23 October 2015

အမေရိကန် မှာ အခြေချနေထိုင် ဖို့ ကံစမ်းမဲ စတင် ထိုးနိုင်ပါပြီ




2017 DIVERSITY IMMIGRANT VISA PROGRAM (DV-2017) (သို့မဟုတ်) Green Card အစီအစဉ် လို့ ခေါ်ဝေါ်ကြတဲ့ အမေရိကန်ပြည်ထောင်စုသို့ လာရောက်အခြေချနေထိုင်ခွင့် အစီ အစဉ်လျှောက် လွှာတွေ ကို လက်ခံတဲ့ အချိန်ရောက်လာပြီမို့ မိတ်ဆွေတွေ ကို အသိပေးချင်လို့ပါ။

ဒီ အစီအစဉ်အရ ကမ္ဘာ တစ်ဝှမ်းမှ အမေရိကန်ပြည်ထောင်စု သို့ လာရောက် အခြေချနေထိုင်ခွင့် အတွက် နှစ်စဉ်နှစ်တိုင်း လူဦးရေ (၅၀၀၀၀) အထိ ကံစမ်းမဲ စနစ်ဖြင့် လက်ခံခေါ်ယူလေ့ရှိပါတယ်။ 

ကျနော်တို့ မြန်မာနိုင်ငံ ကလည်း ဒီ အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု သို့ လာရောက် အခြေ ချနေ ကြတဲ့ လူတွေ နှစ်စဉ်နှစ်တိုင်း ရှိနေကြပါတယ်။

တစ်ချို့တွေက တစ်ခါတည်း နဲ့ ဒီ အစီအစဉ် ကို ရသလို၊ တစ်ချို့တွေ ကလည်း ထပ်ခါ ထပ်ခါ လျှောက်နေကြ ရသေးတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု သို့ လာချင် သပ ဆိုရင်တော့ ဇွဲ မလျော့ပဲ ဆက်လျှောက် ဖို့ တော့ လိုလိမ့်မယ်။

 အောက်မှာဖော်ပြ ထားတဲ့ website ကတော့ ဒီ အစီအစဉ်ကို အွန်လိုင်း ကနေလျှောက်ရမဲ့ အမေရိကန် အစိုးရ ရဲ့ တရားဝင် website ဖြစ်ပါတယ်။



The 2017 Diversity Visa program (DV-2017) is now open. The entry submission period for DV-2017 is from 12:00PM EDT (GMT -4) on October 1, 2015 to 12:00PM EST (GMT -5) on November 3, 2015. 

 လျှေက်လွှာ ကို လက်ခံတဲ့ ကာလ က အောက်တိုဘာ (၁) ရက်နေ့မှ နိုဝင်ဘာ (၃) ရက်နေ့အထိပါ။
လျောက်လွှာ တင်ရမယ့် ဝက်ဆိုက်က  https://www.dvlottery.state.gov  ဖြစ်တယ် ။

ဒီ အစီအစဉ် ကိုလျှောက်တာ ငွေကြေး တစ်ပြား မှ မကုန်ပါဘူး။ ဒီ အစီအစဉ် နဲ့ ပတ်သက်ပြီး .com တို့ ၊ .net တို့ ၊ .org တို့ဆိုပြီး လုပ်စားနေကြတာ အများကြီး ရှိပါတယ်။ သတိထားပါ။ 

အစိုးရ ရဲ့ တရားဝင် website မှာ gov (government) လို့ပါ ပါတယ်။ လုံးဝ ကို အခကြေးငွေ ပေးစရာမလိုပါ။ ဒီ အစီအစဉ် ကိုလျှောက်ဖို့အတွက်လည်း သိပ် အလုပ်များတာ မဟုတ်ပါဘူး။ လျှောက်လွှာ ထဲမှာ အဓိကဖြည့် ရမဲ့ အချက် ၁၄ ချက်ပဲ ရှိပါတယ်။

