#zawgyi စပြီး ထုတ်တာကတော့ ၂၀၀၅ ခုနှစ်ကပါ။ အဓိက က တော့ နည်းပညာလောကရဲ့ အပြောင်းအလဲ မှာ WEB 2.0 လို့ခေါ်တဲ့ အများက အများကို ပြန်ပြီး မျှဝေတဲ့ ခေတ် ကို အရောက် မှာ Blog ဆိုတာတွေ ပေါ်လာတယ် ခေတ်စားလာကြတယ်။
လူတိုင်း အခမဲ့ နံမည်တစ်ခုယူပြီး မျှဝေချင်တာတွေ ကို ရေးလို့ ရတယ် ဖတ်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးလို့ ရတယ် သတင်းတွေ လွယ်ကူစွာပုံနဲ့တစ်ကွ ပေးလို့ရ သလို ပညာရပ်ဆိုင်ရာတွေမျှဝေလို့ ရတဲ့ ခေတ်ကို ရောက်လာပါတယ်။
မြန်မာနိုင်ငံမှာလည်း အင်းတာနက်တွေ ရလာပြီးတဲ့နောက်မှာ ဖိုရမ်တွေမှာလူတွေစုမိ လာကြ တာတွေ ရှိကြတယ်။ Google ရဲ့ Gmail တွေ ခေတ်စားလာပြီးတဲ့နောက် Gtalk ဆိုတာတွေ ခေတ်စားလာတယ်။
နိုင်ငံတစ်ကာနဲ့ ဖုန်းဆက်ခ သိပ်ကြီးတဲ့ အချိန်မှာ ဖုန်းတွေပိုင်ဖို့ ခက်ခဲတဲ့ ဈေးနှုံးကြီးတဲ့ အချိန်မှာ Gtalk နဲ့ chat လုပ်ကြတာတွေဟာ ပြည်ပရောက်မြန်မာတွေနဲ့ ပြည်တွင်း က မိသားစုတွေ သိပ် မမြန်တဲ့ VoIP တွေ သုံးမရတဲ့ ခေတ်မှာ အလွန် အသုံးဝင်ခဲ့တဲ့ စနစ်တစ်ခုဖြစ်ခဲ့တယ်။
ဒီအတွက် သုံးနိုင်ဖို့ အင်္ဂလိပ်စာနဲ့ မြန်မာစာ တွဲသုံးလို့ရတဲ့ စနစ်တစ်ခု လိုအပ်လာပါတယ်။
ဒီအတွက် သုံးနိုင်ဖို့ အင်္ဂလိပ်စာနဲ့ မြန်မာစာ တွဲသုံးလို့ရတဲ့ စနစ်တစ်ခု လိုအပ်လာပါတယ်။
တစ်ကယ်တော့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကတည်းက မိန်းဖရိမ် မှာ မြန်မာ စာ ရအောင်လုပ်ခဲ့တာတွေ DOS လို့ခေါ်တဲ့ စနစ်မှာ jj တို့ ဘာတို့လို မြန်မာစာကို fix width နဲ့ ပေါ်လာတာတွေ ရှိခဲ့ပါတယ်။ ၁၉၈၉ ဒီလောကထဲ စရောက်တော့ Windows က မ ပေါ် လာသေးဘူး။
မြန်မာစာကို 1992 လောက်မှာ အာတာရီ စက်ပေါ်မှာ စတွေ့ကြုံဘူးခဲ့ပါတယ်။ တစ်ကယ်တော့ ဒီအရင် ကတည်းက မန္တလေး လူထု တိုက်မှာ ၁၉၈၀ လွန်ခေတ်တွေ ကတည်းက AVA laser နဲ့ ဂျွန်အိုကဲ တို့ လုပ်ခဲ့တဲ့ စနစ်ကို တွေ့ဘူးခဲ့တာပါ။
နောက်ပိုင်းမှာတော့ Geocomp က နေ အကယ်ဒမီ ဆိုပြီး Windows မှာ သုံးလို့ရတဲ့ မြန်မာစာ ရိုက် စနစ်ကို မှတ်မှတ်ရရ နှစ်ဆန်း ၁ ရက်နေ့မှာ သတင်းစာကနေ ကြော်ငြာပြီး ထွက်လာခဲ့ တယ် ။ နောက်ပိုင်းမှာ CE တို့ Win Innwa တို့ ဆက်ပေါ်လာတယ်။ DTP လို့ခေါ်တဲ့ စာစီ စာရိုက် ပုံနှိပ်လုပ်ငန်းတွေမှာ စသုံးလာကြတယ်။
ဒီအတွင်းမှာ ယိုးဒယားမှာ သွားလုပ်လာပြီး i Win လို့ခေါ်တဲ့ စနစ်တစ်ခုလည်း ပေါ်လာခဲ့ပြီး ထွက်ခါစက မသုံးပေမဲ့ eGovernment ခေတ်မှာ သုံးလာကြတာတွေ တွေ့ခဲ့ရတယ်။ ၂၀၀၁ နောက်ပိုင်း အင်တာနက်က ဖိုရမ်တွေမှာ အဲဒီ ASCII လို့ခေါ်တဲ့ 8Bit စာလုံးတွေကို ဘဲ သုံး လာခဲ့ကြတယ်။





























