲနိုင်သည် ဟူသော Agree to disagree သည် ဘယ်အခြေအနေ၊ ဘယ် အဆင့် မှာဖြစ်လေ့ရှိပါသလဲ  ? အခြေအနေတိုင်း၊ နေရာတိုင်းမှာဖြစ်ခွင့် မရှိချေ။ စီမံခန့်ခွဲမှု အလွှာ အဆင့်ဆင့် (Management Hierarchy) အရ … အောက်ခြေတွင်ရှိနိုင်ပြီး၊ အပေါ် အဆင့်ဆင့်တက်လာသည်နှင့် အမျှကွဲ ပြားခြားနားမှုကျဉ်းမြောင်းသွားရသည့် သဘောရှိပါ၏။ 

ဤသဘောကို မသိပဲ (ကွဲပြားခြားနားခွင့်ရှိသည်) … ဟူသောယေဘုယျ သဘောတရားကို အချိန်တိုင်း၊ နေရာတိုင်း၊ အခြေအနေတိုင်းတွင် ကိုင်စွဲထားပါက အရာရာ ဘာမှမဖြစ်ပဲ ပျက်စီးရုံသာရှိပါလိမ့်မည်။