12 September 2013

ကောင်မလေး တစ်ယောက်ရဲ့ ဝက်ခြံပျောက်နည်း





ကောင်မလေး တစ်ယောက် ဆီက ဒီလို မက်ဆေ့ တစ်စောင်ရတယ်။ ဝက်ခြံကြောင့် အလှ ပျက်နေသူ များ အတွက် မျှဝေလိုက်ပါတယ်။

ဟိုင်း အစ်မ  .... အစ်မ ညီမ ဆေးနည်းလေး  တစ်မျိုးပေးချင်လို့ ပါ (အလှူ  လုပ်ချင်တာပါ) ညီမ wall ပေါ် မှာဆို fri နည်းတော့ နည်းနည်းပဲသိကြမှာ။ အဲဒါ အစ်မ ရေးပေးချင်လားလို့။ ဝက်ခြံကြောင့် အလှပျက်တဲ့သူတွေအတွက်ပါ။ သဘာဝဆေးပေါ့။

ညီမ ဝက်ခြံပေါက်တာ ၅တန်းလောက် ကတည်းကပါ။ ပေါက်လိုက် သက်သာ သွားလိုက်နဲ့  အရှင်း မပျောက် ဘူး။ ရန်ကုန်မှာလည်း ကုတာ ဆေးနည်းတော်တော် စုံနေပြီ ။ Singapore မှာလည်း ကုတာ ဆေးတွေသာ ၆လ လောက်သောက်လိုက်ရတယ်။ 

 တော်တော်တော့ပျောက်ပါတယ်။ နည်းနည်းကြာလာရင် ပြန်ပြန်ဖြစ် တယ်။ ဒီ ဝက်ခြံကြောင့် ငွေတော်တော် ကုန်ပါတယ်။ အဆိုးဆုံးက ပြီးခဲ့တဲ့ May လတုန်းက ညီမ မျက်နှာမှာ ဝက်ခြံထက်တောင် ဆိုးပါတယ်.. အဖုကြီးတွေဖြစ်ပြီး အိမ်ပြင်တောင် မထွက်ရဲပါဘူး။ infection တွေ ဝင်သ လိုဖြစ်ပြီး ယားကယား ရဲက ရဲ တော်တော်ကြည့်ရဆိုးပါတယ်။

 ပြီးတော့ ဆေးခန်းသွားပြီး ပျောက်ချင် စိတ်နဲ့  peeling လုပ်လိုက်တာ ပိုဆိုးလာတယ်။ အိမ်ကို အလုပ်လာလုပ်ပေး တဲ့ ကောင်မလေးက ဆေးနည်းပေးလို့  လုပ်ကြည့်တာ ၄ ရက်လောက် နဲ့ တော်တော် သက်သာသွား တယ်။




ဆေးနည်းက တမာရွက်ကို ရေနဲ့ စင်အောင်ဆေးပြီး( ပို စိတ်ချချင်ရင်တော့ ဆားရေနဲ့ဆေးပေးပါ (or) အသီး အရွက်ဆေးဆပ်ပြာနဲ့ ဆေးပေးပါ) ပြီးရင် ညက်နေအောင်ထောင်းပြီး မျက်နှာ တစ်ခုလုံးပွတ်ပေးပါ။ ဝက်ခြံ ရှိတဲ့နေရာမှာ ပုံပေးရင် ပိုကောင်း တယ် အစ်မ။ ကြာကြာထားလေ ကောင်းလေပါ။

 ပြီးရင်တော့ မျက်နှာသစ်ပြီး လိမ်းနေကျဆေး လိမ်းလို့ ရပါတယ်။ ၁ လ တိတိတော့ မှန်မှန်လုပ်ပေးပါ။ အမာရွတ်လေးတွေပါ ပါးပါးလာလိမ့်မယ် အစ်မ။ ဝက်ခြံ ရှိတဲ့ နေရာတွေ ကတော့ နည်းနည်း ယားလိမ့် မယ်။ ပြီးတော့ မျက်နှာ သစ်ပြီးရင်လည်း နည်းနည်း နီတာရှိမယ် အစ်မ။ 15 mins လောက်နေရင် ပုံမှန်ပြန်ဖြစ် ပါလိမ့်မယ် အစ်မ။

နောက်တစ်နည်းက ညီမ မေမေပေးတဲ့ နည်းပါ ။ တမာရွက်ကိုပြုတ်ပြီး အအေးခံပြီး မျက်နှာ သစ်ပါ။ ညီမ က တော့ ၃ ရက်လောက် လုပ်လိုက်ပါတယ်။ နှစ်မျိုးလုံး ဆို ဝက်ခြံများတဲ့သူ အတွက် ပို ထိရောက်ပါတယ်။



အားလုံး ဝက်ခြံ ကင်းစင်တဲ့ မျက်နှာ ပိုင်ဆိုင်နိုင်ကြပါစေ........................



ညီမငယ် Shinn Thant
Credit: နိုင်းနိုင်းစနေ

Cute myanmar girls 
From...Today Myanmar


No comments:

Post a Comment