1. Name – last/family name, first name, middle name – exactly as on your passport.
နာမည်


2. Birth date – day, month, year.
မွေးသက္ကရာဇ်


3. Gender – male or female.
လိင်


4. City where you were born.
မွေးဖွားရာအရပ်


5. Country where you were born
မွေးဖွားရာတိုင်းပြည်


6. Country of eligibility for the DV Program
ဒီ အစီအစဉ် ကို တရားဝင်လျှောက်ပိုင်ခွင့် ရှိတဲ့တိုင်းပြည် (မြန်မာနိုင်ငံ ကတော့ yes ပါပဲ)


7. Entrant photograph(s) 
ဓာတ်ပုံ (ကျန်တာ တွေက သိပ် အရေး မဟုတ်ဘူး အွန်လိုင်း ကလျှောက်ရတာ ဆိုတော့ ဓာတ်ပုံ က သတ်မှတ် ထားတဲ့ အတိုင်း ဖြစ်နေဖို့ တော့ လိုပါတယ်) ဓာတ်ပုံ က (JPEG) format ဖြစ်ရမယ် ။

ဓာတ်ပုံနောက်ခံ က အဖြူရောင်ပါ
အကြီးဆုံး ဆိုက်က 240 kilobytes (240 KB).
အနည်းဆုံး ဆိုက်က 600 pixels (width) x 600


8. Mailing Address
လိပ်စာ


9. Country where you live today.
လက်ရှိနေတဲ့ တိုင်းပြည်


10. Phone number (optional).
ဖုန်းနံပါတ် (ဖုန်းနံပါတ် မထည့်ရင်လည်း ရပါတယ်)


11. E-mail address
အီးမေးလ်လိပ်စာ


12. Highest level of education you have achieved, as of today
ပညာအရည်အချင်း


13. Current marital status
အိမ်ထောင် ရှိ/မရှိ


14. Number of children
ခလေး အရေ အတွက် (မရှိရင် ဖြည့်စရာ မလိုဘူး)



ဒါတွေပါပဲ။ အပိုလေးတွေ ထပ်ဖြည့်ပေးဦးမယ်နော် ။ 

ဒီ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု မှာရောက် ရှိနေကြပြီး၊ Green Card ရလို သူတွေ ကလည်း လျှောက် ပိုင်ခွင့် ရှိပါတယ်။

 အောက်မှာ အပိုပေးလိုက်တဲ့ မေးခွန်း နှင့် အဖြေ နှစ်ခု က ဒီ အစီအစဉ် နဲ့ ပတ်သက်ပြီး အစိုးရရဲ့ Questions and Answers အစီအစဉ် ကပါ။ အဲဒါကြောင့် ဒီမှာ ကျောင်းတက်နေကြတဲ့ မိတ်ဆွေတွေရော (လုပ်ချင် သပ ဆိုရင်ပါ အတင်း မတိုက်တွန်း လိုပါဘူး)၊ asylum လျှောက်ထားကြတဲ့ လူတွေကပါ လိုလို မယ်မယ် လျှောက် ထား သင့်ပါတယ်။

10. I am in the United States. Can I enter the DV program?
Yes, an applicant may be in the United States or in another country, and the entry may be submitted from anywhere.
၁၀. ကျနော်/ကျမ က အမေရိကန်ပြည်ထောင်စု မှာပါ။ ဒီ အစီအစဉ် ကို လျှောက်ပိုင်ခွင့် ရှိပါသလား။ 


အဖြေ ကတော့ ရှင်းတယ်။ YES!


15. I’m already registered for an immigrant visa in another category. Can I still apply for the DV Program?
Yes.
၁၅. ကျနော်/ကျမ  က တစ်ခြား အစီအစဉ်တစ်ခု နဲ့ လျှောက်ထားတယ် ဆိုတော့၊ ဒီ အစီအစဉ် ကို လျှောက် လို့ ရပါဦး မလား။ 


အဖြေက ရှင်းနေတယ်နော် YES!


မှတ်ချက်--- ကံစမ်းမဲ  ပေါက်ရင်လဲ ကျနော့် ကို အကြောင်းကြားဖို့ မမေ့နဲ့နော်---


 ပျော်ရွှင်ပါစေ---
ကံကောင်းပါစေ---

 Mark Nawa


No comments:

Post a Comment